ဒါက ကောလာဟလ မဟုတ်ဘူး
Vol. 17 Ch. 415
စုရှင်းဂိုဏ်း ရဲ့ အတွင်းမှာတော့ ယန်ချန်ဆောင်းဟာ အောက်လူတွေတင်ပြနေတဲ့ အစီရင်ခံစာကို နားထောင်ပြီးနောက်
သူ ရုတ်တရက် ဒေါသထွက်ပြီး သူ့ရဲ့အချစ်ဆုံး ဝမ်းနီယန်မင်ခဲတုံးကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲလိုက်တယ်။
သူတို့ရဲ့ ဂိုဏ်းကနေကနေ နတ်ဘုရားအပါး ၃၀ ကျော်ကို ရန်သူတွေကို တိုက်ခိုက်ဖို့ စေလွှတ်ခဲ့တယ်။
တိုက်ပွဲစစချင်းမှာ သူတို့ဟာ ထန်တိနန်းတော် က လူတွေကို အနိုင်ယူကာတိုက်ခိုက်နေကြတာ။
ခုကျတော့ သူတို့ဘက်တော်သားနတ်ဘုရားတွေ ရုပ်အလောင်းပါြပန်မရတော့တဲ့ အထိ အပြတ်ရှင်းခံလိုက်ရတာလား?
ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ၊ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ။
ယန်ချန်ဆောင်းက အော်ဟစ်လိုက်တယ် "မင်းတို့အားလုံး ဘာအတွက် နေနေကြတာလဲ။"
ဒီကိစ္စသာ ပေါက်ကြားသွားခဲ့ရင် ငါတို့ရဲ့ စုရှင်းဂိုဏ်း ကို သေချာပေါက် လှောင်ရယ်ကြလိမ့်မယ်။
အကြီးအကဲ ရန်ကျားလူးက ရှက်ရွံ့စွာနဲ့ တိုးတိုးလေး "ဆရာ၊ အဲဒီအချိန်က ငါတို့ရဲ့ ကောင်းကင်နတ်အဆင့်အထက်မှာရှိတဲ့ နတ်တွေအားလုံးဟာ ကောင်းကင်ဘုံအကျဉ်းသားတောင်နဲ့ ကောင်းကင်မြင်ကြောင်းကို အထူးအစီရင်တခုသုံးပြီး ပြုပြင်နေကြတယ်။
ဒါကြောင့် တိုက်ပွဲအတွက် စုစည်းနိုင်တဲ့ အင်အားကောင်းတဲ့ နတ်တွေ အများကြီးမရှိဘူး။
ဒါကြောင့် ထန်တိနန်းတော် က အခွင့်အရေးကို အသုံးချသွားခဲ့တယ်။
ဒီစကားကို ကြားတော့ ယန်ချန်ဆောင်းရဲ့ မျက်နှာအမူအရာက အနည်းငယ် နူးညံ့သွားခဲ့တယ်။
သူလည်း ကောင်းကင်ဘုံအကျဉ်းသား တောင်နှင့်မြစ်မြေပုံက ဂိုဏ်းရဲ့ ထိပ်တန်းဦးစားပေးဖြစ်တယ်ဆိုတာ ကောင်းကောင်းသိနေခဲ့တယ်။
ဒါကြောင့် ကြိုတင်ပြင်ဆင်မှု မရှိတာက ရှောင်လွှဲလို့မရဘူး။
ဒါပေမယ့် ဂိုဏ်းထဲက နတ်တွေ ဘယ်ကို ရောက်သွားတာလဲ။
သူတို့အားလုံးကို သတ်ပစ်ခဲ့ရင်တောင် ရုပ်အလောင်းတွေ ကျန်ရစ်သင့်တယ်။
ထန်တိနန်းတော် က နတ်တွေက သူတို့ရဲ့ ရုပ်အလောင်းတွေကို ယူသွားတာလား။
ဒါပေမယ့် ဒီအတွက် ရည်ရွယ်ချက်က ဘာလဲ။
ယန်ချန်ဆောင်းရဲ့ မရေမရာဖြစ်နေတဲ့ မျက်နှာအမူအရာကို မြင်တော့ အကြီးအကဲ ရန်ကျားလူးက တိုးတိုးလေး "ဂိုဏ်းခေါင်းဆောင်က သိပ်ဒေါသမထွက်ဖို့ မလိုပါဘူး။"
လက်ရှိမှာ ကောင်းကင်ဘုံအကျဉ်းသား တောင်နှင့်မြစ်မြေပုံဟာ ပြုပြင်ပြီးစီးတော့မယ်။
ဒီတာဝန်ပြီးမြောက်တဲ့အခါ ထန်တိနန်းတော် ဖျက်ဆီးခံရမယ့်နေ့ပဲ။
ဒါပေမယ့် ငါ နောက်တစ်ခု ထပ်ပြောချင်တာ ရှိတယ်။
ဆရာ၊ အပြင်မှာ ဆရာက နတ်သမီး ကျူချင်ကို ချစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတယ်။
ပြီးတော့ ထန်တိနန်းတော် နဲ့ ပြင်းထန်တဲ့ ရန်ကြွေးတွေ ရှိခဲ့တယ်။
ဒီကောလာဟလကို ပျံ့နှံ့သွားခဲ့ရင် ကျနော်တို့ ဂိုဏ်းသား နတ်တွေရဲ့ စိတ်ဓာတ်ကျဆင်းသွားတာကို ရှောင်လွှဲလို့မရနိုင်ဘူး။
ဒါကြောင့် ဆရာ ထွက်လာပြီး ရှင်းပြပါလို့ တိုက်တွန်းရဲပါတယ်။
ဒီစကားကို ပြောပြီးနောက် ရန်ကျားလူးက နေရာမှာပဲ ဒူးထောက်လိုက်တယ်။
ကောင်းကင်ဘုံမှာ မဖောက်နိုင်တဲ့နံရံ မရှိဘူး။
ဒါ့အပြင် "တောင်ပိုင်းကောင်းကင်ဘုံရဲ့ လက်စားချေမှု"ဆိုတဲ့ ယန်ချန်ဆောင်း ၊ ရှန်ဘီနဲ့ကျူချင်တို့ရဲ့ အချစ်တိုက်ပွဲ စာအုပ်က အရမ်းရောင်းကောင်းနေတယ်။
၎င်းရဲ့ လူကြိုက်များမှုဟာ ကောင်းကင်ဘုံတစ်ခုလုံးကိုတောင် ပျံ့နှံ့နေခဲ့ပြီ။
ဘာပဲဖြစ်ဖြစ် ဒီဆွဲဆောင်မှုက အရမ်းကောင်းတယ်။
နတ်ဂိုဏ်းနှစ်ခုရဲ့ ခေါင်းဆောင်တွေက အလှပဂေးကို အနိုင်ရဖို့ တိုက်ခိုက်ကြတယ်။
ဒါကို မိန်းကလေးပုံစံ အမိုက်စားဝတ္ထုလို့ ခေါ်နိုင်တယ်။
နတ်သမီးအများစုက ဒါကို လက်မလွှတ်နိုင်ကြဘူး။
ပြီးတော့ တစ်နေ့နေ့မှာ နတ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်က သူ့ကို ပိုင်ဆိုင်ဖို့ တိုက်ခိုက်မလားဆိုပြီး စိတ်ကူးယဉ်စတင်ခဲ့တယ်။
ဟုတ်ပါတယ်၊ ဒီဖြစ်နိုင်ခြေက သုညနီးပါးပဲ။
ဒါပေမယ့် ငါ မစဉ်းစားဘဲ မနေနိုင်ဘူး။
ဒီလိုအခြေအနေမျိုးမှာ။
ဒီစာအုပ်ကို ကောင်းကင်ဘုံရဲ့ တောင်ပိုင်းမှာ မရောင်းရရင်တောင် တခြားနေရာတွေကနေ တင်သွင်းလာကြလိမ့်မယ်။
အချိန်ကြာလာတာနဲ့အမျှ လူတိုင်းက သဘာဝအတိုင်း နားလည်သွားလိမ့်မယ်။
သို့သော် စုရှင်းဂိုဏ်း ရဲ့ အတွင်းမှာ ဆန့်ကျင်တဲ့ အသံတွေ ပေါ်ထွက်လာခဲ့ပြီ။
ငါတို့အားလုံးဟာ ကောင်းကင်ဘုံက နတ်တွေပဲ။ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ဖို့ ဆိုရင်တော့ ငါတို့ ရွေးချယ်စရာမရှိဘူး။ရဲရင့်စွာတိုက်ခိုက်ပြမယ်၊
အသက်နဲ့သွေးကို စတေးဖို့ဆိုရင် စကားတစ်ခွန်းတည်းနဲ့ လုံလောက်တယ်။
ဒါပေမယ့် ဒို့ဂိုဏ်းချုပ်ကဖွန်ကြောင်ပီး နတ်သမီးတစ်ပါးကို လိုက်ဖို့အတွက် တိုက်ပွဲဆင်နွဲနေတာဆိုရင်ကော။
"ငါတို့ တိုက်ပွဲမှာ သေဆုံးခဲ့ရင် ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ။"
အကြောင်းရင်းက ရိုးရှင်းပါတယ်၊ ငါ စိတ်မပျော်မရွှင်ဖြစ်နေတာ။
အကြီးအကဲ ရန်ကျားလူးက ဂိုဏ်းခေါင်းဆောင် ယန်ချန်ဆောင်းက နတ်သမီးတစ်ပါးအတွက် ဂိုဏ်းတစ်ခုလုံးကို တိုက်ပွဲဆင်နွှဲလိမ့်မယ်လို့ မယုံကြည်ပေမယ့်။
ဒါပေမယ့် ရှင်းပြဖို့ လိုအပ်တဲ့အရာတွေ ရှိတယ်၊
ဒီလိုနည်းနဲ့သာ။
ဒီလိုနည်းနဲ့သာ လူတွေရဲ့စိတ်နှလုံးကို အမြန်ဆုံးပြန်ရနိုင်မယ်။
ယန်ချန်ဆောင်းက အနည်းငယ် လှည့်လိုက်တယ်။
သူက အသံနက်ကြီးနဲ့ "ရှင်းပြရမယ်။ ဘာလို့ ရှင်းပြရမှာလဲ။"
ဒါက ကောလာဟလ မဟုတ်ဘူး။ ငါ ကျူချင်ကို တကယ်သဘောကျတယ်။
နောက်တစ်ဖက်မှာ ရှန်ဘီက ပေါ်လာတယ်။
သူက ဘယ်လိုလူမျိုးလဲ။
သူက နတ်သမီး ကျူကို သဘောကျတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုပြီး သူ့ရဲ့ပန်းတိုင်ကို အောင်မြင်အောင် လုပ်နေတာ။
ကောင်းကင်ဘုံတစ်ခုလုံးကို နတ်သမီး ကျူနဲ့ ထိုက်တန်တာ ငါတစ်ယောက်တည်းပဲဆိုတာ ငါ ပြသမယ်။
ဒီလိုပြောလိုက်တဲ့အခါ ယန်ချန်ဆောင်းရဲ့ မျက်လုံးတွေက မူးယစ်နေတဲ့ အမူအရာ ပေါ်လာတယ်။
အကြီးအကဲ ရန်ကျားလူးရဲ့ မျက်နှာက အလွန်ဖျော့တော့သွားပြီး သူ ဖြည်းဖြည်းချင်း မျက်လုံးတွေကို မှိတ်လိုက်တယ်။
စုရှင်းဂိုဏ်း က ဒီလိုလူမျိုးလက်အောက်မှာ အကန့်အသတ်မရှိအဆုံးသတ်တော့မယ်။
ဒီတိုက်ပွဲမှာ အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လူတွေရဲ့ စိတ်နှလုံးတွေ ပျံ့လွင့်သွားလိမ့်မယ်။
ဆရာ၊ ဘာလို့ ဒီလောက်တောင် အချစ်ရူးကြီးလိုမျိုးလုပ်နေရတာလဲ။
သုံးရက်ကြာပြီးနောက် ထန်တိနန်းတော် က စုရှင်းဂိုဏ်း ကို တရားဝင် စစ်ကြေညာခဲ့တယ်။
ဒီလှုပ်ရှားမှုက ရေတွက်လို့မရနိုင်တဲ့ နတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့တယ်။
ဒီတိုက်ပွဲမှာ ဘယ်သူ နောက်ဆုံး ရယ်ရမလဲဆိုတာ သူတို့အားလုံး သိချင်နေကြတယ်။
ထန်တိနန်းတော် ရဲ့ အတွင်းမှာရှိတဲ့ ယဲ့ယွီဟာ တဖြည်းဖြည်း စိတ်လှုပ်ရှားလာခဲ့တယ်။
ငါ နောက်ဆုံးတော့ ဒီနေ့ကို စောင့်ခဲ့ရတယ်။
ပြီးတော့ အရေးအကြီးဆုံးကတော့ ဒီအချိန်ကာလအတွင်းမှာ။
ကျူချင်က သူ့ကို လာမရှာတော့ဘူး။
ခေါင်းဆောင် ရှန်ဘီရှန်းကလည်း သူ့ကို တွေ့ဖို့ ရည်ရွယ်ချက်မရှိဘူး။
အရာအားလုံးဟာ ရေလို တည်ငြိမ်နေတယ်။
ဒါက ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲ။
ဘယ်သူမှ အာရုံမစိုက်သမျှ ယဲ့ယွီဟာ ရုပ်အလောင်းတွေကို အကန့်အသတ်မရှိ စုဆောင်းနိုင်တယ်။
ဒီအခွင့်အရေးကို အသုံးချပြီး တစ်ညတည်းနဲ့ တိုးတက်လာတာက အိပ်မက်တစ်ခု လုံးဝမဟုတ်ဘူး။
ဒါပေမယ့် သူ့ကို စိတ်ရှုပ်ထွေးစေတာက...
ကျိလင်ချင်းက မကြာသေးခင်ကမှ တစ်ခုခု မှားနေသလိုပဲ။
မကြာခဏ တစ်ယောက်တည်းအရက်သောက်ပြီး စိတ်ဓာတ်ကျနေတယ်။
ဒီပရက်ရှင်ကောင်ဆိုးလေးပုံစံဖြစ်နေတဲ့ ကျိလင်ချင်းကို ကြည့်ရတာက ယဲ့ယွီတောင် အရမ်းစိတ်မသက်မသာ ဖြစ်ခဲ့တယ်။
ဘာလို့ ဒီလောက် ရုတ်တရက် ပြောင်းလဲသွားရတာလဲ။
ဒီနေ့မှာ ထန်တိနန်းတော် က နတ်တွေဟာ စစ်ချီတော့မယ်။
နတ်တွေအားလုံးဟာ အဓိကခန်းမဆောင်ရဲ့ ရှေ့မှာ စုရုံးနေကြတယ်။
ခေါင်းဆောင် ရှန်ဘီ စကားပြောဖို့ စောင့်နေကြတယ်။
ဒီကြားက အခွင့်အရေးကို ယူပြီး။
ယဲ့ယွီက ဘေးက ကျိလင်ချင်းကို တိုးတိုးလေး "မင်း ဘာဖြစ်နေတာလဲ။ အဲဒီနေ့က အကြီးအကဲ ကျူက မင်းကို တစ်ခုခု ပြောခဲ့တာလား။"
ကျိလင်ချင်းက မေးခွန်းနဲ့ မသက်ဆိုင်တာကို ဖြေလိုက်တယ် "ငါ အရမ်းဖိအားများနေတယ်။ ငါ နှစ်ပေါင်းများစွာ အပြင်မှာ ရှိနေခဲ့တယ်။ သူတို့ကိုလည်း လွမ်းတယ်။"
ဒါပေမယ့် သူတို့က ကျွန်တော့်ဆီကနေ အရမ်းမျှော်လင့်နေကြတယ်။ ငါ မလုပ်နိုင်ဘူး။ ငါ တကယ် မလုပ်နိုင်ဘူး။(သူကသူ့မိသားစုဆီက သူ့ကိုအရမ်းမျှော်လင့်ထားတာကို မခံနိုင်လို့ ဒီဂိုဏ်းမှာလာပုန်းနေရင်း စိတ်ဓာတ်တွေကျနေရှာတာပါ)
ဒါက အဲဒီစကားကြောင့်ပဲ။
"အဆွေ ယဲ့၊ ငါတို့ ဒီတိုက်ပွဲမှာ အသက်ရှင်နိုင်ခဲ့ရင် ဒီည ကျွန်တော့်နဲ့အတူ သောက်မလား။"
ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခုပဲ။
ဒါက ယဲ့ယွီရဲ့ မျက်နှာအမူအရာကို အရမ်းထူးဆန်းသွားစေခဲ့တယ်။
သူတို့က ဘယ်သူတွေလဲ။
ဘာကို မလုပ်နိုင်တာလဲ။
ဒီစိတ်ပိုင်းဆိုင်ရာ အခြေအနေက အရမ်းမှားနေတယ်။
ယဲ့ယွီက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ထပ်ပြောလိုက်တယ် "အာ၊ အာ၊ အာ၊ ဒီလို စိတ်ဓာတ်ကျစရာစကားမျိုး မပြောပါနဲ့။"
ဘယ်အချိန်မဆို ငါတို့ညီအကိုတွေ အတူတူ သောက်နိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အဲ့လိုမျှော်လင့်ချက်မဲ့သလိုစကားတွေ မပြောစမ်းပါနဲ့။
"မဟုတ်ရင် မင်းရဲ့ တတိယခြေထောက်ကို အခုပဲ ချိုးပစ်မယ်။ ဒီလိုဆိုရင်မင်းစိတ်ဓာတ်တက်ကြွစွာပြန်ပြီး နေဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက် ရှိလာလိမ့်မယ်။ အနည်းဆုံးတော့ ဒါက လုံခြုံတယ်။"
လူတစ်ယောက်က ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ သူ့ရဲ့ညီအစ်ကိုတွေရဲ့ ဘေးကင်းရေးကို မသိစိတ်က အမြဲ ဂရုစိုက်တယ်။
ဒီမှာတော့ ကျိလင်ချင်းက ကောင်းမွန်တဲ့ ဥပမာတစ်ခုပဲ။
သူ့ရဲ့ မျက်လုံးတွေက ချက်ချင်း ကြည်လင်သွားပြီး သူ စိတ်ကျနေတာတွေက တစ်ဝက်လောက် သက်သာသွားတယ်။
သူ ယဲ့ယွီကို ခေါင်းယမ်းပြရင်း ပြုံးနေလိုက်တယ်။
ဒီအချိန်မှာ ရှန်ဘီရှန်းက တိုက်ပွဲဝင်စစ်သူကြီးတယောက်လိုမျိုး ခန်းမဆောင်ထဲကနေ ထွက်လာခဲ့တယ်။
သူ့ရဲ့နောက်မှာ ထန်တိနန်းတော် က အကြီးအကဲခုနစ်ပါးက ညီညာစွာ လိုက်ပါလာတယ်။
ဒါပေမယ့် မယုံနိုင်စရာကောင်းတာက ယဲ့ယွီဟာ သူ့ရဲ့ချစ်ချစ် ကျူချင်ကို မတွေ့ခဲ့ဘူး။
ယုတ္တိနည်းအရ အရေးကြီးတဲ့ အခမ်းအနားမှာ သူမက အကြီးအကဲတစ်ဦးအနေနဲ့ ရှိနေသင့်တယ်။
အခု ဘာလုပ်နေတာလဲ။
ယဲ့ယွီက သပွတ်အူကိုထိုင်ကြည့်နေရသလို အရမ်းစိတ်ရှုပ်ထွေးနေတယ်။
ဘာပဲဖြစ်ဖြစ် ကျူချင်က အမြဲတမ်း တခုခုကိုကြံစည်နေတတ်တယ်။
သူမ စုရှင်းဂိုဏ်း ကို ကြိုပြီး သွားရောက်စုံစမ်းတာ ဖြစ်နိုင်တယ်။
နောက်တော့ ရှန်ဘီရှန်းက ရှည်လျားပြီး ကျယ်ကျယ်ပြန့်ပြန့် မိန့်ခွန်းပြောခဲ့တယ်။ လက်သီးလက်မောင်းတွေတန်းပြီး အားမာန်ပြည့်လွန်းတဲ့အသံနက်ကြီးနဲ့ တခွန်းချင်းပြောသွားတယ်။သူပြောသွားတဲ့
အဓိကအဓိပ္ပာယ်ကတော့ "စုရှင်းဂိုဏ်း က အရမ်းလွန်သွားပြီး ငါတို့ရဲ့ ထန်တိနန်းတော် က နတ်တွေကို သတ်ပစ်လိုက်တယ်။
ရုပ်အလောင်းတွေကိုတောင် သူတို့က ဖျက်ဆီးပစ်ခဲ့တယ်။
ငါ လက်စားမချေရင် ငါက လူကောင်းတစ်ယောက် မဟုတ်ဘူး။
ဒီနေ့ ငါတို့ စုရှင်းဂိုဏ်း ကို တိုက်ခိုက်ပြီး ငါတို့ရဲ့ နတ်မဟာမိတ်ဂိုဏ်းသာတွေအတွက်ကို လက်စားချေမယ်။ "
ပြောရရင် ရှန်ဘီရှန်းရဲ့ စကားတွေက အတော်လေးကို ဂိုဏ်းသားတွေကို ရဲသွေးရဲမာန်ကြွစေခဲ့တယ်။
ဒါပေမယ့် စကားပြောပြီးတဲ့အခါ ဂိုဏ်းတခုလုံးရန်သူကိုတိုက်ဖို့ထွက်ခါနီးမှာ
ရှန်ဘီရှန်းက ဘာသတိပေးမှုမှမရှိဘဲ ယဲ့ယွီဘက်ကို ကြည့်လိုက်တယ်။
၄၁၆ ဆက်ရန်