လေ့ကျင့်မှုသည် ပြည့်စုံစေသည်
Vol. 37 Ch. 546
တာအိုလမ်းစဉ်ဂိုဏ်း၏ ပတ်ဝန်းကျင်ကို ရှီချန်း ခံစားရင်း အတော်ကျေနပ်နေသည်။ ဂိုဏ်းတစ်ခုလုံး အသက်ဓာတ်အပြည့်ရှိသည်။ စွန်စီးဘုံကျောင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
သူတို့စွန်စီးဘုံကျောင်းက သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသလို ခံစားရသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကို နံပတ်တစ်မသေမျိုးဂိုဏ်းလို့ ကောလဟာလပြောကြတာ မဆန်းပါဘူး။ တကယ်မှန်နေတာပဲ"
ထိုကောလဟာလဆိုသည်မှာ "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ကို ရည်ညွှန်းခြင်းဖြစ်သည်။
သိုင်းပြိုင်ကွင်းတွင် ခဏရပ်ကြည့်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ အပြင်းအထန် တိုက်ခိုက်နေသည်ကို မြင်ရသည်။ သုံးနေသည့်ပညာရပ်များက အဆင့်မြင့်သည်။ ချီးကျူးလောက်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် အချင်းချင်းသိကြသည်။ ရှီချန်းက လူစိမ်းဖြစ်၍ သူ့နောက်ခံကို ချက်ချင်းခန့်မှန်းမိကြသည်။
"မင်းက ငါတို့ဆီလာလည်တဲ့ စွန်စီးဘုံကျောင်းကဧည့်သည် ရှီချန်းဆိုတာဖြစ်မယ်။ ပြိုင်ကွင်းပေါ်မှာ လက်ရည်စမ်းချင်လား"
ရှီချန်း ပြုံးသည်။ ခေါင်းခါ၍ ငြင်းသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ဗုဒ္ဓဓမ္မရှာဖွေရန်လာခြင်းသာဖြစ်ကြောင်း ကိုယ့်အစွမ်းကို ကြွားလုံးထုတ်ခြင်းသည် သူ့သီလနှင့် မကိုက်ညီကြောင်းပြောသည်။
စကားအဖြစ်သာ ပြောခြင်းဖြစ်သည်။
...မင်းတို့က အနည်းဆုံး နတ်ဝိညာဉ်အဆင့်ရှိတယ်လေ။ ငါဘယ်လိုလုပ်နိုင်မှာလဲ။ ဒါက လက်ရည်စမ်းတာမဟုတ်ဘူး။ သက်သက်အရိုက်ခံသလိုဖြစ်မှာပဲ...
"တာအိုရှင်ဝစီပိတ်ဟာ ဗုဒ္ဓစိတ်ဓာတ်နဲ့ နတ်ဆိုးစိတ်ဓာတ် နှစ်ခုလုံးပိုင်ဆိုင်တယ်လို့ ငါ့ဆရာက အမြဲပြောတယ်။ မထိန်းချုပ်နိုင်ရင် အပြင်လောကအတွက် ပြဿနာဖြစ်လာမယ်တဲ့။
သူ့ကျင့်ကြံနှုန်းကအရမ်းမြန်လွန်းတယ်။ ငါ့ဆရာတစ်ယောက်ပဲ သူ့ကိုနိုင်တယ်။ သူ့တပည့်တွေရဲ့ အရည်အချင်းကရော ဘယ်လိုများရှိမလဲ"
ဘေးပတ်လည် ဂိုဏ်းတပည့်များထံမှ လုယန်အကြောင်း စုံစမ်းသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် လုယန်က အတော်နာမည်ကြီးသည်။ နှစ်လနှင့်သုံးရက် ယာယီဂိုဏ်းချုပ်လုပ်ခဲ့သည်။ ဂိုဏ်းတပည့်တိုင်း လုယန်အကြောင်း ပြောစရာတစ်ချို့တော့ ရှိကြသည်။
"လုယန်က ယာယီဂိုဏ်းချုပ်ဩဇာကိုသုံးပြီး အောင်နိုင်သူအဖြစ် အတင်းကြေငြာခဲ့တယ်ပေါ့။ ဒါကတော့ အတော်ဆိုးတာပဲ။ ဒါပေမယ့် သူဒီလောက်နာမည်ကြီးနေတာကိုကြည့်ရင် တစ်ဂိုဏ်းလုံးက သူ့ကိုအတော်အလေးထားကြပုံပဲ။
အရဟတ်လက်သီးကို သူသင်နိုင်တာ မဆန်းတော့ဘူး။ လုယန်က ဗုဒ္ဓစရိုက်ဗီဇနက်ရှိင်းပြီး အနာဂတ်အလားအလာအတော်ကောင်းပုံပဲ။ ယာယီဂိုဏ်းချုပ်ဩဇာကို အလွဲသုံးစားလုပ်တာဟာ နတ်ဆိုးတစ်ကောင် သူ့ကိုဝင်ပူးကပ်ခဲ့လို့ လမ်းမှားရောက်ခဲ့တာဖြစ်မယ်။
သနားစရာပဲ။ တကယ်သနားစရာကောင်းတယ်"
ဝစီပိတ်နှင့်ယှဉ်လျှင် လုယန်က ပွင့်လင်းဖြောင့်မတ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် သူ့နာမည်ဂုဏ်သတင်းက အတော်ကောင်းသည်။
"ဂိုဏ်းညီအကိုမောင်နှမတွေပြောတာ တာအိုရှင်ဝစီပိတ်မျှာ တပည့်လေးယောက်ရှိတယ်တဲ့။ လုယန်က အငယ်ဆုံးတပည့်။ ဒုတိယတပည့်နဲ့ တတိယတပည့်က အလယ်ပိုင်းတိုက်နယ်မှာမရှိဘူး။ အကြီးဆုံးတပည့်ပဲ ကောင်းကင်ဂိတ်တောင်ထိပ်မှာနေတယ်။
အဲဒီ့အကြီးဆုံးတပည့်ကို မစော်ကားမိဖို့ ဆရာကငါ့ကို အမြဲတမ်းသတိပေးတယ်။ ဒါပေမယ့် လေ့ကျင့်မှ ပြည့်စုံတယ်ဆိုတဲ့စကား ရှိတာပဲ။ ဘိုးဘေးတွေရဲ့ မှတ်တမ်းတွေ အဆုံးအမတွေဆိုတာ သူတို့အတွေ့အကြုံသက်သက်ပဲ။ တိုက်ရိုက်ကြီး လက်ခံလိုက်နာလို့ မရနိုင်ဘူး။ စမ်းသပ်ကြည့်မှပဲ သိနိုင်မယ်"
ကောင်းကင်ဂိတ်တောင်ထိပ်သို့ ရှီချန်းသွားသည်။ ကျင့်ကြံနေသည့် ယွမ်ကျိကိုတွေ့သည်။
ယွမ်ကျိက ကျင့်ကြံမှုရပ်ပြီး ရှီချန်းကို နားမလည်ဟန်ဖြင့်ကြည့်သည်။ ဘာကြောင့် စွန်စီးဘုံကျောင်းတပည့်တစ်ယောက် သူ့ကိုလာတွေ့သည်မသိ။
"ကျုပ်က စွန်စီးဘုံကျောင်းရဲ့တပည့်ပါ။ ဓမ္မနာမည် ရှီချန်းလို့ခေါ်ပါတယ်။ ခင်ဗျားက တာအိုရှင်ဝစီပိတ်ရဲ့ အကြီးဆုံးတပည့်ဆိုတာလား"
"ဟုတ်ပါတယ်။ မင်းဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
"အမယွမ်ကျိရဲ့ ကျင့်စဉ်စွမ်းအားဟာ မျိုးဆက်တူတွေထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ကျုပ်ကြားမိတယ်။ အမရဲ့ ကျင့်စည်စွမ်းအားကို ရွှေသန္ဓေအဆင့်ထိလျှော့ချပြီး ကျုပ်နဲ့လက်ရည်စမ်းကြည့်မလား"
"ကောင်းပြီလေ"
"အရိုးသားဆုံးပြောရရင် ကျုပ်ရဲ့ကျင့်စဉ်ခရီးစတင်ကတည်းက တစ်ခါမှမရှုံးဖူးသေးဘူး။ ကျုပ်ရဲ့ကိုယ်ပိုင်ကျင့်စဉ်စွမ်းအားကို ကျုပ်အတော်လေးယုံကြည်မှုရှိပါတယ်။
အမတော်ယွမ်ကျိ စိတ်တိုင်းကျတိုက်ခိုက်ပါ။ ကျုပ်ခံနိုင်ရည်မရှိမှာ မစိုးရိမ်ပါနဲ့"
သိပ်မကြာမှ ရှီချန်း ကောင်းကင်ဂိတ်တောင်ထိပ်မှ ဆင်းလာသည်။ မျက်နှာတစ်ခုလုံး ဖူးရောင်လျက် ခြေလှမ်းက ထော့နဲ့ထော့နဲ့ဖြစ်နေသည်။
"ငါ့ဆရာပြောတာ မှန်တယ်ထင်တယ်။ အမယွမ်ကျိကို ငါတကယ်သွားစိန်မခေါ်သင့်ဘူး"
ဈေးလမ်းသို့ သူလျှောက်သွားသည်။ ဆိုင်ရှင်များမှအစ စားပွဲထိုးများအထိ အားလုံးစွမ်းအားကြီးသူများဖြစ်ကြောင်း ရိပ်မိသည်။
"ဒီဈေးလမ်းကလူတွေရဲ့ သုံးပုံတစ်ပုံက အဆင့်မြင့်စွမ်းအားရှင်တွေဖြစ်မယ်"
အမှန်တော့ ဈေးလမ်းမှလူအားလုံး စွမ်းအားရှင်များဖြစ်သည်။ ကျန်သည့်နှစ်ပုံက မူလအသွင်စစ်သို့ ပြန်ရောက်နေသူများဖြစ်၍ သူအာရုံမခံနိုင်ခြင်းဖြစ်သည်။
(**မူလအသွင်စစ်ဆိုသည်မှာ အတိုင်းအတာတစ်ခုထိ စွမ်အားအဆင့်မြင့်လာပြီးနောက် သာမန်လူအသွင်ဟန်ပန်မျိုး ပြန်ရောက်ခြင်းဖြစ်သည်)
ရုတ်တရက် သူခြေလှမ်းရပ်သွားသည်။ သူ့မျက်နှာ တည်ကြည်လေးနက်လာသည်။
သူ့ရှေ့တွင် ပြင်းထန်သည့်မရဏစွမ်းအင်ရောင်ပိုင်ရှင် ကျင့်ကြံသူတစ်ယောက်ရှိသည်။ ထိုလူ အသက်ပေါင်းဘယ်လောက် သတ်ဖြတ်ခဲ့သည့်မသိ။
နတ်ဆိုးဂိုဏ်းဝင်။
ထိုလူကို နောက်ယောင်ခံ၍ လိုက်ကြည့်ရမည်။
သေချာသတိထား၍ သူလိုက်သွားသည်။ လမ်းတစ်လမ်းဖြတ်ကျော်ပြီးနောက် ထိုလူရပ်သွားသည်။
အသားကင်ဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်ခြင်းဖြစ်သည်။ လေထဲတွင် ရှီချန်းအနံ့ခံသည်။ ဟင်းခတ်အမွေးအကြိုင်နှင့် သိုးသားကင် ပေါင်းစပ်ထားသည့် မွှေးပျံ့သည့်အသားကင်နံ့ကို သူရလိုက်သည်။ ထိန်းမနိုင်သိမ်းမရ သူသွားရေယိုလာသည်။
"သိုးသားကင်တွေနော်၊ လတ်ဆတ်တဲ့ သိုးသားကင်အစစ်တွေပါ"
"လောင်ကောင်း၊ လောင်လျို၊ ငါအသားလာပို့တာဟေ့"
ထိုစကားသံကြားသည်နှင့် သခင်လျိုက လက်ထဲမှ တံစို့ထိုးထားသည့်အသားများကို သခင်ကောင်းထံ လွှဲပေးပြီး ထာဝရဂိုဏ်းချုပ်ထံမှ မှော်လက်စွပ်ကို လှမ်းယူသည်။
မှော်လက်စွပ်ထဲတွင် လတ်လတ်ဆတ်ဆတ်သတ်ဖြတ်ခုတ်လှီးထားသည့် အမဲသားနှင့်သိုးသားများ အပြည့်ပါသည်။ အသားတုံးများက အကြောများပင် လှုပ်နေသေးသည်။
"ကိုယ်တော်လေး ကျုပ်နောက်ကဘာလို့လိုက်လာတာလဲ။ အသားကင်စားချင်လို့လား"
ဂိုဏ်းချုပ် နောက်လှည့်မေးသည်။ ရှီချန်းလိုက်လာသည်ကို သူအစကတည်းကသိသည်။
ရှီချန်း ခေါင်းခါသည်။
"ကျုပ်မှာ ငွေမရှိဘူး"
စားသောက်ဆိုင်မှ အစားအသောက်များက သိပ်ဈေးမကြီး။ သူငွေမရှင်းနိင်လျှင် ပန်ကန်ဆေး၍ လုပ်အားဖြင့်ပေးဆပ်နိုင်သည်။
သို့သော် ဤအသားကင်များက အတော်ဈေးကြီးသည်။ ဝိညာဉ်ကျောက်များဖြင့် ဝယ်ယူရသည်။ လေးငါးရက်လောက် သူပန်ကန်ဆေးရုံဖြင့် အကြွေးကျေမည်မဟုတ်။
"ကိစ္စမရှိပါဘူး။ မင်းက စွန်စီးဘုံကျောင်းကလူထင်တယ်။ ငါတို့အတွက် ဖောက်သည်ဆိုတာ ဧည့်သည်ပါပဲ။ ဒီအသားကင်တွေကို အလကားကျွေးပါ့မယ်"
ရှီချန်း ခေါင်းခါပြန်သည်။
"အလကားကျွေးတာကို ကျုပ်လက်မခံနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားတို့မှာ မွေးမြူရေးခြံရှိပုံရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်မှာလည်းအရင်က မွေမြူရေးခြံတစ်ခုရှိခဲ့တယ်။ ခင်ဗျားတိုခြံမှာ ကျုပ်အလုပ်လုပ်ပေးနိုင်ပါတယ်"
အမှန်တော့ သူသည် အရင်က သားသတ်ရုံတစ်ခုတွင် အလုပ်လုပ်နေခဲ့ခြင်းဖြစ်သည်။ သူ့ဦးရီးတော်ကသူ့ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ပညာသင်မလွှတ်လျှင် သားသတ်ရုံ၌သာ သူရှိနေပေလိမ့်မည်။
ယခု တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုအလုပ်အကိုင်အခွင့်အလမ်းရှိနေသည်။ သူဆက်လက်ကျင့်ကြံဖို့ ထိုအခွင့်အရေးကို ဖမ်းဆုပ်ရမည်။
"အဲ..."
ထာဝရဂိုဏ်းချုပ် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ဤကိုယ်တော်သည် စွန်စီးဘုံကျောင်းမှ အဆင့်မြင့်ဘုန်းကြီးတစ်ယောက်ဖြစ်မှန်း သိသာသည်။ တာအိုလမ်းစဉ်ဂိုဏ်းအနေဖြင့် ထိုကိုယ်တော်မျိုးကို မွေးမြူရေးခြံသို့လွှတ်လျှင် သိပ်မသင့်တော်လောက်။
ရှီချန်းက တိုင်ပုဖန်ပေးသည့် တံဆိပ်ကို ထုတ်ပြသည်။
"အကိုတိုင်ကပြောတယ်။ ဒီတံဆိပ်နဲ့ဆို တာအိုလမ်းစဉ်ဂိုဏ်းထဲက ဘယ်နေရာမဆို သွားလို့ရတယ်တဲ့"
အခိုင်အမာဆုံးဖြတ်ထားသည့် ရှီချန်းကိုကြည့်၍ ဂိုဏ်းချုပ် မတားတော့။ ရှီချန်းက အသားကင်များကို ပျော်ရွှင်စွာစားသောက်သည်။
ဂိုဏ်းချုပ်က ဂိုဏ်းအတွင်းပိုင်းနယ်မြေကိုဖြတ်၍ လွင်ပြင်တစ်ခုသို့ ရှီချန်းကို ခေါ်သွားသည်။ ထိုနေရာတွင် သူ့မွေးမြူရေးခြံရှိသည်။ နွားအုပ်နှင့်သိုးအုပ်များ နေရာတိုင်းတွင်ရှိနေသည်။ မြက်ခင်းများက စိမ်းစိုလတ်ဆတ်သည်။
"ပြန်လာပြီလားခေါင်းဆောင်"
ဘုန်းကြီးတစ်ယောက်ခေါ်လာသသည့် ထာဝရဂိုဏ်းချုပ်ကိုကြည့်၍ ရှောင်ဝူ၊ ရှောင်လျို၊ ရှောင်ချီ သရဲလှသုံးယောက် အံ့အားသင့်သွားကြသည်။
နတ်ဆိုးဂိုဏ်းချုပ် မွေးမြူရေးခြံဖွင့်ထားသည်ကပင် ထူးဆန်းနေပြီဖြစ်သည်။ ယခု ဘုန်းကြီးတစ်ယောက်ပါ မွေးမြူရေးခြံသို့ ရောက်လာသည်။
လှပသည့်သရဲမသုံးယောက်ကို မြင်ရသဖြင့် ရှီချန်းလည်း အံ့အားသင့်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းက သရဲသုံးယောက်ကို လက်ခံထားသည်။ သူတော်စင်တို့၏ အစွန်းရောက်နည်းလမ်းများ ကျင့်ကြံနေကြသလားမသိ။
"ဒကာမသုံးယောက်ကို ရှီချန်း နှုတ်ဆက်ပါတယ်"
သရဲမသုံးယောက်လည်း ပြန်နှုတ်ဆက်သည်။
ရှီချန်း ချက်ချင်း အလုပ်စလုပ်သည်။ မြန်ဆန်တိကျသည့် ဓားချက်များဖြင့် နွားထီးတစ်ကောင်၏ ကြွက်သားများကို ထိုးခွဲသည်။ သိပ်မကြာမီ ညီညာသည့်အသားတုံးများအဖြစ် ပြောင်းလဲသွာသည်။
"ကောင်းလေစွ...ဪ ကောင်းလေစွ။ နမော အမီတ ဗုဒ္ဓ...'
ရှီချန်း သားသတ်ဓားကိုချ၍ သေခြင်းမန္တာန်ကို ရွတ်ဆိုသည်။ နွားထီး၏ နာကျည်းစွမ်းအင်များကို ဖျက်ဆီးလိုက်သည်။
နွားပေါင်းများစွာ သူသတ်ဖြတ်ခဲ့သော်လည်း အသားတွင် နာကျည်းစွမ်းအင်ရောင် လုံးဝမကပ်ငြိဘဲ သန့်ရှင်းနေခြင်းမှာ ထိုအကြောင်းကြောင့်ဖြစ်သည်။
သားသတ်သမားအားလုံးကို သေခြင်းမန္တာန် သင်ပေးဖို့ သူအမြဲကြိုးစားသည်။ သို့သော် သိပ်မအောင်မြင်သေး။
သားသတ်သမားများအားလုံး သူလုပ်သလို လုပ်နိုင်လျှင် အိမ်မွေးတိရစ္ဆာန်များ၏ နားကျည်းစွမ်းအင်ကိုသုံး၍ ဝိညာဉ်ဆင့်ခေါ်အလံသန့်စင်ခဲ့သည့် မဟာယုကျင့်ကြံသူလို့အဖြစ်မျိုး လုံးဝရှိလာမည်မဟုတ်။
"ကိုယ်တော်၊ မန္တာန်မရွတ်ပါနဲ့တော့"
သရဲမသုံးယောက်ထဲမှ ရှောင်ဝူက တောင်းပန်သည်။ သူတို့သည် အခြေတည်အဆင့်သာရှိသည်။ ရှီချန်း၏ သေခြင်းမန္တာန်စွမ်းအားကို မခံနိုင်ကြ။
ရှီချန်း ချက်ချင်းရပ်လိုက်သည်။
သရဲမသုံးယောက် အနီးတွင်ရှိသည့်အဖြစ်ကို သူမေ့သွားသည်။
အားနာသွားသဖြင့် ရှီချန်း ထပ်ပြောသည်။
"တစ်နေ့နေ့ အသက်ရှင်နေရတာကို မင်းတို့ငြီးငွေ့လာရင် ကျုပ်ကိုပြောပါ။ ဘဝကူးနိုင်အောင် မန္တာန်ရွတ်ပြီး အခမဲ့ကူညီပေးပါ့မယ်"
သရဲမသုံးယောက် အတင်းခေါင်းခါ၍ငြင်းကြသည်။
************************************