← Chapters

အင်အားကြီးသော ရေသူမမျိုးနွယ်

Vol. 11 Ch. 153

အင်အားကြီးသော ရေသူမမျိုးနွယ်

Vol. 11 Ch. 153

“ကျွတ်...ကျွတ်...ကျွတ်၊ ဒီကောင်က မကြောက်တတ်တာလား”

အဝေးမှ ကူးခတ်လာသော ငါးမန်းဖြူကြီး၏ မောက်မာသော စကားလုံးများကို ကြားပြီး လုချန်း ခေါင်းခါယမ်းလိုက်သည်။

သူသည် ငါးမန်းဖြူကြီး၏ မသိနားမလည်မှုအတွက် အနည်းငယ် လေးစားသလို ခံစားလိုက်ရသည်။

ပင်လယ်ကြမ်းပြင်ပေါ်က သတ္တဝါတွေက အမြဲတမ်း သတ္တိရှိကြသလား။

လုချန်း နှင့် ယိုချင်းယန်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြီး အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

ဤငါးမန်းဖြူကြီးသည် ချည်နှောင်ခြင်းအဆင့်(၁)တွင်ရှိပြီး ယိုချင်းယန် လေ့ကျင့်ရန်အတွက်သင့်တော်သည်။

အနည်းငယ်သေးငယ်သော ယိုချင်းယန် ကိုကြည့်လိုက်သောအခါ ငါးမန်းဖြူကြီးက ကြောက်ရွံ့မှုလုံးဝမပြဘဲ သူ၏ကြီးမားသောပါးစပ်ကိုဖွင့်ကာ ပြေးဝင်လာသည်။

သူ့၏ပါးစပ်ရှိ အစွယ်များက မီတာများစွာရှည်လျားပြီး ပင်လယ်ကြမ်းပြင်တွင်ပင် အေးစိမ့်သောအလင်းရောင်ကို ထုတ်လွှတ်ကာ တင့်ကားကို အလွယ်တကူကိုက်ဖြတ်နိုင်လောက်အောင်ပင် ရှည်လျားထက်မြက်သည်။

ယိုချင်းယန် ၎င်းကိုမြင်သောအခါ လုံးဝ ထိတ်လန့်ခြင်းမရှိပေ။ သူမ၏ခန္ဓာကိုယ်က ငါးမန်းဖြူကြီးထက် များစွာသေးငယ်သော်လည်း နောက်တစ်စက္ကန့်တွင် သူမ၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။

ငါးမန်းဖြူကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ယိုချင်းယန်,သည် မရှောင်တိမ်းဘဲ ပြန်လည်တိုက်ခိုက်ရန် ဗျကရား စွမ်းရည်ကို အသုံးပြုခဲ့သည်။

ထို့အပြင် ပစ်မှတ်က ငါးမန်းဖြူကြီး၏ အစွမ်းထက်ဆုံး အစွယ်ဖြစ်သည်။

“မင်း သေလမ်း ရှာနေတာပဲ”

ယိုချင်းယန်၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ငါးမန်းဖြူကြီး၏ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပေါ်လွင်လာသည်။

အစွယ်များက အဖြူရောင် အလင်းများဖြင့် တောက်ပနေပြီး ယိုချင်းယန် တိုက်ရိုက် ကိုက်ချလိုက်သည်။

သို့သော်လည်း ငါးမန်းဖြူကြီး မမျှော်လင့်ထားသည့်အရာမှာ ယိုချင်းယန်၏ တစ်ကိုယ်လုံး ရွှေရောင်တောက်နေပြီး ခြေလက်များ ဆန့်ထွက်ကာ သူ့ရှေ့ခြေထောက်များက ငါးမန်းဖြူကြီး၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးများကို ဖိထားသောကြောင့် သူ၏ ကြီးမားသော ပါးစပ်ကို ပိတ်ရန် မဖြစ်နိုင်တော့ပေ။

သူတို့နှစ်ဖက်စလုံးသည် ချည်နှောင်ခြင်းအဆင့်များဖြစ်ကြသော်လည်း ယိုချင်းယန်၏ စွမ်းအားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ငါးမန်းဖြူကြီးထက် များစွာသာလွန်သည်။

ခွန်လွန် တောင်တန်းတွင် ယိုချင်းယန် သည် ချည်နှောင်ခြင်းအဆင့်(၂)တွင်ရှိသော ပင်းတီယန်နတ်ဆိုးဘုရင်နှင့် တူညီသောအနေအထားတွင် အချိန်အတော်ကြာအောင် တိုက်ခိုက်နိုင်ခဲ့သည်။

ယိုချင်းယန်သည် သူမ၏ခြေထောက်များကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး ငါးမန်းဖြူကြီး၏ ပါးစပ်ကို အမှန်ပင် ဖွင့်ဟလိုက်သည်။

ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ၎င်း၏ ပျော့ပျောင်း သွက်လက်သော လှုပ်ရှားမှုများနှင့်အတူ ငါးမန်းဖြူကြီးက ၎င်းကို ခဏတာ ရင်ဆိုင်ရန် ခက်ခဲစေသည်။

ခဏလေးအတွင်းမှာပင် ငါးမန်းဖြူကြီး၏ ခန္ဓာကိုယ်ကို ယိုချင်းယန်၏ ချွန်ထက်သော ခြေသည်းများဖြင့်ကုတ်ခြစ်ခဲ့ပြီး မီတာရာနှင့်ချီသော အချင်းဝက်တွင်ရှိသည့် ပင်လယ်ရေက သွေးများဖြင့် နီရဲသွားခဲ့သည်။

“ဂါးးး!”

ငါးမန်းဖြူကြီးက ဟိန်းဟောက်နေသော်လည်း သူ့၏တိုက်ခိုက်မှုမှာ ယိုချင်းယန် ထက်စာလျှင် အလွန်ပျော့ညံ့လွန်းသည်။ ရှေ့သို့ အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်သော်လည်း ယိုချင်းယန်၏ သားမွေးများကိုပင် မထိနိုင်ပေ။

သူသည် ယိုချင်းယန်ကို သူ့ခန္ဓာကိုယ်နှင့် ထိပ်တိုက်တိုက်ခိုက်နိုင်လောက်အောင်ပင် ကံကောင်းနေသော်လည်း ဗျကရား၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ယိုချင်းယန်သည် ငါးမန်းဖြူကြီး မယှဉ်နိုင်လောက်အောင် ကြံ့ခိုင်နေဆဲဖြစ်သည်။

ယခင်က အလွန်မာနထောင်လွှားခဲ့သော ငါးမန်းဖြူကြီးသည် နောက်ဆုံးတွင် သူက တစ်ဖက်ကို လျှော့တွက်ခဲ့ကြောင်း သဘောပေါက်လာခဲ့သည်။

သူသည် ယိုချင်းယန် နှင့် မယှဉ်နိုင်ရုံသာမက မနီးမဝေးတွင် ပိုအားကောင်းသော လုချန်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် ငါးမန်းဖြူ နောက်ဆုံးတွင် ကြောက်လန့်သွားသည်။

ကြီးမားသော ငါးမန်း၏အမြီးသည် ထောင်ပေါင်းများစွာသော လှိုင်းလုံးများကို ရိုက်ကာ အဝေးသို့ လျင်မြန်စွာ တွန်းထုတ်ပစ်လိုက်သည်။

“ရေခဲဒိုမိန်း!”

ငါးမန်းဖြူကြီး ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်ပြီး လုချန်း,က ချက်ချင်း စိတ်ပြောင်းသွားကာ အဆုံးမရှိသော ရေခဲစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

အလွန်အေးစက်သော ရေခဲစွမ်းအားအောက်တွင် ပေတစ်ထောင် ရှည်လျားသော ရေခဲတံတိုင်းကြီးသည် ငါးမန်းဖြူကြီး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

အခြေအနေမကောင်းသည်ကိုမြင်လိုက်ရသော ငါးမန်းဖြူကြီးက လှည့်ရန်ပြင်ဆင်ခဲ့ပေမယ့် သူ့၏အရှိန်က လုချန်း ထက်မမြန်ပေ။ ဧရာမရေခဲတံတိုင်းကြီးသုံးခုက ပေါင်းစည်းသွားပြီး ငါးမန်းဖြူကြီးကို တိုက်ရိုက်ပိတ်လှောင်လိုက်သည်။

“ဘုန်း! ဘုန်း!”

သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ငါးမန်းဖြူကြီးက ထူထဲသော ရေခဲနံရံကို အရူးအမူး ချိုးဖျက်ရန်ကြိုးစားနေသည်။

သို့သော်လည်း လုချန်း ၏ရေခဲစွမ်းရည်သည် ယခုအခါ မှော်စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး၊ ချည်နှောင်ခြင်းအဆင့်(၁)ရှိ ပြင်းထန်သောသားရဲတစ်ကောင်အတွက် ၎င်းက ချိုးဖျက်ရန် လုံးဝမဖြစ်နိုင်သောအရာတစ်ခုဖြစ်သည်။

ငါးမန်းဖြူကြီးက အကောင်းဆုံးကြိုးစားခဲ့သော်လည်း ခြစ်ရာအချို့ကိုသာ ပြုလုပ်နိုင်ခဲ့သည်။

“နင် ခုနက မောက်မာနေတာ မဟုတ်ဘူးလား?!”

ရွှေရောင်အလင်းတန်းများကြားမှ ယိုချင်းယန်က ငါးမန်းဖြူကြီး၏ဘေးတွင် လျင်မြန်စွာပေါ်လာသည်။

ချွန်ထက်သောခြေသည်းများဖြင့် ဖြတ်တောက်နေသဖြင့် ငါးမန်းဖြူကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဆိုးရွားသောဒဏ်ရာများစွာ ကျန်ရစ်ခဲ့သည်။ အကြိမ်ပေါင်းများစွာ အပြင်းအထန် ဒဏ်ရာရပြီးနောက် ငါးမန်းဖြူကြီးသည် နောက်ဆုံးတွင် ယိုချင်းယန်အား ရှုံးနိမ့်ကာ သေဆုံးသွားခဲ့သည်။

ဤငါးမန်းဖြူကြီးက အလွန်ကြီးမားပြီး လုချန်း,တို့က စားသောက်မှုအသစ်ကို စတင်လိုက်ကြသည်။

ချည်နှောင်ခြင်းအဆင့်(၁) ရှိ ပင်လယ်သားရဲ၏သွေးများက ပင်လယ်ဧရိယာတစ်လျှောက် ပျံ့နှံ့သွားသည်။ ငါးမန်းဖြူကြီး ရှုံးနိမ့်ပြီး သေသွားသည်ကို မြင်လိုက်ရသော အခြားပင်လယ်သားရဲများက ရှေ့ကို ဆက်မတိုးရဲတော့ပေ။

ဤအမဲလိုက်ကာလပြီးနောက်၊ လုချန်း ၏ဆင့်ကဲပြောင်းလဲခြင်းအမှတ်များက ၁.၉ သန်းအထိရောက်ရှိသွားခဲ့သည်။ ယခု သူသည် တတိယအဆင့်သို့ မြှင့်တင်ရန် နောက်ထပ်ဆင့်ကဲအမှတ် ၁.၁ သန်းသာ လိုအပ်တော့သည်။

လုချန်း,သည် အထွတ်အထိပ်စွမ်းရည်များကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ်အများအပြားကို မသုံးစွဲခဲ့ပါက၊ သူ၏ လက်ရှိဆင့်ကဲအမှတ်များက နောက်တစ်ဆင့်သို့ ဖြတ်ကျော်ရန် လုံလောက်ပေလိမ့်မည်။

ထို့ကြောင့် လုချန်း,သည် ဤတစ်ကြိမ်တွင် စိတ်ရှည်သည်းခံပြီး အခြားစွမ်းရည်များကို မြှင့်တင်ရန် ရွေးချယ်ခဲ့သော်လည်း အဆင့်မြှင့်တင်ရန်အတွက် ဆင့်ကဲအမှတ်များအားလုံးကို သိမ်းဆည်းထားခဲ့သည်။

များမကြာမီ လုချန်း နှင့် သူ့ညီမတို့က အလွန်သာယာသော ပင်လယ်ပြင်ကို ရောက်လာကြသည်။

ပင်လယ်ပြင်က လှိုင်းလုံးများပင်မရှိဘဲ ထူးထူးခြားခြား ငြိမ်သက်နေသည်။

ဤဧရိယာရှိ ပင်လယ်ရေများက မစီးဆင်းတော့ဘဲ အခြားပင်လယ်ပြင်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။

လုချန်း အနည်းငယ် အံ့သြသွားပြီး ယိုချင်းယန်,က အလျင်အမြန် ရှင်းပြလိုက်သည်။

“အစ်ကို၊ ဒါက နတ်သံရဲ့အကျိုးသက်ရောက်မှုပဲ”

“နတ်သံက ဒီပင်လယ်ဧရိယာမှာ ပေါ်လာတဲ့အခါ၊ ပတ်ဝန်းကျင်က အေးချမ်းပြီး သာယာလာလိမ့်မယ်၊ အဲဒါကြောင့် ရေသူမတွေရဲ့ မြင့်မြတ်တဲ့ရတနာအဖြစ် သတ်မှတ်ခံရတယ်”

“ရေသူမမျိုးနွယ်စုရဲ့ မိုင်ထောင်ပေါင်းများစွာရှိတဲ့ ပင်လယ်ဧရိယာတစ်ခုလုံးကို ဒီနတ်သံက ဖိနှိပ်ထားတယ်”

ထိုအချိန်တွင် ရုတ်တရက် ဒေါသတကြီး အော်သံတစ်သံထွက်ပေါ်သည်။

“ကုန်းသားရဲတွေ ဘယ်လို‌တောင်သတ္တိရှိလိုက်သလဲ၊ ငါ့ရေသူမမျိုးနွယ်ရဲ့ ပိုင်နက်ရေထဲကိုဝင်လာပြီး သေလမ်းရှာနေတာလား!”

လုချန်း နှင့် သူ့ညီမရှေ့တွင် ကင်းလှည့်နေသော ရေသူမလေးတစ်ကောင် ပေါ်လာသည်။

ရေသူမလေး၏ ခန္ဓာကိုယ်တစ်ခုလုံးက အပြာရောင်ဖြစ်နေပြီး ပင်လယ်ရေနှင့် သိပ်မကွဲပြားပေ။

ရေသူမများတွင် ငါးအမြီးများ ရှိရုံမှလွဲ၍ လူသားများနှင့် ဆင်တူသည်။

ပင်လယ်တွင်းရှိ ဧရာမသားရဲများနှင့် နှိုင်းယှဉ်ပါက ရေသူမများသည် များစွာသေးငယ်ပြီး သူတို့၏ အပေါ်ပိုင်းကိုယ်ထည်က လူသားများထက် အနည်းငယ်မြင့်ကာ ပိုသန်မာသည်။

ကောင်းစွာဖွဲ့စည်းထားသော ကြွက်သားများကို ခန္ဓာကိုယ်အပေါ်ပိုင်းတွင် မြင်တွေ့နိုင်သော်လည်း ခန္ဓာကိုယ်အောက်ပိုင်းရှိ အမြီးသည် အလွန်ကြီးမားပြီး အနည်းဆုံး နှစ်မီတာ သို့မဟုတ် သုံးမီတာရှည်ကာ ပင်လယ်ထဲရေတွင် အဆက်မပြတ် လှုပ်ခတ်နေသည်။

လုချန်း,သည် ရေသူမလေး ချဉ်းကပ်လာသည်ကို သတိပြုမိသော်လည်း ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။

ဤရေသူမ၏အနောက် မိုင်သုံးဆယ်အကွာတွင် ရေသူမအုပ်စုကြီးက ဤဘက်သို့ ပြေးလာနေကြသည်။

သို့သော် လုချန်း,ကိုအံ့အားသင့်စေသည့်အရာမှာ အုပ်စု၏ရှေ့တွင် ရေသူမဆယ်ကောင်သည် အသားစားဝေလငါးများကို စီးနင်း၍ လာနေခြင်းဖြစ်သည်။

အဆိုပါ အသားစားဝေလငါးများ၏ အရွယ်အစားသည် မီတာနှစ်ရာခန့်အထိ ရှိပြီး သူတို့၏ ခေါင်းနှစ်ဖက်နားမှ ရှည်လျားသော ပါးသိုင်းမွေးများကို ရေသူမများက ဆုပ်ကိုင်ကာ ဇက်ကြိုးအဖြစ် အသုံးပြုကြသည်။

အလုံးစုံအင်အားကို ဆွေးနွေးမည်ဆိုလျှင် ကုန်းနေသတ္တဝါများနှင့် ရေနေသတ္တဝါများ၏ ကွာဟချက်က တကယ့်ကို ကြီးမားလွန်းသည်သု ဆိုရမည်ဖြစ်သည်။

“မင်းငါ့နဲ့ စကားပြောဖို့ အရည်အချင်းမရှိဘူး၊ မင်းရဲ့ မျိုးနွယ်ခေါင်းဆောင် လာပါစေ“

အလွန်အစွမ်းထက်သော ရေသူမများကို ရင်ဆိုင်သော်လည်း လုချန်း,က အလွန်တည်ငြိမ်နေဆဲဖြစ်သည်။

ဤနေရာသည် ရေသူမမျိုးနွယ်စု၏ နယ်မြေဖြစ်သော်လည်း၊ နတ်ဆိုးအသွင်ပြောင်းခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားကို ပိုင်ဆိုင်ထားသူ လုချန်း,သည် တစ်ဖက်အဖွဲ့၏ စွမ်းအားကြောင့် ထိတ်လန့်နေမည်မဟုတ်ပေ။

များမကြာမီပင် ကင်းလှည့်ရေသူမအုပ်စုကြီးသည် ဤနေရာသို့ရောက်ရှိလာကြပြီး ကုန်းနေသတ္တဝါ လုချန်း နှင့် ယိုချင်းယန်တို့ကိုတွေ့သောအခါ စကားတစ်ခွန်းမျှမပြောဘဲ တိုက်ပွဲစတင်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် လုချန်း,သည် နတ်ဆိုးအသွင်ပြောင်းခြင်းကို အသုံးပြုလိုက်သောအခါတွင် ပြင်းထန်သော ရောင်ဝါက ရေသူမများစွာ၏ မျက်နှာများကို ချက်ချင်းပြောင်းလဲစေခဲ့သည်။

နှစ်ဘက်စလုံး အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။ အခြေအနေမကောင်းမှန်းသိလိုက်ရပြီး ရေသူမလေးက ဘုရင်မကို ဆင့်ခေါ်သကဲ့သို့ အနောက်ကို အလျှင်အမြန်ကူးခတ်သွားသည်။

All Chapters