ရေသူဘုရင်မ၏ ဆုံဖြတ်ချက် နှင့် ပင်းတီယန်၏ စိုးရိမ်မှု
Vol. 11 Ch. 160
မြင့်မြတ်သော ရတနာမရှိတော့သောကြောင့် ရေသူမမျိုးနွယ်၏ နယ်မြေက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
ပင်လယ်ရေသည် သာမာန်ပင်လယ်ဒေသများကဲ့သို့ ပုံမှန်အတိုင်း ပြန်လည်စီးဆင်းလာသည်။
သန္တာကျောက်များနှင့် တည်ဆောက်ထားသော ရေအောက်နန်းတော်သည် ယခင်ကလို ခမ်းနားပုံမပေါ်တော့သော်လည်း သားရဲများအတွက် ၎င်းက ရေအောက် အံ့ဖွယ်တစ်ခုဖြစ်နေသေးသည်။
လုချန်း နှင့် နားခြောက်ဖက်မျောက်တို့သည် ရေသူမပိုင်နက် နယ်မြေထဲသို့ ရောက်ကတည်းက အနည်းငယ် ပေါ့လျော့ခဲ့သော ရေသူမလေးများက အလွန်သတိရှိလာကာ ပင်လယ်ပြင်တွင် ကင်းလှည့်နေသော ရေသူမအဖွဲ့များကို နေရာတိုင်းတွင် တွေ့မြင်ရမည်ဖြစ်သည်။
ယခုလည်း ပင်လယ်ကြမ်းပြင်ပေါ်တွင် တည်ဆောက်ထားသော ဤနန်းတော်သည် ဖိတ်ခေါ်ထားခြင်းမရှိသော ဧည့်သည်များကို တစ်ဖန် ကြိုဆိုနေရပြန်သည်။ ရွှေရောင်ဆံပင်၊ အပြာရောင် မျက်လုံးများနှင့် လူသားအထူးစွမ်းရည်အဖွဲ့တစ်ဖွဲ့က ရေအောက်နန်းတော်အပြင်ဘက်တွင် ပေါ်လာသည်။
“ခြေနှစ်ချောင်း သတ္တဝါလား၊ နင်တို့ဘာလို့ ကုန်းပေါ်မနေဘဲ ငါတို့ပိုင်နက်ထဲကို ဘာလာလုပ်တာလဲ”
အဖွဲ့ခေါင်းဆောင်သည် ဤရေသူမများကို မြင်သောအခါတွင် ချက်ချင်းပင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ငါတို့က ပင်လယ်သမုဒ္ဒရာကိုဖြတ်ပြီး လွတ်လပ်အင်ပါယာကနေ လာခဲ့ကြတယ်၊ ရေသူမမျိုးနွယ်ရဲ့ ဘုရင်မနဲ့ တွေ့ဆုံပြီး အရေးကြီးကိစ္စ ဆွေးနွေးဖို့ ဒီနေရာကို ရောက်လာတာပါ”
သို့သော် ဤစကားကိုကြားသောအခါ နန်းတော်စောင့် ရေသူမလေးများက ဒေါသထွက်သွားကြသည်။
“ဘယ်လိုတောင်သတ္တိရှိလိုက်သလဲ၊ နင်တို့ကိုယ်နင်တို့ ဘယ်သူလို့ထင်နေတာလဲ၊ ငါတို့ဘုရင်မနဲ့တွေ့ဖို့ ပြောရဲတယ်!”
“ခြေနှစ်ချောင်း သတ္တဝါတစုက ကုန်းပေါ်မှာနေရတာ ငြီးငွေ့နေလို့ ဒီမှာလာအသေခံတာလား၊ ဒီကနေ ထွက်သွား!”
မကြာသေးမီက၊ ကုန်းမြေမှလာသော လုချန်း,ကြောင့် ရေသူမများက စိတ်ပူပန်ခဲ့ရပြီး ယခုအခါ သူတို့သည် ကုန်းသတ္တဝါများအပေါ် ကောင်းသောခံစားချက်များ ရှိမနေတော့ပေ။
အထူးသဖြင့် လွတ်လပ်အင်ပါယာမှ ဤလူသားများက သာမန်ခွန်အားရှိရုံသာမက ပါးစပ်ဖွင့်လိုက်သည်နှင့် ဘုရင်မအား တွေ့လိုကြောင်း ကြားသိရသောအခါတွင် ပို၍ပင် ဒေါသထွက်သွားကြသည်။
ဤရေသူမများက တိုက်ခိုက်တော့မည့်အချိန်တွင် ရေအောက်နန်းတော်ထဲမှ နူးညံ့သော်လည်း ကြီးကျယ်ခမ်းနားသော အသံကို သူတို့ကြားလိုက်ရသည်။
“သူတို့ကို ဝင်ခွင့်ပြုလိုက်”
ထို့နောက် နန်းတော်စောင့် ရေသူမလေးများ၏ ဦးဆောင်မှုဖြင့် လွတ်လပ်အင်ပါယာ၏ အထူးစွမ်းရည်အဖွဲ့က ဤနန်းတော်အတွင်းသို့ ဝင်ရောက်လာကြသည်။
ရေအောက်နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ ရေသူဘုရင်မ၏ အစွမ်းထက်သော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လွတ်လပ် အင်ပါယာ၏ အထူးစွမ်းရည်အဖွဲ့က အံ့သြမှင်သက်သွားကြသည်။
“ကုန်းမြေပေါ်က လူသားတွေ၊ ငါ့နယ်မြေထဲကို အကြောင်းပြချက်မရှိဘဲ ရောက်လာပြီး ဘာလိုချင်လို့လဲ”
“ဘုရင်မ၊ ငါတို့က မင်းနဲ့ ညှိနှိုင်းဖို့ ဒီကိုလာခဲ့တာပါ”
“ရိုးရိုးသားသားပြောရရင်၊ ငါတို့က မင်းကို အချိန်တိုအတွင်းမှာ အဆင့်သစ်တစ်ခုကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်တဲ့ အထူးဆေးတစ်မျိုးကို တီထွင်ခဲ့ပြီးတော့ မင်းရဲ့ စွမ်းရည်အသစ်ကိုလည်း နိုထစေနိုင်တယ်!”
လွတ်လပ်အင်ပါယာ၏ ဤလူများထံမှ ထိုစကားကိုကြားပြီး ရေသူဘုရင်မ၏ မျက်လုံးလေးများက တောက်ပလာသည်။
ကိုယ့်ရဲ့ အဆင့်ကို တိုးတက်အောင်လုပ်နိုင်သည်ကို မပြောသေးပေ၊ စွမ်းရည်အသစ်တစ်ခုကို နိုးထနိုင်သည်ကပင် အလွန်ရှားပါးသည့်အရာတစ်ခုဖြစ်သည်။
ဤမှော်ဆေးရည်အကြောင်းကို ကြားသိရပြီးနောက် ရေသူဘုရင်မပင် ခဏမျှ သွေးဆောင်ခံခဲ့ရသည်။
“နင်တို့ရဲ့ ရည်ရွယ်ချက်ကို ပြောပါ၊ ဒီမှော်ဆေးကို အလကားပေးမှာတော့ မဟုတ်ဘူးမလား”
“ဘုရင်မ၊ တစ်ကြိမ်လောက် ကူညီပေးရုံနဲ့ ဒီဆေးရည်ကို ချက်ချင်း ပေးနိုင်ပါတယ်”
ဘုရင်မ စိတ်လှုပ်ရှားသွားသည်ကို လွတ်လပ်အင်ပါယာမှ လူများက မြင်သောအခါ ဝမ်းသာစွာဖြင့် စိတ်ချလက်ချ ပြောလိုက်ကြသည်။
“မင်းတို့ကို ကူညီပေးဖို့၊ ဘယ်သူ့ကို ဆန့်ကျင်ရမှာလဲ”
“ဒါက အရမ်းရိုးရှင်းပါတယ်၊ ရန်နိုင်ငံကို တိုက်ခိုက်ပြီး ရန်နိုင်ငံမှာရှိတဲ့ သားရဲတချို့ကို သတ်...”
“ဒါက နင်တို့ရဲ့တောင်းဆိုချက်ဆိုရင် ညှိနှိုင်းစရာမလိုတော့ဘူး၊ နင်တို့ အခုသွားလို့ရပြီ”
ယခင်က အဖြစ်အပျက်များသာ မဖြစ်လာခဲ့လျှင် ရေသူဘုရင်မက ချက်ချင်း သဘောတူပြီးသားဖြစ်နိုင်သည်။
သို့သော် တောင်ပိုင်းပင်လယ်မှ ကြီးမားသော တိုက်ပွဲအပြီးတွင် ရေသူဘုရင်မသည် နှင်းဝံပုလွေဘုရင်နှင့် မည်သို့မျှ မယှဉ်နိုင်ကြောင်း သိလိုက်ရပြီး၊ အသက်ကယ်မှော်ရတနာကြောင့်သာမဟုတ်လျှင် သူမ,သေသွားနိုင်သည်။
နှင်းဝံပုလွေဘုရင်က ရန်နိုင်ငံမှဖြစ်ပြီး ရန်နိုင်ငံကို တိုက်ခိုက်မည်ဆိုပါက တဖက်ကို ရန်စလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ နှင်းဝံပုလွေဘုရင်ကို ဒေါသထွက်စေပါက၊ သူမ၏ ရေသူမမျိုးနွယ်စုသည်လည်း ကပ်ဘေးဒဏ်ကို ခံစားရမည်ဖြစ်သည်။
ရေသူဘုရင်မက အမှန်တကယ် တိုက်ရိုက်ငြင်းဆိုလိုက်သည်ကို တွေ့လိုက်ရသောအခါ လွတ်လပ် အင်ပါယာမှ လူများက အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း မေးခွန်းမထုတ်ခဲ့ကြပေ။ သူတို့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ဘုရင်မ၊ စဉ်းစားပြီး စိတ်ပြောင်းသွားရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်”
ထို့နောက် လွတ်လပ် အင်ပါယာမှ လူများသည် အပျော်စီးသင်္ဘောပေါ်သို့ ပြန်လာခဲ့ကြသည်။
“ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၊ ရေသူဘုရင်မက တကယ်ကို ကျေးဇူးကန်းတာဘဲ၊ ဒီတိုက်ပွဲအတွက် မင်း၊ သားပိုက်ကောင်ဘုရင် နဲ့ ခြင်္သေ့ဘုရင်တို့ကိုပဲ အားကိုးရတော့မယ်”
ရန်နိုင်ငံ၏ မကြာသေးမီက အင်အားက လွတ်လပ် အင်ပါယာကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။ သို့သော် အောင်ပွဲခံနိုင်ရန် လွတ်လပ် အင်ပါယာမှ လူများသည် အပူပိုင်းဒေသရှိ တန်ခိုးကြီး သားပိုက်ကောင်ဘုရင်နှင့် ခြင်္သေ့ဘုရင်တို့ကို ရှာဖွေရန် သာရိုအင်ပါယာသို့ သွားရောက်ခဲ့ကြသည်။
ယခုအချိန်တွင် အဆိုပါ အင်အားကြီး သားရဲနှစ်ကောင်သည် အခြားလမ်းကြောင်းမှ တောင်ပိုင်းပင်လယ်ဘက်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
…………….
ခွန်လွန် တောင်တန်း၊ ယခင်က နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံ၏ အခြေစိုက်စခန်းတွင်။
လုချန်း,သည် ချီလင် တောင်တန်းမှ သားရဲတပ်ကို ဦးဆောင်လာသောအခါ ကျန်ရှိသော သားရဲများက ခုခံနိုင်စွမ်းမရှိသလောက်ဖြစ်ပြီး အားလုံးက လုချန်း,ထံ လက်နက်ချခဲ့ကြသည်။
အကြောင်းပြချက်က ရိုးရှင်းသည်၊ လုချန်း,၏ စွမ်းအားက ပြင်းထန်လွန်းသောကြောင့်ဖြစ်သည်။
ပင်းတီယန်နတ်ဆိုးဘုရင် ထွက်ပြေးသွားစဉ်တွင် ကျန်ရှိသော သားရဲများက နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံအတွက် နတ်ဆိုးဘုရင်အသစ်ကို ရွေးချယ်ခဲ့ကြသည်။
သို့သော် လုချန်း ရောက်ရှိလာသောအခါတွင် နတ်ဆိုးဘုရင်အသစ်က နှစ်ကြိမ်မျှပင် မတိုက်ခိုက်ရသေးမီ သတ်ဖြတ်ခံခဲ့ရသည်။
ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားက သားရဲများစွာကို ချက်ချင်း ထိတ်လန့်စေခဲ့သည်။
“ဟမ့်၊ နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံ? အဲနာမည်ကတော့မိုက်တယ်၊ ဒါပေမယ့် အားနည်းလွန်းတယ်”
“မှန်တယ်၊ ဒီလို အင်အားနဲ့ မင်းတို့က ငါတို့ ချီလင် တောင်တန်းကို ခြေချဝံ့တယ်၊ မင်းတို့က သေခြင်းတရားကို တောင်းတနေတာပဲ!”
သူတို့သည် နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး တမ်နှင့် အခြားသော သားရဲများက အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။
“စိတ်လှုပ်ရှားမနေနဲ့၊ ဒီနတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံရဲ့တောင် အပြင်မှာ စွမ်းအားအတက်အကျတွေရှိတယ်၊ ဒီတောင်ပေါ်မှာ ငါတို့ တိုက်ခိုက်ရမဲ့ နတ်ဆိုးဘုရင်တွေ အများကြီးရှိသေးတယ်”
“ဒါပေမယ့် စိတ်မပူနဲ့၊ အလျင်စလိုမလုပ်နဲ့၊ ခွန်လွန် တောင်တန်းက ကြီးမားတယ်၊ ဒါကြောင့် ငါတို့ အချိန်ယူလို့ရတယ်”
လုချန်းသည် နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် လုံးဝမအံ့သြပေ။
ခွန်လွန် တောင်တန်းသည် ချီလင် တောင်တန်းထက် များစွာကြီးမားကျယ်ပြန့်ပြီး၊ ဤနေရာတွင် ချည်နှောင်ခြင်းအဆင့် နတ်ဆိုးဘုရင်များစွာရှိသည်။ လုချန်း,က သူ့ငယ်သားများကို အသေအပျောက်များ ထပ်မံ မခံစားစေလိုသည်။
ထို့ကြောင့်၊ သူတို့သည် ခွန်လွန် တောင်တန်း၏ နက်နဲရာသို့ အရူးအမူး မတိုးဝင်ဘဲ အစွန်းမှ စတင်ကာ ဤအဆင့်နိမ့် သားရဲများကို ဆက်လက် အနိုင်ယူခဲ့သည်။
လုချန်း,သည် ခွန်လွန် တောင်တန်းရှိ အခြားနတ်ဆိုးဘုရင်များ၏ အင်အားစုကို တဖြည်းဖြည်းချင်း သိမ်းပိုက်ရန် ကြံစည်နေပြီး တောင်တန်းများတွင် တရွေ့ရွေ့ ချီတက်နေခဲ့သည်။
ယခင်က လုချန်းသည် ခွန်လွန် တောင်တန်း၏ နက်နဲရာသို့ ရောက်ရှိလာသောအခါ၊ ချူးယန် နှင့် မြေခွေးနတ်ဆိုးတို့၏ မင်္ဂလာပွဲ၌ ချည်နှောင်ခြင်းအဆင့် နတ်ဆိုးဘုရင်များစွာကို သူတွေ့ခဲ့ရသည်။
သူသည် ဤသားရဲကြီးများကို မကြောက်ရုံသာမက သူတို့၏ လက်အောက်ငယ်သားများသည်လည်း ထိုမျှလောက် အစွမ်းထက်လှသည်တော့မဟုတ်ပေ။
နိုးထခြင်းအဆင့် အထက်ရှိသားရဲများသာ ခွန်လွန် တောင်တန်း၏ စစ်မှန်သော စွမ်းအားများဖြစ်သည်။
“မဟုတ်ဘူး၊ နှင်းဝံပုလွေဘုရင်က သိပ်မကြာခင်မှာ လာတိုက်ခိုက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး!”
“ဒီနှင်းဝံပုလွေဘုရင်က အထွတ်အထိပ်ကိုရောက်နေပြီ၊ ခွန်လွန် တောင်တန်းကို သူ့နယ်မြေထဲ သွပ်သွင်းဖို့က သိပ်မကြာခင်မှာ ဖြစ်လာနိုင်တယ်၊ ငါ ဒီမှာပဲ ဆက်နေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို သူငါ့ကို ရှာတွေ့သွားလိမ့်မယ်”
“အဲဒီ နွားနဂါးနဲ့ နားခြောက်ဖက်မျောက်ကလဲ ငါ့ကို လိုက်ရှာနေလောက်တယ်၊ ခွန်လွန် တောင်မှာ ပုန်းဖို့ နေရာမရှိတော့ဘူး”
ခွန်လွန် တောင်တန်း၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ပုန်းအောင်းနေသော ပင်းတီယန်နတ်ဆိုးဘုရင်သည် လုချန်း,က ခွန်လွန်ကို တိုက်ခိုက်ရန် ကြီးမားသော သားရဲတပ်ကို ဦးဆောင်နေသည်ကို တွေ့လိုက်ရသောအခါ အလွန်ထိတ်လန့်သွားသည်။
ယခုအချိန်တွင် သူသည် ခွန်လွန် တောင်တန်းမှ လွတ်မြောက်ရန် သို့မဟုတ် ရန်နိုင်ငံ၏မြေမှ တိုက်ရိုက် လွတ်မြောက်ရန်သာ ဆန္ဒရှိတော့သည်။