← Chapters

ဖုံးကွယ်ထားသော ဆုလာဘ်

Vol. 18 Ch. 252

ဖုံးကွယ်ထားသော ဆုလာဘ်

Vol. 18 Ch. 252

မိုင်တစ်သောင်း တောင်များနှင့် မြစ်များပန်းချီကားမှ အလင်းသည် လင်းယွဲ့နှင့် ကြီးမားသော လိပ်မိကျောင်း၊ ကျောက်ရုပ်တုမှ လက်တွေ့အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားသော အရာတို့ကို တစ်ပြိုင်နက်တည်း ဖုံးအုပ်လိုက်သည်။

မျက်စိလည်ပြီးနောက် လင်းယွဲ့သည် သူ့ကိုယ်သူ မှိန်ပျပျရှိသော ကျောက်လိုဏ်ဂူတစ်ခုတွင် ရှိနေသည်ကို တွေ့လိုက်သည်။

ပတ်ဝန်းကျင် ကျောက်တုံးများမှ ထွက်ပေါ်နေသော မှိန်ဖျော့သည့် အလင်းမရှိပါက သူသည် လုံးဝ အမှောင်ထုထဲသို့ ကျရောက်သွားပေလိမ့်မည်။

"မီး လာပါတော့။"

အတွေးတစ်ခုနှင့်အတူ လင်းယွဲ့သည် မီးစွမ်းအင်ကို ထုတ်သုံးလိုက်သည်။ ချက်ချင်းဆိုသလို ရင်သပ်ရှုမောဖွယ်ရာ မီးတောက်များက သူ့ကို ဝန်းရံလိုက်ပြီး မှိန်ပျပျရှိသော ကျောက်လိုဏ်ဂူကို ချက်ချင်း လင်းထိန်သွားစေသည်။

သူသည် ကျောက်လိုဏ်ဂူ၏ အတွင်းပိုင်းအထိ ရောက်ရှိနေပြီဖြစ်သည်။ သူ့နောက်တွင် ဂူအဆုံးရှိ ကျောက်နံရံရှိပြီး ရှေ့တွင် မည်မျှရှည်လျားသည်ကို မသိနိုင်သော ရှည်လျားပြီး ကွေ့ကောက်နေသည့် ဥမင်လိုဏ်ခေါင်းတစ်ခု ရှိနေသည်။

သူ၏ ပြင်းထန်သော အာရုံခံစားမှုနှင့်အတူ လိပ်မိကျောင်း၏ လေးလံသော အသက်ရှူသံနှင့် လှုပ်ရှားမှုအသံများကို လိုဏ်ဂူအတွင်း အကွာအဝေး ပေတစ်ရာခန့်မှ ရှင်းလင်းစွာ ခွဲခြားသိနိုင်ခဲ့သည်။

"ရင့်ကျက်တဲ့ လိပ်မိကျောင်းပဲ..."

သူ လက်ဖြင့် ဆုပ်ကိုင်လိုက်ရာ လင်းယွဲ့သည် ကြိုတင်ပြင်ဆင်ထားသော ပထမအဆင့် မှော်

ရတနာဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။

ထို့နောက် သူသည် စိတ်သန္တာန်တားမြစ်နည်းကို စတင်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် သွေးပင်လယ်လှုပ်ရှားလာသည်နှင့်အမျှ သူ့၏ မူလသွေးတစ်ဆယ်ပုံတစ်ပုံကိုလည်း စားသုံးခံလိုက်ရသည်။

သွေးရောင် လေစီးကြောင်းများ မရပ်မနား လှည့်ပတ်နေသည်။

"ပြီးပြီ"

လင်းယွဲ့၏ ပုံရိပ်သည် သာယာသော လေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကွေ့ကောက်နေသည့် လိုဏ်ဂူကို အားစိုက်ထုတ်စရာမလိုဘဲ ကျော်ဖြားသွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူသည် ၁၀ ပေကျော် မြင့်မားသော လိပ်မိကျောင်း၏ ကြီးမားသည့် ကိုယ်ခန္ဓာကို ရင်ဆိုင်နေရသည်။

ပထမတစ်ချက်ကြည့်လိုက်လျှင် ၎င်းသည် ကြီးမားသည့် လိပ်တစ်ကောင်နှင့် ဆင်တူသည်။ သို့သော် သူ၏လေးလံသော အနက်ရောင်ခွံက အလွန်မာကျောပြီး ခေါင်းကိုပင် ကြမ်းတမ်းပြီး ထူထဲသည့် သားရေဖြင့် ဖုံးအုပ်ထားသည်။ ဤခွံ၏ ကာကွယ်မှုက အလွန်ကောင်းသောကြောင့် မဟာကျင့်ကြံသူတစ်ဦးပင် ဖောက်ထွင်းရန် ခက်ခဲလိမ့်မည်။

လင်းယွဲ့ကို မြင်လိုက်သောအခါ လိပ်မိကျောင်းက သူ၏ခေါင်းကို ချက်ချင်း ထိုးထုတ်လိုက်

သည်။ ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ တိုက်ခိုက်ပုံက အံ့အားသင့်စရာကောင်းပြီး သိုင်းပညာကျွမ်းကျင်သူတစ်ဦး၏ ပြင်းထန်သည့်လက်သီးကဲ့သို့ လျင်မြန်စွာ လင်းယွဲ့၏ ခေါင်းဆီသို့ ထိုးတိုက်လိုက်သည်။ မညီမညာသော သွားများပါသည့် မှောင်မိုက်သည့် ပါးစပ်က လင်းယွဲ့ကို တစ်ချက်တည်းဖြင့် ကိုက်ချေရန် အသင့်ပြင်နေသည်။

ကျဉ်းမြောင်းသည့် လိုဏ်ဂူသည် ကြီးမားသော လိပ်မိကျောင်း ဖြတ်သွားရန် နေရာသာ လုံလောက်ပြီး လင်းယွဲ့ကို ရှောင်ရှားရန် နေရာမပေးခဲ့ပေ။ သို့သော်လည်း လင်းယွဲ့၏ မျက်နှာအမူအရာက မပြောင်းလဲပေ။ သူ၏ ပုံရိပ်က ကိုယ်ခန္ဓာမရှိတော့သလိုပင်။ သူ၏ ကိုယ်ပွါးပုံရိပ်ကို လိပ်မိကျောင်း၏ ကျယ်ဟနေသည့် ပါးစပ်က ဝါးမျိုလိုက်ချိန်တွင် သူ၏ တကယ့်

ကိုယ်ခန္ဓာက လေကဲ့သို့ လျင်မြန်စွာ လိပ်မိကျောင်း၏ ခေါင်းဘေးဘက်သို့ ကျွမ်းကျင်စွာ ကွေ့ဝိုက်ပြီး ရောက်ရှိသွားခဲ့သည်။

ပြီးတော့ သူသည် သူ၏ ဓားဖြင့် ခုတ်ပိုင်း လိုက်သည်။ ထူးခြားသော ဓားချက်တစ်ခုက လိပ်

မိကျောင်း၏ ခေါင်းကို သူ၏ခွံထဲမှ ဆန့်ထုတ်နေတုန်းမှာပင် လည်ပင်းကို ဖြတ်တောက်လိုက်

သည်။ ခေါင်း ပြုတ်ကျသွားပြီးနောက် သွေးများ ပန်းထွက်လာခဲ့သည်။

လင်းယွဲ့သည် နောက်ထပ် လှုပ်ရှားမှု မြန်ဆန်စွာဖြင့် ပေအနည်းငယ် နောက်ဆုတ်လိုက်ပြီး လိပ်မိကျောင်း သေဆုံးနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

အခြားတစ်စုံတစ်ဦးဆိုရင် လိပ်မိကျောင်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပြီး တိုက်ထုတ်ရန် သို့မဟုတ် လုံခြုံသော အကွာအဝေးသို့ ဆုတ်ခွာရန် ကြိုးစားပေလိမ့်မည်။

သို့သော်လည်း အနက်ရောင်ကျောက်စိမ်းခေါင်းတလား အလင်းယောင်ကမ္ဘာ၏ ထာဝရည၊ သောင်းနှင့်ချီတဲ့သားရဲများချိုင့်ဝှမ်းတွင် သူသည် မျိုးရိုးပြောင်းသားရဲများကို အကြိမ်မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သည်။ လိပ်မိကျောင်းလည်း ထိုအထဲမှာ ပါဝင်သည်။

လူတစ်ဦး၏ စွမ်းအားက လိပ်မိကျောင်း၏ ခွံကို အတင်းအကြပ် ဖောက်ထွင်းနိုင်လောက်အောင် အလွန်အမင်း မကြီးမားပါက အကောင်းဆုံးနည်းလမ်းမှာ သူ၏ခေါင်းကို တိုက်ခိုက်နေစဉ် ထိုးထုတ်သည့်အခါ ဖြတ်တောက်လိုက်ရန်ဖြစ်သည်။ ဒါမှမဟုတ် သူ၏ပါးစပ်မှ တိုက်ရိုက်ထိုးသွင်းပြီး သူ၏ အတွင်းပိုင်းင်္အဂါများကို တိုက်ခိုက်ကာ ပျက်စီးစေနိုင်သည်။ ၎င်းက အတွေ့အကြုံပင်။

...

"ခင်ဗျား ပထမအဆင့်ရဲ့ ကောင်းကင်သို့တက်လှမ်းသည့်စမ်းသပ်မှုကို အောင်မြင်ပါပြီ။ ဒီမှာ အမိန့်မြားသုံးဆယ့်ခြောက်ခု ရှိပါတယ်"

"ဒါ့အပြင် ခင်ဗျားဟာ တစ်ကြိမ်မှ မရှုံးနိမ့်ဘဲ ငါးကြိမ်ဆက်တိုက်အောင်ပွဲ ရရှိခဲ့ပါတယ်။ ဒဿနဆွေးနွေးပွဲတိုင်းက အမြင့်ဆုံးချီးကျူးဂုဏ်ပြုမှုကို ရရှိခဲ့ပြီး အမြင့်ဆုံးအခက်အခဲရှိတဲ့ ကောင်းကင်သို့တက်လှမ်းသည့်စမ်းသပ်မှုကိုလည်း အမြင့်ဆုံး အကဲဖြတ်မှုနဲ့ အောင်မြင်ခဲ့တဲ့အတွက် အပိုဆောင်းအမိန့်မြားနှစ်ရာ ကိုးခုကို ချီးမြှင့်ပါလိမ့်မယ်"

ကျင့်ကြံသူများ၏ အံ့အားသင့်ပြီး မနာလိုသော အကြည့်များအကြားတွင် မျက်နှာမရှိသော ကျောက်ရုပ်တုက လင်းယွဲ့ကို စုစုပေါင်း အမိန့်မြားနှစ်ရာသုံးဆယ့်ခြောက်ခုကို ပေးအပ်လိုက်သည်။

ရှုံးနိမ့်မှုမရှိဘဲ အမြင့်ဆုံးအခက်အခဲရှိသည့် ကောင်းကင်သို့တက်လှမ်းသည့်စမ်းသပ်မှုကို အောင်မြင်ပါက အနည်းဆုံး အပိုဆောင်းအမိန့်မြားတစ်ရာ ဆုလာဘ်ရရှိပြီး အကဲဖြတ်မှုအပေါ် မူတည်၍ အမြင့်ဆုံး နှစ်ရာအထိ ရရှိနိုင်သည်။ ၎င်းက လျှို့ဝှက်ချက်မဟုတ်ပေ။

သို့သော်လည်း တစ်ခုခုကို သိရှိခြင်းနှင့် ၎င်းကို လက်တွေ့အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းက ကိစ္စနှစ်မျိုးဖြစ်ပြီး နောက်တစ်ခုကို လုပ်နိုင်သူမှာမူ အနည်းငယ်သာ ရှိသည်။

ရှုံးနိမ့်မှုမရှိခြင်းက အလွန်ခက်ခဲသည်တော့ မဟုတ်ပါပေ။ သို့သော် ကောင်းကင်သို့တက်လှမ်းသည့်စမ်းသပ်မှု၏ အမြင့်ဆုံးအခက်အခဲမှာ ထူးခြားစွာ စိန်ခေါ်မှုဖြစ်နေသည်။ လူတစ်ဦး၏စွမ်းရည်ကို တန်ပြန်သည့် မျိုးရိုးပြောင်းသားရဲများကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခြင်း၊ သားရဲကို အကျိုးရှိစေပြီး မိမိကိုယ်တိုင်ကို အားနည်းချက်ဖြစ်စေမည့် စမ်းသပ်မှုပတ်ဝန်းကျင်ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခြင်း...

ဤအခြေအနေများကို ပေါင်းစပ်လိုက်သောအခါ အခက်အခဲက ဒုတိယအဆင့်မှ ငါးကြိမ်

ဆက်တိုက်နိုင်ခြင်းနှင့် လုံးဝ ညီမျှသွားသည်။ အမြင့်ဆုံး အကဲဖြတ်မှုအကြောင်းကို ပြောစရာပင် မလိုတော့ပေ။

လင်းယွဲ့သည် စိတ်သန္တာန်တားမြစ်နည်းကို အသုံးပြုခြင်းဖြင့်သာ ဤအရာကို အောင်မြင်နိုင်မည်ဟု ယုံကြည်နေသည်။ ဤကဲ့သို့မဟုတ်ပါက ဒုတိယအဆင့်မှ ထိပ်တန်း ကျင့်ကြံသူများပင် ပထမအဆင့်၏ အမြင့်ဆုံးအခက်အခဲ ကောင်းကင်သို့တက်လှမ်းသည့်စမ်းသပ်မှုကို အသစ်

စတင်၍ စိန်ခေါ်ပါက အခက်အခဲက နှစ်ဆဖြစ်နေပြီး အောင်မြင်ရန် မျှော်လင့်ချက် နည်းပါးမည်ဖြစ်သည်။

"အမိန့်မြားနှစ်ရာ တကယ်ရှိတယ်ဆိုတော့ တကယ်မှန်နေတာကိုး"

လင်းယွဲ့သည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ အမိန့်မြားနှစ်ရာသုံးဆယ့်ခြောက်ခုလုံးကို သိမ်းဆည်းလိုက်သည်။ အရင်က အမိန့်မြားလေးဆယ် အပါအဝင် သူသည် ယခုအခါ အမိန့်မြားနှစ်ရာခုနစ်ဆယ့်ခြောက်ခုကို ပိုင်ဆိုင်ထားသည်။ ဤမျှများပြားသည့် အမိန့်မြားအရေအတွက်က အဆင့်နိမ့်ရတနာလျှို့ဝှက်သေတ္တာကို နှစ်ကြိမ်ပင် ကြိုးစားဖွင့်ရန် လုံလောက်သည်။

သို့သော်လည်း သူသည် ရတနာလျှို့ဝှက်သေတ္တာကို အထူးစိတ်ဝင်စားခြင်းမရှိပေ။ သူ၏ပန်းတိုင်မှာ အမိန့်မြားတစ်သိန်းရှစ်သောင်းကို စုဆောင်းပြီး ထျန်ရှာအဆောက်အအုံမှ ကျင့်ကြံမှုနည်းစနစ်များကို ထုတ်နုတ်ပေးရန်အတွက် အကူအညီရယူရန် ဖြစ်သည်။ ထျန်ရှာအဆောက်အအုံသည် မဟာကျင့်ကြံသူများဆီမှ ကောင်းကင်နှင့်ကမ္ဘာ၏ ဥပဒေကို ပုံဖော်ထားသည့် ကျင့်ကြံမှုနည်းစနစ်များကို ထုတ်နုတ်နိုင်ပြီး လူတစ်ဦး၏ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် အသင့်တော်ဆုံးဖြစ်အောင် ဖန်တီးပေးနိုင်သည်။ ထိုသို့ဆိုပါက သိုင်းပညာ၏ စစ်မှန်သည့်ကျွမ်းကျင်မှုကိုလည်း ထုတ်နုတ်နိုင်ပြီး သူ့အတွက် အချိန်အများကြီး သက်သာစေမည်ဖြစ်သည်။ သို့သော် သူသည် တကယ်ပင် အမိန့်မြားတစ်သိန်းရှစ်သောင်းကို စုဆောင်းနိုင်မည်လား။

ထျန်ရှာအဆောက်အအုံတွင် Easter eggs ကဲ့သို့ လျှို့ဝှက်ဆုလာဘ်များစွာ ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ ဤအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ပါက လုံလောက်သော ပမာဏကို စုဆောင်းနိုင်ရန် မျှော်လင့်ချက်ရှိနိုင်သည်။

(T/L Easter eggs ဆိုတာကတော့ ဆော့ဝဲလ်၊ ဂိမ်း၊ ရုပ်ရှင်၊ သီချင်း၊ စာအုပ် စတဲ့ ဖန်တီးမှုတွေထဲမှာ တမင်တကာ ထည့်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မက်ဆေ့ချ်၊ ရုပ်ပုံ၊ အသံ၊ ဒါမှမဟုတ် လုပ်ဆောင်ချက်တစ်ခုပါ။ ML လိုဂိမ်းမှာလည်းပါမယ်ထင်တယ်။ မြန်မာလိုကျတစ်မျိုးကြီးဖြစ်နေမှာဆိုးလို့ ခုလိုလေးပဲရေးလိုက်ပါတယ်)

"သွားပါ ထျန်ရှာအဆောက်အအုံရဲ့ ဒုတိယအဆင့်က ခင်ဗျားကို စောင့်နေပါတယ်"

မျက်နှာမရှိသော ကျောက်ရုပ်တု၏ အသံ ပဲ့တင်ထပ်လာသည်နှင့်အမျှ ပထမအဆင့်၏ အလယ်ဗဟိုတွင် လှည့်ပတ်နေသော လှေကားထစ်တစ်ခု ပေါ်လာပြီး လှည့်ပတ်နေသည့် မြူမှုန်များအကြား အပေါ်သို့ ဦးတည်နေသည်။ မတွန့်ဆုတ်ဘဲ လင်းယွဲ့သည် ထိုလှေကားထစ်ကို တက်၍ ထျန်ရှာအဆောက်အအုံ၏ ဒုတိယထပ်သို့ ဦးတည်၍ ဝင်သွားတော့သည်။

All Chapters