← Chapters

ချင်းဇွန် စပျစ်နွယ်ပင်

Vol. 11 Ch. 161

ချင်းဇွန် စပျစ်နွယ်ပင်

Vol. 11 Ch. 161

ခွန်လွန် တောင်တန်းသည် အလွန်မြင့်မားပြီး တောင်ထိပ်အများစုကို ရေခဲများနှင့် ဆီးနှင်းများက ဖုံးလွှမ်းထားသည်။

ဤအခိုက်အတန့်တွင် ခွန်လွန် တောင်တန်း၏အရှေ့ဘက် တောင်ထွတ်တစ်ခုတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ စုရုံးရောက်ရှိနေကြသည်။

“တောကြောင်ဘုရင်၊ မင်းဆက်မခုခံဖို့ ငါအကြံပေးတယ်”

“ငါတိုရဲ့ဘုရင်က ခွန်လွန် တောင်တစ်ခုလုံးကို စုစည်းဖို့ ဆုံးဖြတ်ထားပြီးပြီ၊ မင်း အချည်းနှီး ခုခံနေတာကို ရပ်သင့်ပြီ”

ထိုအချိန်တွင် တမ်သည် ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်စုကြီးနှင့်အတူ၊ တောကြောင်ဘုရင်နှင့် သူ့၏နောက်လိုက်သားရဲအများအပြားကို တောင်ထွတ်တွင် ဝန်းရံထားသည်။

တောကြောင်ဘုရင်သည် သူ့မျက်လုံးများဖြင့် အောက်မှသားရဲများကို စူးရှစွာကြည့်နေသည်။ သူသည် တမ်,ထက် အဆင့်တစ်ဆင့်မြင့်သော ချည်နှောင်ခြင်းအဆင့် (၂)သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် တမ်သည် တောကြောင်ဘုရင်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ကြည့်နေကာ အလွန်မောက်မာနေပုံရသည်။

“တောကြောင်ဘုရင်၊ နင်လေ့ကျင့်ဖို့မလွယ်ဘူးလို့ ငါထင်တယ်၊ ဒါကြောင့် နင့်ကို လက်ရှိအခြေအနေကိုသိတဲ့ ပညာရှိတစ်ယောက်လိုပြုမှုဖို့ ငါအကြံပေးတယ်”

“ငါ့သခင်က ခွန်လွန် တောင်တန်းကို ပေါင်းစည်းဖို့ဆုံးဖြတ်ထားပြီးပြီ၊ ဒါက အတားအဆီးမရှိနိုင်တဲ့ လမ်းကြောင်းပဲ၊ နင် သေခြင်းတရားကို မရှာဖွေဖို့ ငါအကြံပေးတယ်”

ဘေးတွင်ရပ်နေသော အမြီးကိုးချောင်းမြေခွေးသည်လည်း အလွန်မာနကြီးနေပုံရသည်။

လုချန်း,၏ လက်အောက်မှ ဤရက်စက်သော သားရဲများကြားထဲတွင် အမြီးကိုးချောင်းမြေခွေး,က အမှန်တကယ်ကို အသန်မာဆုံး သားရဲများထဲတွင်ပါဝင်သည်။

အမြီးကိုးချောင်းမြေခွေးသည် အခြား ရက်စက်ကြမ်းကြုတ်သော သားရဲများကဲ့သို့ ကြီးထွားလာခြင်းမရှိဘဲ သူမ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ခိုင်ခံ့အောင် မစွမ်းဆောင်နိုင်ပေ။

သို့သော် သူမ၏ဝိညာဉ်က အဆက်မပြတ် အားကောင်းလာကာ တန်ခိုးကြီးသားရဲများကိုပင် ထိန်းချုပ်နိုင်ခဲ့သည်။

ဤကာလအတွင်း အမြီးကိုးချောင်းမြေခွေးသည် စွမ်းအားကြီးသော သားရဲရုပ်သေးဆယ်ကောင်ကို လေ့ကျင့်ပေးခဲ့ပြီး ၎င်းတို့ထဲမှ အသန်မာဆုံးနှစ်ကောင်သည် ချည်နှောင်ခြင်းအဆင့်(၁)သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

တစ်နည်းဆိုရသော် အမြီးကိုးချောင်းမြေခွေးသည် နိုးထခြင်းအဆင့်အထက်ရှိ အစွမ်းထက်သော သားရဲဘုရင်နှစ်ကောင်နှင့် ညီမျှသည်။

သူတို့၏ဝိညာဉ်ကို အမြီးကိုးချောင်းမြေခွေးက ထိန်းချုပ်ထားပြီး အသွေးအသားဖြင့်သာ ကျွေးမွေးရန် လိုအပ်သောကြောင့် ၎င်းတို့ကိုလေ့ကျင့်ပေးသည့်အခါ သားရဲရုပ်သေး၏ခံစားချက်များကို ထည့်သွင်းစဉ်းစားရန်မလိုအပ်ပေ။

ထို့အပြင်၊ ဤသားရဲရုပ်သေးများတွင် အလွန်ပြင်းထန်သော ဖောက်ခွဲခြင်းလှုပ်ရှားမှုတစ်ခု ရှိသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ပြိုင်ဘက်ကိုမယှဉ်နိုင်ပါက မိမိကိုယ်ကို ဖောက်ခွဲပစ်နိုင်သည်။

ချည်နှောင်ခြင်းအဆင့်ရှိ သားရဲ၏ မဆင်မခြင် မိမိကိုယ်ကို ဖောက်ခွဲခြင်းက အလွန်ကြောက်စရာကောင်းလှသည်။

“ဟားဟားဟား၊ နှင်းဝံပုလွေဘုရင်က အရမ်းအစွမ်းထက်တယ်ဆိုတာ ငါဝန်ခံတယ်၊ ခွန်လွန် တောင်တန်းမှာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်တဲ့ သားရဲတွေ မရှိမှာကို ငါကြောက်တယ်”

“မကြာသေးခင်ကပဲ ချူးယန်,က သူ့ကို ရှုံးနိမ့်ခဲ့တယ်၊ ဒါပေမယ့် ဘာဖြစ်လဲ၊ ငါအရှုံးမပေးဘူး!”

“ငါက ဒီတောင်ရဲ့ဘုရင်ဖြစ်ပြီး လွတ်လပ်မှုကို လိုလားတယ်၊ ဘာကြောင့် တစ်ပါးသူကို လက်အောက်ခံရမှာလဲ”

“အဆိုးဆုံးကတော့ ဒီနေ့ ဆုတ်ခွာဖို့ ငါ့တပ်တွေကို ဒီနေရာကို ထားခဲ့လို့ရတယ်၊ မင်းတို့ ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး”

ထိုစကားများကို ချန်ထားခဲ့ပြီးနောက် တောကြောင်ဘုရင်က အဝေးသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။ သူ့အရှိန်က အလွန်မြန်လွန်းသောကြောင့် အဆင့်သူ သာမန်သားရဲများက သူ့ကိုလိုက်ဖမ်းနိုင်မည်မဟုတ်ပေ။

ရွေ့လျားသွားသောအခါတွင် လေထဲတွင် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့ပြီး ထိုနေရာတွင် လေပြင်းများ ထွက်ပေါ်လာခဲ့သည်။

မူလက တောကြောင်ဘုရင်သည် တောင်ထိပ်တွင် ခုခံကာကွယ်နေသည်ကို မြင်လိုက်ရသဖြင့် တမ်သည် သူ့ဘက်ရှိ သားရဲအများအပြားကို အားကိုးကာ အောင်နိုင်မည်မှာ သေချာသည်ဟု ထင်ခဲ့သည်။

ယခု တောကြောင်ဘုရင်၏ တန်ခိုးကြီးသော လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် တမ်လည်း ထိတ်လန့်သွားသည်။

“တော်သေးတာပေါ့၊ ဒီကောင်က ထက်မြက်ပြီး သခင်ရဲ့ နာမည်ကြောင့်မို့လို့သာ ကြောက်နေတာ၊ ငါတို့ တကယ်တိုက်ရင် ငါက သူ့ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး”

တမ်,က တံတွေးမျိုချလိုက်ပြီး သူ့သခင်၏ အရှိန်အဝါကို သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

လုချန်းသည် ခွန်လွန် တောင်တန်းကို သိမ်းပိုက်ရန် သားရဲတပ်ကို ဦးဆောင်ခဲ့ပြီး ခွန်လွန် တောင်တန်း၏ ၃၀% နီးပါးကို ချီလင် တောင်တန်း၏ သားရဲတပ်မှ သိမ်းပိုက်ခဲ့သည်။ လုချန်းက သွေးနေဆာသော သားရဲမဟုတ်ပေ၊ ထို့ကြောင့် သူ့ကို အညံ့ခံရန် မရွေးချယ်ခဲ့လျှင်ပင် သူတို့၏နယ်မြေများကို စိတ်လိုလက်ရစွန့်လွှတ်ခဲ့သော နတ်ဆိုးဘုရင်အားလုံးကို လိုက်သတ်နေမည်မဟုတ်ပေ။

လုချန်း ကြောင့်၊ ဤသားရဲတပ်သည် အချိန်အများစုတွင် တိုက်ခိုက်ခြင်းမရှိဘဲ အနိုင်ယူနိုင်ခဲ့သည်။

လုချန်း ၏အမည်သည် ယခု ခွန်လွန် တောင်တန်းတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး ဤအစွမ်းထက်သော နှင်းဝံပုလွေဘုရင်ကို မည်သူမျှ အလွယ်တကူ မစော်ကားချင်ကြပေ။

ထို့ကြောင့်၊ ချီလင် တောင်တန်းမှ သားရဲတပ်သည် သိမ်းပိုက်မှုအတွင်း အခြေခံအားဖြင့် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ပေ။

ထို့အပြင် သူ၏ ပြင်းထန်သော စွမ်းအားကို အားကိုးကာ လုချန်းသည် ချည်နှောင်ခြင်းအဆင့်(၁)သို့ ရောက်ရှိနေသော နတ်ဆိုးဘုရင်သုံးကောင်ကို နှိမ်နင်းနိုင်ခဲ့ပြီး သူ၏ လက်အောက်တွင် တန်ခိုးကြီးသော သားရဲဘုရင်များ ထပ်တိုးလာပြန်သည်။

တစ်နေ့တွင်၊ လုချန်းသည် ခွန်လွန် တောင်တန်း၏ အနောက်မြောက်ဘက်သို့ ရောက်ရှိလာပြီး ရုတ်တရက် အလွန်ထူးဆန်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

လုချန်း မျက်မှောင်ကြုတ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် နတ်အာရုံကို အသုံးပြုခဲ့သည်။ မိုင်တစ်ရာအတွင်းတွင် လုချန်းသည် အလွန်ထူးဆန်းသော တောင်ကုန်းတစ်ခုကို တွေ့ရှိခဲ့သည်။

ဤတောင်ကုန်းပေါ်တွင် အခြားနေရာများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သားရဲများ မရှိဘဲ စိမ်းလန်းသော စပျစ်နွယ်ပင်သာ ရှိနေသည်။ အရေးကြီးဆုံးအချက်မှာ ဤစပျစ်နွယ်ပင်သည် ချည်နှောင်ခြင်းအဆင့်(၃)သို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

လုချန်းသည် ဤနေရာ၌ ချူးယန် နှင့် နားရွက်ခြောက်ဖက်မျောက်ကဲ့သို့ တူညီသော အဆင့်ရှိ နတ်ဆိုးတစ်ကောင်ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

စိမ်းလန်းစိုပြေသော အကိုင်းအခက် အရွက်များကို စပျစ်နွယ်ပင်က ရောယှက်နေသည်ကို တွေ့လိုက်ရသည်။ စပျစ်နွယ်ပင်သည် ကုန်တင်ကားများစွာထက်ပင် ပိုထူထဲပြီး နဂါးတစ်ကောင်ကဲ့သို့ တောင်များတွင် ဖြန့်ကျက်ထားသည်။

ဤစပျစ်နွယ်ပင်ကြီးသည် တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ထူထဲသော အမြစ်များက တောင်တန်းတစ်လျှောက် ပျံ့နှံ့နေသည်။

ယိုချင်းယန်လည်း လုချန်း၏ နံဘေးကို ရောက်လာပြီး သူမရှေ့က ထူးဆန်းသည့် စပျစ်နွယ်ပင်ကို တစ်ချက်ကြည့်လိုက်သည်။

“အစ်ကို၊ ဒါက ချင်းဇွန် စပျစ်နွယ်ပင်၊ သူ့ရဲ့အမြစ်တွေက ကမ္ဘာမြေကြီးကို မိုင်တစ်ထောင်ကျော်အထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်!”

“သူက သူ့ကိုယ်သူ ဖြည့်တင်းဖို့ ဒီမြေကြီးကနေ စွမ်းအင်ကို ဆွဲယူနိုင်ပြီး၊ ဒီစပျစ်နွယ်ပင်က မိုင်တစ်ရာလောက်အထိ ရှည်လျားနိုင်တယ်၊ သူက အရမ်းအစွမ်းထက်တဲ့ အပင်နတ်ဆိုးတစ်ကောင်ပဲ!”

“ညီမတို့က ဒီ ချင်းဇွန် စပျစ်နွယ်ပင်ကို တံခါးစောင့်အဖြစ်ထားနိုင်ရင် ညီမတို့နှစ်ယောက် အေးအေးဆေးဆေး အနားယူနိုင်ပြီး သာမန် သားရဲတွေက သူရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး”

ယိုချင်းယန်,သည် အဝေးမှ စပျစ်နွယ်ပင်ကို လှမ်းကြည့်ကာ ပြောသည်။

ဤစကားကိုကြားသောအခါ လုချန်း၏ မျက်လုံးများ တောက်ပလာသည်။ ဤကဲ့သို့ ထူးဆန်းသည့် အပင်နတ်ဆိုးမျိုးကို သူပထမဆုံးအကြိမ် ကြုံခဲ့ရခြင်းဖြစ်သည်။

ဤထူးဆန်းသောကမ္ဘာပေါ်သို့ရောက်ရှိပြီးနောက် များမကြာမီတွင် လုချန်းသည် ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာမှုကို ခံစားခဲ့ရသည်။

စွမ်းအားကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် နိုးထလာသော အထူးစွမ်းရည်များရှိသည့် လူသားများကို မြင်တွေ့ခဲ့ရပြီး ကြီးမားကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာထဲတွင် ပင်လယ်ရေသူမမျိုးနွယ်၏ ရေသူဘုရင်မကိုပင် ခုခံတိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ဤသည်မှာ တောင်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေသော အစွမ်းထက်သည့် အပင်နတ်ဆိုးကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်သည်။

“ကောင်းပြီ၊ ဒါဆိုလဲ သူ့ကို သွားတိုက်ရအောင်!”

သူ့ညီမ၏ စကားကို ကြားပြီးနောက် လုချန်း လည်း စိတ်ဝင်စားလာသည်။ ထိုသို့သော အစွမ်းထက်သည့် အပင်နတ်ဆိုးက သူ့၏ စိတ်ဝင်စားမှုကို နှိုးဆွရန် လုံလောက်သည်။

ထို့အပြင်၊ သူသည် ချင်းဇွန် စပျစ်နွယ်ပင်ကို အမှန်တကယ် နှိမ်နင်းနိုင်ခဲ့ပါက၊ ချီလင် တောင်တန်းကို စောင့်ကြပ်နေသည့် အစွမ်းထက်သော သားရဲများသည် အနာဂတ်တွင် အဝေးသို့ ခရီးထွက်ရမည်ဆိုလျှင် လုချန်းသည် သူ့မျိုးနွယ်စု၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။

သို့သော်၊ လုချန်း,သည် ချင်းဇွန် စပျစ်နွယ်ပင်ကို နှိမ်နင်းရန် ပြင်ဆက်နေချိန်မှာပင် တောင်ပိုင်းပင်လယ်တွင် ကြီးမားသော လှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့သည်။

တဟုန်ထိုးတက်လာသောလှိုင်းလုံးများက တောင်ပိုင်းပင်လယ်ကမ်းရိုးတန်းဘက်သို့ ဆက်လက်ရွေ့လျားလာနေသည်။

အစပိုင်းတွင် လှိုင်းလုံးများက မမြင့်မားသော်လည်း တဖြည်းဖြည်းဖြင့် မြင့်တက်လာခဲ့သည်။

ဤအတိုင်းသာ ဆက်သွားနေပါက၊ ကြီးမားသော သမုဒ္ဒရာလှိုင်းလုံးများက လူသားများ၏ မြို့ရိုးအမြင့်ထက် ကျော်လွန်ရန်မှာ မကြာခင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ဝေဟင်တွင် အထူးစွမ်းရည်အဖွဲ့တစ်ဖွဲ့သည် တောင်ပိုင်းပင်လယ်မှ လူသားကာကွယ်ရေးစည်းဆီသို့ လျင်မြန်စွာ ပြန်လည်ပျံသန်းလာနေခဲ့သည်။ သူတို့သည် ဂျီယန်ရှိုး,တို့အဖွဲ့နှင့် ပင်လယ်ထဲ စူးစမ်းလေ့လာရန်သွားခဲ့ကြသော ကျန်းလန် တို့အဖွဲ့ဖြစ်သည်။

ဂျီယန်ရှိုး,က အောက်ဖက်မှလူများကို တိုက်ရိုက်အော်လိုက်သည်- “ဆုတ်! အားလုံး ဆုတ်ခွာကြ!”

“ပင်လယ်သားရဲကြီး ရောက်လာတော့မယ်၊ လူတိုင်းကို ကယ်ထုတ်ဖို့ အမြန်စီစဉ်ကြ...”

All Chapters