အခန်း (၄၃၄)
Vol. 31 Ch. 434
အခြားတစ်ဖက်မှ ယုံကြည်သွားသည်ကိုမြင်သောအခါ လီဝူကျယ်သည် စိတ်နှလုံးထဲမှ မကောင်းသောအတွေးများအကုန် လွင့်စင်သွားကာ အောင်ပွဲရစစ်သူကြီးတစ်ဦးကဲ့သို့ မြောက်ကြွမြောက်ကြွဖြစ်လာတော့၏။
ယဲ့ကျွင်းလင် တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။
ဘာပဲဖြစ်ဖြစ် ငါပြောတာလည်း မှန်တော့မှန်တာပဲလေ။
ရိုးသားမှုဘောင်ထဲမှလည်း မကျော်လွန်ကာ တပည့်လေး၏ပျော်ရွှင်မှုကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ အရည်အချင်းပြည့်မီသောဆရာတစ်ယောက်ဟု သတ်မှတ်လိုက်သည်။
“ဆရာသခင်၊ ကျွန်တော်တို့ ဖုန့်မင်ပြည်နယ်ကို ရောက်ပါပြီ!” ရှေ့မှရှုခင်းပြောင်းလဲမှုကို သတိပြုမိသောအခါ ဟုန်ချန်ယဲ့ အမြန်သတင်းပို့လိုက်သည်။
“အေး၊ ငါတို့ဒီကိုရောက်ပြီဆိုတော့ မင်းပြောတဲ့ ရှေးဟောင်းတိုင်းပြည်ကို သွားကြည့်ရအောင်” ယဲ့ကျွင်းလင်သည် မတ်တပ်ရပ်ပြီး လက်ကိုကျောနောက်သို့ပစ်ကာ ခံ့ညားစွာလျှောက်လှမ်းလာသည်။
ဟုန်ချန်ယဲ့ကတော့ အတော်အခက်တွေ့နေပုံရ၏။ “ဆရာသခင်၊ ကျွန်တော်အလေးအနက်ထားပြောချင်တာက အဲ့နေရာကဓလေ့ထုံးစံတွေဟာ အတော်လေးပွင့်လင်းပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် အဲဒီရှေးဟောင်းတိုင်းပြည်ရဲ့ အုပ်စိုးသူက ကျွန်တော့်ရဲ့သူငယ်ချင်းဟောင်းပါ၊ ဆရာ ကျွန်တော့်မျက်နှာကိုထောက်ထားသောအားဖြင့် သူ့ကိုနည်းနည်းညှာပေးပါနော်"
ဓလေ့ထုံးစံတွေက ပွင့်လင်းတာလား? စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမှာလား?
ချက်ချင်းပင် ယဲ့ကျွင်းလင်၏မျက်နှာထားသည် အလွန်အမင်းလေးနက်လာခဲ့သည်။ “မင်းဘက်က အဲ့လိုပြောလာပြီဆိုမှတော့ အဲ့ဒီနေရာက နဂါးလိုဏ်ဂူမဟုတ်လို့ ကျားကိုးကောင်ဂူဖြစ်နေရင်တောင် ငါသွားရဲတယ်ကွာ!”
ဖုန့်မင်ပြည်နယ်မှာ အလွန်ကျယ်ပြောသည်။ ပြည်နယ်ဧရိယာ၏ ထက်ဝက်ကျော်သည် ပင်လယ်နှင့်ထိစပ်နေ၏။
ဟုန်ချန်ယဲ့ပြောခဲ့သော ရှေးဟောင်းတိုင်းပြည်ကို နတ်မိမယ်တိုင်းပြည်ဟုခေါ်သည်။ အမျိုးသမီးများက အမျိုးသားများထက် အစစအရာရာသာလွန်သော ကျင့်ကြံရေးတိုင်းပြည်တစ်ခု ဖြစ်လေ၏။
နတ်မိမယ်တိုင်းပြည်တွင် အမျိုးသားများ အလွန်ရှားပါးသည်။ ကြည့်ကောင်းသည့်လူငယ်များမှာ သူတို့၏ငယ်စဉ်ဘဝတွင်ပင် ခွန်အားကြီးသော အမျိုးသမီး ကျင့်ကြံသူများထံမှ လက်ဝါးကြီးအုပ်ခံထားရပြီးဖြစ်၏။ ဇနီးမယားများစွာက ခင်ပွန်းတစ်ဦးတည်းကို ခွဲဝေပေါင်းသင်းခြင်းသည် တွေ့ရအများဆုံးဖြစ်ရပ်ပင်။ ထိုသို့သောအမျိုးသမီးကျင့်ကြံသူများ အုပ်စိုးသော ကျင့်ကြံရေးတိုင်းပြည်တွင် အမျိုးသားကျင့်ကြံသူများမှာ ပြောရေးဆိုခွင့်မရှိရှာဘဲ မမောမပန်း အမြတ်ထုတ်ခံရဖို့သာ မွေးဖွားလာရခြင်းဖြစ်လေသည်။
နည်းနည်း ရင်နာစရာပေမဲ့ ပျော်တော့ပျော်ပါတယ်လေ။
အရေးအကြီးဆုံးအချက်မှာ နတ်မိမယ်တိုင်းပြည်၏ စည်းလုံးရေးအင်အားမှာ အလွန်အားကောင်းသည်။ အလယ်ပိုင်းဒေသ မသေမျိုးဧကရာဇ်မင်းဆက်တို့၏ နယ်ပယ်တွင် အမြဲတမ်း ထိပ်တန်းအဆင့်တွင်သာ ရပ်တည်နေသည်ပင်။
မဟာတာအိုဂိုဏ်း ရှစ်ခုပင်လျှင် နတ်မိမယ်တိုင်းပြည်ကို ရန်စရဲခြင်းမရှိကြပါ။
မဟာသူတော်စင်နယ်မြေ လေးခုသာလျှင် ၎င်းကို နှိမ်နင်းရန် အရည်အချင်းပြည့်မီသည်။
လွန်ခဲ့သောအတိတ်တစ်ချိန်က နတ်မိမယ်တိုင်းပြည်၏ ထူးခြားသောဓလေ့ထုံးတမ်းများကြောင့် မရိုးမသားအကြံအစည်ရှိသော အမျိုးသားကျင့်ကြံသူများစွာသည် ပြည်တွင်းသို့ဝင်ရောက်ပြီး ပျော်ရွှင်လိုခဲ့ကြသည်။ သို့သော် နတ်မိမယ်တိုင်းပြည်မှ နယ်ခြားအမျိုးသားများကို ဆက်ဆံပုံသည် လွန်စွာကြမ်းတမ်းသည်ဟု ဆိုရပေမည်။ ဖမ်းမိသည်နှင့် သူတို့၏ ကျင့်ကြံမှုကို အမြစ်မှတိုင် ဖျက်ဆီးပစ်သည်။ ထို့နောက် ဒေသခံအမျိုးသမီးများအတွက် မျိုးပွားကိရိယာအဖြစ် အသုံးချကာ မစွမ်းဆောင်နိုင်တော့သည့်အခါတွင်လည်း ရက်ရက်စက်စက် သတ်ပစ်ခံရလေ့ရှိ၏။
နတ်မိမယ်တိုင်းပြည်သည် နယ်ခြားအမျိုးသားများကို စာရင်းပေးသွင်းပြီး တရားဝင်အခြေချနေထိုင်ရန်လည်း ကြိုဆိုပါသည်။ သို့သော် ပဏာမလိုအပ်ချက်မှာ နယ်ခြားအမျိုးသားများက ‘ကျွန်ခံကျမ်းစာ’ ဟုခေါ်သော ကျင့်စဥ်တစ်ခုကို ကျင့်ကြံရမည်ဖြစ်၏။ ဤကျင့်စဥ်ကို ကျင့်ကြံသော အမျိုးသားများသည် တိုက်ခိုက်ရေးစွမ်းအား လျော့ပါးသွားမည်ဖြစ်ကာ သူတို့တွင် ကျင့်ကြံရေးရင်းမြစ်နှင့် သက်တမ်းသာကျန်ရှိခဲ့မည်သာ။
သို့သော် စာရင်းပေးသွင်းမှုအောင်မြင်ခြင်း၏ အကျိုးကျေးဇူးမှာ နတ်မိမယ်တိုင်းပြည်တွင် တရားဝင်နေထိုင်ခွင့်ရပြီး လူ့အခွင့်အရေးကိုလည်း အတိုင်းအတာတစ်ခုထိ ကန့်သတ်ထားသည်။ ယောက်ျားသားများ အလွန်အကြူး အနိုင်ကျင့်မခံရစေရန် ဧကရာဇ်မင်း၏ဥပဒေများဖြင့် ကာကွယ်ထားသည်။ အမျိုးသမီး ကျင့်ကြံသူများ၏ မတရားသတ်ဖြတ်ခြင်းကို ခံရမည်မဟုတ်။ အမျိုးသမီးကျင့်ကြံသူ အများအပြားက သင့်ကို ပြုံးချိုကြင်နာစွာဆက်ဆံကာ သွေးသားဆိုင်ရာသာယာမှုကို ခံစားနိုင်ရန်အတွက် အစွမ်းကုန်အားထုတ်ဖျော်ဖြေပေးကြမည်ဖြစ်၏။
နတ်မိမယ်တိုင်းပြည်၏ ဤနည်းလမ်းနှစ်ခုသည် မရိုးမသားရည်ရွယ်ချက်ရှိသော အမျိုးသားကျင့်ကြံသူများ အားလုံးကို ပိတ်ပင်တားဆီးနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ လူအများသည် ပိုမိုအားကောင်းလာရန်၊ မြင့်မားသောအဆင့်သို့ တက်လှမ်းရန်နှင့် ကျင့်ကြံမှု ကျော်ကြားအောင်မြင်သော ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာဖို့အရေးသာ ဦးတည်ကျင့်ကြံကြသည်ပင်။
သို့သော် နတ်မိမယ်တိုင်းပြည်တွင် ဝင်ရောက်နေထိုင်လိုပါက ဤမျှော်လင့်ချက်သည် လုံးဝပြတ်တောက်သွားမည်ဖြစ်ပြီး ၎င်းတို့သည် ဒေသခံအမျိုးသမီး ကျင့်ကြံသူများ၏ လက်အောက်ခံအဖြစ်သာ နေထိုင်ရတော့မည်ဖြစ်၏။
လိင်ပိုင်းဆိုင်ရာ သာယာမှုမှလွဲ၍ ဘာအကျိုးအမြတ်မှမရှိသော ဘဝနေထိုင်မှုတစ်ခုပါပင်။
လောကနိယာမနှင့် ဆန့်ကျင်သွေဖည်နေသော တိုင်းပြည်တစ်ခုဟု ဆိုရပေမည်။
ထို့ကြောင့် နတ်မိမယ်တိုင်းပြည်သည် အပြင်ပန်းအားဖြင့် အမျိုးသားများစွာအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်သော်လည်း လက်တွေ့တွင် ထိုနေရာ၌ အမျိုးသားကျင့်ကြံသူ အနည်းငယ်သာ နေထိုင်နိုင်သည်။ နတ်မိမယ်တိုင်းပြည်မှာ အမျိုးသားများကို ကြုံသလိုလက်မခံသလို အိုမင်း၍အရုပ်ဆိုးသောသူများဆို ပို၍ပင်လက်မခံပါ။
လိုအပ်ချက်မှာ တောင့်ဖြောင့်ချောမွေ့သော သွင်ပြင်လက္ခဏာ၊ ဂုဏ်သိက္ခာရှိသောရုပ်ရည်နှင့် အတော်လေးငယ်ရွယ်နုနယ်သူများဖြစ်သည်။ ဤသို့ဖြင့် စာရင်းပေးသွင်းသော နယ်ခြားအမျိုးသားအရေအတွက် အတော်လျော့ကျသွာရခြင်းဖြစ်၏။
ဤအချိန်တွင်။
နတ်မိမယ်တိုင်းပြည်။
နက်ရှိုင်းခိုင်မာသောသံမဏိဖြင့် ပုံသွင်းထားသော မြို့ရိုးများသည် အမြင့်မီတာထောင်ပေါင်းများစွာရှိပြီး နေရောင်ခြည်၏ရောင်ပြန်ဟပ်မှုအောက်တွင် ခမ်းနားထည်ဝါပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖော်ပြနေကာ အတော်လေးတန်ခိုးထွားဟန်ရှိ၏။
မြို့ရိုးပေါ်တွင် လက်နက်ကိုင်ထားသော အမျိုးသမီးအစောင့်များ တန်းစီနေသည်။ သူတို့၏အရေပြားသည် ကြေးနီရောင်သမ်းပြီး ကိုယ်ဟန်များမှာ မိန်းမဆန်ဆန်ပိန်သွယ်ခြင်းမရှိဘဲ ခိုင်မာတောင့်တင်းသည်။ သူတို့အားလုံးသည် အလွန်အရပ်ရှည်ပြီး ခွန်အားကြီးသောခြေထောက်များကို ပိုင်ဆိုင်ကာ သန်စွမ်းထွားကျိုင်းသော ကျားမများကဲ့သို့ အရိုင်းဆန်သည့် ဆွဲဆောင်မှုတစ်မျိုးအား ထုတ်လွှတ်နေသည်။
အရေအတွက် အလွန်ထူထပ်ပြီး အစောင့်တန်းကို တွန့်လိမ်နေသောနဂါးများကဲ့သို့ သပ်သပ်ရပ်ရပ်စီစဉ်ထားသည်။ ဖော်ပြထားသော ကျင့်ကြံဆင့်များအရ သူတို့အားလုံးသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်တွင် တသမတ်တည်းရှိ၏။
ဤအချိန်တွင် ပုံရိပ်အချို့သည် နတ်မိမယ်တိုင်းပြည်သို့ တိတ်တိတ်ဆိတ်ဆိတ်ဆင်းသက်ခဲ့ကြောင်း သူတို့တစ်ဦးတစ်ယောက်မှ သတိမထားခဲ့မိကြပေ။