ကိုယ်တော်ရှီချန်း
Vol. 37 Ch. 547
စွန်စီဘုံးကျောင်းတပည့်ဖြစ်၍ ရှီချန်းသည် တစ်ယောက်ယောက်အတွက် ဘာသာရေးအခမ်းအနားတစ်ခုလုပ်ပေးလျှင် မိုးထိခေါင်ခိုက်သည့် ငွေပမာဏမျိုး တောင်းနိုင်သည်။
အလယ်ပိုင်းတိုက်နယ်တွင် မသေမျိုးငါးဂိုဏ်းစာရင်းဝင်ဖြစ်သည့် စွန်စီးဘုံကျောင်းသည် အင်အားအကြီးဆုံး ဗုဒ္ဓအမွေအနှစ်ကို ပိုင်ဆိုင်ထားသည်။ ဘုံကျောင်းအားလုံး၏ ကိုယ်စားပြုခေါင်းဆောင်ဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် စွန်စီးဘုံးကျောင်းမှကိုယ်တော်မှန်သမျှ အပြင်လောကတွင် ကြည်ညိုလေးစားခံရသည်။ အပြင်လောကမှလူအားလုံးက 'ကိုယ်တော်'ဟု ခေါ်ကြသည်။
သူ့ကျင့်စည်စွမ်းအားကလည်း ရွှေသန္ဓေနောက်ဆုံးအဆင့်ဖြစ်၍ အများလေးစားခံထိုက်သည်။
လက်အုပ်ချီလျက် ကရုဏစိတ်အပြည့်ဖြင့် နွားတစ်အုပ်ဆီ သူလျှောက်သွားပြီး အလေးအနက်လေသံဖြင့်ပြောသည်။
"ငါတို့ကျင့်ကြံသူတွေဟာ 'ငါ့ကံကြမ္မာဟာ ငါ့လက်ထဲမှာရှိတယ်။ ကောင်းကင်ကမပိုင်ဘူး'လို့ ပြောတတ်ကြတယ်။ ကံကြမ္မာကို မယုံကြဘဲ သတ္တိရှိရှိ ဆန့်ကျင်တွန်းလှန်တယ်။ မဟာလမ်းစဉ်ကို အောင်မြင်သွားတဲ့(မသေမျိုးဖြစ်သွားတဲ့)လူတွေ ရှိပါတယ်။ ဒါပေမယ့် အတော်နည်းတယဘ်။ သူတို့ ကံကြမ္မာကိုဆန့်ကျင်နိုင်ခဲ့တာဟာ နောက်ထပ်ကံကြမ္မာအလှည့်အပြောင်းလားဆိုတာ သေချာမသိနိုင်ဘူး။
လူသားအားလုံးဟာ သတိမမူမိဘဲ ကံကြမ္မာနဲ့ နှောင်ဖွဲ့နေတာမျိုးဖြစ်နိုင်တယ်။ ကံကြမ္မာဟာ အချုပ်အနှောင်ပဲ။ ဘယ်သူမှ မဆန့်ကျင်နိုင်ဘူး။ ငါကိုယ်တော်လည်း မဆန့်ကျင်နိုင်ဘူး။ ဟိုမိန်းကလေးသုံးယောက်လည်း မဆန့်ကျင်နိုင်ဘူး"
လက်ဝါးတစ်ဘက် ရင်ဘတ်ရှေ့တွင်ထောင်ထားပြီး နောက်လက်ဝါးတစ်ဘက်ဖြင့် နွားတစ်ကောင်၏ ကျောရိုးကိုပွတ်သပ်နေသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် မွေးထားသည့်နွားအုပ်သည် သာမန်မဖြစ်နိုင်။ မြင့်မြတ်သည့်သွေးဆက်ဖြစ်သည်။ သူတို့နေ့စဉ်စားသုံးသည့် မြက်နှင့်ရေကလည်း ထူးခြားသည်။ ရှီချန်း အရင်မွေးခြံများတွင် တွေ့ဖူးသည့်နွားများထက် အရေပြားကပိုနူးညံ့သည်။
"မင်းက အသတ်ခံဖို့၊ လူသားတွေရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ မွေးလာတာ။ မင်းရဲ့အသားဟာ သူများကိုပေးဖို့၊ လူတွေရဲ့ရသတဏှာကို ဖြည့်ဆည်းဖို့ပဲ။ ဒါဟာကြီးမြတ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ မင်းရဲ့ကိုယ်ပိုင်ခန္ဓာကို မင်းမထိန်းချုပ်နိုင်တဲ့သဘောပဲ။
ငါကိုယ်တော်မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ သတ်ဖြတ်ခံနေရတဲ့ ကံကြမ္မာစက်ဝန်းအောက်က မင်းလွတ်မြောက်ချင်တယ်ဆိုရင် တစ်ကြိမ်အော်ပါ။ မင်းခန္ဓာကိုယ်ကို လူသားမျိုးနွယ်အတွက် ပေးအပ်ချင်တယ်ဆိုရင် နှစ်ကြိမ်အော်ပါ"
နွားက ငြိမ်၍ ရပ်နေသည်။ ဘာသံမှမထွက်။
ရှီချန်း သက်ပြင်းချသည်။
"ထင်တဲ့အတိုင်းပါလား။ မင်းက အသိဉာဏ်အမှောင်ဖုံးပြီး မွေးလာတာပဲ။ မင်းရဲ့ဗီဇဉာဏ်ရည်က အားနည်းတယ်။ လူစကားကို နားမလည်နိုင်ဘူး။ ဗုဒ္ဓအဆုံးအမတွေကိုလည်း နားမလည်နိုင်ဘူး"
ထို့နောက် ရှုပ်ထွေးခက်ခဲသည့် ကျမ်းစာများကို သူအသံတိတ်ရွတ်ဖတ်သည်။
"အဇူရာကောင်းကင်အစပြုတဲ့အချိန် ကျယ်ပြန့်တဲ့ စကြာဝဠာထဲမှ အဆုံးစမဲ့ကမ္ဘာတစ်ခု ဖြစ်တည်ခဲ့တယ်..."
နွားကငြိမ်နေဆဲဖြစ်သည်။
ရှီချန်း စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ မြေပြင်မှ သားသတ်ဓားကိုငုံ့ကောက်၍ မြန်ဆန်သည့်ဓားတစ်ချက်ဖြင့် နွား၏အသက်ကို အဆုံးသတ်လိုက်သည်။
"သာဓု...သာဓု..."
ထိုမြင်ကွင်းကိုကြည့်၍ သရဲမသုံးယောက် မင်သက်မိနေကြသည်။
"မိတ်ဆွေလေး၊ မင်းဘာလုပ်နေတာလဲ"
ကြည်လင်အားကောင်းသည့် စကားသံတစ်ခု ပေါ်လာသည်။
ရှီချန်း လှည့်ကြည့်သည်။ ထိုလူစိမ်းကို သူမမြင်ဖူး။
"ဒကာတော်နာမည်က..."
"ကျုပ်ကို ဆိုင်ရှင်ပုလို့ ခေါ်လို့ရပါတယ်။ ဒီမွေးမြူရေးခြံပိုင်ရှင်ပါ"
ရှီချန်း၏ ထူးဆန်းသည့်အပြုအမူများကို ထာဝရအရှင် အဝေတးမှကြည့်နေခဲ့သည်။ နွားနှင့် အတော်ကြာအောင် စကားပြောသည်။ ထို့နောက် သတ်လိုက်သည်။ သူအတော်တွေးရကြပ်နေသည်။
"ဪ ဆိုင်ရှင်ပု၊ ကျုပ်က စွန်စီးဘုံကျောင်းကတပည့် ရှီချန်းပါ။ ခုနက စိတ်နှလုံးကို ဉာဏ်အလင်းပြပြီး ဒီနွားကိုရွေးချယ်ခွင့်ပေးလိုက်တာပါ။ ကျုပ်ရွတ်ဆိုခဲ့တဲ့ ကျမ်းစာက "နွားဘဝလွန်မြောက်ခြင်းသုတ္တာန်"လို့ ခေါ်ပါတယ်"
"နွားဘဝလွန်မြောက်ခြင်းသုတ္တာန်"
ထာဝရအရှင် ခေါင်းရှုပ်သွားသည်။ သူတစ်ခါမှမကြားဖူး။
"ကျုပ်ကိုယ်တိုင်ရေးထားတဲ့ ကျမ်းစာပါ။ 'ဝက်ဘဝလွန်မြောက်ခြင်း' 'သိုးဘဝလွန်မြောက်ခြင်'သုတ္တာန်တွေလည်း ရှိပါတယ်။ အရင်သားသတ်ရုံတွေမှာတုန်းက တိရစ္ဆာန်တွေကိုမသတ်ခင် ဒီကျမ်းစာတွေကို အမြဲရွတ်ပြီး သူတို့ကိုယ်ပိုင်ကံကြမ္မာကို ရွေးချယ်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် အခုထိတော့ တစ်ကောင်မျှ မတုံ့ပြန်သေးဘူး။
သတ်ပြီးရင် 'သန့်စင်မြေမန္တာန်"ကို ရွတ်ဆိုပြီး သူတို့ရဲ့နာကျည်းစွမ်းအင်ရောင်တွေကို ဖျက်ဆီးပေးတယ်။ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ဘဝကူးနိုင်အောင်ပေါ့"
အရင်နွားများကို ထာဝရဂိုဏ်းချုပ်က သတ်ခဲ့သည်။ ရှီချန်းက ယခုတစ်ကောင်အတွက်သာ တာဝန်ရှိသည်။ ဤတစ်ကောင်က ထိုဖြစ်စဉ်တစ်ခုလုံး ကျော်ဖြတ်ခဲ့ရသည်။
ရှီချန်းစကား သဘာဝကျသည်ဟု ထာဝရအရှင် ခံစားရသည်။ သူတို့မွေးမြူရေးခြံသည် အမှန်ပြောရလျှင် သားသတ်ရုံတစ်ခုဖြစ်သည်။
သွေးသံရဲရဲမြင်ကွင်းများ အလွယ်တကူ စိတ်ထဲစွဲလာနိုင်သည်။ ထိုအဖြစ်သည် သူတို့အသစ်တည်ဆောက်ထားသည့် အပြုသဘောပုံရိပ်နှင့် သိပ်မကိုက်ညီ။
သူတို့အားလုံး ရှီချန်းလုပ်သလို လုပ်သင့်သည်။ အရင်ဆုံး ရှင်းပြမည်။ သတ်မည်။ နောက်ဆုံး ဘဝကူးဖို့ ပို့ဆောင်ပေးမည်။
ထိုသို့လုပ်လျှင် ယွမ်ကျိ၊ ခေါင်းဆောင်ကြီး(နတ်မယ်)၊ ဒုတိယခေါင်းဆောင်တို့က သူတို့အပေါ် သေချာပေါက်အမြင်ပြောင်းသွားပေလိမ့်မည်။
တာအိုလမ်းစည်ဂိုဏ်တွင် ထာဝရအရှင်၏ သရုပ်မှန်ကိုသိသူ သုံးယောက်သာရှိသည်။
ထာဝရဂိုဏ်းထိပ်တန်းပုဂ္ဂိုလ်များတို့၏ သရုပ်မှန်သိသူ အကိုတိုင်နှင့် မဟာအကြီးအကဲတို့အပါအဝင် လူတစ်ချို့ရှိသည်။
ကိစ္စများဆောင်ရွက်သည့်နေရာတွင် ထာဝရအရှင်သည် ထာဝရနတ်မယ်နှင့် အတော်တူသည်။ ဆုံးဖြတ်ချက်မြန်ဆန်သည်။ ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်းလုပ်ဆောင်သည်။
ခြံထဲတွင် နွားစာကျွေးနေသည့် ထာဝရဂိုဏ်းအကြီးအကဲများနှင့် ဒုခေါင်းဆောင်ကျင်း၊ အသားကင်ဆိုင်တွင် ကျန်ခဲ့သည့် သခင်လျိုနျှင့်သခင်ကောင်းတို့ကို ချက်ချင်းအကြောင်းကြားသည်။
ထိုညတွင်
အသားကင်ဆိုင်ပိတ်ပြီးနောက် သခင်လျိုနှင့်သခင်ကောင်းတို့အဖွဲ့ မွေးမြူရေးခြံသို့ သွားကြသည်။
"လူစုံပြီလား"
"စုံပါပြီရှင်"
ရှောင်ဝူက ပြောသည်။
ထိုမိန်းကလေးသုံးယောက်သည် ထာဝရဂိုဏ်းဝင်မဟုတ်သော်လည်း လက်ရှိတွင် ထာဝရဂိုဏ်းချုပ်၏ လက်ထောက်များအဖြစ် ထမ်းဆောင်နေသူများဖြစ်၍ စည်းဝေးပွဲရှိတိုင်း သူတို့ကိုပါ ဖိတ်ခေါ်သည်။
ထာဝရအရှင် ခေါင်းတစ်ချက်ငြိမ့်၍ နေ့ခင်းပိုင်းက ရှီချန်း၏လုပ်ရပ်များအကြောင်း ဆွေးနွေးသည်။ ထာဝရဂိုဏ်းဝင်အားလုံး အတွေးနက်သွားကြသည်။
"ဒါဆို အရှင်ပြောချင်တာက..."
"အားလုံးက မိသားစုလို ယုံကြည်ရတဲ့လူတွေဖြစ်လို့ ငါရှင်းရှင်းပဲပြောမယ်။ ငါတို့အားလုံးဟာ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အကျဉ်းသားတွေပဲ။ ဘယ်အချိန် သူတို့စိတ်ပြောင်းပြီး ငါတို့ကိုသတ်ပစ်မလဲ မသိနိုင်ဘူး။
အပြောင်းအလဲဖြစ်အောင် ငါတို့စွန့်စားလုပ်ဆောင်ရမယ်။ အသားကင်ဆိုင်၊ မွေးမြူရေးခြံဖွင့်ရုံနဲ့ မလုံလောက်သေးဘူး။ လူတွေအတွက် ဆန်းသစ်တဲ့အတွေ့အကြုံတစ်ခုခု ဖန်တီးပေးနိုင်ရမယ်။ ရှီချန်းရောက်လာတာ ငါတို့အတွက် အခွင့်အရေးပါ။
ဗုဒ္ဓကျမ်းစာသင်ယူတဲ့နေရာမှာ အဆိုးဆုံးအမှားအယွင်းက လမ်းကြောင်းလွဲသွားတာမျိုးပဲ။ ရှီချန်းက စွန်စီးဘုံကျောင်းကလူပါ။ ဗုဒ္ဓဝါဒကိုယ်စားပြုစစ်စစ်ပဲ။ သူ့ရဲ့ ဗုဒ္ဓအသိအမြင်တွေဟာ သေချာပေါက် နက်ရှိုင်းစစ်မှန်မှာပဲ။ ငါတို့ သူ့ဆီကသင်ယူပြီး ဗုဒ္ဓလိုစရိုက်မျိုးဖြစ်လာအောင် ကျင့်ကြံသင့်တယ်။
ဒါမှ ငါတို့တကယ်ပြောင်းလဲသွားပြီဆိုတာ သက်သေပြနိုင်မှာ"
ထာဝရဂိုဏ်းချုပ်တို့လူစု အကြိမ်ကြိမ် ခေါင်းငြိမ့်နေသည်။ ထာဝရအရှင်၏ ဉာဏ်ရည်က တကယ်မြင့်မားသည်။ သူတို့က ရှိနေသည့်အဆင့်အတန်းဖြင့် ရောင့်ရဲနေချိန်တွင် ထာဝရအရှင်က နောက်တစ်လှမ်းလှမ်းဖို့ ကြံနေပြီဖြစ်သည်။
"ကန့်ကွက်စရာမရှိရင် ဒီကိစ္စကို ဒီလိုပဲဆုံးဖြတ်လိုက်ပြီ"
"ဟိုလေ..."
ရှောက်ဝူ မဝံ့မရဲလက်မြှောက်သည်။ သူတို့လို အခြေတည်သရဲမများအနေဖြင့် ထာဝရဂိုဏ်းထိပ်သီးများနှင့်အတူ အစည်းအဝေးထိုင်ရသည်မှာ အတော်အနေခက်လှသည်။
"စိတ်ထဲရှိတာ လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်"
"သရဲတွေရော ဗုဒ္ဓကျမ်းစာ သင်လို့ရလား"
ထာဝရအရှင် မေးကိုပွတ်၍ စဉ်းစားသည်။ ဒါတကယ်တွေးရခက်တဲ့ကိစ္စပဲ။ မနက်ဖြန်မှ ရှီချန်းကို မေးကြည့်ရအောင်"
နောက်တစ်နေ့မနက်တွင် ထာဝရဂိုဏ်းဝင်များ ရှီချန်းထံသွား၍ သူတို့ရည်ရွယ်ချက်ကို ရှင်းပြသည်။
သူတို့စကားကို ဆင်ခြင်သုံးသပ်ပြီးနောက် ထိုလူများသည် ပြင်းထန်သည့်ဗုဒ္ဓဗီဇပိုင်ဆိုင်သူများ၊ ဗုဒ္ဓနှင့် ရေစက်ရှိသူများဟု ရှီချန်း တွေးမိသည်။
"ဗုဒ္ဓဟာ သက်ရှိအားလုံးကို ကယ်တင်တယ်။ ကျုပ်ဆီက သင်ယူချင်တယ်ဆို ကျုပ်သိထားသမျှ အကုန်သင်ပေးမှာပါ။
ဒီမိန်းကလေးသုံးယောက်လည်း စိုးရိမ်စရာမလိုပါဘူး။ အရင်ကလည်း သရဲဝိညာဉ်တွေ ဗုဒ္ဓအဆုံးအမ လေ့လာတဲ့အဖြစ်မျိုး ရှိခဲ့ဖူးပါတယ်။ သူ့တဲ့ရဲ့မူလပုံစံကို ယုံကြည်ချက်စွမ်းအားနဲ့ ပြန်ပြုပြင်နိုင်ခဲ့ကြတယ်။ ပြဿနာမရှိပါဘူး"
ရှောင်ဝူတို့သုံးယောက် စိတ်သက်သာရာရသွားသည်။ ကျမ်းစာလေ့လာရင်း သူတို့လက်ရှိအခြေအနေမှ မတော်တဆ 'လွတ်မြောက်'သွားမည်ကိုသာ သူတို့စိုးရိမ်သည်။
နေ့ခင်းပိုင်းတွင် သက်ဆိုင်ရာလုပ်ငန်းကိုယ်စီ လုပ်ကြသည်။ ညရောက်လျှင် ဗုဒ္ဓကျမ်းစာများ အတူလေ့လာပြီး အဆုံးအမတို့၏ အဓိပ္ပါယ်ကို ဆွေးနွေးသည်။ သူတို့၏ တစ်နေ့တာအချိန်ဇယားက အတော်အချိန်ကျသည်။ ရှီချန်းပင် သင်ကြားဆွေးနွေးပေးရင်း အမြင်သစ်များရလာသည်။
.....
သူ့တပည့်ပေးလာသည့် သတင်းအစီရင်ခံစာကိုကြည့်၍ တိုင်ပုဖန် နားမလည်နိုင်အောင်ဖြစ်နေသည်။
ရှီချန်းဘာကြောင့် မွေးမြူရေးခြံတွင် အလုပ်လုပ်နေသနည်း။
ဘာကြောင့် ထာဝရအရှင်က ဗုဒ္ဓကျမ်းစာများ သင်ယူနေသနည်း။
ထို့ကိစ္စ စွန်စီးဘုံကျောင်းသိသွားလျှင် ဘယ်လိုတုံ့ပြန်မည်နည်း။
ရှီချန်း၏ ရည်ရွယ်ချက်များကို တိုင်ပုဖန်သေချာနားမလည်။ သူ့ဆရာမဟာအကြီးအကဲ သေသည်ရှင်သည် မသိရသေး။ အားကိုစရာလူမရှိသဖြင့် ယွမ်ကျိကို အကြံတောင်းဖို့ သူဆုံးဖြတ်လိုက်သည်။
"အမယွမ်..."
ရှီချန်အကြောင်းရှင်းပြပြီးနောက် တာအိုလမ်းစဉ်ဂိုဏ်းအနေဖြင့် ဘယ်လိုဆောင်ရွက်သင့်သည်ကို ယွမ်ကျိအား မေးသည်။
ခဏစဉ်းစားပြီးနောက် ယွမ်ကျိ ဖြေးညှင်းစွာ ပြန်ပြောသည်။
"ရှီချန်းစရောက်တုန်းက ငါ့ကိုလာပြီးစိန်ခေါ်ခဲ့တယ်"
တိုင်ပုဖန် မျက်လုံးပြူးသွားသည်။ တကယ်ရဲတင်းလွန်းလှသည်။
မွေးကင်းစနွားငယ်သည် ကျားကိုမကြောက်ဟု ဆိုရိုးရှိသည်။ ထိုအဖြစ်သည် ရှီချန်းလုပ်ရပ်ကို ယှဉ်နိုင်မည်မဟုတ်။ နာမည်ကျော်ကျောင်းထိုင်ကိုယ်တော်ကျဲ့ရှားပင် ထိုသို့မလုပ်ရဲ။
"အမယွမ်ဆိုလိုတာက..."
"သူဘာလုပ်လုပ် အံ့ဩမနေနဲ့လို့ ပြောချင်တာပါ။ ငါ့ကိုတောင် သူစိန်ခေါ်ရဲသေးတာပဲ"
"ဟုတ်ပါတယ်လေ"
**********************************