မြေခွေးမလေး၏ ဝမ်းနည်းကြေကွဲသော ငိုကြွေးသံ
Vol. 11 Ch. 157
“အိုး! ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီ နှင်းဝံပုလွေက ပိုသန်မာလာတာလား?”
လုချန်း,၏ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် ချူးယန် ထိတ်လန့်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် လုချန်း မှထုတ်လွှတ်သော ချည်နှောင်ခြင်းအဆင့် (၃)၏ရောင်ဝါက ချူးယန် ကိုယ့်ကိုယ်ကိုပင် သံသယဖြစ်လုနီးပါးဖြစ်စေခဲ့သည်။
ယခုအချိန်တွင် သူသည် တိုက်ခိုက်ရန် သတ္တိမရှိတော့ဘဲ လှည့်ထွက်ပြေးချင်ခဲ့သည်။
ချူးယန်,သည် အချိန်တိုလေးအတွင်း နှစ်ဖက်ကြားမှ ကွာဟချက်က ဤမျှကြီးမားစေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိသော်လည်း ထိုခဏလေးအတွင်းမှာပင် လုချန်း အဆင့်တက်သွားပြီး သူ၏ရောင်ဝါက ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။
မကြာသေးမီက ခွန်လွန် တောင်တန်းတွင် ချူးယန်သည် လုချန်း နှင့် အကြိမ်အနည်းငယ် တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် ပြန်လည်တွေ့ဆုံပြီးနောက် လုချန်း၏ ဖိနှိပ်ခြင်းကို ခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ၊ သေခြင်းတရား၏ ခြိမ်းခြောက်မှုက ချူးယန်,၏ နှလုံးသားထဲကို တိုးဝင်လာခဲ့သည်။
လုချန်းက ချည်နှောင်ခြင်းအဆင့်(၂)တွင်ရှိစဉ်ကပင် သူ့ကို မယှဉ်ပေ။ ယခုအခါတွင် ပြိုင်ဘက်သည် ချည်နှောင်ခြင်းအဆင့်(၃)သို့ ဖြတ်ကျော်သွားခဲ့ပြီး ထိုအချိန်တွင် ချူးယန်သည် သူ့တွင် နောက်ထပ်ခြေထောက်အနည်းငယ် ပိုမပါလာသည့်အတွက် နောင်တရနေသည်။
သူသည် ယခင်လှည့်ကွက်ကို ထပ်မံအသုံးပြုရန် ချက်ချင်းပြင်ဆင်ပြီး ဤနေရာမှလွတ်မြောက်ရန် သူ၏လွတ်မြောက်ရေးနည်းစနစ်ကို အသုံးပြုခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် လုချန်း တစ်ကိုယ်တည်း တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ယိုချင်းယန် သည်လည်း သူ့ဘေးတွင် ရှိနေခဲ့သည်။
ယိုချင်းယန်သည် ချူးယန် မည်သို့လွတ်မြောက်ခဲ့သည်ကို သိရှိခဲ့ပြီး ကုချင်းကိုထုတ်၍ ချက်ချင်းတီးခတ်လိုက်သည်။
ဤပြင်းထန်သော ဝိညာဉ်တိုက်ခိုက်မှုအောက်တွင်၊ ချူးယန် ခဏမျှ အာရုံပျံ့လွင့်သွားခဲ့ပြီး သူယခုလုပ်ဆောင်ခဲ့သည့် လျှို့ဝှက်နည်းစနစ်ကို ယိုချင်းယန် မှ နှောင့်ယှက်ခဲ့သည်။
၎င်းကိုမြင်တော့ လုချန်းက ရှေ့ကို တိုးလာပြီး ချွန်ထက်သော ခြေသည်းများဖြင့် လွဲယမ်းလိုက်သည်။ နွားနဂါး၏ဦးခေါင်းပေါ်ရှိ မာကျောသောဦးချိုများက အမှန်တကယ်ပင် နှင်းဝံပုလွေခြေသည်းများကြောင့် တိုက်ရိုက်ပြတ်တောက်သွားခြင်းဖြစ်သည်။
ရုတ်တရက် နွားနဂါး၏ခေါင်းမှ သွေးများ စီးကျလာပြီး ပင်လယ်ဧရိယာကြီးက ချက်ချင်းပင် သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။
“ဂါးးး!”
ချိုဖြတ်တောက်ခံရသော ဝေဒနာကြောင့် နွားနဂါးထံမှ စူးရှကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
နွားနဂါး၏ဦးချိုကို ခြေသည်းဖြင့် ဖြတ်တောက်လိုက်သည့် မြင်ကွင်းက အမှန်တကယ် တုန်လှုပ်ချောက်ချားစရာ ကောင်းလှသည်။
ယိုချင်းယန်သည် သူ့အစ်ကို၏ အလွန်ရက်စက်သောပုံစံ ကို မြင်သောအခါတွင် သူမ နှုတ်ခမ်းကို သပ်မိလိုက်သည်။
လုချန်း နှင့် မယှဉ်နိုင်သော ချူးယန်သည် ယိုချင်းယန်၏ ဝိညာဉ်တိုက်ခိုက်မှုကို ပို၍ပင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
အနည်းငယ်လှုပ်ရှားရုံမျှဖြင့် လုချန်းက ချူးယန်ကိုသတ်ပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ငွေရောင်လျှပ်စီးကြောင်းများက ကောင်းကင်မှဆင်းသက်လာပြီး နွားနဂါး၏အသက်ကို လုံးဝဖြတ်တောက်ပစ်လိုက်သည်။ မူလက ရွှေအလင်းဖြင့် ဖုံးလွှမ်းထားသည့် ချည်နှောင်ခြင်းအဆင့်ရှိ နွားနဂါးကြီးသည် ယခုအခါ မီးလောင်ကျွမ်းနေသော အလောင်းတစ်လောင်း ဖြစ်လာခဲ့သည်။
သူသေဆုံးသည့်အချိန်ထိတိုင်၊ ချူးယန်သည် ခွန်လွန် တောင်တန်းဆီသို့ ဦးတည်ရန် ရုန်းကန်နေဆဲဖြစ်သည်။
သူသည် သူနှင့်လက်ထပ်ခါစ မြေခွေးနတ်ဆိုးမလေးအကြောင်းကို တွေးနေဆဲဖြစ်ပြီး ချူးယန် အလွန်နောင်တရမိသည်။
ဤကဲ့သို့ဖြစ်လာမည်ဆိုသည်ကို သူသိခဲ့လျှင်၊ ပင်းတီယန်နတ်ဆိုးဘုရင်ကို ဘယ်တော့မှ ကူညီပေးမည် မဟုတ်ပေ။
ချူးယန်သည် ရက်စက်ကြမ်းကြုတ်သော သားရဲများထက်သာလွန်သော ချူးနီယန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ ခွန်လွန် တောင်တွင် သူ့ဇနီးနှင့် ထာဝရအတူနေနိုင်မည်ဖြစ်သော်လည်း ဗီလိန်ပင်းတီယန်နတ်ဆိုးဘုရင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
ချူးယန်သည် မလိုလားသော မျက်လုံးများဖြင့် ခွန်လွန် တောင်တန်းဆီသို့ လှမ်းကြည့်နေသော်လည်း နောက်ဆုံးတွင် သူ့မျက်လုံးများက တဖြည်းဖြည်း မှုန်ဝါးလာသည်။
လုချန်း နှင့် ယိုချင်းယန်တို့သည် ဤမျှကြီးမားသော ချူးယန် ၏ ခန္ဓာကိုယ်ကြီးကို မဖြုန်းတီးလိုကြပေ။
သူတို့မောင်နှမက ချက်ချင်းပင် ဤနွားနဂါး၏အသွေးအသားကို စားသောက်ရန် ပြင်ဆင်လိုက်ကြသည်။
လုချန်းသည် ဤ ချူးယန်က အမှန်တကယ် သာလွန်ကောင်းမွန်ပြီး ခွန်လွန် တောင်တန်းတွင် ထိပ်တန်းနတ်ဆိုးသားရဲအဖြစ် သတ်မှတ်ခံရကြောင်းကို မနေနိုင်ဘဲ သက်ပြင်းချမိလိုက်သည်။
ခန္ဓာကိုယ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အသွေးအသားနှင့် စွမ်းအားများပါရှိပြီး ဆင့်ကဲအမှတ်များစွာကို ထောက်ပံ့ပေးနိုင်သည်။
စားသောက်ပြီးနောက် လုချန်း ၏ဆင့်ကဲပြောင်းလဲခြင်းအမှတ်များက သိန်းနှင့်ချီ၍ တိုးလာပြန်သည်။
ချူးယန် ကဲ့သို့သော တန်ခိုးကြီးသားရဲအချို့ကို စားနိုင်လျှင် လုချန်းသည် သူအဆင့်တက်ရန် ပိုမိုလွယ်ကူလာလိမ့်မည်ဟု ယုံကြည်သည်။
လုချန်းသည် ယခုအခါတွင် တတိယအဆင့်သို့ ဖြတ်သွားခဲ့ပြီးဖြစ်သည်။ သူသည် နောက်တစ်ဆင့်သို့ တက်လိုပါက၊ ၎င်းက အရေအတွက် အနည်းငယ်မျှမဟုတ်သည့် ဆင့်ကဲအမှတ် ခြောက်သန်း လိုအပ်သည်။
အမှန်ဆိုရသော်၊ ချူးယန်သည် ချည်နှောင်ခြင်းအဆင့်(၃)တွင်အားကောင်းသောသားရဲဖြစ်ပြီးထူးခြားသောသွေးမျိုးဆက်ရှိသည်။ လုချန်းသည် သူနှင့် တိုက်ခိုက်သောအခါ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အမှတ်တကယ်တွင်၊ သူတို့၏တိုက်ပွဲကို အစောကဖော်ပြခဲ့သော ရေသူဘုရင်မ အပါအဝင် ပင်လယ်ထဲမှ တန်ခိုးကြီးသူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ဝေးကွာနေသော်လည်း ရေသူဘုရင်မသည် လုချန်း,ထံမှ ထွက်ပေါ်လာသော ရောင်ဝါကို ခံစားနိုင်ပြီး သူမ ထိတ်လန့်သွားခဲ့သည်။
နှင်းဝံပုလွေဘုရင်၏ စွမ်းအားသည် ယခင်ကထက် ပိုမိုမြင့်မားလာကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
“ဒါ ဘယ်လို ဖောက်ပြန်မှုလဲ?!”
“မေ့လိုက်တော့၊ ငါဒီနှင်းဝံပုလွေကို စော်ကားလို့မရဘူး”
ရေသူဘုရင်မသည် လုချန်း,အပေါ် ကြောက်စိတ်က အလွန်နက်နဲလာသော်လည်း တစ်ချိန်တည်းမှာပင် သူမသည် လုချန်း နှင့် ဆက်လက်တိုက်ခိုက်ခြင်းမရှိခဲ့သည့်အတွက် အလွန်ကျေးဇူးတင်မိသည်။
မြင့်မြတ်သော နတ်သံကို ဆုံးရှုံးရရုံမျှဖြင့်၊ ရေသူဘုရင်မက ဤကိစ္စကို ဆက်လုပ်ရန်ရည်ရွယ်ချက်မရှိပေ။
လုချန်း,က နတ်သံကိုသိမ်းသွားသည်ဖြစ်ပါက အစွမ်းထက်သော နှင်းဝံပုလွေဘုရင်ထံမှ သူမ ပြန်ယူနိုင်စွမ်းမရှိပေ။
………………
“ယောင်္ကျား!”
လုချန်း နှင့် မိုင်ထောင်ချီကဝေးတွင်ရှိသော မြေခွေးနတ်ဆိုးက သူ့နှလုံးသားထဲတွင် နာကျင်မှုကိုခံစားလိုက်ရပြီး ရုတ်တရက် သူ့ရင်ဘတ်ကို ဆုတ်ကိုင်လိုက်သည်။
ဤအခိုက်အတန့်တွင် သူမသည် အေးစက်သော ချွေးများ ထွက်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ နှလုံးသားကို တစ်စုံတစ်ယောက်မှ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသကဲ့သို့ပင်။
သူတို့လင်မယားက စိတ်ချင်းဆက်နေပုံရသည်။ ဝေးကွာနေသော်လည်း မြေခွေးနတ်ဆိုးသည် ချူးယန် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားခဲ့ရပြီး ဝမ်းနည်းမှုတစ်ခုက သူ့နှလုံးသားကို တိုးဝင်လာခဲ့သည်။
“ချူးယန်၊ နင် ငါ့ကို တစ်ယောက်တည်း ထားခဲ့တာ မဖြစ်သင့်ဘူးမလား!”
မြေခွေးနတ်ဆိုးသည် တခဏမျှ ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေကာ သူ့ခန္ဓာကိုယ်က ထိန်းမရသိမ်းမရ တုန်ခါနေသည်။
သိပ်မကြာခင်မှာပင် ခွန်လွန် တောင်ကိုပြန်ရန် စိတ်လှုပ်ရှားနေသော နားခြောက်ဖက်မျောက်ကို သူမ,တွေ့လိုက်သည်။
“မြေခွေးမလေး၊ မင်းဘာလို့ တောင်ပိုင်းပင်လယ်ကို ရောက်လာတာလဲ”
အသိအကျွမ်းဟောင်းတစ်ဦးကိုတွေ့လိုက်ရပြီး နားခြောက်ဖက်မျောက်က သူ့လက်များကို ဝှေ့ယမ်းကာ မြေခွေးနတ်ဆိုးကို စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်သည်။
သို့သော် မြေခွေးနတ်ဆိုး၏ အမူအရာသည် အလွန်ရုပ်ဆိုးပြီး သူ့မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရသည်။
“အစ်ကို လျူအဲ၊ ငါ့ခင်ပွန်းနဲ့ ငါက နင့်ကိုရှာဖို့ တောင်ပိုင်းပင်လယ်ကို လာခဲ့တယ်၊ အစ်ကို ချူးယန်...သူ...သူ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်နိုင်တယ်”
သူမ စကားပြောနေစဉ်တွင် မျက်ရည်စီးကြောင်းနှစ်ကြောင်းက မြေခွေးနတ်ဆိုး၏မျက်လုံးများထဲမှ တစ်ဖန်စီးကျလာသည်။
“ညီအစ်ကို ချူးယန် ဒုက္ခရောက်နေတာလား၊ မင်းဘာပြောလိုက်တယ်”
ယင်းကိုကြားပြီး နားခြောက်ဖက်မျောက်က ချက်ချင်း တုန်လှုပ်သွားကာ ဒေါသထွက်သွားသည်။
သူနှင့် ချူးယန် တို့သည် ခွန်လွန် တောင်မှ သားရဲကြီးများဖြစ်ကြပြီး အချင်းချင်း ဆက်ဆံရေး အလွန်ကောင်းမွန်ကြသည်။ ဤအကြောင်းကို သိလိုက်ရပြီးနောက် သူချက်ချင်း ဒေါသထွက်သွားသည်။
“စိတ်မပူနဲ့ မြေခွေးမလေး၊ ညီအစ်ကို ချူးယန်က တကယ်တစ်ခုခုဖြစ်သွားရင် သူ့အတွက် သေချာပေါက် လက်စားချေပြီး တရားခံကို အပိုင်းပိုင်းဖြတ်ပစ်မယ်!”
နားခြောက်ဖက်မျောက်သည် မြေခွေးနတ်ဆိုးအား သူ့မျက်လုံးများထဲမှ အေးစက်သောအကြည့်ဖြင့် ကြည့်ကာ ကတိပေးလိုက်သည်။
…………..
“အားလုံး သတိထားကြ၊ ဒီပင်လယ်ဧရိယာက မကြာသေးခင်ကမှ တစ်ခုခုဖြစ်သွားပုံရတယ်”
“ဟုတ်တယ်၊ ခုနက တိုက်ပွဲ အတက်အကျတွေက အရမ်းကြောက်ဖို့ကောင်းပြီး အဝေးကနေဆိုပေမဲ့ ငါ ထိတ်လန့်သွားတယ်!”
“တောင်ပိုင်းပင်လယ်ထဲက သားရဲတွေ ဘာကြောင့် ဒီလောက် အစွမ်းထက်တယ်ဆိုတာ ငါတကယ် နားမလည်ဘူး၊ တိုက်ပွဲရဲ့ စွမ်းအားလှိုင်းတွေက ငါတို့ကို အသက်ရှူမဝဖြစ်စေတယ်”
လုချန်း နှင့် ချူးယန်ကြားမှ တိုက်ပွဲ အတက်အကျများသည် ပင်လယ်သားရဲများ၏ အာရုံကို ဆွဲဆောင်ရုံခဲ့သာမက လူသားများပင်လျှင် ဤနေရာတွင် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိခဲ့သည်။
မိုင်ရာနှင့်ချီဝေးကွာနေသော်လည်း ပြင်းထန်သော စွမ်းအင်အတက်အကျများက ဤအထူးစွမ်းရည်အဖွဲ့ကို အလွန်ထိတ်လန့်စေခဲ့သည်။
ယခုတစ်ကြိမ်တွင် တောင်ပိုင်းပင်လယ်နယ်နိမိတ်တွင် လှိုင်းထန်သည့် အကြောင်းရင်းကို ရှာဖွေရန် သူတို့သည် တောင်ပိုင်းပင်လယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ကြသည်။
အရှေ့မှ အတက်အကျများက အလွန် ပြင်းထန်ခဲ့ပေမယ့် ဤအဖွဲ့ထဲမှ အထူးစွမ်းရည်ရှိသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပင်လယ်ထဲတွင် ဆက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။
အမှန်တွင်၊ တောင်ပိုင်းပင်လယ်သားရဲများက ကုန်းတွင်းပိုင်းကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဆိုလျှင် အခြေအနေကို ကြိုတင် စုံစမ်းရမည်ဖြစ်သည်။ မဟုတ်လျှင် အကျိုးဆက်များက မှန်းဆ၍ပင် မရနိုင်ပေ။