ခွန်လွန် တောင်တန်းသို့ ချီတက်ရန်ပြင်ဆင်ခြင်း!
Vol. 11 Ch. 158
တောင်ပိုင်းပင်လယ် ကမောက်ကမဖြစ်မှုက ရုတ်တရက် စတင်ခဲ့ပြီး လျင်မြန်စွာ အဆုံးသတ်ခဲ့သည်။
လုချန်း ယခုအခါတွင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။ ချည်နှောင်ခြင်းအဆင့်ရှိ သားရဲဘုရင်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူက တိုက်ပွဲကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်သေးသည်။
အထူးစွမ်းရည်အဖွဲ့သည် တောင်ပိုင်းပင်လယ်၏နက်နဲရာသို့ မရောက်လာမီ လုချန်း,က ထိုတိုက်ပွဲနှစ်ခုကို အဆုံးသတ်ခဲ့ပြီးဖြစ်သည်။
တောင်ပိုင်းပင်လယ်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှူပြီးနောက် ကျန်းလန်,သည် ဘာမျှမတွေ့ရသဖြင့် ရန် နိုင်ငံသို့ သူ့အဖွဲ့နှင့်အတူ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။
လမ်းတွင် အခြားအထူးစွမ်းရည်အဖွဲ့နှင့် တွေ့လိုက်ရသည်။
“မင်းက...မစ္စဂျီ?”
ကျန်းလန်သည် ပြောင်မြောက်သော အသွင်အပြင်ဖြင့် အရပ်ရှည်သော မိန်းကလေးကို ကြည့်ကာ မဝံ့မရဲ ပြောလိုက်သည်။
ထိုအချိန်တွင် သူတွေ့ခဲ့သည့် အခြားအဖွဲ့တစ်ဖွဲ့ကတော့ ဂျီယန်ရှိုး ဦးဆောင်သော စူးစမ်းရှာဖွေရေးအဖွဲ့ဖြစ်ပြီး၊ ပင်လယ်ထဲတွင် ပုံမှန်မဟုတ်သောအရာများကို စူးစမ်းလေ့လာနေခြင်းဖြစ်သည်။
ဂျီယန်ရှိုး,က တောင်တရုတ်ပင်လယ်ကို ရောက်လာရသည့် အကြောင်းရင်းမှာ ရန်နိုင်ငံက ဟူတောင်မှ တာအို ဘုန်းတော်ကြီးကို ဖိတ်ခေါ်ခဲ့၍ဖြစ််သည်။
တာအိုဘုန်းတော်ကြီးသည် ညအချိန်တွင် ကြယ်များကိုကြည့်ရှုလေ့လာပြီး များမကြာမီအနာဂတ်တွင် ရန်နိုင်ငံ တောင်ပိုင်းဒေသတွင် ကပ်ဘေးတစ်ခုဖြစ်ပေါ်လာမည်ဟု တွက်ချက်ခဲ့သည်။
ထို့အပြင်၊ ဤကပ်ဘေးသည် ယခင်က ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ကျူးကျော်ဝင်ရောက်မှုနှင့် ကွဲပြားသည်။ မှန်ကန်စွာ မကိုင်တွယ်ပါက မကြုံဖူးသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။
ဂျီကျဲန်ရှန်း,သည် ဤကိစ္စကို ဂရုမစိုက်ဘဲမနေဝံ့ပေ။ သူသည် ကပ်ဘေး၏ရင်းမြစ်ကို ရှာဖွေရန် ဂျီယန်ရှိုး နှင့် သူ့၏အဖွဲ့ကို အင်ပါယာမြို့တော်မှ တောင်ပိုင်းပင်လယ်သို့ ချက်ချင်းစေလွှတ်ခဲ့သည်။
“နင်က ခေါင်းဆောင် ကျန်းလန် မဟုတ်လား၊ တောင်ပိုင်းပင်လယ်ရဲ့ ခရီးစဉ်မှာ ထူးခြားတာတစ်ခု ရှာဖွေတွေ့ရှိခဲ့လားလို့ မေးလို့ရမလား”
ဂျီယန်ရှိုးသည် ယခင်က ကုန်းမြေပေါ်တွင်ရှိစဉ်က တောင်ပိုင်းပင်လယ်တွင် ဖြစ်ပျက်ခဲ့သည်များကို သူမ,ကြားသိခဲ့ပြီးဖြစ်သည်။
ကြီးမားကျယ်ပြန့်သော တောင်ပိုင်းပင်လယ်သည် မီတာရာနှင့်ချီရှိသော လှိုင်းလုံးကြီးများ ရုတ်တရက် ထွက်ပေါ်လာပြီး မြို့တော်တံတိုင်းကို ရိုက်ခတ်ကာ တာအိုဘုန်းတော်ကြီးပြောခဲ့သည့် စကားနှင့် အလွန်နီးစပ်သည်။
“မစ္စ ဂျီ၊ တောင်ပိုင်းပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီက ရေသူမမျိုးနွယ်ကြောင့် ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်”
ကျန်းလန် တို့အဖွဲ့သည် တောင်ပိုင်းပင်လယ်အတွင်း နက်ရှိုင်းစွာ စူးစမ်းလေ့လာရန် သွားရောက်ခဲ့သော်လည်း အလွန်ကြောက်စရာကောင်းသော တိုက်ပွဲစွမ်းအင်အတက်အကျများကိုသာ ခံစားခဲ့ရပြီး အခြားမည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့သဖြင့် ယခုအချိန်တွင် ရှင်းရှင်းလင်းလင်း ဤအဖြေတစ်ခုသာ ပေးနိုင်ခဲ့သည်။
“ရေသူမမျိုးနွယ်...”
ဂျီယန်ရှိုး လည်း ဤစကားကိုကြားပြီး ငြိမ်သက်သွားတယ်။
ရန်နိုင်ငံသည် ကုန်းမြေပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် ပင်လယ်ရှိ သားရဲကြီးများကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။
ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက ရေသူမမျိုးနွယ်၏ စွမ်းအားကိုလည်း သိရှိခဲ့ရသည်။
မိုင်ပေါင်းသောင်းချီ လွှမ်းခြုံထားသော ပင်လယ်ပြင်တွင် ရေသူမမျိုးနွယ်စုက အင်အားအကြီးဆုံးဖြစ်ပြီး သူတို့တွင် ပြိုင်ဘက်မရှိဟု ဆိုနိုင်သည်။
ယခင်က မြောက်ပင်လယ်တွင်၊ မြောက်ပင်လယ်နဂါးဘုရင်သည် သြဇာအာဏာအရှိဆုံး အုပ်စိုးရှင်ဖြစ်ခဲ့ပြီး တောင်ပိုင်းပင်လယ်တွင် ရေသူမမျိုးနွယ်စုဖြစ်သည်။
အထူးသဖြင့် အလွန်လျှို့ဝှက်ဆန်းကြယ်သော ရေသူဘုရင်မ။
သူမသည် ဤအကန့်အသတ်မရှိသော ပင်လယ်သမုဒ္ဒရာထဲတွင် ရှိနေသရွေ့၊ ရေသူဘုရင်မသည် အဆုံးမရှိသော စွမ်းအားများရရှိကာ ရေအောက်တွင် မည်သူမျှ သူမ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
ဤဖော်ပြချက်သည် အနည်းငယ် လက်တွေ့မကျဟု ထင်ရသော်လည်း ဝိညာဉ်စွမ်းအင် ပြန်လည်ရှန်သန်လာခြင်းဖြင့် ထူးဆန်းသည့်အရာများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။
သူ့ရှေ့ရှိ အပြာရောင်ပင်လယ်ကြီးကို ကြည့်လိုက်ပြီး ဂျီယန်ရှိုး၏ လှပသော ဇင်ယော်တောင်မျက်ခုံးများက တင်းကျပ်သွားသည်။
ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာခြင်း၏အစောပိုင်းအဆင့်တွင်၊ လူသားများသည် ရက်စက်ကြမ်းကြုတ်သောသားရဲများနှင့်နှိုင်းယှဉ်ပါက အလွန်အားနည်းနေသေးသည်။
ထို့အပြင် လူသားများက မူလ ကုန်းမြေသတ္တဝါများဖြစ်သည်။ ပင်လယ်ထဲတွင် တိုက်ခိုက်လျှင်၊ ရေသူမမျိုးနွယ်နှင့် ရင်ဆိုင်ရလျှင်၊ လုံးဝ အခြေအနေမဟန်ပေ။
“ငါတို့ရဲ့ လက်ရှိအခြေအနေက ရေသူမတွေကို ခုခံတိုက်ခိုက်ဖို့ အရမ်းခက်ခဲလိမ့်မယ်”
“တကယ်လို့ ငါတို့ရဲ့ ရန်နိုင်ငံကို တိုက်ခိုက်ဖို့ ရေသူဘုရင်မက သူ့မျိုးနွယ်ကို ဦးဆောင်လာမယ်ဆိုရင်၊ လိပ်နက်ကြီးကိုပဲ လှုပ်ရှားပေးဖို့ တောင်းဆိုရမှာ ကြောက်တယ်...”
“ဒါပေမယ့် တိကျတဲ့ အခြေအနေကို နားလည်ဖို့က၊ တောင်ပိုင်းပင်လယ်ထဲကို နက်နက်နဲနဲ ဆင်းပြီး စေ့စေ့စပ်စပ် စုံစမ်းဖို့လိုသေးတယ်”
ရန်နိုင်ငံ၏လုံခြုံရေးနှင့်ပတ်သက်သည့်အချက်ကြောင့် ဂျီယန်ရှိုးသည် သတိမမူဘဲမနေဝံ့ဘဲ သူမ၏အဖွဲ့အား ပင်လယ်နက်ထဲသို့ ဆက်လက်လေ့လာရန် ဦးဆောင်ခဲ့သည်။
……………
“အစ်ကို၊ ဒီပင်လယ်သမုဒ္ဒရာကြီးက အကန့်အသတ်မရှိ၊ အကန့်အသတ်မဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ နားခြောက်ဖက်မျောက်တစ်ကောင်ကို ရှာဖို့ဆိုတာက ကောင်းကင်ပေါ်တက်တာထက်ပိုခက်လိမ့်မယ်”
ယိုချငင်းယန်သည် ပင်လယ်ပြင်ပေါ်တွင် ဦးတည်ရာမဲ့ရှာဖွေနေသော လုချန်း,ကိုကြည့်ကာ သူ့ကို မပြောဘဲမနေနိုင်တော့ပေ။
“ဒါ့အပြင်၊ ဒီနားခြောက်ဖက်မျောက်က တခြားပုံစံအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတယ်၊ သူ ပင်လယ်ငါးဖြစ်သွားရင် နောက်နှစ်အထိ သူ့ကိုရှာရင်တောင်မှ ညီမတို့နှစ်ယောက် သူ့ကိုရှာတွေ့မှာမဟုတ်ဘူး”
“ချီလင် တောင်တန်းကိုအရင်ပြန်ကြရအောင်၊ ညီမတို့သတင်းရရင် သူ့ကိုလာရှာကြမယ်”
ထိုစကားကိုကြားသောအခါ လုချန်း,က ပတ်ဝန်းကျင်ပင်လယ်ပြင်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ သူ့ညီမပြောသည့်အတိုင်း နားရွက်ခြောက်ဖက်မျောက်က အသွင်ပြောင်းနိုင်သည့်အတွက် သူ အနည်းငယ် ဒေါသထွက်ခဲ့သော်လည်း၊ ဤပင်လယ်ပြင်ကျယ်ကြီးထဲတွင် သားရဲတစ်ကောင်ကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲလှသည်။
လုချန်း နှင့် ယိုချင်းယန်တို့သည် ချီလင် တောင်တန်းသို့ ပြန်လာပြီးနောက် တပ်ဖြန့်မှုအသစ်ကို စတင်ခဲ့သည်။
လက်ရှိ လုချန်း,သည် ယခင်ကတည်းက တစ်ကိုယ်တည်း တိုက်ခိုက်ခဲ့သော နှင်းဝံပုလွေဘုရင် မဟုတ်တော့ပေ။ ယခု သူ့လက်အောက်တွင် တန်ခိုးကြီးသော သားရဲအများအပြား ရှိနေပြီ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ လုချန်း ပထမဆုံးပြန်လည်တွေ့ရှိခဲ့သော တမ် နှင့် အမြီးကိုးချောင်းမြေခွေးတို့သည် ယခုအခါတွင် ချည်နှောင်ခြင်းအဆင့်(၁)သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
ဝက်ဝံညို နှင့် ကျိုးအိင် ကဲ့သို့သော အခြားသားရဲများသည်လည်း နိုးထခြင်းအထွတ်အထိပ်အဆင့်အထိ ကျင့်ကြံခဲ့ကြသည်။
သူတို့သည် ချည်နှောင်ခြင်းအဆင့်၏အစွန်းကို ထိနေပြီဖြစ်ပြီး၊ နောက်တစ်ကြိမ် ဖြတ်ကျော်ရန်မှာ မကြာတော့ပေ။
ယခုဆိုလျှင် မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ချီလင်တောင်တန်း တစ်ခုလုံးက လုချန်း,၏ နယ်မြေထဲတွင် ပါဝင်သည်။
လုချန်း တောင်ထိပ်ပေါ်တွင် ရပ်ကာ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ချီလင် တောင်တန်းသည် ယခုအခါ သူ့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ရှိနေပြီး အရှေ့မြောက်တောင်တန်းသည်လည်း သူ့၏ ပိုင်နက်နယ်မြေဖြစ်နေပြီဖြစ်သည်။
ထို့နောက် လုချန်း,သည် ခွန်လွန် တောင်တန်းသို့ ချီတက်ရန် ပြင်ဆင်လိုက်သည်။
ခွန်လွန် တောင်တန်းရှိ သားရဲများ၏ အလုံးစုံအင်အားသည် ချီလင် တောင်တန်းထက် အားကောင်းနေဆဲဖြစ်သည်။
ဟုတ်ပါတယ်၊ ၎င်းက အဓိကအားဖြင့် လုချန်း ကြောင့်ပင်။ သူရုတ်တရက်ပေါ်လာပြီး ဘုရင်အဆင့်ရှိသော သားရဲအားလုံးကို တိုက်ခိုက်ခဲ့သည်။
အကယ်၍ ရွှမ်ဝူ နှင့် သွေးလင်းနို့ဘုရင်တို့သည် ချီလင် တောင်တန်းတွင်သာ ရှိနေခဲ့ပါက ရွှမ်ဝူသည် ကောင်းကင်နှင့် မြေကြီး၏ တာအိုဓမ္မရုပ်ထုကို အသုံးပြုကာ၊ သွေးလင်းနို့ဘုရင်၏ နည်းလမ်းများစွာကို ပေါင်းထည့်ခြင်းဖြင့် ချီလင် တောင်တန်းသည် ခွန်လွန် တောင်တန်းထက် နိမ့်ကျမည်မဟုတ်ပေ။
သို့သော် လုချန်း,သည် ယခုတွင် အလွန်ယုံကြည်မှုနေဆဲဖြစ်သည်။ သားရဲအုပ်စု၏ အလုံးစုံ ခွန်အားသည် ခွန်လွန် တောင်တန်းလောက် အားမကောင်းသော်လည်း၊ သူတစ်ကိုယ်တည်းပင် ဘုရင်အဆင့်သားရဲများကို နှိမ်နင်းရန် လုံလောက်သည်။
ယခု ပင်းတီယန်နတ်ဆိုးဘုရင် ရှုံးနိမ့်သွားသဖြင့် ဒုက္ခကို နှိုးဆော်ရန် သတ္တိမရှိတော့ပေ။ သူတည်ထောင်ခဲ့သော နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံသည် ချီလင် တောင်တန်းတွင် ယခင်တိုက်ပွဲကြောင့် ရက်စက်ကြမ်းကြုတ်သော သားရဲအများအပြားကို ဆုံးရှုံးခဲ့ရသည်။
ပင်းတီယန်နတ်ဆိုးဘုရင် ရှုံးနိမ့်ပြီးနောက် ကျန်ရှိသော ရက်စက်ကြမ်းကြုတ်သော သားရဲများသည်လည်း မျောက်များကဲ့သို့ နေရာအနှံ့ပြန့်ကျဲသွားကြသည်။
ချည်နှောင်ခြင်းအဆင့်မှ နွားနဂါးကို သူသတ်ခဲ့ပြီး၊ အသက်ကြီုးကိုးချောင်းဆုံးရှုံးကာ အမြီးဖြတ်ခံရပြီးနောက် မြေခွေးနတ်ဆိုးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
လုချန်းသည် စစ်ပွဲစတင်ခြင်းဖြင့် နားခြောက်ဖက်မျောက်၊ မြေခွေးနတ်ဆိုး နှင့် ပင်းတီယန်နတ်ဆိုးဘုရင်တို့ကို ချေမှုန်းချင်ခဲ့သည်။
ဤရက်စက်ကြမ်းကြုတ်သော သားရဲများက သူနှင့် ကမ္ဘာမကြေ ရန်သူများ ဖြစ်လာကြသည်။ သူတို့ ထပ်မံကြီးပြင်းလာသောအခါတွင် သူ့ကို ဒုက္ခပေးမည်မှာ သေချာသည်။ ထိုကြောင့် စောစောသတ်မှသာလျှင် စိတ်ချနိုင်မည်ဖြစ်သည်။
တစ်ဖက်က ထွက်လာသည်ဖြစ်စေ မထွက်သည်ဖြစ်စေ ခွန်လွန်တောင်ကို သူကိုယ်တိုင်သွားရောက် တိုက်ခိုက်မည်။
အကယ်၍ ဤသားရဲကြီးများက တိုက်ပွဲတွင် ပါဝင်ပါက၊ သူသည် သူတို့ကို ချေမှုန်းရန် လုပ်ဆောင်နိုင်သည်။
အကယ်၍ သူတို့ မလာပါက၊ ခွန်လွန် တောင်တန်းတွင် ကျန်ရှိသော ရက်စက်ကြမ်းကြုတ်သော သားရဲများက သူ့၏ သားရဲတပ်ကို ခုခံရန် လုံလောက်မည်မဟုတ်ပေ။