လီဟော်ရန်၏စွမ်းအား
Vol. 37 Ch. 541
သင်ကြားရေးအကြီးအကဲသည် အရင်ကတည်းက ကောင်းကင်မျက်လုံးကို ကျင့်ကြံထားသည်။
လုယန် ရေခွဲပညာကို ဒုတိယအကြိမ်ထပ်သုံးချိန်တွင် ဖြစ်သွားသည့်အခြေအနေကို သဘောပေါက်လာသည်။
"ဪ..ရေကို 'ပေါ့ပါးတဲ့လေ'နဲ့ 'အသက်ချီ'အဖြစ် ဖြိုခွဲလိုက်တာပဲ။ ပုံမှန်ဆိုရင် ရေကိုမိုးကြိုးပစ်တဲ့အချိန်မှာပဲ ဒါမျိုးဖြစ်တာ။ မင်းက မှော်ပညာတစ်ခုသုံးပြီး ဒီလိုဖြစ်အောင်လုပ်နိုင်တယ်။ တကယ်မယုံနိုင်စရာပဲ"
(**ဟိုက်ဒရိုဂျင်သည် လေထက် 'ပေါ့'သည်။ အောက်ဆီဂျင်သည် 'အသက်ရှင်'ဖို့ မရှိမဖြစ်လိုသည်)
ကျင့်ကြံသူလောကတွင် အရာဝတ္ထုများကို အက်တမ်အဆင့်ထိ ပြောင်းလဲနိုင်သည့် ကျောက်တုံးရွှေအသွင်ပြောင်း မှော်ပညာများကို သုံးလေ့ရှိသည်။ သင်ကြားရေးအကြီးအကဲသည် အက်တမ်ဖွဲ့စည်းပုံ ခွဲခြားပုံတို့ကို နားလည်ကျွမ်းကျင်သဖြင့် ဘယ်ကျောက်တုံးကိုမဆို ရေဒီယိုသတ္တိကြွပစ္စည်းအဖြစ် ပြောင်းလဲနိုင်သည်။
ပထမဆင့်ရွှေသန္ဓေပိုင်ရှင် သို့မဟုတ် နတ်ဝိညာဉ်အဆင့်ရောက်ပြီးသူတို့သည် ကျင့်စဉ်စွမ်းအား ဟာကွက်မရှိသည့် အနေအထားသို့ရောက်ပြီးဖြစ်၍ ရေဒီယိုသတ္တိကြွပစ္စည်းများကို မကြောက်ကြတော့။
သို့သော် အကြီးအကဲက နားမလည်သည့်အမူအရာဖြင့် မုတ်ဆိတ်ဖြူကိုသပ်လျက် အဖြစ်အပျက်ကို ပြန်စဉ်းစားနေသည်။
"ဒါပေမယ့် ငါမင်းကိုသင်ပေးလိုက်တာက ရေခွဲပညာပါ။ ရေဓာတ်တိုက်ခိုက်မှုတွေကို ခုခံနိုင်ဖို့ပါ။ အခုဘာလို့ ဒီလိုသက်ရောက်မှုမျိုးဖြစ်လာတာလဲ"
လုယန် စိတ်အားထက်သန်စွာ ပြန်ပြောသည်။
"ဟုတ်တယ်လေ။ ဒါက တကယ်ရေခွဲပညာပါပဲ။ ဒီစွမ်းအားက ရေကိုဓာတ်ငွေ့နှစ်မျိုးဖြစ်အောင်ခွဲထုတ်လိုက်တယ်။ ရေဓာတ်မှော်ပညာတိုက်ခိုက်မှုတွေကိုလည်း ကျုပ်ကြောက်စရာမလိုတော့ဘူးမဟုတ်လား"
အကြီးအကဲ အတော်ကြာအောင် စဉ်းစားနေသည်။ တစ်ခုခုတော့ မူမမှန်ဟု ခံစားရသည်။ သို့သော် သူသေချာထောက်မပြတတ်။
နာမည်ရော သက်ရောက်မှုရော ရေခွဲပညာဆိုသည့်စကားနှင့် ကိုက်ညီသည်။
တကယ့်ရေခွဲပညာအစစ်ဖြစ်သည်။
"ဂုဏ်ယူပါတယ်။ အခုမင်းက ဓာတ်ငါးမျိုးမှော်ပညာအားလုံး တတ်သွားပြီပဲ"
အကောင်းဆုံးသူငယ်ချင်းဖြစ်သည့် မုန်ကျင်းကျိုးက ပျော်ရွှင်စွာ လက်ခုပ်တီးသည်။ မှ်ောပညာပိုင်းတွင် လုယန်လောက်ပါရမီမပါသဖြင့် ရေခွဲပညာကို သူမသင်ယူနိုင်ခဲ့။ ထို့ကြောင့် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။
ခဏတုံ့ဆိုင်းနေပြီးနောက် အကြီးအကဲခေါင်းငြိမ့်သည်။
"ဓာတ်ငါးမျိုးမှော်ပညာအားလုံး တတ်သွားပြီဆိုတော့ ဓာတ်ငါးမျိုးသဘောတရားပေါ် အခြေခံပြီး အားကောင်းတဲ့ဓာတ်ပေါင်းစပ်မှော်ပညာတွေ ဖန်တီးလို့ရတယ်။ ဓာတ်ငါးမျိုးလည်ပတ်မှုဟာ အဆုံးမရှိဘူး"
ထို့နောက် အကြီးအကဲ အသံတိတ်သွားသည်။ ဓာတ်ငါးမျိုးဂိုဏ်းတပည့်များကို နှစ်တစ်ထောင်ကြာအောင် သူသင်ကြားခဲ့သည်။ ဓာတ်ငါးမျိုးမှော်ပညာမျိုးစုံ သူမြင်ဖူးသည်။
ကျွမ်းကျင်သည့် မှ်ောပညာများပေါ် အခြေခံ၍ ဘယ်လိုပေါင်းစပ်ရမည်ကို သူလမ်းညွှန်ပေးလေ့ရှိသည်။
သို့သော် လုယန်ကိုတော့...
အမှန်အတိုင်းပြောရလျှင် လုယန်တတ်မြောက်ထားသည့် ဓာတ်ငါးမျိုးပညာများကို တစ်ခါမှ သူမမြင်ဖူး။
"ဓာတ်ငါးမျိုးမှော်ပညာကျွမ်းကျင်တယ်ဆိုတာ မှော်ပညာစွဲလန်းမှုရဲ့ သက်သေပဲ။ အပြင်လူဖြစ်တဲ့ငါက မင်းကိုကျင့်ကြံနည်း လမ်းညွှန်ပေးရင် ဆန့်ကျင်ဘက်အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။ သင်န်းချိန်ပြီးရင် ဓာတ်းငါးမျိုးမှော်ပညာတွေ ပေါင်းစပ်ဖို့ ကိုယ့်ဘာသာပဲလေ့ကျင့်ပါ။
...ကဲအခု ဉာဏ်စမ်းမေးခွန်းတစ်ခု ဖြေကြစို့။ ခိုးမချပါနဲ့"
အကြီးအကဲက စားပွဲပေါ်တင်ထားသည် မေးခွန်းစာရွက်များကိုယူရန် နောက်လှည့်လိုက်သည်။ ကြမ်းပြင်ပေါ်ကျနေသည့် ပြာပုံကိုသာတွေ့ရသည်။
သူသတိမထားမိလိုက်ချိန်တွင် လုယန်၏ ရွှေကျီးကန်း၏ မီးတောက်တစ်ခု မှုတ်ထုတ်ခဲ့၍ ပြာကျသွားခြင်းဖြစ်သည်။
တော်ရုံတန်ရုံဆိုလျှင် ဟန်ဆောင်ကောင်းကြသည့် ဝါ့ရင့်လူပြောင်လူနောက်ငါးယောက်လည်း ထိုအဖြစ်ကိုကြည့်၍ မရယ်ပဲမနနိုင်ကြတော့။
အကြီးအကဲက သုန်မှုန်နေသည့်မျက်နှာဖြင့် သင်တန်းချိန်ပြီးဆုံးကြောင်း ကြေညာလိုက်ရသည်။
.....
"ညီလေးလီ၊ မင်းငါ့ကို တကယ်စိန်ခေါ်နေတာလား"
လုယန် လီဟော်ရန်ကို ပြုံး၍ကြည့်နေသည်။ လီဟော်ရန်က သူ့သဘောဆန္ဒအရ လာစိတ်ခေါ်မည်ဟု ထင်မထားခဲ့။
"ဟုတ်ပါတယ်။ အကိုလုက ဓာတ်ငါးမျိုးပေါင်းစပ်ပညာကို ကျွမ်းကျင်သွားပြီလို့ ပြောတယ်မဟုတ်လား။ ကျုပ်သင်ယူချင်လို့ပါ"
လီဟော်ရန်နှုတ်ခမ်းထောင့်တွင် တွန့်ပြုံးရိပ်သန်းနေသည်။ သူစိတ်ရူးပေါက်၍ ဆုံးဖြတ်ခြင်းမဟုတ်။ လုယန်စွမ်းအားကိုလည်း ကောင်းကောင်းသိသည်။ အားကိုးစရာဝှက်ဖဲမရှိဘဲ သူစိန်ခေါ်မည်မဟုတ်။
သူသည် ချင်ဟော်ရန်၏ မှတ်ဉာဏ်တစ်ဝက်ကို ပိုင်ထားသည်။ ထိုမှတ်ဉာဏ်တွင် စွမ်းအားမြင့်မှော်ပညာများအကြောင်း ပါဝင်သည်။
ထိုပညာများကို အသုံးပြုဖို့ တစ်ခြားလူများလို အပင်ပန်းခံ သင်ယူနေစရာမလို။ တိုက်ရိုက်တန်းသုံးနိုင်သည်။
ထိုယုံကြည်ချက်ကြောင့် လုယန်ကို သူစိတ်ခေါ်ခြင်းဖြစ်သည်။
"ကောင်းပြီလေ၊ ဓာတ်ငါးမျိုးပေါင်းစပ်ပညာကို အခုမှတတ်တာဆိုတော့ ငါလည်း စမ်းသပ်ကြည့်ချင်နေတာ။ အခု မင်းနဲ့လက်ရည်ယှဉ်ရမယ်ဆိုတော့ အတော်ပဲပေါ့"
လုယန်မျက်နှာတွင် စိတ်လှုပ်ရှားနေသည့်အပြုံးမျိုး ပေါ်လာသည်။ ထိုပညာကိုစမ်းသပ်ဖို့ စိတ်အားထက်သန်နေသည်။
အရင်ဆုံး နတ်မယ်ကို ဝိညာအရုံဖြန့်၍ ပတ်ဝန်းကျင်တွင် သူမှော်ပညာသုံးသည်ကို ...အထူးသဖြင့် ရွှေခန္ဓာမှော်ပညာသုံးသည်ကို သင်ကြားရေးအကြီးအကဲကဲ့သို့ ရိပ်မိနိုင်မည့်လူ ရှိမရှိစစ်ဆေးဖို့ ပြောသည်။
"လုပ်ကြလေ၊ တိုက်ကြပါ"
ထင်မှတ်မထားသည့် စိတ်လှုပ်ရှားစရာကိစ္စကြောင့် မုန်ကျင်းကျိုး ပျော်ရွှင်နေဟန်ရှိသည်။ လုယန်ဟူသည့် ပေါက်လွှတ်ပဲစားကောင် ဘယ်လိုဝှက်ဖဲမျိုးရှိသည်ကို သူလည်း သိချင်နေသည်။
ထောင်ယော်ယဲ့နှင့်အရိုးရိုင်းလည်း ဘေးတွင်ရပ်နေသည်။ အရိုးရိုင်းက စားဖိုချောင်မှ သိုးတစ်ကောင်ပင်ယူလာပြီး အလောင်းထိန်းပညာသုံး၍ ရသာသုံးပါးမီးတောက်ဖြင့် မီးကင်နေသည်။ ပွဲကြည့်သူသုံးယောက် မကြာခဏဆိုသလို သိုးသားကင်မှ အသားတုံးများ ဖဲ့ယူစားသောက်နေသည်။
ဤတစ်ကြိမ်တွင် လုယန်၏ ရသာသုံးပါးမီးတောက်အကူအညီကြောင့် အသားကင်ဆော့ချဉ်ပင် မလိုအပ်။ အရသာက အလောင်းထိန်းဂိုဏ်းတွင် စားသောက်ခဲ့စဉ်ကထက် ပိုကောင်းနေသည်။
အသားကင်စားရင်း တိုက်ပွဲကြည့်ကြသည်။ ထိုထက်ပို၍ ဇိမ်ကျသည့်ဘဝမျိုး ရှိမည်မထင်။
တိုက်ပွဲမစမီ လုယန်က စေတနာဖြင့် သတိပေးသည်။
"မစခင်ကြိုပြောထားမယ်။ ငါ့ကို ကျိန်စာတိုက်တာတို့ဘာတို့မလုပ်နဲ့။ အကျိုးမရှိနိုင်ဘူး။ မင်းကိုယ်မင်းပဲ တန်ပြန်ကျိန်စာသင့်လိမ့်မယ်"
ကျိန်စာအစွမ်းကို ဘယ်လိုခုခံနိုင်သည်မသိသော်လည်း ဤအခြေအနေတွင် လုယန်သူ့ကို လိမ်ညာမည်မဟုတ်ကြောင်း လီဟော်ရန်နားလည်သည်။
ထို့ကြောင့် သူ့အတွက် တိုက်ခိုက်နည်းလမ်းတစ်မျိုး လျော့သွားသည်။
ချင်ဟော်ရန်က သူ့အကြွေးများကို ကျောက်ရိုးဆီလွှဲနိုင်ခဲ့သည်မှာ ကံကြမ္မာကျိန်စာပညာများ တတ်ကျွမ်းခဲ့၍သာဖြစ်သည်။
တိုက်ခိုက်နည်းတစ်မျိုးလျော့သွားလည်း သိပ်ကိစ္စမရှိပါ။
နှစ်ယောက်သား တိုက်ခိုက်ရန် အသင့်ပြင်သည်။ လေထုက သိပ်သည်းလာသည်။
လီဟော်ရန် အရင်ဆုံးလှုပ်ရှားသည်။ မှော်တံဆိပ်တစ်ခု မြန်ဆန်သပ်ရပ်စွာဖန်တီးလိုက်သည်။ သူသူ့လက်ဝါးတွင် အပြာရောင်လျှပ်စီးများ စုဝေးလာသည်။
"မိုးကြိုးလက်ဝါး"
ခရမ်းလျှပ်စီးများ လေထုကို ထိုးခွဲသွားသည်။ မိုးကြိုးနဂါးတစ်ကောင် အော်ဟစ်ဟိန်းဟောက်၍ လုယန်ဆီ ပြေးဝင်သွားသလိုထင်ရသည်။
လုယန်ကလည်း ကြိုတင်ခန့်မှန်းမိဟန်ရှိသည်။ မြန်ဆန်သည့်ခြေသိုင်းကွက်ဖြင့် လျှပ်စီးတန်းမရောက်မီ နေရာပြောင်းလိုက်သည်။ မိုးကြိုးနဂါးက သူ့ကိုမထိဘဲ မြေပြင်ကိုသာထိသည်။ မည်းနက်သည့် မီးလောင်ရာတစ်ခုကျန်ရစ်ခဲ့သည်။
"လေပြင်းစွမ်းအား"
ကြမ်းတမ်းသည့်လေပြင်း အော်မြည်တိုက်ခတ်လာသည်။ ဖုန်မှုန်များ လွင့်ပျံတက်လာပြီး မြင်ကွင်းကို ဖုံးပိတ်သွားသည်။ ထိုဖုန်မှုန်များက ဝိညာဉ်အာရုံကိုပါ ပိတ်ပင်တားဆီးသည်။
သို့သော် လုယန်၏ ဝိညာဉ်အာရုံစွမ်းအားကို သာမန်လူများ ယှဉ်နိုင်သည်မဟုတ်။ သူ့အာရုံကို ဖြန့်လိုက်သည်။ မြင်နိုင်သည့်အကွာအဝေး အကန့်အသတ်ရှိသော်လည်း ဖုန်မှုန်များကြားမှ တိတ်တဆိတ်ဝင်လာသည့် အားလှိုင်းသုံးမျိုးကို မြင်နေရသည်။
"ရွှေငှက်မီးတောက်စစ်"
ရွှေငှက်နှစ်ကောင် လုယန်ဘေးတွင် လှည့်ပတ်ပျံသန်းနေပြိး မီးတောက်လေပွေတစ်ခု ပေါ်လာသည်။ တိုက်ခိုက်မှုသုံးခုက ထိုလေပွေကို ရိုက်ခတ်ပြီးနောက် ပျောက်ကွယ်သွားသည်။ လေပွေလမ်းကြောင်းပင် ပြောင်းလဲခြင်းမရှိ။
"ညီလေးလီ၊ ဒီမှော်ပညာတွေလောက်နဲ့တော့ မရဘူးနော်"
မီးတောက်လေပွေဖြင့် ဖုန်မှုန့်များကို ရှင်းလင်းပြီးနောက် လုယန် ရယ်မောနေသည်။
လီဟော်ရန်က တည်ငြိမ်စွာပြန်ပြောသည်။
"သိပါတယ်၊ တိုက်ခိုက်စွမ်းအားတစ်ခုတည်းနဲ့ အကိုလုကို ထိခိုက်အောင်ဘယ်လုပ်နိုင်မှာလဲ။ ဒါပေမယ် စွမ်းအားတွေ ထပ်ဖြည့်လိုက်ရင်ရော ဘယ်လိုနေမလဲ"
"မိုးကြိုးလက်ဝါး"
မိုးကြိုးလက်ဝါးရိပ်လေးခု တစ်ပြိုင်တည်းပေါ်လာသည်။ လုယန်မျက်နှာ တည်ကြည်လေးနက်လာသည်။ ရွှေငှက်နှစ်ကောင်ကို ထိန်းချုပ်၍ အလင်းတန်းအဖြစ်အသွင်ပြောင်းပြီး လက်ဝါးရိပ်လေးခုကို ရင်ဆိုင်သည်။ ကျယ်လောက်ပြင်းထန်သည့် ပေါက်ကွဲသံများ ပေါ်လာသည်။
"ဘယ်လိုလဲ အကိုလု"
လီဟော်ရန် ရယ်မောနေသည်။ သူ့လက်လေးဘက်ကို ဝှေ့ယမ်း၍ နောက်လက် လက်ဝါးချက်ထုတ်သည်။
"လက်လေးခုလား"
ခုနက ဖုန်မှုန့်များးမှပိတ်ဆို့နေသဖြင့် လီဟော်ရန် ဘယ်လိုလုပ်လိုက်သည်ကို လုယန်မမြင်ခဲ့။ ဘေးမှကြည့်နေသည့် မုန်ကျင်းကျိုးတို့သုံးယောက်သာ သေချာမြင်ရသည်။
လုယန်က တိုက်ခိုက်ရင်း အလုပ်များနေချိန်တွင် လီဟော်ရန်က လက်မောင်းနှစ်ဘက်ကို ဖြုတ်လိုက်သည်။ အပြည့်ဆွဲဖြုတ်ခြင်းမဟုတ်။ အသားမှခွဲထုတ်၍ နေရဦပြာင်းခြင်းဖြစ်သည်။
ထို့နောက် ပြန်မွေးဖွားခြင်းရွှေသန္ဓေကိုသုံး၍ လက်နှစ်ဘက်ကိုပြန်ဆက်သည်။ တစ်ချိန်တည်းမျာပင် သူ့ချိုင်းကြားနေရာမှ နောက်ထပ်အပိုလက်နှစ်ဘက်ပေါက်လာသည်။
လက်လေးချောင်းဖြစ်သွားသည်။
လုယန်ကို သာမန်မှော်ပညာများဖြင့် တိုက်ခိုက်၍မရနိုင်ကြောင်း သူကောင်းကောင်းသိသည်။
သာမန်မှော်ပညာတစ်ခုနှစ်ခုဖြင့် အလုပ်မဖြစ်။ ထို့ကြောင့် လက်လေးချောင်းဖြင့် မှော်ပညာလေးမျိုးသုံးသည်။
သူ့ခန္ဓာကိုယ် ခံနိုင်ရည်အား အကန့်အသတ်ကြောင့်သာမဟုတ်လျှင် လက်ခြောက်ခုဖန်တီး၍ တိုက်ခိုက်မည်ဖြစ်သည်။
တကယ်လက်ခြောက်ခု မဖန်တီးနိုင်သော်လည်း လက်ခြောက်ခုစွမ်းအားမျိုးရှိသည့် တစ်ခြားနည်းလမ်းများကို သူသုံးနိုင်သည်။
********************************