← Chapters

ထန်တိနန်းတော် ခေါင်းဆောင်၏ ပုံမှန်မဟုတ်သော သဘောထား

Vol. 17 Ch. 412

ထန်တိနန်းတော် ခေါင်းဆောင်၏ ပုံမှန်မဟုတ်သော သဘောထား

Vol. 17 Ch. 412

ထိုအချိန်က ကျူချင်ပင်လျှင် သူမ မျက်စိမှားနေသည်ဟု ထင်ခဲ့သည်။

နတ်တစ်ပါးကို သတ်လိုက်တဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ထဲက အသက်ဓာတ်တွေ ပြတ်တောက်သွားပြီး အင်အားအကြီးဆုံး ခန္ဓာကိုယ်တောင် ပျက်စီးသွားလေ့ရှိတယ်။

ဘာအကြောင်းပြချက်မှမရှိဘဲ ယဲ့ယွီက နတ်တစ်ပါးရဲ့ ရုပ်အလောင်းကို ဘာလို့ ယူသွားရတာလဲ။ ဒါက လုံးဝကို အဓိပ္ပါယ်မရှိဘူး။

ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယဲ့ယွီက တိုက်ပွဲကို စခဲ့တာဆိုတော့ တစ်ခုခုတော့ အကြောင်းရင်းရှိရမယ်။ တကယ်ပဲ နတ်ရဲ့ ရုပ်အလောင်းကို ရဖို့အတွက်လား။

ဒါကြောင့် ကျူချင်က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး တိုက်ပွဲမှာ ပါဝင်တဲ့ နတ်တွေအားလုံးကို သတ်ပစ်လိုက်တယ်။

ရုပ်အလောင်းတွေကို တမင်တကာ ဒီနေရာမှာ ထားခဲ့တယ်။

ပြီးနောက် စုရှင်းဂိုဏ်း ကနေ လာတဲ့ အင်အားဖြည့်တင်းမှုအားလုံးကို ရုပ်သေးရုပ်တွေနဲ့ ရန်စကာ ဆန့်ကျင်ဘက်လမ်းကြောင်းကို လှည့်ပစ်ခဲ့တယ်။

ရန်သူက ပိုဝေးတဲ့နေရာကို ရောက်သွားတယ်ဆိုတဲ့ အထင်အမြင်ဖြစ်အောင် ကျောက်ရုပ်တွေကို နတ်တွေအဖြစ် ဖန်တီးခဲ့တယ်။

ဒီအကြောင်းရင်းတွေကြောင့် ယဲ့ယွီဟာ ဒီလို "ကောင်းမွန်တဲ့" အခွင့်အရေးကို ရခဲ့တာပါ။

သို့သော်လည်း ကျူချင်ရဲ့ ခန့်မှန်းချက်က မှန်တယ်ဆိုတာ အချက်အလက်တွေက သက်သေပြခဲ့တယ်။

ယဲ့ယွီဟာ ဒီနတ်တွေရဲ့ ရုပ်အလောင်းတွေအားလုံးကို တကယ်ပဲ စုဆောင်းခဲ့တယ်။

သူဟာ ဒီရုပ်အလောင်းတွေကို စုဆောင်းဖို့အတွက် တကယ်ကိုနောက်တခါပြန်လာခဲ့တာ။

သူ့မှာ ဘာအသုံးဝင်တာလဲဆိုတာ ကျွန်မ မသိသေးပေမယ့်။

ဒါပေမယ့် ဒါက သွယ်ဝိုက်ပြီး တစ်ခုကို အတည်ပြုတယ်။

ယဲ့ယွီဟာ ထန်တိနန်းတော် ကို ဝင်ဖို့ ကြိုးစားခဲ့တာက လျို့ဝှက်အကြံစည်ကြီးတခုရှိနေတယ်ဆိုတာပဲ၊။

ကျူချင်ဟာ သူမရဲ့မျက်လုံးတွေကို အနည်းငယ် ကျဉ်းလိုက်တယ်။

သူမ ဘာစဉ်းစားနေလဲဆိုတာ မသိဘူး။

ခဏအကြာမှာ သူမ လှည့်ထွက်သွားခါနီးမှာ ယဲ့ယွီ ခုနက ရပ်နေတဲ့နေရာမှာ စာတစ်စောင်ကို ရုတ်တရက် တွေ့လိုက်ရတယ်။

ကျူချင်က လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်တယ်။

နူးညံ့တဲ့ အင်အားတစ်ခု ထွက်ပေါ်လာပြီး စာကို သူမရဲ့လက်ထဲကို ဖြည်းဖြည်းချင်း ကျရောက်စေခဲ့တယ်။

ဖွင့်ပြီး ကြည့်လိုက်တဲ့အခါမှာတော့။

ကျူချင်ဟာ လှပတဲ့မျက်လုံးလေးက ဝိုင်းစက်သွားတယ် ၊ အဲ့ဒီနောက် ဆည်းလည်းလေးများလှုပ်ခတ်လိုက်သလိုပဲ တခစ်ခစ်နဲ့ ရယ်မိသွားတယ်၊ သူမတကယ်ကိုပဲ မရယ်ဘဲ မနေနိုင်ဘူးလေ။

ဒါက ချစ်ရေးဆိုလွှာ ဖြစ်နေတယ်။

စာလုံးတွေက ကောင်းမွန်ပြီး အရမ်းကဗျာဆန်တယ်။

ဒါက ဝန်ခံခြင်းလား။

ဒီချစ်ရေးဆိုလွှာကို တမင်တကာ ချန်ခဲ့တာ။

နတ်ဘုရားတွေရဲ့ခေတ်သစ်ရည်းစားစာပေးနည်းလား၊ ချစ်တယ်ဆိုရင် သူ့ဆီကိုသွားပြီးခေါင်းညိတ်ပြယုံပဲလေ။ မကြိုက်ဘူး သဘောမတူဘူးဆိုရင် မမြင်ခဲ့သလိုပဲ ဟန်ဆောင်လိုက်ပါ။

ဒါက ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ အလွန်ဘေးကင်းပြီး ဆန်းသစ်တဲ့နည်းလမ်းပဲ။

တည့်တည့် ဝန်ခံတာထက် အများကြီး ပိုကောင်းတယ်။

အနည်းဆုံးတော့ ငြင်းပယ်ခံရတာရဲ့ ရှက်ရွံ့မှုကို ရင်ဆိုင်စရာ မလိုဘူး။

စိတ်ဝင်စားဖို့ကောင်းတယ်။

ကျူချင်ဟာ ယဲ့ယွီက သူ့အင်္ကျီလက်ထဲက စာကို မတော်တဆ ပြုတ်ကျခဲ့တာလို့ ဘယ်တော့မှ မထင်ခဲ့ဘူး။

ဘာလို့လဲဆိုတော့ ပုံမှန်လူတွေရဲ့ အတွေးနဲ့ စဉ်းစားကြည့်ပါ။

သူတို့က နတ်တွေဖြစ်နေပြီ။

ဘယ်လိုလုပ်ပြီး ဒီလောက် သတိမရှိတာလဲ။

ကျွန်တော် ပိုင်ဆိုင်တဲ့အရာအားလုံးကို သိုလှောင်လက်စွပ်ထဲမှာ ထည့်ထားပြီး လိုအပ်တဲ့အရာမှန်သမျှကို ယူနိုင်တယ်။

ဘယ်လိုလုပ် ချို့ယွင်းချက်ရှိနိုင်မှာလဲ။

ပြီးတော့ မိုင်တစ်ရာအတွင်းမှာ ယဲ့ယွီနဲ့ ကျူချင်ဆိုတဲ့ အသက်ရှင်နေတဲ့ နတ်နှစ်ပါးပဲ ရှိတယ်။

ဒီစာက သူမကို ရည်ရွယ်တာ မဟုတ်ရင် ဘယ်သူ့ကို ရည်ရွယ်မှာလဲ။

ဒါပေမယ့် သူမက သူ့ကို တုံ့ပြန်သင့်လား။

ကျူချင်သည် အဲဒီနေရာမှာ ခဏရပ်ပြီး စဉ်းစားလိုက်ပြီးမှ ချစ်ရေးဆိုလွှာကို ဂရုတစိုက် သိမ်းဆည်းကာ သူမရဲ့လက်

မှာမြတ်နိုးစွာကိုင်ထားလိုက်တယ်။

ပြီးနောက် ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

နာရီအနည်းငယ်ကြာပြီးနောက်။

ယဲ့ယွီဟာ ကျိလင်ချင်းနဲ့ ပြန်ဆုံပြီး နှစ်ယောက်အတူ နတ်တံခါးကို ပြန်လာခဲ့တယ်။

ပြီးနောက် သူဟာ အဓိကခန်းမဆောင်ကို သွားပြီး ဒီနေ့ရဲ့အခြေအနေကို ခေါင်းဆောင်ကို အစီရင်ခံတင်ပြခဲ့တယ်။

စုရှင်းဂိုဏ်း ရဲ့ အနီးအနားကို စေလွှတ်ထားတဲ့ နတ်တွေအားလုံး သေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့အခါ။

ယဲ့ယွီနဲ့ ကျိလင်ချင်းသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်။

နန်းဆောင်မှာ ရှိတဲ့ နတ်တွေအားလုံး အလွန်တုန်လှုပ်သွားကြတယ်။

ကောင်းကင်ဘုံရဲ့ တောင်ဘက်ပိုင်းတစ်ခုလုံး တုန်လှုပ်ရတဲ့တိုက်ပွဲကြီးတခု စတင်လာတော့မှာလား။

ထန်တိနန်းတော် နဲ့ စုရှင်းဂိုဏ်း ကြားမှာ အနာဂတ်မှာ တိုက်ပွဲတစ်ခု ရှိလာလိမ့်မယ်ဆိုတာကတော့ ကလေးပေါက်စတောင်သိနိုင်တဲ့အရာတခုဖြစ်နေပြီ။

ဒီနေ့ဖြစ်တဲ့ အကြိုတိုက်ပွဲကတောင်မှ အတော်လေးကိုပဲ ပြင်းထန်တယ်လို့ ပြောလို့ရတယ်၊

ထန်တိဂိုဏ်းက နတ်အပါး ၂၀ ကျော်တောင်မှ တခါတည်းကျဆုံးသွားခဲ့တယ်။

ကျဆုံးသွားတဲ့ သူတို့ထဲမှာ ထန်တိနန်းတော် ခေါင်းဆောင် ရှန်ဘီရှန်းရဲ့ တိုက်ရိုက်တပည့် ကျီးချူပါဝင်တယ်။

ဒီလို နက်နဲတဲ့ သွေးကြွေးကို ဘယ်လိုလုပ်ပြီး လက်စားမချေဘဲ နေနိုင်မလဲ။

ဒါက ထန်တိနန်းတော် ကို ပြတ်ပြတ်သားသား တိုက်ပွဲစတင်ဖို့ တွန်းအားပေးတာလား။

အဓိကခန်းမဆောင်ထဲမှာ အဆင့်မြင့်နတ်တွေအားလုံး သူတို့ရဲ့အကြည့်တွေကို ရှန်ဘီရှန်းဆီကို လွှဲပြောင်းခဲ့ကြတယ်။

မမျှော်လင့်တာက ထန်တိနန်းတော် ရဲ့ခေါင်းဆောင်က နက်ရှိုင်းတဲ့ကန်ရေပြင်ပမာ အလွန်တည်ငြိမ်နေတာပဲ။

သူက အစစအရာရာကြိုတင်တွက်ဆထားတဲ့ပညာရှင်စတိုင်ဖမ်းနေပြီး ဒီရလဒ်ကြောင့် လုံးဝမအံ့ဩသလိုပဲ။

တကယ်တော့ ဘာတွေဖြစ်နေတာလဲ။

ထန်တိနန်းတော် က အကြီးအကဲတစ်ဦးက ဦးညွှတ်ပြီး လေးနက်သောအသံဖြင့် "ခေါင်းဆောင်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။" လို့ မေးလိုက်တယ်။

ရှန်ဘီရှန်းက ပြောင်းလဲမှုမရှိသောမျက်နှာဖြင့် တည်ငြိမ်စွာနဲ့ "မင်းတို့ သွားနှင့်ကြ။ ငါ မနက်ဖြန်ကျမှ ဆုံးဖြတ်ချက်ချမယ်။"

ဒီစကားကို ကြားပြီးနောက် နောက်ထပ်အကြီးအကဲတစ်ဦးကလည်း ပြောဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် ရှန်ဘီရှန်းက သူ့ရဲ့ညာဘက်လက်ကို မြှောက်ပြီး တားမြစ်လိုက်တယ်။

ရွေးချယ်စရာမရှိဘဲ အကြီးအကဲများစွာဟာ ခေါင်းတခါခါလည်တခါခါနဲ့ ထွက်ခွာသွားကြတယ်။

ယဲ့ယွီနဲ့ ကျိလင်ချင်းတို့က နောက်ကနေ ကြုံ့ကြုံ့လေး လိုက်ခဲ့ကြတယ်။

သို့သော် အလေးအနက်ပြောရရင်။

ယဲ့ယွီက သူ့ကို အများကြီးမေးမြန်းလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ထူးဆန်းစွာပဲ

ထန်တိနန်းတော် ရဲ့ ထိပ်တန်းခေါင်းဆောင်တွေရဲ့ အာရုံက သူတို့ဆီမှာ လုံးဝမရှိဘူး။

ထန်တိနန်းတော် ခေါင်းဆောင် ရှန်ဘီရှန်းရဲ့ သဘောထားကလည်း အလွန်စိတ်ရှုပ်ထွေးဖို့ကောင်းတယ်။

သူတို့ကခင်ဗျားရဲ့ဂိုဏ်းသားနတ် ၂၀ ကျော်ကို သတ်ခဲ့ပြီး ခင်ဗျားရဲ့ တိုက်ရိုက်တပည့်တစ်ဦးလည်း ပါဝင်တယ်။

ဘာလို့ ဒီကိစ္စကို အခုပဲ မဆုံးဖြတ်ဘဲ တိုက်ပွဲခေါ်ဆိုလိုက်တာလဲ။

"ခဏစောင့်ပါ" ဆိုတဲ့စကားက ဘာကိုဆိုလိုတာလဲ။

ဘာတွေဖြစ်နေတာလဲ။

ဒါကို ဘယ်လိုသည်းခံနိုင်မှာလဲ။ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်တခါတည်း မိုးမီးလောင်သွားမယ်။

ယဲ့ယွီက စဉ်းစားလေလေ တစ်ခုခု မှားနေတယ်လို့ ပိုခံစားရလေလေပဲ။

သူ သူ့ဘေးက ကျိလင်ချင်းကို တိုးတိုးလေးပြောလိုက်တယ် "ခေါင်းဆောင်က သူ့ရဲ့တိုက်ရိုက်တပည့်တွေအားလုံး ဆုံးရှုံးသွားတာတောင် ဘာလို့ ဒေါသကို လုံးဝမပြတာလဲ။"

ဒီလောက်တောင် တည်ငြိမ်နေတာလား။

ကျိလင်ချင်းက သူ့ရဲ့မျက်ခုံးမွှေးကို အနည်းငယ် မြှင့်လိုက်တယ် "မင်းတို့ငါတို့ အဆင့်နဲ့သူတို့လို နတ်ကြီးတွေရဲ့ အိုင်ကျူကိုလိုက်မမှီနိုင်ဘူးလေ။ ခေါင်းဆောင်က နတ်ဘုရားဘုရင်အဆင့်မှာရှိတဲ့ ကြီးကျယ်တဲ့ နတ်တစ်ပါးပဲ။ ကျွန်တော်တို့ သူ့ရဲ့အတွေးတွေကို ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။"

(စစ်မှန်သောနတ်၊ လျှို့ဝှက်ဆန်းကြယ်သောနတ်၊ မြေနတ်၊ ကောင်းကင်နတ်၊ ရွှေအဆင့်နတ်ဘုရား၊ နတ်ဘုရားဘုရင်၊ နတ်မင်းကြီး၊ နတ်ဧကရာဇ်)

ခင်ဗျားကလောလောဆယ် ကိုယ့်ကိစ္စကိုပဲ ပိုစိုးရိမ်သင့်တယ်။

ဒီစကားကို ကြားတော့ ယဲ့ယွီက အရမ်းစိတ်ရှုပ်ထွေးသွားတယ်။

စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ် "ကျွန်တော့်ကို ဘာဖြစ်နိုင်မှာလဲ။"

ကျိလင်ချင်းက မကောင်းဆိုးရွားဆန်တဲ့ အပြုံးတစ်ခုနဲ့ "ခင်ဗျားက အခုထိ ခေါင်းမာနေတုန်းပဲလား။ ချစ်ရေးဆိုလွှာကို ကောင်မလေးကိုပေးပြီးသွားပြီထင်တယ်။ ဘယ်တော့မှ ကျွန်တော့်ကို ကူးချဖို့ပြန်ပေးမှာလဲ။"

ယဲ့ယွီက အရာအားလုံးကို ချက်ချင်းနားလည်သွားခဲ့တယ်။

ကျိလင်ချင်းဟာ သူလုပ်ကြံပြောဆိုခဲ့တဲ့ အကြောင်းပြချက်(သူနတ်သမီးတပါးကိုသဘောကျလို့စာသွားပေးမယ်လို့ လိမ်ခဲ့တာ)ကို တကယ်ပဲ အလေးအနက်ထားခဲ့မယ်လို့ မမျှော်လင့်ခဲ့ဘူး။

ဒါပေမယ့် ဒီအကြောင်းပြချက်ကို သုံးပြီးသားဖြစ်တော့။

အခု စကားပြောင်းဖို့က မသင့်တော်ဘူး။

ယဲ့ယွီက သူ့လက်တွေကို ဝှေ့ယမ်းပြီး "တော်ပြီ။ ကျွန်တော့်ကို မနောက်ပါနဲ့တော့။ ဒီလိုအရာတွေအကြောင်း လျှောက်ပြောမနေနဲ့။"

"သွားတော့မယ်။"

သိုလှောင်လက်စွပ်ထဲမှာ နတ်ရုပ်အလောင်း ဒါဇင်ပေါင်းများစွာ ရှိနေသေးတယ်။ ဒါတွေက ပိုပြီးအားကောင်းလာဖို့အတွက် အရင်းအမြစ်တွေပဲ။

ယဲ့ယွီက သူတို့အားလုံးကို မြေမြှုပ်ဖို့ မစောင့်နိုင်တော့ဘူး။

ဒါကြောင့် ဒီအချိန်မှာတော့ ကျိလင်ချင်းနဲ့ စကားပြောပြီး အချိန်ဖြုန်းဖို့ စိတ်ဝင်စားမှုမရှိတော့ဘူး။

ဒါပေမယ့် မမျှော်လင့်ဘဲ သူ မလှည့်ရသေးခင်မှာပဲ။

ကျူချင်က မမျှော်လင့်ဘဲ ထပ်ပေါ်လာခဲ့တယ်။

ယဲ့ယွီ လုံးဝ ထိုင်းမှိုင်းသွားခဲ့တယ်။

ဘာလို့ သူမက ဘယ်ကမှန်းမသိဘဲ ထပ်ရောက်လာတာလဲ။

ဒါကို မြင်တော့ ကျိလင်ချင်းက ချက်ချင်း ဦးညွှတ်ပြီး "အကြီးအကဲ ကျူ၊ နှုတ်ဆက်ပါတယ်" လို့ ပြောလိုက်တယ်။

ကျူချင်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်ပြီးနောက် သူမရဲ့အကြည့်ကို ယဲ့ယွီဆီကို ရွှန်းရွှန်းစားစားကြီးကြည့်လိုက်တယ်။

ပျားရည်ဆမ်းထားတဲ့ သကြားခဲကြီးလိုချိုအီလွန်းတဲ့အသံ တိုးတိုးလေးနဲ့ "ကျွန်မ လာတာကို မြင်တော့ ပျော်လား။"

ယဲ့ယွီရဲ့ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။

ဟေး၊ ဘာလို့ ဒီစာကြောင်းက ထူးဆန်းနေတာလဲ။

ငါတို့ ဒီလောက်တောင် ရင်းနှီးကြတာလား။

“ ထင်ထားတဲ့အတိုင်းပဲကိုး” ကျိလင်ချင်းရဲ့ မျက်လုံးတွေက ချက်ချင်းပဲသဘောပေါက်သွားပြီး ငါသိပါတယ်ကွာဆိုတဲ့ ပုံစံမျိုးလုပ်ပြနေခဲ့တယ်။

မျက်နှာအမူအရာကလည်း ပိုပြီးပျော်ရွှင်စရာဖြစ်လာခဲ့တယ်။

သို့သော် သူက ချက်ချင်းပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး တိုးတိုးလေးနဲ့ "ငါ ရုတ်တရက် သတိရလိုက်တာက ငါ့ရဲ့ နတ်အိမ်မွေးတိရစ္ဆာန် မီးဖွားတော့မယ်ဆိုတာပဲ။ ဒါကြောင့် ပြန်ရမယ်။ ဖြည်းဖြည်းချင်း စကားပြောကြပါ။ သွားတော့မယ်။"

၄၁၃ ဆက်ရန်

All Chapters