← Chapters

အခန်း (၄၀၉)

Vol. 17 Ch. 409

အခန်း (၄၀၉)

Vol. 17 Ch. 409

ယဲ့ယွီသည် စာရေးထားပုံကို စစ်ဆေးနေစဉ် သူ့စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး တွေးလိုက်သည်။

စာလုံးတွေ နည်းနည်းဆိုးတာက ကိစ္စမရှိပါဘူး။ ရှင်းရှင်းလင်းလင်းမြင်ရရင် ရပြီလေ။

သို့သော်လည်း ကျိလင်ချင်း၏ ချစ်ရေးဆိုလွှာသည် စာသားအပြည့်အစုံအစား မှင်စက်များဖြင့်သာ ရေးဆွဲထားရာ ယဲ့ယွီအတွက် အတော်လေးကို ရယ်စရာကောင်းနေသည်။

ချစ်ရေးဆိုလွှာတစ်စောင်ကို မှင်စက်တွေနဲ့ ရေးတာက နည်းနည်းတော့ ရွံစရာကောင်းတယ်။

ဒါက ပဟေဠိကစားနေတာလား။

အကြောင်းအရာက အံ့ဩဖို့ကောင်းနေတယ်ဆိုတာ စိတ်ကူးနဲ့ပဲ မှန်းရမှာလား။

ယဲ့ယွီသည် မူလက ဒီလိုကိစ္စမျိုးတွင် ဝင်ပါချင်စိတ်မရှိခဲ့ပေ။ ဝင်ပါခဲ့ရင်တောင် သူ့အလုပ်ပြီးမှသာ ဝင်ပါဖို့ စိတ်ကူးထားခဲ့သည်။

သို့သော် ကျိလင်ချင်းက အလွန်တရာ အတင်းအကြပ်သူ့ကိုတောင်းဆိုနေခဲ့သည်။ သူသည် ယဲ့ယွီ၏ ညာဘက်ခြေထောက်ကို အလွန်လျင်မြန်သော အရှိန်ဖြင့် ဖက်ထားခဲ့သည်။

" ကျနော့်ကို ချစ်ရေးဆိုလွှာ မရေးပေးရင် ခင်ဗျား ခြေထောက်ကို လွှတ်မှာမဟုတ်ဘူး "လို့ ပြောနေသလိုပင်။

ယဲ့ယွီသည် အမြန်ဆုံး လွတ်မြောက်နိုင်ရန်အတွက် အားသွန်ခွန်စိုက် ချစ်ရေးဆိုလွှာတစ်စောင် ရေးပေးခဲ့သည်။

ဘာလို့ ဒီလောက် မြန်မြန်ရေးနိုင်ရတာလဲလို့ မမေးပါနဲ့။

ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ လေ့ကျင့်မှု များလို့ ကျွမ်းကျင်သွားတာပါ။

ယဲ့ယွီ အချိန်ခရီးမသွားမီကပင် သူသည် အခြားသူများကို ဤကဲ့သို့ ရေးသားပေးခဲ့ဖူးသည်။

အစပိုင်းတွင် အကူအညီပေးခြင်းသာ ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် ယဲ့ယွီ၏ ချစ်ရေးဆိုလွှာကို အသုံးပြုသူများမှာ အခြေခံအားဖြင့် မိန်းကလေးများ၏အချစ်ကိုရရှိကာ အောင်မြင်ကြသည်။

သူ့ရဲ့ နာမည်ကျော်ကြားမှုကြောင့် လူအများအပြား သူ့ဆီကို ရောက်လာခဲ့ကြသည်။

ယဲ့ယွီက ၎င်းကို အခကြေးငွေဖြင့် ဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့သည်။

အဲဒီအချိန်က အနည်းငယ် အကျိုးအမြတ် ရခဲ့တယ်။

ဒါကြောင့် ကျိလင်ချင်းအတွက် ချစ်ရေးဆိုလွှာ ရေးပေးတာဟာ ရိုးရှင်းတဲ့ အလုပ်တစ်ခုသာဖြစ်သည်။

နာမည်ပင်ထည့်မရေးတော့ပဲ မည်သို့ချစ်ကြောင်းကြိုက်ကြောင်းစာလုံးလှလှလေးများဖြင့် အနုစိတ်ကာ ဖတ်မိသောမိန်းကလေးများ၏ နှလုံးသားကိုကြွေဆင်းသွားအောင် အသေးစိတ်ဖော်ပြချက်ဖြင့် ပြည့်စုံစွာ ရေးသားပေးခဲ့သည်။

ဒါကို လူကြိုက်များတဲ့ ပုံစံတစ်ခုလို့ ပြောလို့ရပြီး အသုံးပြုတဲ့သူတိုင်း သိကြလိမ့်မယ်။

ကျိလင်ချင်းက ဖတ်ပြီးနောက် ယဲ့ယွီ၏အရေးသားများဖြင့် ထုံမွှမ်းထားသော ရည်းစားစာမှ စာပေအနုပညာ အလှအပကြောင့် ထိုင်းမှိုင်းသွားသည်။

သူ့မှာ စာပေဗဟုသုတ သိပ်မရှိတာကြောင့် သူ့ရဲ့ချီးကျူးမှုကို 'အရမ်းအရမ်းကောင်းတယ်' ဆိုတဲ့ စကားလုံးနဲ့သာ ဖော်ပြနိုင်ခဲ့သည်။

ယဲ့ယွီက လက်ကို အေးဆေးစွာ ဝှေ့ယမ်းပြီး 'ကိစ္စမရှိပါဘူး၊ ယူပြီး သုံးလိုက်ပါ' လို့ ပြောခဲ့သည်။

သို့သော် ကျိလင်ချင်းက ချစ်ရေးဆိုလွှာကို ယဲ့ယွီအားချက်ချင်းတိုက်ရိုက် ပြန်ပေးခဲ့သည်။

ဒါကြောင့် ယဲ့ယွီ စိတ်ရှုပ်ထွေးသွားသည်။

ဒီအဆင့်က မလုံလောက်သေးဘူးလို့ ထင်တာလား။

ကောင်လေး၊ မင်းက ဝက်ရိုင်းတွေက ညက်ညောတဲ့ဖွဲနုကို မစားနိုင်ဘူး(ငါ့စာက အရမ်းကောင်းနေလို့ မင်းကောင်မလေးမခံစားနိုင်လောက်ဘူး)လို့ ထင်နေတာလား။

ကျိလင်ချင်းက " မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ချစ်ရေးဆိုလွှာဆိုတာ ကိုယ့်ရဲ့ရိုးသားမှုကို ပြသဖို့အတွက် ကျနော့လက်ရေးပါအောင် ကိုယ်တိုင်ရေးရမှာပါ " လို့ ပြောခဲ့သည်။

ယဲ့ယွီက လက်ကို အပြင်းအထန် မြှောက်ပြီး " ဒါ မလိုအပ်ပါဘူးဟ။ "

" မင်းရဲ့လက်ရေးကို ကို့ဟာကိုပြန် ကြည့်လိုက်ဉီး။ ဘယ်နတ်ဘုရားမပဲဖြစ်ဖြစ် ဖတ်ပြီးရင် နှစ်ချက်လောက် ပါးချလိုက်မှာပဲ။ မင်း ကိုယ့်ကိုယ်ကို အရှက်မရအောင် လုပ်တာက ပိုကောင်းတယ်။ အဆင်သင့်ရှိတာကို သုံးလိုက်တာက ပိုမကောင်းဘူးလား။"

လူတွေဟာ အချို့အချိန်တွေမှာ အချို့အရာတွေအပေါ် ထူးဆန်းတဲ့ စွဲလမ်းမှု ရှိတတ်ကြတယ်။

ဥပမာ၊ အခု ကျိလင်ချင်းလိုပေါ့။

ဘာပဲဖြစ်ဖြစ်၊ သူကရုတ်တရက်ကြီး ကို့ဟာကိုပဲစာရေးချင်စိတ်တွေ ထကြွလာလို့ ကိုယ်ပိုင်ချစ်ရေးဆိုလွှာကိုပဲ သူ့လက်ရေးအစုတ်ပြတ်ကြီးနဲ့ ရေးသားဖို့ တင်းခံတယ်။

သူက ချစ်ရေးဆိုလွှာပါ အကြောင်းအရာအားလုံးကို နဲနဲလေး အတုယူမှီး တိုက်ရိုက်ကူးချတော့မှမလို့ ယဲ့ယွီစာက အရေးသားတွေကိုအလွတ်ကျက်ပြီးနောက် ကို့စာကိုယ်ပြန်ယူသွားတော့လို့ ပြောလိုက်တယ်။

"ဒါဆို မင်းကိုယ်တိုင် ရေးလိုက်။ "

ယဲ့ယွီက အေးစက်စွာ ရှိုက်ပြီး ချစ်ရေးဆိုလွှာကို သူ့အင်္ကျီလက်ထဲ ထည့်ကာ လှည့်ထွက်သွားခဲ့သည်။

သူ ထွက်သွားပြီးနောက်။

ကျိလင်ချင်းသည် ယုံကြည်စိတ်ချစွာ ရေးသားစတင်ခဲ့သည်။

ဒါပေမယ့် ဒီအခြေအနေက အချိန်အကြာကြီး မခံခဲ့ဘူး။

ပြီးတော့ ထပ်ပြီး ရပ်တန့်သွားပြန်တယ်။

ခေါင်းကို အသည်းအသန် ကုတ်ခြစ်စတင်ခဲ့သည်။

"ကျွတ်၊ ခုနက ရှင်းရှင်းလင်းလင်း မှတ်မိနေတာ၊ ဘာလို့ ရုတ်တရက် အစိတ်အပိုင်းတစ်ခုကို မေ့သွားတာလဲ။ "

" အဲဒီစာကြောင်းက ဘာပြောခဲ့တာလဲ။ ဘာလို့ ပြန်မမှတ်မိတာလဲ။ "

"အင်း၊ နတ်ဘုရားသူငယ်ချင်း ယဲ့ယွီက တော်တော် တော်တယ်။ ဒီလိုရှည်လျားတဲ့ အရမ်းကို ဖွဲ့နွဲ့ထားတဲ့ ချစ်ရေးဆိုလွှာကို ဘယ်သူက မှတ်မိနိုင်မှာလဲ။

မဟုတ်ဘူး၊ နည်းနည်းလေးတော့ ချုံ့ပီးရေးလိုက်တော့မယ်ကွာ၊"

ကျိလင်ချင်းသည် ခေါင်းကို ထပ်ငုံ့လိုက်သော်လည်း သူ အားအများကြီး သုံးလိုက်တာကြောင့် စက္ကူကို ဆုတ်ဖြဲမိသည်။

နောက်ထပ် ထပ်ရေးဖို့ပဲ ရွေးချယ်စရာ မရှိတော့ဘူး။

ဒါပေမယ့် သူ့စိတ်ထဲက မှတ်ဉာဏ်တွေက ပိုပြီး ပျောက်ကွယ်လာခဲ့တယ်။

မူလ ယဲ့ယွီရဲ့ စာလုံးရေ ၈၀၀ပါတဲ့ ချစ်ရေးဆိုလွှာကို

ကျိလင်ချင်းက စကားလုံး ၈၀ ထက်မပိုအောင်သာ မှတ်မိနိုင်ခဲ့သည်။

ပြီးတော့ အဆက်ပြတ်နေပြီး လုံးဝ မကိုက်ညီဘူး။

ဒါက သူ့ကို အလွန်စိတ်မကောင်းဖြစ်စေခဲ့တယ်။

ဒီလိုဖြစ်မယ်ဆိုတာ အရင်ကတည်းက သိခဲ့ရင် ဟန်ဆောင်နေမှာ မဟုတ်ဘူး။

နောက်တစ်ဖက်မှာ။

ယဲ့ယွီဟာ သူ့ရဲ့ပုံပန်းသဏ္ဍာန်ကို တိတ်တိတ်လေး ဖုံးကွယ်ပြီး စု ဇင်းဂိုဏ်း ရဲ့ ဆင်ခြေဖုံးကို လှည့်လည်စတင်ခဲ့တယ်။

သူဟာ တွေးပြီးသား ဖြစ်နေခဲ့တယ်။

"မင်းတို့ စစ်ပွဲစတာကို ဒီမှာ အချိန်ဖြုန်းပြီး စောင့်နေတာက လူမိုက်ပဲ။

မင်းတို့ မတိုက်ခိုက်ရင် ငါ အရှိန်မြှင့်ပေးလိုက်မယ်။ "

မကြာခင်မှာပဲ ယဲ့ယွီရဲ့လှုပ်ရှားမှုအောက်မှာ

သူဟာ ထန်းတိနန်းဆောင် နတ်ဘုရားတွေရဲ့ စောင့်ကြည့်ရာနေရာနှစ်ခုကို ရှာတွေ့ခဲ့တယ်။

ကျိလင်ချင်း ပြောတာ မှန်ပုံရတယ်။

ဒီနေရာကို တပြိုင်နက်တည်း ပို့ထားတဲ့ နတ်ဘုရားတော်တော်များများ ရှိခဲ့တယ်။

ဒါဆိုရင် လုပ်ကြတာပေါ့။

ယဲ့ယွီသည် ချက်ချင်း မြင်တဲ့သူတိုင်း မသင်္ကာစရာကောင်းလှတဲ့ ဒီဇိုင်းရှိတဲ့ နတ်ဘုရားဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးကို ဖုံးကွယ်နိုင်သော နတ်ဘုရားခေါင်းစွပ် ဦးထုပ်တလုံးဆောင်းထားလိုက်သည်။(အဲ့ဒါမျိုးရှိလို့လား)

ပြီးတော့ သူ့ရဲ့ နတ်ဘုရားစွမ်းအင် လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အသက်ကို ထိန်းချုပ်တဲ့ နည်းစနစ်ကို အသုံးပြုခဲ့တယ်။

ပြီးနောက် စု ဇင်းဂိုဏ်း ဘက်သို့ ဦးတည်သွားခဲ့သည်။

စု ဇင်းဂိုဏ်း ရဲ့ နတ်ဘုရားဂိုဏ်းအပြင်ဘက်မှာ ထွက်ခွာတော့မယ့်ပုံပေါ်တဲ့ နတ်ဘုရားနှစ်ပါးကို တွေ့လိုက်ရတာကြောင့် သူတို့ကို နှုတ်ဆက်ဖို့ သွားခဲ့တယ်။

ဒီနှစ်ယောက်ကတော့ ကောင်းဖာကျိနဲ့ ဝမ်လျန်လို့ အမည်ရပြီး တစ်ယောက်က ဆန်းကျယ်နတ်ဘုရားအဆင့်ရဲ့ နောက်ဆုံးပိုင်းမှာရှိပြီး ကျန်တစ်ယောက်ကတော့ ဆန်းကျယ်နတ်ဘုရားအဆင့်ရဲ့ အလယ်ပိုင်းမှာရှိတယ်။

သူတို့အားလုံးဟာ စု ဇင်းဂိုဏ်း က နတ်ဘုရားတွေဖြစ်ပြီး မှော်ဆေးပင်တစ်မျိုးကို ရှာဖွေဖို့အတွက် နတ်ဘုရားဂိုဏ်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေကြတယ်။

ယဲ့ယွီရဲ့ သံသယဖြစ်ဖွယ် ပုံပန်းသဏ္ဍာန်ကို မြင်တဲ့အခါ ချက်ချင်း မေးလိုက်တယ် 'မင်းက ဘယ်သူလဲ။'

"ငါက မင်းတို့ရဲ့ဖေဖေလေးလေ ၊ ဖေဖေလို့ခေါ်ကြည့်စမ်းသားသားတို့ရေ။ "

ယဲ့ယွီက တည်ငြိမ်တဲ့အသံနဲ့ ချိုသာစွာ ပြောလိုက်တယ်။

ဒီစကားကို ကြားတဲ့အခါ၊

ကောင်းဖာကျိနဲ့ ဝမ်လျန်တို့ဟာ ကြောင်သွားကြသည်။

သူတို့ ကိုယ့်နတ်ဘုရားဂိုဏ်းတံခါးဝမှာပဲ အစော်ကားခံရမယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး။

ဒေါသကြီးတဲ့ ကောင်းဖာကျိဟာ သည်းမခံနိုင်တော့ဘူး။

"ဒီမှာ ငါ မင်းကို တသက်စာလုံး မေ့မရနိုင်အောင် ချိုတဲ့ လက်သီးတလုံးလောက်တော့ကျွေးလိုက်တော့မယ်။ "

ဒါပေမယ့် အကြံသမား ယဲ့ယွီက ပိုမြန်ပုံရတယ်။

ချက်ချင်းပဲ သူ့ရဲ့ ကျင့်ကြံမှုကို ဆန်းကျယ်နတ်ဘုရားအဆင့်ရဲ့ အစောပိုင်းအဆင့်ကို နှိမ့်ချလိုက်ပြီး သူ့ရဲ့ နတ်ဘုရားပညာဖြစ်တဲ့ ကောင်းကင်ကို သတ်ဖြတ်တဲ့ ဓားကို ထုတ်ဖော်ခဲ့တယ်။

ဒါက ယဲ့ယွီဟာ နတ်ဘုရားရဲ့ ရုပ်အလောင်းကို မြေမြှုပ်ရင်း ရရှိခဲ့တဲ့ နတ်ဘုရားနည်းပညာပဲ။

အဆင့်က မမြင့်တာကြောင့် စုဇင်းဂိုဏ်းသားတွေကို ထိခိုက်မှုက ကြီးကြီးမားမား မရှိဘူး။

သူကရန်စရုံလောက်ပဲ အဓိကရည်ရွယ်တာဆိုတော့ အားကိုတော်တော်လေးလျော့ပြီး တိုက်ခိုက်လိုက်တယ်

ချက်ချင်းပဲ ကြီးမားတဲ့ ဓားအရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာတယ်။

သူ စု ဇင်းဂိုဏ်း ရဲ့ နတ်ဘုရားကို ဓားနဲ့ ခုတ်လိုက်တယ်။

နှစ်ယောက်သား ပူးပေါင်းပြီး ခုခံကြတယ်။

စုဇင်းနတ်ဘုရားနှစ်ယောက်က အလွယ်တကူ ဟန့်တားနိုင်ခဲ့တယ်။

ယဲ့ယွီရဲ့ကိုယ်ပေါ်က နတ်ဘုရားစွမ်းအင် လှုပ်ရှားမှုတွေအရ ဒီလူဟာ ဆန်းကျယ်နတ်ဘုရားအဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိနေပုံရတယ်။

ကောင်းဖာကျိက ဒေါသတကြီးနဲ့ ဒီ "ဆန်းကျယ်နတ်ဘုရားအဆင့် အစောပိုင်းအဆင့်နတ်ဘုရားက ဘယ်ကလာတာလဲ။ မင်း သေတွင်းရှာနေတာလား။ "

" ဒီနေ့တော့ မင်းကို ငါတို့ သင်ခန်းစာလေးကောင်းကောင်းသင်ပေးလိုက်မယ်။

ဝမ်လျန်က မျက်မှောင်ကြုတ်လိုက်သည်။

ဒါပေမယ့် တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။

"မင်းက ဆန်းကျယ်နတ်ဘုရားအဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိတာတောင် ငါတို့ဂိုဏ်းရဲ့ တံခါးဝမှာ ရန်လာစရဲတယ်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ ကောင်းဖာကျိက ဒီကောင့်ကိုအပြတ်ချဖို့ဆုံးဖြတ်လိုက်တယ်။

ဝမ်လျန်ရဲ့ မျက်နှာအမူအရာက တည်ကြည်နေတယ်။

မေ့လိုက်တော့၊ ဒီလူ ဘာလုပ်ချင်ချင် သူ့ကို အရင် ထိန်းချုပ်ပီးဖမ်းဆီးရအောင်။

ယဲ့ယွီက သူတို့နဲ့ တိုက်ခိုက်ဟန်ဆောင်သည်။

သူ အရေးနိမ့်ဟန်ဆောင်ပြီး ထပ်ခါတလဲလဲ ဆုတ်ခွာသည်။

အရှိန်အဟုန်ပြင်းစွာ ပျံသန်းသွားသည်။

ပျံသန်းနေစဉ်မှာ သူက 'ဖေဖေ့မှာ ဘာအပြစ်ရှိလို့လဲ သားတို့ရယ်...။' လို့ ပြန်ပြောလိုက်သည်။

ကောင်းဖာကျိက ချက်ချင်းပဲ ဆွေ့ဆွေ့ခုန်ပီး ကျွဲရိုင်းကြီးတကောင်လို ဘာမှမမြင်တော့်အောင်စိတ်တိုသွားတယ်။

ဝမ်လျန်က သူ့ကို တားချင်ပေမယ့် ယဲ့ယွီက တကယ်ပြေးသလိုမပြေးသလို စိတ်ကိုဆွနေတယ်။ သိပ်မဝေးတဲ့နေရာကို ပျံသန်းသွားခဲ့ပြီး စု ဇင်းဂိုဏ်း အနီးမှာပဲ ရှိနေတာကို တွေ့လိုက်ရတယ်။ ကောင်းဖာကျိက သူ့ကို အကြိမ်များစွာ ဖမ်းမိတော့မလို ဖြစ်ခဲ့တယ်။

ဒါကြောင့် သူကြာလေစိတ်ပိုတိုလေဖြစ်လွန်းလို့ စကားသံတောင်မထွက်နိုင်တော့အောင်ဖြစ်နေခဲ့တယ်။

သူ့စိတ်ထဲမှာ သူတို့နတ်ဘုရားဂိုဏ်းနဲ့ နီးသရွေ့ သူတို့အနိုင်ပဲ အန္တရာယ်ရှိမှာမဟုတ်ဘူးလို့ တွေးလိုက်တယ်။

ပြီးနောက် သူတို့က တချိန်မှာတော့ အခြားတစ်ဖက်ကို ရောက်လာပြီး ယဲ့ယွီကို ချောင်ပိတ်ဖမ်းဖို့ ဝိုင်းရံခဲ့ကြတယ်။

ဒီအခြေအနေကို မြင်တော့။

ယဲ့ယွီဟာ အလွန်ဝမ်းသာသွားခဲ့တယ်။

ကောင်းဖာကျိရဲ့ နည်းစနစ်မှော်တိုက်ခိုက်မှုကို ရှောင်ရှားဟန်ဆောင်တယ်။

အနားမှာရှိတဲ့ တောက်ပတဲ့တိမ်တိုက်တစ်ခုပေါ်မှာ သဘာဝအတိုင်း ဆင်းသက်ခဲ့တယ်။

တိုက်ပွဲကနေ ဖြစ်လာတဲ့ လေစီးကြောင်းပြင်းထန်မှုကြောင့် တိမ်တိုက်တွေက ပြန့်ကျဲသွားပြီး ကာလကြာရှည်စွာ တိမ်ထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဘုရားတစ်ပါးကတိမ်တိုက်ထဲကနေ ရုတ်တရက်ပေါ်လာခဲ့တယ်။

အဲ့ဒီနတ်က လုံးဝ ကြောင်အသွားတဲ့ မျက်နှာအမူအရာနဲ့ စိတ်ရှုပ်ထွေးနေတယ်။

၄၁၀ ဆက်ရန်

All Chapters