အခန်း (၄၁၄)
Vol. 17 Ch. 414
အရှင်ရှန်ဘီ၏စကားကြောင့် ကျူချင်သည် ကျိလင်ချင်းဘက်သို့ လှမ်းကြည့်မိသည်။
ဒီကောင်လေးက ကျိမိသားစုကလား။
ဘာလို့ ငါ အရင်က တစ်ခါမှ မကြားဖူးတာလဲ။
ကောင်းကင်ဘုံရဲ့ တောင်ပိုင်းမှာ ကျိမိသားစုက နာမည်ကြီးကျော်ကြားတဲ့ သေချာပေါက် ကြီးကျယ်ခမ်းနားတဲ့ မိသားစုတစ်ခုလို့ ပြောနိုင်တယ်။
နှစ်ပေါင်း တစ်သန်းနီးပါး ဆင်းသက်လာခဲ့တဲ့ ရှေးဟောင်းဆွေကြီးမျိုးကြီး နတ်မိသားစုတစ်စုပဲ။
အံ့ဩစရာကောင်းလောက်တဲ့ အရည်အချင်းရှိတဲ့သူတွေက အဆက်မပြတ် ပေါ်ထွက်လာတယ်။
သူတို့ရဲ့ခွန်အားက အဲဒီအချိန်က အဆင့်မြင့်နတ်ဂိုဏ်းတွေနဲ့ ယှဉ်ရင်လည်း မနိမ့်ကျဘူး။
ကျိမိသားစုက လူတစ်ယောက် ဘယ်လိုလုပ် ထန်တိနန်းတော် ကို ရောက်လာနိုင်မှာလဲ။
ကျူချင်သည် ဒါက ကျိလင်ချင်း ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းဆိုတာ မသိခဲ့ဘူး။
ကျိမိသားစုမှာ ပါရမီရှင်မျိုးဆက်သစ်လေးတွေနဲ့ အင်အားကြီးတဲ့ လူတွေကိုပဲ ပြုစုပျိုးထောင်ရာမှာ အာရုံစိုက်တယ်။
ကျိလင်ချင်းလို သာမန်နတ်တစ်ယောက်ကို သိပ်အာရုံစိုက်မှာ မဟုတ်ဘူး။
နည်းနည်းလေး မှော်ပညာကို လေ့ကျင့်ပြီး ကျိမိသားစုရဲ့ ဂုဏ်သတင်းကို အားကိုးပြီး ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းတယ်။
ဒါက လုံးဝကို လွယ်ကူပါတယ်။
ဖြစ်နိုင်ရင် ကျိလင်ချင်းလည်း ဒီလိုပဲ လုပ်ချင်တယ်။
ဒါပေမယ့် သူ လုပ်လို့မရဘူး။
ဘာလို့လဲဆိုတော့ သူက ကျိမိသားစုရဲ့ ခေါင်းဆောင်ရဲ့ တိုက်ရိုက်ဆင်းသက်လာသူ ဖြစ်နေလို့ပဲ။
သူ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့ နေရာချထားခြင်း ခံခဲ့ရတယ်။
ဒါပေမယ့် မျှော်လင့်ချက် ကြီးလေလေ စိတ်ပျက်အားငယ်မှု ကြီးလေလေပဲ။
ကျိလင်ချင်းရဲ့ အရည်အချင်းက ထူးချွန်တာမဟုတ်ဘူး။ သာမန်ထဲကသာမန်နတ်လေးတပါးလို့သာ ဖော်ပြနိုင်တယ်။
ဒါကြောင့် သူက သူ့မိသားစုရဲ့ ဖိအားတွေကို ကြာမြင့်စွာကတည်းက ရွံမုန်းနေခဲ့တယ်။
အထူးသဖြင့် စိတ်ပျက်အားငယ်တဲ့ အကြည့်တွေက သူ့ကို ကြီးမားတဲ့ ဖိအားတွေ ပေးခဲ့တယ်။
သူ့ရဲ့အရည်အချင်းက ကန့်သတ်ထားပြီး တကယ်ကို တိုးတက်လို့မရဘူး။ ကျိလင်ချင်း နောက်ထပ် ဘာလုပ်နိုင်ဦးမှာလဲ။
လူတစ်ကိုယ်လုံးက အလွန်စိတ်ဓာတ်ကျနေခဲ့တယ်။
ဒီအရာအားလုံးကို ရှောင်ဖို့။
သူဟာ သူ့ရဲ့အထောက်အထားကို ဖုံးကွယ်ပြီး ထန်တိနန်းတော် ကို ဝင်ရောက်ခဲ့တယ်။
ပျော်ရွှင်စွာနဲ့ အေးအေးဆေးဆေးနေထိုင်ကာကျင့်ကြံသွားဖို့ ပြင်ဆင်နေတယ်။
ဒီကိစ္စကို ငြိမ်းချမ်းစွာ အခြေချနိုင်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။
ဒါပေမယ့် ကျိလင်ချင်း မမျှော်လင့်တာက ထန်တိနန်းတော် ခေါင်းဆောင် ရှန်ဘီရှန်းက သူ့ရဲ့အထောက်အထားကို တကယ်ပဲ သိနေတာပဲ။
ပြီးတော့ ခုနက ပြောလိုက်တဲ့စကားအရ။
ကျွန်တော့်မိသားစုရဲ့ ဘိုးဘွားတွေကလဲ ကျွန်တော့်ဒီဂိုဏ်းမှာရောက်နေတာကို သိနေတယ်။
ကျွန်တော် ဘာလုပ်သင့်လဲ။
နေရာပြောင်းပြီး ဆက်ပြေးရမလား။
ကျိလင်ချင်းရဲ့ မျက်နှာအမူအရာက အလွန်တည်ကြည်သွားခဲ့တယ်။
ဒါပေမယ့် ရှန်ဘီရှန်းက သူ့ကို စဉ်းစားဖို့ အချိန်အများကြီး မပေးခဲ့ဘူး။
ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံနဲ့။
ကျိလင်ချင်းဟာ ညင်သာတဲ့ အင်အားတစ်ခုနဲ့ ချက်ချင်း ခေါ်ဆောင်ခံလိုက်ရတယ်။
အစအနမကျန် ပျောက်ကွယ်သွားခဲ့တယ်။
ရှန်ဘီရှန်းက ကျူချင်ရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာကို ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်တယ်။
"ဒီနေ့ သခင်မ ဂိုဏ်းအပြင်ကို နာရီအနည်းငယ်ကြာအောင် ထွက်ခွာသွားခဲ့တယ်။
စုရှင်းဂိုဏ်း ရဲ့ နယ်နိမိတ်အနီးကို သွားခဲ့တာလား။
နတ်ဂိုဏ်းနှစ်ခုကြားမှာ တိုက်ပွဲကို စတင်ခဲ့တာ သခင်မပဲမဟုတ်လား။ "
ရှန်ဘီရှန်းရဲ့ မေးခွန်းတွေကို ရင်ဆိုင်ရင်း။
ကျူချင်က ဘာတွန့်ဆုတ်မှုမှမရှိဘဲ ဝန်ခံလိုက်တယ်။
ဒါက ယဲ့ယွီအတွက် အပြစ်ကို သူမကအစားယူလိုက်တယ်လို့ ပြောနိုင်တယ်။
ဘာလို့လဲဆိုတော့ ကျူချင်က သူမ မဝန်ခံရင်တောင် ရှန်ဘီရှန်းက သူမကို သံသယဝင်နေဦးမှာကို ကောင်းကောင်းသိနေလို့ပဲ။
ဒီလိုလုပ်နေမယ့်အစား ဘာလို့ မလုပ်ရမှာလဲ။
ခဏတာ တိတ်ဆိတ်ပြီးနောက် ရှန်ဘီရှန်းက ဖြည်းဖြည်းချင်း "သခင်မလေး ကျွန်တော်တို့ကို တိုက်စေချင်တာဆိုတော့ ကျွန်တော်သခင်မလေးကို ပြုံးနိုင်အောင် နတ်ဂိုဏ်းရဲ့ အင်အားအားလုံးကို စုစည်းပီး ရန်သူတွေကို အပြတ်တိုက်ခိုက်ပေးမယ်။"
သခင်မလေး သိတယ်မလား၊ ကျွန်တော်က သခင်မလေးကို သဘောကျတယ်...
ရှန်ဘီရှန်း သူ့စကားမဆုံးခင်မှာပဲ။
ကျူချင်က "ဒါပေမယ့် ကျွန်မက ရှင်ကို မကြိုက်ဘူး" လို့ ဖြတ်ပြောလိုက်တယ်။
ရှန်ဘီရှန်းက ယဲ့ယွီ ထွက်ခွာသွားတဲ့ လမ်းကြောင်းကို ဝေခွဲရခက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တိုးတိုးလေး "အဲဒီ ယဲ့ဆိုတဲ့ အသစ်ရောက်လာတဲ့သူကြောင့်လား။"
ကျူချင်က ရုတ်တရက် လျင်မြန်စွာ ရွေ့လျားပြီး ရှန်ဘီရှန်းရဲ့ ရှေ့ကို ရောက်လာခဲ့တယ်။
သူမရဲ့မျက်နှာအမူအရာက အလွန်တည်ကြည်နေတယ်။
သူမက သတိပေးတဲ့အသံနဲ့ "ရှင် သူ့ကို မထိနဲ့။ မဟုတ်ရင် အကျိုးဆက်တွေကို ရှင် ခံရလိမ့်မယ်။"
ရှန်ဘီရှန်း ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့အကြည့် ပေါ်လာတယ်။
ဒါပေမယ့် ခဏလေးပဲ ရှိခဲ့တယ်။
အရာအားလုံးဟာ သက်ပြင်းချသံတစ်ခုအဖြစ် ပြောင်းလဲပြီး လေနဲ့အတူ လွင့်ပါသွားခဲ့တယ်။
တစ်ချိန်တည်းမှာပင်။
နောက်တစ်ဖက်မှာ။
ယဲ့ယွီလည်း အရေးကြီးတဲ့အလုပ်ကို စတင်ခဲ့တယ်။
တိတ်ဆိတ်တဲ့ လူသူရှင်းတဲ့ မျက်ကွယ်ရာ ထောင့်တစ်နေရာကို ရှာပြီး ဖွဲ့စည်းမှုတစ်ခုကို တည်ဆောက်ခဲ့တယ်။
နတ်တွေရဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြေမြှုပ်ခဲ့တယ်။
အစပိုင်းမှာ ယဲ့ယွီက အတော်လေးကို စိုးရိမ်နေခဲ့တယ်။
ဒီရုပ်အလောင်းတွေထဲမှာ သွေးမရှိတာက မြေမြှုပ်တာကို ထိခိုက်မလားလို့ စိုးရိမ်နေတာ။
နောက်ပိုင်းမှာ အချက်အလက်တွေက သက်သေပြခဲ့တယ်။
ဒီကိစ္စက ဘယ်ရလဒ်ကိုမှ မထိခိုက်ခဲ့ဘူး။
ရုပ်အလောင်းတစ်ခုကို မြေမြှုပ်လိုက်တိုင်း သက်ဆိုင်ရာ နတ်စွမ်းအင်ကို ရရှိလာခဲ့တယ်။
အလောင်းပေါင်း ၅၀ ကျော်ကို အမွှေးတိုင်တစ်တိုင် မလောင်ခင် အချိန်အတွင်းမှာ။
ယဲ့ယွီက မြေမြှုပ်တာ အားလုံး ပြီးဆုံးခဲ့တယ်။
ပြီးတော့ ဒီအကြောင်းကြောင့်ပဲ သူဟာ ကောင်းကင်နတ်အဆင့်ရဲ့ အစောပိုင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့တယ်။
သေချာပါတယ်၊ အရေအတွက်က တကယ်ကောင်းတဲ့အရာတစ်ခုပဲ။
ဒါပေမယ့် ချို့ယွင်းချက်တစ်ခုကို ထောက်ပြရမယ်ဆိုရင်
ဒါက ဒီရုပ်အလောင်းတွေရဲ့ အရည်အသွေးက သိပ်မမြင့်တာပဲ။
ကောင်းကင်နတ် နှစ်ပါးနဲ့ မြေနတ် သုံးပါးသာ ရှိပြီး ကျန်တာတွေကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့နတ်တွေပဲ။
ကျဆုံးသွားတဲ့သူတွေအားလုံး ကောင်းကင်နတ်အဆင့် ဒါမှမဟုတ် ရွှေအဆင့်နတ်ဘုရားအဆင့်က နတ်တွေသာဆိုရင် ဘယ်လောက် အံ့ဩစရာကောင်းလိုက်မလဲ။
ယဲ့ယွီက နေရာမှာတင် အောင်မြင်မှုရရှိနိုင်မှာပဲ။
ဒါပေမယ့် အစာကြေဖို့အတွက်ဆိုရင် ထမင်းကို တစ်လုပ်ချင်း စားရဦးမှာပဲ။ (လောလို့မရဘူး)
ဒီအရှိန်ကတောင် အရမ်းမြန်နေပြီ။
ဒါ့အပြင် ကောင်းကင်နတ်အဆင့်ရဲ့ အစောပိုင်းအဆင့်ကို ရရှိခဲ့တာအပြင် ယဲ့ယွီဟာ နတ်ပညာနည်းစနစ်အများအပြားကိုလည်း ပိုင်ဆိုင်ခဲ့တယ်။
သူတို့ထဲမှာ နှင်းကျခြင်းနည်းစနစ်က သေချာပေါက် ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆင့်ပဲ။
ဒါက စုရှင်းဂိုဏ်း ရဲ့ အဆင့်မြင့်နတ်ပညာဖြစ်ပြီး မြေပြင်အဆင့်ရဲ့ အထွတ်အထိပ်ပဲ။
ဒါကို ပြည့်စုံတဲ့အဆင့်အထိ လေ့ကျင့်ပြီးနောက် အတွေးတစ်ခုက ကျယ်ပြန့်တဲ့ နေရာကြီးတစ်ခုလုံးကို အာတိတ်စက်ဝိုင်းလိုမျိုးရေခဲပြင်ကြီးအဖြစ် အေးခဲစေနိုင်တယ်။
ဒါက အလွန်ခမ်းနားပီးပျော်စရာကောင်းလှတယ်။
ကံကောင်းစွာပဲ ယဲ့ယွီဟာ နှင်းကျခြင်းကို ရရှိတဲ့အချိန်မှာပဲ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနေပြီ။
ဒါက ကြီးမားတဲ့အောင်မြင်မှုအဆင့်ထက် အများကြီး ပိုမြင့်တယ်။
ဒါက ယဲ့ယွီကို ဒီအိပ်မက်အရည်အချင်းရဲ့ စွမ်းအားကိုပြည့်ဝစွာကျင့်သုံးနိင်စေခဲ့တယ်။
ဒီခံစားချက်က တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်။
ဒါတင်မကဘူး၊ အဆင့် ကွာခြားမှု ကြီးလေလေ နတ်ပညာရရှိနိုင်ဖို့ အလားအလာ ပိုများလေလေပဲ။
ဒါက ယဲ့ယွီကို စဉ်းစားစေခဲ့တယ်။
ထန်တိနန်းတော် ရဲ့ခေါင်းဆောင် ရှန်ဘီရှန်းကို မြေမြှုပ်ဖို့ အခွင့်အရေးရှိခဲ့ရင် ဘယ်လိုမှော်ပညာမျိုး ပေးမလဲ။
ဒီလူက အတော်လေးတန်ခိုးကြီးမားတဲ့ နတ်ဘုရားဘုရင်အဆင့်မှာ ရှိတယ်။
နတ်ပညာအလန်းစားကြီးရနိုင်ဖို့ အလားအလာက အရမ်းမြင့်တယ်။
ရှန်ဘီကို စဉ်းစားရင်း ယဲ့ယွီရဲ့ စိတ်ထဲမှာ မသိစိတ်က ကျူချင်ရဲ့ ပုံရိပ် ပေါ်လာခဲ့တယ်။
သူ အစကတည်းက ကောင်းကင်ဘုံရဲ့ တောင်ပိုင်းကို လာခဲ့တဲ့အကြောင်းရင်းက။
ကျူချင်၊ ရှန်ဘီရှန်းနဲ့ ယန်ချန်ဆောင်းတို့အကြောင်း စာအုပ်ကြောင့်ပဲ။
အခုတော့ အဲဒီစာအုပ်ရဲ့ အများစုက အဓိပ္ပာယ်မရှိဘူးထင်တယ်။
ဒါပေမယ့် ရှန်ဘီရှန်းက ကျူချင်ကို သဘောကျတယ်ဆိုတာကတော့ အမှန်တရားပဲ။
ဒီလိုဆိုရင်။
အဲဒီအမျိုးသမီး ကျူချင်က ဘာလို့ သူ့ကို ဒီလောက်မကြာခဏ လာတွေ့တာလဲ။
ပြီးတော့ သူက ကျိလင်ချင်းရှေ့မှာ ဒီလို မရှင်းမလင်းစကားလုံးတွေကို တမင်တကာ ပြောခဲ့တယ်။
သူမ ဘာလုပ်ချင်တာလဲ။
သူက ရှန်ဘီရှန်းနဲ့သူ့ကြားမှာ အချစ်တိုက်ပွဲထပ်ဆင်နွဲစေချင်နေတာလား။ လေးပွင့်ဆိုင် အချစ်ဇာတ်ကြမ်းကြီးလား?
ယဲ့ယွီက အသက်ရှူမဝ ဖြစ်သွားခဲ့တယ်။
အချစ်နဲ့ပတ်သတ်တဲ့ အမုန်းတရားက အရမ်းပြင်းထန်တယ်။
သူတို့ချစ်ရတဲ့သူတွေအတွက် သူတို့ ဘာမဆိုလုပ်နိုင်တယ်။
နတ်ဘုရားဘုရင်ဖြစ်တဲ့ ရှန်ဘီရှန်းကက ကောင်းကင်နတ်လေးယဲ့ယွီကို သတ်တာကို မပြောနဲ့။
ဒါက ပေါ့ပေါ့ပါးပါးပဲ။
လွန်လွန်းတယ်၊ အရမ်းလွန်တယ်။
မင်းတို့က တကယ်ပဲ ဒီလောက် ထိ အချစ်ဒရာမာဇာတ်လမ်းတွေ ရိုက်ကူးချင်နေကြတာလား။
ဒီအချိန်မှာ ယဲ့ယွီတောင် ထွက်သွားချင်စိတ် ပေါ်လာခဲ့တယ်။
ဒါပေမယ့် ထန်တိနန်းတော် နဲ့ စုရှင်းဂိုဏ်း ကြားမှာ တိုက်ပွဲက နီးလာပြီ။ သူက ဒီလိုကြွယ်ဝချမ်းသာမှုကို ရယူဖို့ ဒီအခွင့်အရေးကို လုံးဝ မဆုံးရှုံးစေချင်ဘူး။
ဒါပဲ။ ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝမှုက အန္တရာယ်ထဲမှာ ရှိတယ်။
လောင်းလိုက်ကြစို့။ အဆိုးဆုံးကတော့ ရှန်ဘီက ငါ့ကို လာရှာရင်တောင် ငါက ကျူချင်းနဲ့ မပတ်သတ်တာကို သေချာလေးရှင်းပြလိုက်ရုံပဲ။
သို့သော်လည်း ဒါက သတိပေးချက်တစ်ခုလည်း ဖြစ်တယ်။
ဒီကစပြီး ငါ အဲဒီအမျိုးသမီး ကျူချင်နဲ့ ဝေးဝေးနေရမယ်။
သည်းခံတာက ခနလောက်တော့ ငါ့မဖြစ်မနေကျင့်သုံးရမဲ့အရာပဲ
အလိုက်ထိုက်နေနိုင်တဲ့သူကသာ အသက်ရှင်ကျန်ရစ်မှာပဲ။
အနာဂတ်မှာ င် နတ်ဘုရားဘုရင်တစ်ပါးဖြစ်လာတဲ့အခါ သူမကို သင်ခန်းစာပေးမယ်။
သူမကို မင်းအနေနဲ့ နှလုံးသားရေးရာမှာ လူသေချာကြည့်သင့်ပြီး အချစ်မစမ်းသင့်တဲ့ ချစ်ခန်းဆောင်ကမင်းသားလေးဖြစ်တဲ့ငါ့ကို ရန်စမိရင် ဘာဖြစ်တတ်လဲဆိုတာကို နားလည်စေရမယ်။
၄၁၅ ဆက်ရန်