အဖေ အစိုးရအရာရှိ ဖြစ်တော့မယ်
Vol. 60 Ch. 886
“သား၊ တရုတ်နှစ်သစ်ကူးမှာ ဘာလို့ ဒီလောက် အလုပ်များနေရတာလဲ” ဖုန်းယွီ၏ မိခင်က မကျေမနပ် ပြောလိုက်သည်။ တရုတ်နှစ်သစ်ကူးအကြိုညတွင် ဖုန်းယွီ၏ ဖုန်းသည် အဆက်မပြတ် မြည်နေခဲ့သည်။
“ဘာမှ မဟုတ်ပါဘူး။ သူတို့က နှစ်သစ်ကူး မင်္ဂလာဆုတောင်းဖို့ ခေါ်တာပါ” ဖုန်းယွီက သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
“အော်၊ တခြားပြည်နယ်က မင်းရဲ့ဝန်ထမ်းတွေလား”
ဖုန်းယွီက သူ့အမေကို အားနည်းစွာ ကြည့်လိုက်ပြီး ပြန်မဖြေဘဲ နေလိုက်သည်။ တခြားပြည်နယ်က ဝန်ထမ်းလား။ ဘယ်သူ ဖုန်းခေါ်လဲဆိုတာ ပြောလိုက်ရင် အမေ ပါးစပ်အဟောင်းသား ဖြစ်သွားလိမ့်မယ်။
“အမေ၊ ကျွန်တော် မုန့်လုပ်တာ ကူညီပေးမယ်” ဖုန်းယွီ အင်္ကျီလက်ကို ပင့်လိုက်သည်။
“သွားစမ်း။ မင်း ရှုပ်ယှက်ခတ်နေလိမ့်မယ်။ အပြင်ထွက်ပြီး မင်းဦးလေးကြီးနဲ့ ကျန်တဲ့သူတွေ ရောက်ပြီလား ကြည့်လိုက်ဦး။ မင်းရဲ့ ယာဉ်မောင်းတွေက အရမ်းနှေးတယ်”
မနေ့က နှင်းကျခဲ့တာကြောင့်သာ မဟုတ်ရင် ကားတွေ မြန်မြန်မောင်းလောက်တယ်။ ဖုန်းယွီက သူ့ဦးလေးကို ခေါ်ဖို့ သူ့ Off-road ကားတွေ ပို့ထားတယ်။ အိုလံပစ်မော်ဒယ်ကို ပို့ခဲ့ရင် မနက်ဖြန်မှ ရောက်နိုင်တယ်။
(စကားပြောတွေက ဖုန်းယွီရဲ့ အတွေး ဒါမှမဟုတ် ဇာတ်ဆောင်တစ်ယောက်ရဲ့ အတွေး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဇာတ်ဝင်ခန်းတချို့ကို စကားပြောနဲ့ ဖော်ပြခြင်း ဖြစ်နိုင်ပါတယ်။)
ဖုန်းယွီသည် မိခင်နှင့် စကားပြောနေစဉ် အပြင်ဘက်တွင် ဟွန်းတီးသံများ ကြားလိုက်ရသည်။ သူ လျင်မြန်စွာ ပြေးထွက်သွားကာ ဂိတ်တံခါးများကို ဖွင့်လိုက်ပြီး သူ့ဦးလေးကြီးနှင့် မိသားစု ကားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။
“ဦးလေး၊ ပင်ပန်းနေပြီလား”
“မဟုတ်ဘူး။ ဒီကားက အရမ်း သက်တောင့်သက်သာရှိတယ်”
“ဦးလေးကို စက်ရုံကို ခေါ်သွားပြီး အသစ်တစ်စီး ရွေးခိုင်းလိုက်ပါ့မယ်”
“ကျေးဇူးပါ ရှောင်ယွီ။ ဒါပေမဲ့ ဦးလေး ကား သိပ်မမောင်းရဘူး၊ ကားရှိတာက အကျိုးမရှိဘူး။ အဘိုး ဘယ်မှာလဲ”
“အပေါ်ထပ်မှာ အိပ်နေတယ်။ တစ်ညလုံး မအိပ်ဘဲ နေချင်တယ်လို့ ပြောတယ်”
(ညကျရင် အမျိုးတွေဆုံပြီး နေမှာမလို့ နေ့လည်ဘက်ကို အိပ်ထားတာမျိုးပါ)
သူတို့ စကားပြောရင်း အိမ်သို့ ပြန်လျှောက်လာကြသည်။ သူ့ဦးလေးနှင့် မိသားစုကို အိမ်ထဲသို့ ပို့ပြီးနောက် ဖုန်းယွီသည် အနီရောင်စာအိတ်နှစ်ခုကို ထုတ်ကာ ယာဉ်မောင်းနှစ်ဦးအား သူတို့၏ ကလေးများအတွက်ဟု ပြော၍ ပေးလိုက်သည်။ ယာဉ်မောင်းတစ်ဦးမှာ လူငယ်တစ်ဦးဖြစ်ပြီး လက်မထပ်ရသေးပေ။ သူသည် ၎င်းကို လက်ခံသင့် မခံသင့် ချီတုံချီတုံဖြစ်နေသည်။ အခြားယာဉ်မောင်းမှာ ဤသို့ဖြစ်စဉ်ကို ကြုံတွေ့ထားဖူးတာကြောင့် ဖုန်းယွီကို နှစ်သစ်ကူး မင်္ဂလာဆုတောင်းပြီးနောက် ထိုလူငယ်ကို အနီရောင် စာအိတ်များနှင့်အတူ ဆွဲခေါ်သွားသည်။
ဖုန်းယွီ အိမ်ထဲကိုဝင်လာတော့ သူ့အဘိုးလည်း အပေါ်ထပ်ကနေ ဆင်းလာသည်။ သူတို့ ဧည့်ခန်းထဲမှာ ထိုင်ပြီး TV ကြည့်ကြ၏။
ဧည့်ခန်းရှိ ဖီလစ်တီဗီသည် ကြည်လင်သောအသံစနစ်ဖြင့် ဧည့်ခန်းသည် ရုပ်ရှင်ရုံကဲ့သို့ ခံစားရသည်။
“မင်း ဘယ်တော့ လက်ထပ်မှာလဲ။ အချိန်တွေ မဖြုန်းနဲ့တော့၊ ချစ်သူရည်းစား အမြန်ရှာ” ဦးလေးကြီးက သူ့သားကို စတင်ဆုံးမသည်။
ဖုန်းယွီ၏ အစ်ကိုဝမ်းကွဲကြီးက ရှက်ရမ်းရမ်းကာ ပြန်ဖြေလိုက်သည်။ “အဖေ၊ လက်ထပ်တာက တစ်သက်တာအတွက်ပါ။ အဖော်ရဖို့ မလွယ်ပါဘူး”
“ဟာသပဲ မင်း ဘာတွေးနေလဲ ငါ မသိဘူးထင်တာလား။ ငါ မင်းကို သတိပေးမယ်။ မင်းမှာ ရည်းစားရှိရင် သူ့ကို ကောင်းကောင်း ဆက်ဆံပါ။ မင်း မိန်းမတွေနဲ့ ပတ်သက်ပြီး လှည့်စားတာမျိုး လုပ်ရင် ငါ မင်းကို ရိုက်မယ်!”
ဖုန်းယွီ နောက်ဆုံးတော့ နားလည်သွားတယ်။ ဖခင်က သားတွေကို ရိုက်တာ သူ့မိသားစုရဲ့ ရိုးရာထုံးတမ်းစဉ်လာပဲ။
ခဏအကြာတွင် ညစာ အဆင်သင့်ဖြစ်ပြီး ဖုန်းယွီနှင့် သူ၏ အစ်ကိုဝမ်းကွဲကြီးတို့ မီးဖိုချောင်မှ ပန်းကန်များကို ကူညီသယ်ယူလာကြသည်။ ထမင်းစားခန်းရှိ စားပွဲဝိုင်းတစ်ခုလုံး ပန်းကန်များဖြင့် ပြည့်နေသည်။
ဖုန်းယွီ၏ အဘိုးသည် သူ၏ဖန်ခွက်ကို မြှောက်လိုက်သည်။ “နှစ်သစ်ကူး ရောက်ပြီ၊ အားလုံး ဒီမှာ တွေ့ရတာ ဝမ်းသာတယ်။ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးပါ”
ဖုန်းယွီ တစ်ငုံသောက်ပြီး ဖန်ခွက်ကို ချတော့မလို့ရှိသေး သူ့အဖေက သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်ရသည်။
“မင်း မင်းရဲ့ ဌာနမှာ ရှိတယ်လို့ ထင်နေတာလား။ ကုန်အောင်သောက်!” ဖုန်းရှင်းထိုင်က ဆူပူလိုက်သည်။ “အိမ်မှာ လှည့်စားရဲနေတာလား။ မင်း ငယ်ငယ်တုန်းက ငါ သောက်ခွင့်မပြုပေမဲ့ မင်း ငါ့နောက်ကွယ်ကနေ ခိုးသောက်ခဲ့တာ”
“အဖေ၊ ဒါက ကုမ္ပဏီပါ၊ ဌာန မဟုတ်ဘူး” ဖုန်းယွီက ငြင်းခုံပြီး သူ့ဖန်ခွက်ထဲက အရက်ကို ကုန်အောင်သောက်လိုက်သည်။
အားလုံး ပထမဆုံး ဖန်ခွက်ကို ကုန်အောင်သောက်ပြီးနောက် ဖုန်းယွီသည် သူ၏ အစ်ကိုဝမ်းကွဲကြီးကို ကြည့်လိုက်ပြီး သူတို့ နှစ်ဦးစလုံး အိတ်ကပ်ထဲမှ အနီရောင်စာအိတ်တစ်ခုစီကို ထုတ်ယူလိုက်ကြသည်။
“အဘိုး၊ ဒါ အဘိုးအတွက်ပါ”
ဖုန်းယွီ၏ အဘိုးသည် အံ့သြသွားသည်။ “မင်းတို့ ကလေးတွေ ငါ့ကို စာအိတ်ပေးတာလား”
“ဟုတ်ပါတယ်။ အဘိုး သက်ရှည်ကျန်းမာပါစေ၊ ကျွန်တော်တို့ လက်ထပ်တာကို မြင်ရပါစေ၊ အဘိုးရဲ့မြစ်တွေ ကျောင်းတက်တာနဲ့ လက်ထပ်တာကို မြင်ရပါစေလို့ ဆုတောင်းပါတယ်” ဖုန်းယွီ၏ ဝမ်းကွဲညီအစ်ကိုက ရယ်မောလိုက်သည်။
“ဟားဟားဟား... ငါ့မြစ်တွေကို မြင်ရရင် ငါ ကျေနပ်ပြီ။ သူတို့ လက်ထပ်တာကို မြင်ရလောက်အောင် ငါ သက်ရှည်ကျန်းမာနေရင် ငါက နဂါးဖြစ်ပြီ” ဖုန်းယွီ၏ အဘိုးက ရယ်မောလိုက်သည်။ သူ၏ရယ်သံမှ သူ အလွန်ကျန်းမာကြောင်း လူတိုင်း သိနိုင်သည်။
“အဖေ၊ ဒါ ကလေးတွေရဲ့ စေတနာပါ။ လက်ခံလိုက်ပါ”
“ကောင်းပြီ! ငါ သိမ်းထားမယ်။ ငါ စာအိတ် လက်မခံရတာ နှစ်ပေါင်းများစွာ ရှိပြီ” ဖုန်းယွီ၏ အဘိုးက မျက်ရည်များ ဝဲလာရင်း ပြောလိုက်သည်။
ညစာစားပြီးနောက် နွေဦးပွဲတော်မစတင်မီ အချိန်အနည်းငယ် ကျန်သေးသဖြင့် လူတိုင်း အပြင်ထွက်၍ မီးရှူးမီးပန်းများ ဖောက်ကြသည်။ ဖုန်းယွီ၏ အဘိုးပင် သူကိုယ်တိုင် တစ်ခု မီးညှိခဲ့သည်။
ဖုန်းယွီသည် သူ၏ဆွေမျိုးများအားလုံးကို မြင်တွေ့ရသည်မှာ ပျော်ရွှင်နေသည်။ သူ၏မိခင်က လီနာမလာခြင်းအတွက် မညည်းညူခဲ့လျှင် သူ၏စိတ်အခြေအနေ ပိုကောင်းနေလိမ့်မည်။
မီးရှူးမီးပန်းများ ဖောက်ပြီးနောက် လူတိုင်း ဧည့်ခန်းတွင် ထိုင်ကာ Gala Night(အစီအစဥ်တစ်ခုရဲ့နာမည်ဖြစ်နိုင်)ကို ကြည့်ရှုပြီး စကားပြောကြသည်။
ဖုန်းယွီ၏ အစ်ကိုဝမ်းကွဲကြီးက တိုးတိုးလေး မေးလိုက်သည်။ “ဖုန်း၊ ငါ့ရဲ့ ခေါင်းဆောင်က ငါ့ကို ပြည်နယ်ပိုင်လုပ်ငန်း ပြန်လည်ဖွဲ့စည်းရေးရုံးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလားလို့ မေးတယ်။ ငါလက်ခံသင့်လား”
“ဘာလို့ မလုပ်ရမှာလဲ။ မင်း ပြောင်းရွှေ့ပြီးရင် ဒုတိယဌာနခွဲအကြီးအကဲကို ရာထူးတိုးမှာ မဟုတ်လား” ဦးလေးကျန်းက မင်းကို ဂရုမစိုက်ဘူးဆိုရင် ဒီကမ်းလှမ်းချက်ကို မင်းရမယ်လို့ ထင်လား။ မင်း ငါ့ကို မေးဖို့တောင် လိုသေးလား”
“မင်း မှန်တယ်။ ဒါပေမဲ့ ဒီပြောင်းရွှေ့မှုက ပါတီကော်မတီကနေ အစိုးရကို ပြောင်းရွှေ့တာ”
“ဘာပြဿနာရှိလို့လဲ။ ဦးလေး ကျန်းက ဘင်မြို့မှာပဲ ရှိနေတုန်းပဲ။ ဒါ့အပြင် ပြန်လည်ဖွဲ့စည်းရေးရုံးက ဒုတိယမြို့တော်ဝန်အောက်မှာ ရှိပြီး သူက ရှုချန်ယိုရဲ့ ယခင်အတွင်းရေးမှူးဟောင်းပဲ။ ဒါက မင်း တောက်ပနိုင်မဲ့ ရာထူးပဲ။ မင်း ကြိုးစားလုပ်ဆောင်ရင် နောက် ၂ နှစ်လောက်မှာ ဌာနခွဲအကြီးအကဲ ဖြစ်လာလိမ့်မယ်”
“ဒီနှစ် ပြည်နယ်ပိုင်လုပ်ငန်းတွေမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ရှိမယ်လို့ ကြားတယ်။ လူအများကြီး အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်။ ဒါက လူအများကြီးကို ဒေါသထွက်စေမလား”
“ထုတ်ပယ်ခံရတဲ့သူတွေက အရည်အချင်းမရှိတဲ့သူတွေနဲ့ ပျင်းရိတဲ့သူတွေပဲ။ အရည်အချင်းနဲ့ စွမ်းရည်ရှိတဲ့သူတွေကိုတော့ အလုပ်တွေ ခန့်ထားပေးမှာပါ။ မြို့တော်ကလည်း အရည်အချင်းမရှိတဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ရေးတွေ ပေးနေတယ်။ သူတို့ အရည်အချင်းရှိတဲ့ လုပ်သားတွေရဲ့ လစာရရင် ပျော်နေမှာပဲ”
“မင်း မှန်တယ်။ သူတို့ရဲ့ အခြေခံလစာက တစ်လကို ယွမ် ၂၀၀ ကနေ ၃၀၀ လောက်ပဲရှိတယ်။ သူတို့ အလုပ်အသစ်ရှာတာ ပိုကောင်းလိမ့်မယ်။ ကောင်းပြီ။ ငါပြောင်းရွှေ့တာကို လက်ခံလိုက်မယ်” ဖုန်းယွီ၏ ဝမ်းကွဲအစ်ကိုသည် စိတ်လှုပ်ရှားနေသည်။ သူက ဖုန်းယွီ မှန်ကန်ပြီး ၂ နှစ်အတွင်း သူ ရာထူးတိုးမည်ဟု မျှော်လင့်နေသည်။
ဖုန်းယွီလို ပြည်နယ်နဲ့ မြို့တော်အစိုးရတွေနဲ့ ဆက်ဆံရေးရှိတဲ့ ညီလေးတစ်ယောက်ရှိတော့ သူ ဂုဏ်ပြုခံရတာ ဒါမှမဟုတ် တခြားသူတွေထက် နိမ့်ကျတာကို စိတ်ပူစရာ မလိုတော့ဘူး။ သိသာထင်ရှားတဲ့ ရလဒ်တွေ မရှိရင်တောင် သူ ရာထူးတိုးလိမ့်ဦးမယ်။
“ဦးလေး၄က ပြည်နယ်ရဲ့ ပြည်သူ့ကိုယ်စားလှယ်အစည်းအဝေးအဖွဲ့ဝင် ဖြစ်တော့မယ်၊ ပြီးတော့ သူ အနာဂတ်မှာ ပြည်နယ်အစိုးရရုံးကို အစည်းအဝေးတက်ဖို့ သွားရလိမ့်မယ်။ စီးပွားရေးလုပ်ရုံနဲ့ အစိုးရအရာရှိ ဖြစ်လာနိုင်တယ်လို့ ငါ မသိခဲ့ဘူး” ဖုန်းယွီ၏ ဝမ်းကွဲအစ်ကိုက ပြောလိုက်သည်။
ဟမ်.. ငါ့အဖေ အစိုးရအရာရှိ ဖြစ်တော့မှာလား။ ဘယ်လိုလုပ် ငါ မသိရတာလဲ။
“ဒါကို ငါ မသိဘူး။ ဘယ်သူ ပြောတာလဲ”
“အာ… မသိဘူးလား။ တရားဝင် ခန့်အပ်လွှာတောင် ထုတ်ပြီးပြီ။ ခေါင်းဆောင်တွေကို ဦးလေးလေး(၄)ကို ခန့်အပ်ဖို့ တောင်းဆိုတဲ့သူက မင်း မဟုတ်ဘူးလား” ဖုန်းယွီ၏ ဝမ်းကွဲအစ်ကိုက မေးလိုက်သည်။
“ငါ မဟုတ်ဘူး။ ဦးလေးကျန်းရဲ့ စိတ်ကူးလို့ ငါ ထင်တယ်”
နောင်တွင် ဖုန်းယွီ၏ဖခင်သည် အစိုးရအစည်းအဝေးများ တက်ရောက်မည်ဖြစ်ပြီး ပြဿနာများရှိပါက ဖုန်းယွီကို မေးမြန်းမည်မှာ သေချာသည်။ သောက်ကျိုးနဲ ငါ ပြည်နယ်ရဲ့ အခမဲ့ အကြံပေး ဖြစ်လာတော့မယ်။
မဟုတ်ဘူး။ မနက်ဖြန် ဦးလေးကျန်းနဲ့ သွားပြောရမယ်။ ဦးလေး ငါ့ကို အရင်မမေးဘဲ ငါ့အဖေကို အစိုးရအရာရှိ ဖြစ်အောင် လှည့်စားခဲ့တာလား။ ငါ့အဖေ သဘောတူရင်တောင် ငါ့ကို အရင် အသိပေးသင့်တယ်။
.......
“ဟားဟားဟား...” ဖုန်းယွီ၏ မိခင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား... ဒီပြက်လုံးက အရမ်းရယ်ရတယ်!”
Gala night ပြီးဆုံးသွားပြီး လူတိုင်း အိပ်ယာဝင်ကြသည်။ ဖုန်းယွီသည် သူ၏ အိပ်ယာပေါ်တွင် လဲလျောင်းကာ မျက်နှာကျက်ကို ကြည့်နေသည်။ သူ ပြန်လည်မွေးဖွားခဲ့သည့် ပထမဆုံးညအကြောင်းကို တွေးတောနေသည်။
ဘာသာပြန်သူ၏ မှတ်ချက် - တရုတ်နှစ်သစ်ကူးအကြိုညတွင် တစ်ညလုံး မအိပ်ဘဲ နေထိုင်ခြင်းသည် တရုတ်ရိုးရာဓလေ့တစ်ခုဖြစ်သည်။ ဤဓလေ့သည် မြောက်ပိုင်းနှင့် တောင်ပိုင်းမင်းဆက်များမှ စတင်ခဲ့ခြင်းဖြစ်သည်။
******