ပင်လယ်-ဝါးမျိုဝေလငါးဘုရင်
Vol. 11 Ch. 159
လုချန်း,သည် စစ်ပွဲတစ်ခုစတင်ရန် ပြင်ဆင်နေပြီး ချီလင်တောင်တန်းတစ်ခုလုံးကို စတင်စည်းရုံးခဲ့သည်။
တမ်,သည် ယခု ချည်နှောင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ ရောင်ဝါက အလွန်ပြင်းထန်လာကာ သူ့၏ မူလခန္ဓာကိုယ်ကြီးက တစ်ဖန် ဖောင်းကားလာပါတော့သည်။ သူသည် သေးငယ်သော တောင်တစ်လုံးကဲ့သို့ ချိုင့်ထဲတွင် ရှိနေသည်။
“သခင်၊ ကျွန်တော်တို့ လက်စားချေတော့မှာလား”
“ခွန်လွန် တောင်ပေါ်က ဒီယုတ်ညံ့တဲ့သားရဲတွေက ချီလင် တောင်ကို တိုက်ခိုက်ဖို့တောင် သတ္တိရှိနေတယ်၊ ဒီတစ်ခါ ကျွန်တော် ရှေ့တန်းတပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်!”
ခွန်လွန် တောင်တန်းကို,တိုက်ခိုက်တော့မယ်ဆိုတာ သိလိုက်ရတော့ တမ်,က လုချန်း ကို စေတနာ့ဝန်ထမ်းလုပ်ရန် အမြန်ရှာဖွေခဲ့သည်။
ယခင်က၊ တမ်သည် အလွန်စိတ်ပျက်စရာကောင်းသည့် ပြိုင်ဘက် ချည်နှောင်ခြင်းအဆင့်သားရဲကို တိုက်ခိုက်ရန်အတွက် နိုးထခြင်းအဆင့်၏ စွမ်းအားကိုသာ အားကိုးခဲ့ရသည်။ ယခု သူသည် နောက်ဆုံးတွင် အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီး သားရဲတိုင်းကိုသတ်ဖြတ်ရန် ခွန်လွန် တောင်တန်းသို့ သွားချင်နေသည်။
“သခင်၊ ဒီဖားပြုတ်ကောင်က အသုံးဝင်တာမဟုတ်ဘူး၊ ရှေ့တန်းတပ်ကို ငါဦးဆောင်ချင်တယ်”
ထိုအချိန်တွင် မြေခွေးလည်း လုချန်း ၏နံဘေးသို့ ခုန်ဆင်းလာသည်။
ချည်နှောင်ခြင်းအဆင့်(၁)သို့ရောက်ရှိနေပြီဖြစ်သော အမြီးကိုးချောင်းမြေခွေးသည် အရွယ်အစား သိပ်မကြီးသေးဘဲ သုံးလေးမီတာခန့်သာရှိသေးသည်။
သို့သော်လည်း သူမ၏တစ်ကိုယ်လုံးသည် နှင်းဖြူဖွေးဖွေးလေးဖြစ်နေသော်လည်း ယခုအခါတွင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်မျဉ်းအချို့ရှိနေသဖြင့် သူမကို ပိုမိုဆွဲဆောင်မှုရှိစေပြီး ဆွဲဆောင်မှုရှိသောအသွင်ကို ဖြစ်စေသည်။
အထူးသဖြင့် စိတ်ဝိညာဉ်များကို ညှို့ငင်နိုင်စွမ်းရှိပုံရသော အမြီးကိုးချောင်းမြေခွေး၏ ခရမ်းရောင်မျက်လုံးတစ်စုံ။
အမြီးကိုးချောင်းမြေခွေးသည် သူ့၏ပုံသဏ္ဍာန်ကို မည်သို့ပြောင်းရမည်ကို မသိသော်လည်း ခွန်လွန် တောင်တန်းရှိ မြေခွေးနတ်ဆိုးထက် ပိုချစ်စရာကောင်းနေပုံရသည်။
မြေခွေးဖြူ၏ မထီမဲ့မြင်ပြုရသော အသံကိုကြားပြီး တမ်,က ချက်ချင်းပင် သူမကို မျက်စောင်းထိုးလိုက်သည်။
“မင်းဘာကိုဆိုလိုတာလဲ...မင်းဘာကိုဆိုလိုတာလဲ၊ မင်းဘယ်သူ့ကို အထင်သေးနေတာလဲ”
“ငါ နင့်ကိုပြောနေတာ နေ့တိုင်း လျှာကိုပဲ ထုတ်နေတဲ့ ဖားဖြုတ်ကောင်...”
“ကောင်းပြီ၊ ကောင်းပြီ၊ မင်းတို့နှစ်ကောင် ငြင်းခုံနေတာ ရပ်လိုက်တော့”
လုချန်း,က သူတို့နှစ်ကောင်ကို အမြန်တားလိုက်ပြီး “ခွန်လွန် တောင်တန်းကို လျှော့မတွက်နဲ့”
“နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံရဲ့ သားရဲတွေ ချီလင် တောင်တန်းကို လာရောက်တိုက်ခိုက်ခဲ့တုန်းက၊ သူတို့က ပင်းတီယန်နတ်ဆိုးဘုရင်ရဲ့ကိုယ်ပိုင်တပ်ဖွဲ့သာသာပဲ၊ ခွန်လွန် တောင်တန်းမှာ ချည်နှောင်ခြင်းအဆင့်ရှိတဲ့ နတ်ဆိုးဘုရင်တွေရှိတယ်၊ မင်းတို့နှစ်ကောင်က သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
မြေခွေးဖြူ နှင့် တမ် တို့လည်း ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားကြသည်။ ခွန်လွန် တောင်တန်း၏ အင်အားက ဤမျှ ကြီးမားလိမ့်မည်ကို သူတို့ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားသည်။
“ဒီတစ်ခါ သားရဲတပ်ကို ငါကိုယ်တိုင် ဦးဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒီ ခွန်လွန် တောင်တန်းက သားရဲတွေက ငါ့ကို ဒုက္ခမပေးနိုင်ဘူး!”
ချီလင် တောင်တန်းရှိ သားရဲများသည် ခွန်လွန် တောင်တန်းကဲ့သို့ အင်အားကြီးမားခြင်းမရှိသော်လည်း လုချန်း,က သူတို့ အများအပြားကို နှိမ်နင်းရန် လုံလောက်သည်။
လုချန်း အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ရက်စက်ကြမ်းကြုတ်သော သားရဲအားလုံးသည် သူတို့၏ အလုပ်များကို ရပ်တန့်ကာ ခွန်လွန် တောင်ကို သိမ်းပိုက်ရန် ကြီးမားသော သားရဲတပ်ကြီးအဖြစ် အမြန်စုရုံးခဲ့ကြသည်။
လုချန်း၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံး ခွန်လွန် တောင်တန်းသို့ ချီတက်လာကြသည်။ ထိုသို့သော ကြီးမားသည့် လှုပ်ရှားမှုက သဘာဝအားဖြင့် လူသားများ၏ ထောက်လှမ်းခြင်းမှ မလွတ်ကင်းနိုင်ပေ။
ချီလင် တောင်တန်းမှ နှင်းဝံပုလွေဘုရင် ဦးဆောင်သည့် ကြီးမားသော သားရဲတပ်ကြီးကို လူသားများက မြင်သောအခါတွင် အလွန်ထိတ်လန့်သွားကြသည်။
ယခုအခါ ရန်နိုင်ငံ၏ လမ်းကြောင်းအားလုံးတွင် မငြိမ်မသက်မှုများ ပြေလည်သွားခဲ့ပြီး၊ ဟူတောင်၏ တာအိုဘုန်းတော်ကြီးသည် တောင်ပိုင်ပင်လယ်တွင် မငြိမ်မသက်ဖြစ်ရသည့် အကြောင်းရင်းကို ယခုထိ ရှာမတွေ့သေးပေ။
ရလဒ်အနေနှင့်၊ ယခု ချီလင် တောင်တန်းတွင် ဤမျှကြီးမားသော လှုပ်ရှားမှုတစ်ခု ဖြစ်ပွားနေပြီး ရန်နိုင်ငံတစ်ခုလုံးက ယခုအချိန်တွင် အလွန်အမင်း တုန်လှုပ်နေကြသည်။
“ဒီနှင်းဝံပုလွေဘုရင်က ဘာလုပ်ချင်တာလဲ၊ သူက အမြဲတမ်း အေးဆေးတည်ငြိမ်နေတာ၊ ဘာလို့ အခု သားရဲတပ်ကို ရုတ်တရက် ဦးဆောင်နေတာလဲ”
“ဒီနှင်းဝံပုလွေက အကြာကြီးနေပြီးမှ နောက်ဆုံးတော့ ငါတို့ရန်နိုင်ငံကို တိုက်ခိုက်တော့မှာလား?”
ဂျီကျဲန်ရှန်း,သည် လုချန်း,မှအစပြု၍ ဖြစ်ပွားခဲ့သော ဤဆူပူအုံကြွမှုကြောင့် အလွန်စိတ်မသက်မသာဖြစ်နေပြီဖြစ်သည်။
နှင်းဝံပုလွေဘုရင်၏ စွမ်းအားသည် အခြားသော သားရဲဘုရင်များနှင့် နှိုင်းယှဉ်၍မရပေ။ နှင်းဝံပုလွေဘုရင်က အမှန်တကယ် တိုက်ပွဲကို စတင်ခဲ့မည်ဆိုလျှင် လူသားများက လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။
“တာအိုဆရာ၊ ဒါကို ဘယ်လိုထင်ပါသလဲ”
ဂျီကျဲန်ရှန်း,က မျက်မှောင်ကြုတ်ပြီး သူ့ဘေးနားတွင်ရှိသော အဖိုးအိုကို လှည့်ကြည့်လိုက်သည်။
တာအိုဆရာဟုခေါ်သော ဤအဘိုးအိုသည် ဟူတောင်၏ တာအိုဘုန်းတော်ကြီးဖြစ်သည်။ သူသည် ရိုးရိုး ခရမ်းရောင် လေ့ကျင့်ရေး ၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးကို မှိတ်ထားသည်။ သူ့မျက်နှာတွင် အရေးအကြောင်းများ ဖုံးလွှမ်းနေသော်လည်း သွေနီရောင်လွှမ်းနေပြီး အားအင်များပြည့်နှက်နေပုံရသည်။
သူ၏ ရှည်လျားသော အနက်ရောင်ဆံပင်ကို ခေါင်းပေါ်တွင် ရိုးရိုးချည်နှောင်ထားသည်။ စိတ်လှုပ်ရှားနေသော ဂျီကျဲန်ရှန်း နှင့် နှိုင်းယှဉ်ပါက ဤအဖိုးအို၏ အမူအရာက ပို၍တည်ငြိမ်သည်။
ထိုအခိုက်အတန့်တွင် အဖိုးအိုက လုချန်း ၏အသွင်ကိုကြည့်ပြီး ဘယ်ဘက်လက်ချောင်းထိပ်များကို အဆက်မပြတ်ထိခတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ရိုးရိုးသားသား ပြောရရင် ငါနားမလည်နိုင်ဘူး၊ နှင်းဝံပုလွေဘုရင်မှာ မြူအလွှာတစ်ခု ရှိနေသလိုပဲ ငါ့ရဲ့ တွက်ချက်ခြင်းကို ပိတ်ဆို့ထားတယ်...”
ခဏအကြာတွင် အဘိုးအိုက ခေါင်းခါယမ်းကာ သူ့အသံက အနည်းငယ် တိုးညှင်းလာသည်။
“ဒါပေမယ့် အရမ်းကြီး စိတ်ပူနေစရာ မလိုဘူး မဟာမိတ်ခေါင်းဆောင်၊ မကြာခင်မှာ ချီလင် တောင်တန်းက သားရဲတပ်က အဲဒီကနေ ထွက်သွားရင် ဘာပြဿနာမှရှိတော့မှာ မဟုတ်ဘူးလို့ ငါတွက်ချက်နိုင်ခဲ့တယ်၊ အန္တရာယ် မရှိလောက်ဘူး”
ဂျီကျဲန်ရှန်းက ယင်းကိုကြားပြီး ချက်ချင်းပင် “နှင်းဝံပုလွေဘုရင်က ငါတို့ကို မတိုက်ခိုက်ဘူးလို့ ဆိုလိုတာလား”
“ဒါပေမဲ့၊ နှင်းဝံပုလွေဘုရင်က သားရဲတပ်ကြီးကို ဦးဆောင်ပြီး ချီတက်လာတာက ဘာကြောင့်လဲ”
ဂျီကျဲန်ရှန်း မျက်မှောင်ကြုတ်ပြီး မြေပုံကို ကြည့်လိုက်သည်။ ဂြိုလ်တုမှ အဆက်မပြတ် အကျဉ်းချုံ့ထားသော အချက်အလက်များအပေါ် အခြေခံ၍ ဂျီကျဲန်ရှန်း၏ အကြည့်က အနောက်ဘက်သို့ ရွေ့လျားသွားသည်။
“ဒါဆို... နှင်းဝံပုလွေဘုရင်က ခွန်လွန် တောင်တန်းကိုချီတက်ချင်နေတာလား?”
“အခု နှင်းဝံပုလွေဘုရင်က ချီလင် တောင်တန်းကို အခိုင်အမာ သိမ်းပိုက်လိုက်ပြီ၊ ချီလင် တောင်တန်းက သားရဲတွေအားလုံးက သူ့ကို လေးစားကြတယ်၊ သူ့မှာ ကြီးမားပြင်းထန်တဲ့ စွမ်းအားတွေ ရှိတယ်၊ ခွန်လွန် တောင်တန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် အင်အားက...တွေးကြည့်လို့တောင် မရဘူး!”
ဂျီကျဲရှန်း တံတွေးမျိုချလိုက်ပြီး သူ့မျက်လုံးများက ကျုံ့သွားသည်။
ဤအဆင့်တွင်၊ ဤရက်စက်ကြမ်းကြုတ်သောသားရဲများသည် အမှန်တကယ်ပင် စွမ်းအားကြီးမားသော်လည်း နတ်ဆိုးတစ်ထောင်ဘုရင်နိုင်ငံ မထွက်ပေါ်လာမီတွင် အများစုမှာ ပြန့်ကျဲနေသော သားရဲအုပ်စုတစ်စုမျှသာဖြစ်သည်။
သားရဲတစ်ကောင်တည်းသာ လာရောက်တိုက်ခိုက်ပါက၊ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ခြိမ်းခြောက်မှုက လူသားများအတွက် အကန့်အသတ်ရှိသည်။
စဉ်ဆက်မပြတ် သုတေသနပြုပြီးနောက်၊ ယခုအခါတွင် လူသားများသည် သူတို့အား အခြားသူများထက် သာလွန်ခြင်း၏ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သော အထူးမျိုးဗီဇဆေးရည်များကို အများအပြား ထုတ်လုပ်နိုင်နေပြီဖြစ်သည်။
သို့ပေမယ့် ဤရက်စက်ကြမ်းကြုတ်သော သားရဲများအားလုံးသည် တန်ခိုးကြီးသော သားရဲဘုရင်ကို လက်အောက်ခံမယ်ဆိုလျှင် ရေရှည်တွင် အကျိုးဆက်များက ဆိုးရွားပေလိမ့်မည်။
“ဒါပေမယ့် တစ်ဖက်က နှင်းဝံပုလွေဘုရင်ပဲ၊ စိတ်အေးအေးထားရမယ်၊ အခြေအနေကို အရင်တည်ငြိမ်အောင် လုပ်ကြတာပေါ့”
ဂျီကျဲန်ရှန်းသည် နောက်ဆုံးတွင် ဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်သည်။ လုချန်း,ကို စစ်ကြေငြာရန် သူ့တွင် ဤမျှသတ္တိမရှိသေးပေ။
“နှင်းထူထပ်တဲ့ ဒေသနဲ့ အနောက်မြောက် သဲကန္တာရ ဒေသမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေအားလုံးကို နှင်းဝံပုလွေဘုရင်နဲ့ သူ့ရဲ့ သားရဲတပ်ကို အနှောင့်အယှက် မပေးဖို့ အမိန့်ထုတ်ပြန်လိုက်”
“နှင်းဝံပုလွေဘုရင်က ငါတို့ရဲ့ လွှမ်းမိုးမှုနယ်မြေတွေကို မကျူးကျော်သေးသရွေ့ ငါတို့တပ်တွေကို ထိန်းသိမ်းထားရမယ်၊ သူဖြတ်သွားရင်တောင် ငါတို့က မျက်ကွယ်ပြုထားရမယ်”
“နောက်တစ်ခေါက်ထပ်ပြောမယ်၊ ငါတို့ မျက်ကွယ်ပြုထားရမယ်!”
“နောက်တစ်ခေါက်ထပ်ပြောမယ်...”
……………….
လုချန်း,သည် သားရဲတပ်ကြီးကို ခွန်လွန် တောင်တန်းဆီသို့ ဦးဆောင်နေသောအခါတွင်၊ အလွန်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် တောင်ပိုင်းပင်လယ်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ပေါ်လာသည်။
ဤသည်မှာ အလွန်အရွယ်အစားကြီးမားသော ဝေလငါးကြီးဖြစ်သည်။ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် သူ့၏ခန္ဓာကိုယ်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစွာ ကြီးမားလာခဲ့သည်။ သူ့ဘေးတွင် ရွက်လွှင့်နေသော လူသားသင်္ဘောကြီးတစ်စီးလည်း ရှိနေသည်။
သို့သော် ဤသင်္ဘောကြီးပေါ်မှလူများက ရန်နိုင်ငံမှမဟုတ်ပေ။
“ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၊ အစီအစဉ်ကို ချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ဖို့၊ ငါတို့က အင်အားကြီးမားတဲ့ တခြားသားရဲတစ်ကောင်ကို စုဆောင်းဖို့ လိုသေးတယ်၊ အချိန်ကျလာတဲ့အခါ၊ ရန်နိုင်ငံက လိပ်နက်ကြီးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပူးပေါင်းနိုင်တယ်“
“အင်း၊ မင်းသွားခေါ်ချင်ရင် သွားခေါ်လိုက်”
“မင်းတို့ လိပ်နက်ရဲ့သွေးရပြီးရင် ငါ့အတွက် မှော်ဆေးကို သေသေချာချာပြက်ဆင်ထားရမယ်”
လွတ်လပ်အင်ပါယာမှလူများအတွက် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ရိုးရှင်းစွာပင် မထီမဲ့မြင်ပြုကာ ကြွေးကြော်ခဲ့သည်။
နှစ်ဘက်စလုံးက သဘောတူညီချက်တစ်ခုရရှိပြီး ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးကို ထူထောင်ခဲ့ကြပုံရသည်။
“ကောင်းပြီလေ၊ ရေသူမမျိုးနွယ်စုကိုသွားကြရအောင်၊ ရေသူဘုရင်မက ငါတို့နဲ့ပူးပေါင်းရင် ရန်နိုင်ငံက ဒီအချိန်မှာ ဘယ်တော့မှ တွန်လှန်နိုင်တော့မှာ မဟုတ်ဘူး”
လွတ်လပ်အင်ပါယာမှ အရာရှိတစ်ဦးသည် အထူးစွမ်းရည်အဖွဲ့တစ်ဖွဲ့ကို ရေအောက်ထဲသို့ပို့ဆောင်ခဲ့ပြီး သူတို့၏ ဦးတည်ရာမှာ ရေသူမမျိုးနွယ်၏ ရေအောက်နန်းတော်ဖြစ်သည်။