အရိုးချေဆေးရည်
Vol. 37 Ch. 543
လုယန်နိုင်သွားသည်ကိုကြည့်၍ ထောင်ယောက်ယဲ့မျက်လုံးများ အရောင်လက်လာပြီး လက်ခုပ်တီးသည်။
"ဖျောင်း ဖျောင်း ဖျောင်း"
"တကယ်အံ့ဩစရာကောင်းတာပဲ"
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့လည်း ပါးစပ်တွင်ပေကျံနေသည့်အဆီများကို သုတ်ပြီးနောက် လက်ခုပ်တီးသည်။
"တိုက်ပွဲတစ်ပွဲနိုင်ဖို့ တကယ်မလွယ်ဘူး"
လီဟော်ရန်သည် လွယ်ကူသည့်ပြိုင်ဘက်မဟုတ်။ တိုက်ပွဲပြီးသွားချိန်တွင် လုယန် ခြေကုန်လက်ပမ်းကျလျက် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။
လီဟော်ရန်က တိုက်ပွဲအတွေ့အကြုံနည်း၍သာဖြစ်သည်။ လုယန်၏ ဓာတ်ငါးမျိုးပေါင်းစပ်ပညာကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်လိုက်ရသည်။ ဝိညာဉ်စွမ်းအားကုန်ခမ်းသလောက်ဖြစ်သွားသည်။
"ညီလေးလီ၊ နောက်ဆို တိုက်ခိုက်တဲ့အခါ မင်းပိုပြီးသတိထားဖို့လိုမယ်။ ငါသာလောင်မုန်နဲ့တိုက်ရင် ဒီအကွက်မျိုး သုံးရဲမှာမဟုတ်ဘူး။ ဒီကောင်က အလွန်ပါးနပ်တဲ့ကောင်။ ဒီလိုရိုးရိုးလှည့်ကွက်လောက်နဲ့ မရဘူး"
လီဟော်ရန် "..."
ကျုပ်က ချင်ဟော်ရန်ရဲ့ မှတ်ဉာဏ်တစ်ဝက်ကို အမွေရထားတာပါ။ ဒါတောင် အကိုလုအမြင်မှာ ကျုပ်က တိုက်ပွဲအတွေ့အကြုံနည်းနေတယ်ပေါ့...
ချင်ဟော်ရန်က စုစည်းခြင်းအဆင့်ကျင့်ကြံသူပါ... သူ့မှတ်ဉာဏ်တစ်ဝက်ပိုင်ထားတဲ့ကျုပ်က စုစည်းခြင်းတစ်ဝက်အဆင့်လို့တောင် ပြောလို့ရတယ်...
ဟုတ်ပါတယ်လေ....အကိုလုတို့ အကိုမုန်တို့နဲ့ယှဉ်ရင် ချင်ဟော်ရန်မှတ်ဉာဏ်က သိပ်ပြီး သုံးစားလို့မရပါဘူး...
မည်းနက်နေသည့် ကိုယ်ပွားရှေ့တွင်ရပ်လျက် လီဟော်ရန် အတွေးနက်နေသည်။ ကျိတ်၍သက်ပြင်းချသည်။
"အကိုလုကို မမီနိုင်သေးဘူးပဲ"
သူ့ခံစားချက်ကို လုယန်နားလည်သည်။ လီဟော်ရန်၏ကိုယ်ပွားသည် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားသည့် လျှို့ဝှက်ရတနာဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ခန္ဓာကိုယ်ချင်းလဲလှယ်၍ စတေးလိုက်ရသည်။
ခြောက်ပေရွှေခန္ဓာထဲတွင် သူ့ခန္ဓာကိုယ်အစစ်ရှိနေချိန် ပေါက်ကွဲထွက်လျှင် ဘာဖြစ်သွားမည်နည်း။
လုယန် လီဟော်ရန်ပုခုံးကိုပုတ်၍ နှစ်သိမ့်သည်။
"စိတ်ဓာတ်မကျပါနဲ့ ညီလေးလီ။ မင်းတတ်ထားတဲ့မှော်ပညာတွေက လုံလောက်ပါတယ်။ ဒါပေမယ့် မင်းတိုက်ခိုက်တဲ့ပုံစံက အရမ်းသိသာပြီး ရိုးရှင်းလွန်းနေတယ်။ ဉာဏ်များတဲ့ ပြိုင်ဘက်တွေနဲ့တွေ့ရင် ရှုံးဖို့များတယ်"
"...စိတ်ဓာတ်ကျနေတာမဟုတ်ဘူး။ ကျုပ်အလောင်းကို ဘယ်လိုရှင်းရမလဲ စဉ်းစားနေတာပါ။ အကိုလုရဲ့ကိုယ်ပွားက သစ်သားကိုယ်ပွားလေ။ မှော်အစွမ်းပြန်ရုပ်သိမ်းလိုက်ရင် မြေကြီးနဲ့ ပြန်ပေါင်းစပ်သွားမှာ။ ဒါပေမယ့် ကျုပ်ကိုယ်ပွားက ကျုပ်ရဲ့အသွေးအသးစစ်စစ်ပါ"
အပိုပေါက်ခဲ့သည့် လက်နှစ်ဘက်ကိုရှင်းရာတွင်လည်း သူအခက်တွေ့ခဲ့သည်။
လုယန်ခဏစဉ်းစားသည်။ တကယ်ခက်ခဲသည့် ပြဿနာဖြစ်သည်။ လီဟော်ရန်၏ ကိုယ်ပွားကို ရှင်းလင်းဖို့မလွယ်။
"အင်း...နိမိတ်မကောင်းပေမယ့်လည်း ဒီတစ်နည်းပဲရှိတော့တယ်"
လီဟော်ရန် ကျောက်စိမ်းတံဆိပ်ထဲမှ ဆေးရည်ပုလင်းတစ်ခုထုတ်သည်။ အဖုံးကိုဖွင့်သည်။ စူးရှသည့်အနံ့ လွင့်ပျံလာသည်။ အပြုံးအရယ်ကင်းသည့်မျက်နှာဖြင့် ကိုယ်ပွားပေါ်သို့ ဆေးရည်ကိုလောင်းချသည်။
အစိမ်းပုပ်ရောင်ဆေးရည်ကျသည်နှင့် မီးခိုးများအလုံးလိုက်ထလာပြီး ကိုယ်ပွားက ချက်ချင်းအရည်ပျော်ကျ၍ ပျောက်ကွယ်သွားသည်။
အရိုးရိုင်း မျက်လုံးပြူးသွားသည်။
"ညီလေးလီ၊ အဲဒါဘာလဲ"
"အရိုးချေဆေးရည်ပါ။ ချင်ဟော်ရန်မှတ်ဉာဏ်ထဲက သိထားတဲ့ပညာပါ။ ဆေးပုလင်းနည်းနည်း ကျုပ်ဖော်စပ်ထားတယ်"
အရိုးချေဆေးရည်ဖော်စပ်သည့် ပါဝင်ပစ္စည်းများသည် ရှုပ်ထွေးသည်။ ကျိုးဆောင်မှတ်အတော်များများသုံး၍ သူဝယ်ခဲ့ရသည်။
ပြီးခဲ့သည့် ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် သူ့ကိုယ်ပွားရှုံးနိမ့်စဉ်ကလည်း ထိုနည်းလမ်းဖြင့်ပင် ရှင်းလင်းခဲ့သည်။
တစ်ခြားရွေးချယ်စရာနည်းလမ်းလည်းမရှိ။ အသက်ငယ်ငယ်ဖြင့် ကိုယ့်မြေကျင်းကိုယ်တူး၍ ကိုယ့်ကိုယ်ပွားကိုယ် မြေမမြှုပ်နိုင်။
ကံကြမ္မာကို မယုံကြည်သော်လည်း ထိုလုပ်ရပ်သည် မင်္ဂလာမရှိဟု ခံစားရသည်။
"ဟေ့...မင်းတို့ငါးယောက် ဘာလုပ်နေကြတာလဲ"
"ဟာ...သင်ကြားရေးအကြီးအကဲလာပြီဟေ့"
တိုက်ခိုက်သံများက ဆူညံသဖြင့် အကြီးအကဲ အာရုံခံမိပြီး လာကြည့်ခြင်းဖြစ်သည်။ သူရောက်လာချိန်တွင် တိုက်ပွဲပြီးသွားပြီးဖြစ်သည်။ လီဟော်ရန်က အရည်တစ်မျိုး လောင်းချနေသည်။ မီးခိုးများ အူထွက်နေသည်။
အကြီးအကဲ နားလည်မှုလွဲသွားမည်စိုးသဖြင့် အရိုးရိုင်းက ရှေ့ထွက်ပြီုး အမြန်ရှင်းပြသည်။
"တစ်မျိုးမထင်ပါနဲ့ အကြီးအကဲ။ ညီလေးလီက ဘာမှမလုပ်ပါဘူး။ သက်သေအထောက်အထား ဖျက်ဆီးနေတာပါ"
နတ်ဆိုးဂိုဏ်းသူလျှိုဟု တွေးမိလိုက်ဖြင့် အကြီးအကဲ ချက်ချင်းလှုပ်ရှားရန်ပြင်သည်။
ကံကောင်းထောက်မစွာဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့က စကားပြောကျင်လည်စွာ အဆင်ပြေအောင် ရှင်းပြနိုင်ခဲ့သည်။
လီဟော်ရန်က အရိုးရိုင်းကို ဘုကြည့်ကြည့်သည်။
"ဒါဆို လုယန်က ဓာတ်ငါးမျိုးပေါင်းစပ်ပညာကို တတ်သွားလို့ ဒီမှာလက်တွေ့စမ်းသပ်နေတာပေါ့"
အကြီးအကဲ ကျေနပ်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။
နေ့ခင်းပိုင်းက သင်ကြားခဲ့သည်။ ညရောက်ချိန်တွင် လုယန်တတ်သွားသည်။
မြန်ဆန်လွန်းသည်။
လုယန်လည်း ပြိုင်ဘက်ကင်းသန္ဓေ၏ လမ်းညွှန်ချက် ကျလာသည်မှာ တကယ်မြန်ဆန်သည်ဟု ခံစားရသည်။
အကြီးအကဲက မှော်ပညာများလုယန်ဘယ်လိုပေါင်းစပ်သည်ကို အသေးစိတ်မမေးတော့။ သူလမ်းညွှန်စရာမလိုဘဲ ကျွမ်းကျင်သွားသည်ဆိုလျှင် လုယန်၌ ဖွင့်မပြောလိုသည့်ကိစ္စများရှိ၍သာဖြစ်မည်။ သူနားလည်ပေးနိုင်သည်။
"နေပါဦး၊ အရိုးချေဆေးရည်ဖော်စပ်နည်းကို မင်းဘယ်ကရတာလဲ"
နောက်ထပ်ပြဿနာတစ်ခုကို အကြီးအကဲ ရုတ်တရက်နားလည်လာသည်။ ထိုလမ်းမှန်ဂိုဏ်းတပည့်များက အရိုးချေဆေးရည်ဖော်စပ်နည်းကို ဘယ်လိုသိနေသနည်း။
လီဟော်ရန် မျက်ခုံးလှုပ်လာသည်။ ဘယ်လိုရှင်းပြရမည်မသိ။ သူသည် ချင်ဟော်ရန်လူဝင်စားဖြစ်ကြောင်း ပြော၍လည်းမဖြစ်။
တာအိုလမ်းစဉ်ဂိုဏ်းက ချင်ဟော်ရန် လူဝင်စားကို လက်ခံနိုင်သည်။ အတိတ်ဘဝနှင့်လက်ရှိဘဝ မသက်ဆိုင်ဟု ယူဆသည်။ သို့သော် ဓာတ်ငါးမျိုးဂိုဏ်းက ထိုသို့တွေးချင်မှတွေးလိမ့်မည်။
အဖွဲ့ခေါင်းဆောင်ဖြစ်သည့် မုန်ကျင်းကျိုးက အလေးအနက်ရှင်းပြသည်။
"ကျုပ်တို့ဂိုဏ်းက တော်ဝင်ရုံးတော်နဲ့ပူးပေါင်းပြီး ထာဝရဂိုဏ်းကို ချေမှုန်းခဲ့တယ်။ သူတို့ဆီကနေ ရတနာတစ်ချို့နဲ့ ဆေးစပ်နည်းတစ်ချို့ရခဲ့ပါတယ်။ အဲဒီထဲမှာ အရိုးချေဆေးရည်ဖော်စပ်နည်းလည်းပါတယ်။
လမ်းမှန်ကျင့်ကြံသူတွေအနေနဲ့ ကျုပ်တို့ရဲ့အဓိကတာဝန်က နတ်ဆိုးကျင့်ကြံသူတွေကို ရှင်းလင်းဖို့ပါ။ နတ်ဆိုးလမ်းစဉ်သမားတွေက ကောက်ကျစ်တယ်၊ ပါးနပ်တယ်၊ ဉာဏ်များတယ်။ သူတို့လုပ်နည်းလုပ်ဟန်တွေကို သိထားမှ သူတို့ကိုအသာစီးယူပြီး ရှင်းလင်းနိုင်မှာပါ"
"ငါသဘောပေါက်ပြီ။ မင်းတို့က ဝစီပိတ်ကို အတုယူကြတာဖြစ်မယ်။
ကဲပါလေ...မင်းတို့အဆင်ပြေရင်ပြီးတာပဲ။ ဆူဆူညံညံအသံတွေကြားတော့ ပြဿနာတစ်ခုခုဖြစ်တယ်ထင်လို့ပါ။ ကောင်းကောင်းအနားယူကြ။ မနက်ဖြန်သင်တန်းရှိသေးတယ်"
"ဟုတ်ကဲ့"
...
"ဒီနေ့ ဓာတ်ငါးမျိုးပူးပေါင်းတိုက်ခိုက်ရေးပညာကို လေ့လာကြမယ်။ ဒီပညာဟာ မင်းတို့ငါးယောက်ရဲ့ သီးခြားဗီဇလက္ခဏာတွေနဲ့ ကိုက်ညီတယ်။ ဓာတ်ငါးမျိုးကို ကိုယ်စားပြုတယ်။ အတူပူးပေါင်းတိုက်ခိုက်တဲ့အခါ ပိုပြီးစွမ်းအားကြီးလာတယ်"
လုယန်တို့ငါးယောက်လုံး မျက်လုံးများ အရောင်လက်လာသည်။ ဤသင်ခန်းစာက မနေ့ကထက် များစွာပိုစိတ်ဝင်စားစရာကောင်းသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကပို့လိုက်တဲ့ အချက်အလက်တွေနဲ့ မင်းတို့ကို ငါနားလည်ထားသလောက်ပြောရရင် မင်းတို့ငါးယောက်မှာ မတူညီတဲ့ ဓာတ်ဗီဇစွမ်းရည်တွေရှိတယ်။ ဒီတိုက်ခိုက်နည်းနဲ့ ကွက်တိပဲ။
သတ္တု(ရွှေ)ဟာ တိုက်ခိုက်မှုကို ကိုယ်စားပြုတယ်။ လုယန်၊ ဓားဝိညာဉ်မြစ်ဆိုတာ သတ္တုဝိညာဉ်မြစ်ရဲ့ မျိုးကွဲပဲ။ မင်းကို သတ္တုဝိညာဉ်မြစ်ပိုင်ရှင်လို့ ပြောလို့ရတယ်။ သတ္တုဓာတ်နေရာနဲ့ ကိုက်ညီတယ်။
သစ်သားဟာ ပြောင်းလဲမှုကို ကိုယ်စားပြုတယ်။ အစစ်အမှန််နဲ့ ပုံရိပ်ယောင်ကြားမှာ တည်ရှိတယ်။ ထောင်ယော်ယဲ့၊ မင်းကျွမ်းကျင်တဲ့ ပုံရိပ်ယောင်ပညာနဲ့ ငှက်မသေမျိုးခန္ဓာနှစ်ခုလုံးဟာ အသွင်ပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်။ သစ်သားဓာတ်နေရာက မင်းနဲ့ကိုက်ညီတယ်။
ရေဟာ ပြန်လည်ဖွဲ့စည်းခြင်းကို ကိုယ်စားပြုတယ်။ မုန်ကျင်းကျိုး၊ အစက မင်းကို မီးဓာတ်နေရာနဲ့ သင့်တော်မယ်လို့ ငါတွေးခဲ့တယ်။ ဒါပေမယ့် မင်းက ဒဏ်ရာတွေကုသနိုင်တဲ့ ဖီးနစ်မီးတောက်ကို ပိုင်ဆိုင်ထားတော့ ရေဓာတ်နေရာနဲ့ ပိုပြီးသင့်တော်တယ်"
"နေပါဦး အကြီးအကဲ၊ ကျုပ်ရဲ့ ယန်စွမ်းအင်က ဒီလောက်အားကောင်းတာ။ ရေဓာတ်နေရာမှာ ဘယ်လိုနေနိုင်မှာလဲ"
ရေသည် ယင်ဓာတ်ကို ကိုယ်စားပြုသည်။ သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
သူဘာကိုနားမလည်ဖြစ်နေမှန်း အကြီးအကဲ စဉ်းစားမရ။
"မင်းက လူပျိုဝိညာဉ်မြစ်ပိုင်ရှင်မဟုတ်လား။ မင်းမှာ 'ကျောက်ကပ်ရေ'တွေ အပြည့်ရှိနေတာပဲလေ"
ယန်ဓာတ်အားတိုးစေသည့် ဖီးနစ်မီးတောက်ကိုလည်း တတ်မြောက်ထားသဖြင့် သူ့ကျောက်ကပ်ရည်များ ပို၍ပင်တိုးပွားလာသည်။ ထို့ပြင် တစ်ကိုယ်တော်ဝိညာဉ်မြစ်ကြောင့် ထိုကျောက်ကပ်ရည်များသည် ဘယ်တော့မှ ယိုစိမ့်ထွက်နိုင်မည်မဟုတ်။
မုန်ကျင်းကျိုး "..."
ကျုပ်ခင်ဗျားကို မနိုင်ဘူးဆိုပြီး မတိုက်ခိုက်ရဲဘူးလို့တော့ မထင်နဲ့နော်...
"မီးဟာ ထောက်ပံ့မှုကို ကိုယ်စားပြုတယ်။ လီဟော်ရန်၊ မင်းက မီးဝိညာဉ်မြစ်ရှိတယ်။ ကျိူးရှင်းရဲ့တပည့်လည်းဖြစ်တယ်။ မီးဓာတ်နေရာနဲ့ ကိုက်ညီတယ်။
မြေဟာ ခုခံမှုကို ကိုယ်စားပြုတယ်။ အရိုးရိုင်း၊ ရှေးဟောင်းအရိုင်းမျိုးဆက်ဖြစ်တဲ့မင်းဟာ ခန္ဓာကျင့်ကြံသူဗီဇနဲ့ မွေးလာတဲ့လူပဲ။ ရှေးဟောင်းအရိုင်းမျိုးနွယ်တွေဟာ ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်တွေကြောင့် နာမည်ကျော်တယ်။ မြေဓာတ်နေရာဟာ မင်းနဲ့ကိုက်ညီတယ်"
************************************