← Chapters

သမိုင်းတစ်ပတ်လည်

Vol. 37 Ch. 549

သမိုင်းတစ်ပတ်လည်

Vol. 37 Ch. 549

"သူတို့က ငါတို့ဘိုးဘေးဉာဏ်အလင်းရခဲ့တဲ့နေရာကို သွားလည်ချင်တယ်ပေါ့"

သင်ကြားရေးဆရာ၏စကားကိုကြားပြီးနောက် ဂိုဏ်းချုပ်ချိုးကျင်အန်း ခဏတွေသွားသည်။

လွန်ခဲ့သည့်နှစ်တစ်သိန်းက သူတို့ဘိုးဘေး ပထမဆုံးဉာဏ်အလင်းရခဲ့သည့် မသေမျိုးနယ်မြေသည် တားမြစ်ဇုံတစ်ခုဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်ရောက်ပြီးသူတို့လွဲလျှင် ဝင်ခွင့်မရှိ။

အချိန်များဖြတ်ကျော်ခဲ့သည်။ နှစ်တစ်သိန်းကြာသွားသည်။ မရေမတွက်နိုင်သည့် ဓာတ်ငါးမျိုးဂိုဏ်းပါရမီရှင်များ၊ စွမ်းအားရှင်ကြီးများ ဉာဏ်အလင်းရလိုရငြား ထိုနယ်မြေသို့ဝင်ရောက် စူးစမ်းခဲ့သည်။

ဂိုဏ်းဘိုးဘေးကဲ့သို့ စွမ်းဆောင်နိုင်ရန် ကြိုးစားကြသည်။ သို့သော် တစ်ယောက်မှ မအောင်မြင်ခဲ့။

မသေမျိုးကျားကစားပွဲပုံရိပ်လည်း နောက်ထပ်တစ်ခါမှ ပြန်ပေါ်မလာတော့။ ယခုထိပင် ထိုမသေမျိုးသုံးယောက် ဘယ်သူဘယ်ဝါမှန်း ကောက်ချမချနိုင်ကြ။

ချိုးကျင်အန်း မော့ကြည့်သည်။ နံရံတွင်ချိတ်ထားသည့် ရှေးဟောင်းပန်းချီကားတစ်ချပ်ကိုမြင်သည်။ ပန်းချီကားက မသေမျိုးအရောင်အဝါများပြည့်နေသည်။

နားလည်ဖို့ ခန့်မှန်းဖို့ခက်သည့် အဆုံးစမဲ့ပဟေဠိများ ပါဝင်နေသည်။

ရှေးဟောင်းလက်ရာတစ်ခုဖြစ်သော်လည်း ထူးဆန်းသည့်စွမ်းအားတစ်ခုက ကာကွယ်ထားသလိုရှိသည်။ နှစ်တစ်သိန်းကြာခဲ့သည့် ပန်းချီကားတစ်ခုနှင့် လုံးမတ။

ပန်းချီကားထဲတွင် မသေမျိုးနှစ်ယောက် ကျောက်ကုလားထိုင်များ၌ထိုင်၍ အတွေးနစ်နေသည်။ မျက်နှာများက ဝေဝါးနေသော်လည်း အတွေးနစ်နေကြောင်း သိသာသည်။ နဖူးကြောများ ရှုံ့နေသည်။ ထင်းများသယ်လာသည့် တတိယမသေမျိုးက ကျားခုံကို စိုက်ကြည့်နေသည်။ သူ့မျက်နှာလည်း မထင်ရှား။

ကျားခုံပေါ်မှာ ဖြူနက်ကျားစေ့များက အသေအလဲ ယှဉ်ပြိုင်နေသည့်အနေအထားဖြစ်သည်။ ကျားစေ့တူများ ငါးခုတစ်တန်းတည်း မချိတ်ဆက်နိုင်ကြ။ တိုက်ပွဲက ပြင်းထန်သည်။ အနိုင်အရှုံး ခွဲခြား၍မရ။

စာပေကျင့်ကြံသူဖြစ်သည့် သခင်ထန်ခွေ့သည် ပန်းချီပါရမီ ထူးကဲသည်။ ဤလက်ရာကို မသေမျိုးနယ်မြေမှ ပြန်လာချိန်တွင် သူမြင်ခဲ့သည့်အတိုင်း ပြန်လည်ပုံဖော်ရေးဆွဲထားခြင်းဖြစ်သည်။

ရှေးဟောင်းပန်းချီကားဘေးတွင် သခင်ထန်ခွေ့၏ နောက်ထပ်ပန်းချီလက်ရာတစ်ခုလည်း ရှိနေသည်။

ထိုပန်းချီကားထဲတွင် သခင်ထန်ခွေ့က ခံ့ညားသည့်စာပေဝတ်ရုံဝတ်လျက် စွမ်းအင်အပြည့်ဖြင့် သူ့စွမ်းအားကို ထုတ်ပြနေသည်။

သူ့ခြေထောက်နှစ်ဘက်က နာမည်ကျော်စွမ်းအားရှင်များဖြစ်သည့် မုန်မိသားစုနှင့် ကျန်းမိသားစုဘိုးဘေးတို့ကို တစ်ဘက်စီနင်း၍ရပ်နေသည်။

စွမ်းအားရှင်နှစ်ယောက်လုံး ဒဏ်ရာရထားကြဟန်ရှိသည်။ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိသာသည်။ သို့သော် သခင်ထန်ခွေ့ကို သူတို့မနိုင်ကြ။

ပန်းချီပါရမီထူးကဲသည့် သခင်ထန်ခွေ့က ထိုမြင်ကွင်းကို စိတ်ကူးဖြင့် ပုံဖော်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ပန်းချီကားနှစ်ချပ်မှ ချိုးကျင်အန်း အကြည့်ခွာလိုက်သည်။ ခဏစဉ်းစားပြီးနောက် သူခေါင်းတစ်ချက်ငြိမ့်သည်။

"ကလေးတွေက မသေမျိုးအမွေအနှစ်တွေကို မမြင်ဖူးသေးတော့ အမြင်ကျယ်အောင် လေ့လာချင်ကြတာဖြစ်မယ်။ ဒါကိုနားလည်ပေးလို့ရပါတယ်။

ကောင်းပြီလေ..ငါသူတို့ကို ခေါ်သွားလိုက်မယ်"

မည်သို့ဆိုစေ ဤနေရာသည် သူတို့ဘိုးဘေး ဉာဏ်အလင်းရခဲ့သည့်နေရာဖြစ်သည်။ ယခု အမှတ်တရနေရာတစ်ခုနှင့် ဘာမှမထူး။ လေးစားသည့်သဘောဖြင့်သာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

မသေမျိုးနယ်မြေသို့ ဝင်ခွင့်ပြုပြီး ချိုးကျင်အန်းကိုယ်တိုင် လိုက်ပို့မည်ဟုကြားသည်နျင့် လုယန်တို့မျက်နှာမှ အပြုံးများ ဖုံးမနိုင်ဖိမရ ပေါ်လာသည်။

ဒဏ္ဍာရီ မသေမျိုးနယ်မြေ။

အများသိထားသည့် လျှို့ဝှက်နယ်မြေ အားလုံးထဲတွင် မသေမျိုးနယ်မြေလောက် ဘယ်ဟာမှအဆင့်မရှိ။ ရှားပါးအဖိုးတန်သည့် အဆင့်အတန်းကို ထင်ဟပ်နေသည်။

သို့သော် ခန္ဓာကိုယ်ထဲတွင် 'မသေမျိုးလောက'ရှိနေသည့် လုယန်လိုလူအတွက်တော့ ထိုမသေမျိုးနယ်မြေသည် ဘာမှမထူးခြား။

ချိုးကျင်အန်း ဦးဆောင်မှုဖြင့် သူတို့လူစု ထိုနေရာသို့ ချက်ချင်းရောက်သွားသည်။

မသေမျိုးနယ်မြေသည် မီးစွမ်းအင်ကြောနှင့် ရေစွမ်းအင်ကြောဆုံသည့်နေရာတွင် ရှိသည်။

"တောင်က မြင့်လှချည်လား"

မြင့်မားသည့် တောင်ထွတ်တစ်ခု ရှိသည်။ ထိပ်ပိုင်တွင်တိမ်တိုက်များရစ်ဆိုင်းနေသည်။ ဘယ်လောက်မြင့်သည်ကို ခန့်မှန်းမရ။

တစ်ခုတော့ သေချာသည်။ ထိုတောင်ထိပ်သည် ကောင်းကင်ဂိတ်တောင်ထိပ်ထက် နိမ့်မည်မဟုတ်။

ချိုးကျင်အန်း ပုံမှန်လေသံဖြင့် ရှင်းပြသည်။

"မသေမျိုးနယ်မြေက တောင်ပေါ်က လှိုဏ်ဂူတစ်ခုထဲမှာ ရှိတာ။ ငါတို့ဘိုးဘေးက လှိုဏ်ဂူချည်းရွှေ့ပြောင်းရင် မသေမျိုးနယ်မြေ ပုံစံပျက်မှာစိုးလို့ တောင်တစ်ခုလုံးရွှေ့လာတာလေ"

သခင်ထန်ခွေ့လို ကျင့်ကြံသူများအတွက် တောင်တန်းရွှေ့ခြင်း ကန်ရေဖြည့်ခြင်းကိစ္စများက အသေးအဖွဲသာဖြစ်သည်။

တောင်ခြေပတ်လည်တွင် မှော်အတားအဆီးတစ်ခုရှိသည်ကို လုယန်သတိထားမိသည်။ မှိန်ပြပြအလင်းစက်ဝန်းတစ်ခုဖြစ်သည်။ ဂိုဏ်းတပည့်များခိုးဝင်ပြီး မသေမျိုးတို့၏ ကျားကစားသည့်နေရာကို မနှောက်ယှက်နိုင်စေရန် ကာကွယ်ထားခြင်းဖြစ်မည်။

မှော်စက်ဝန်းဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် အဝါရောင်မှော်အဆောင်စက္ကူတစ်ပိုင်းရှိသည်။ မှော်စက်ဝန်းကို အတင်းတွယ်ကပ်လျက် လေထဲတွင် တလူလူလွင့်နေသည်။

"ဒီအဝါရောင်မှော်အဆောင်ပေါ်မှာ အဆင့်မြင့်မှော်တံဆိပ်တစ်ခု ရေးဆွဲထားတယ်"

နတ်မယ်က မှတ်ချက်ပြုသည် မှော်အဆောင်ကိုကြည့်လိုက်သည်နှင့် တည်ဆောက်ပုံစနစ်တစ်ခုလုံးကို ချက်ချင်းသုံးသပ်နိုင်သည်။

လုယန် အံ့အားသင့်သွားသည်။ မသေမျိုးနယ်မြေတွင် မသေမျိုးကျားပွဲတစ်ခုသာမဟုတ်ဘဲ အင်အားကြီးရှေးဟောင်းနတ်ဆိုးတစ်ကောင်ပါ ရှိနေသလားမသိ။

ဖြစ်နိုင်ခြေကို သူစဉ်းစားသည်။ သခင်ထန်ခွေ့သည် ရှေးဟောင်းနတ်ဆိုးကို အမှတ်မထင်တွေ့ခဲ့မည်။ အပြင်းအထန်တိုက်ခိုက်ပြီးနောက် အနိုင်အရှုံးမပေါ်ဘဲ တိုက်ပွဲအဆုံးသတ်သွားမည်။

နတ်ဆိုးကိုမနိုင်သဖြင့် တစ်ခြားရွေးစရာမရှိဘဲ မသေမျိုးကျားပွဲအစီစဉ်ဖြင့် မသေမျိုးနယ်မြေတွင် လှောင်ပိတ်ထားခဲ့ရခြင်းဖြစ်မည်။

အချိန်ကြာလာသည်နှင့်အမျှ ဓာတ်ငါးမျိုးဂိုဏ်းတင်များ ထိုအကြောင်းကို မေ့ပျောက်သွားကြမည်။ ရှေးဟောင်းနတ်ဆိုးက မှော်တံဆိပ်ကိုချိုးဖျက်၍ မသေမျိုးနယ်မြေမှ ထွက်ပြေးသွားခြင်းဖြစ်မည်။

သို့မဟုတ်လျှင် ထိုရှေးဟောင်းနတ်ဆိုးက ကြောင်းကျိုးဆက်စပ်မှုအရိယဖလလို အရာတစ်ခုပိုင်ဆိုင်ခဲ့၍ သူ့ဖြစ်တည်မှုကို လူအများက မေ့ပျောက်သွားခြင်းဖြစ်မည်။

ချိုးကျင်အန်းအမူအရာအရ ထိုအဝါရောင်မှောင်အဆောင်ရှိနေသည်ကို သိပုံမပေါ်။

လုယန် မှော်အဆောင်ကို လက်ညှိုးထိုးပြ၍မေးလိုက်သည်။

"ဂိုဏ်းချုပ်ချိုး၊ အဲဒါဘာလဲ။ မှော်တံဆိပ်လား"

"ချိတ်ပိတ်တံဆိပ်ပါ"

"ချိတ်ပိတ်တံဆိပ်..."

လုယန် အံ့အားသင့်သွားသည်။

"ငါတို့ဘိုးဘေးက ဒီတောင်ကို အလျင်စလိုရွှေ့ခဲ့ရတော့ ရုံးတော်က ခွင့်ပြုချက်မယူခဲ့ဘူး။ ဒီတော့ ရုံးတော်ကလက်မခံဘူးပေါ့။ မသေမျိုးနယ်မြေကို ဒီတံဆိပ်နဲ့ ချိတ်ပိတ်ခဲ့တယ်။

ဒဏ်ကြေးဆောင်ပြီး ငါတို့ဘိုးဘေးကို အာမခံနဲ့သွားထုတ်တော့မှ တောင်တန်းနဲ့မသေမျိုးနယ်မြေကို ငါတို့ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုအဖြစ် အတည်ပြုခဲ့တယ်။ အဲတော့ ဒီချိတ်ပိတ်တံဆိပ်က မလိုအပ်တော့ဘူးလေ။

အဲဒီ့တုန်းက ဒီတံဆိပ်ကို အကုန်မဖယ်ရှားဖြစ်ခဲ့ဘူး။ လူတွေကလည်း ဒါကိုယဉ်ကျေးမှုအမွေအနှစ်တစ်ခုလို့ထင်ပြီး ဒီအတိုင်းထိန်းသိမ်းထားခဲ့တာပါ"

မသေမျိုးနယ်မြေကို ချိတ်ပိတ်နိုင်သည့် တံဆိပ်တစ်ခုသည် သာမန်ပစ္စည်းမဟုတ်။

နောက်ထပ်မေးစရာမရှိတော့။ ချိုးကျင်အန်းက တောင်ခြေအကာအကွယ်မှော်စက်ဝန်းကိုဖြတ်၍ ဦးဆောင်ခေါ်သွားသည်။

တောင်တန်းနှင့်နီးလာလေ သူတို့ခံစားနေရသည့် စွမ်းအင်ဖိအားက ပိုပြင်းထန်လာလေဖြစ်သည်။ မရပ်မနားဘဲ ဆက်‌လျှောက်ရင်း စိုထိုင်းသည့် လှိုဏ်ဂူတစ်ခုထဲသို့ သူတို့ဝင်လာကြသည်။

လှိုဏ်ဂူထဲခြေချလိုက်သည်နှင့် လှုပ်ရှားနေသည့် သူတို့စိတ်များ ချက်ချင်းငြိမ်သက်သွားသည်။

လွန်ခဲ့သည့် နှစ်တစ်သိန်းက ကျားကစားနေခဲ့သည့် မသေမျိုးများ၏ တည်ငြိမ်နေသည့်စိတ်အခြေအနေမျိုး ဖြစ်လာသယောင်ရှိသည်။

လှိုဏ်ဂူက တိတ်ဆိတ်သည်၊ မှောင်မိုက်သည်၊ နက်ရှိုင်းသည်။ သူတို့ခြေသံများသာ ပဲ့တင်ထပ်နေသည်။

အတွင်းပိုင်းသို့ရောက်လေ ပတ်ဝန်းကျင်က ပိုခြောက်သွေ့လာလေဖြစ်သည်။ လှိုဏ်ဂူကို အပြင်လောကနှင့် လုံးဝစည်းခြားထားသယောင် ထင်ရသည်။

"ဒီနေရာပဲ"

ချိုးကျင်အန်းကပြောသည်.

သူတို့ရှေ့တွင် ဖြူနက်ကျားစေ့များပြည့်နေသည့် ကျားခုံနှင့် ကျောက်စားပွဲတစ်လုံးရှိသည်။ သေချာစစ်ဆေးကြည့်ပြီးနောက် ဘယ်ဘက်ကမှ ကျားငါးစေ့တစ်တန်းတည်းကျအောင် မလုပ်နိုင်သည်ကို တွေ့ရသည်။

မသေမျိုးကျားပွဲ၏ နောက်ဆုံးရလာဒ်က သရေဖြစ်နေသည်။

ကျောက်စားပွဲ၊ ကျောက်ကုလားထိုင်များနှင့် ကျားစေ့များက သာမန်ဟုသာထင်ရသည်။ သို့သော် လွန်ခဲ့သည့်နှစ်တစ်သိန်းက မသေမျိုးများသုံးခဲ့သည့် ပစ္စည်းများဖြစ်၍ မသေမျိုးစွမ်းအင်ရိပ် အနည်းငယ်သန်းနေသည်။

ထိုစွမ်းအင်ကြောင့် ဤသာမန်ပစ္စည်းများ အချိန်တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိနေခြင်းဖြစ်သည်။

ချိုးကျင်အန်း စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ ထင်သည့်အတိုင်းပင်။ သူဤနေရာသို့ ဘယ်နှကြိမ်လာလာ ထိုမြင်ကွင်းက ဘယ်တော့မှပြောင်းလဲမသွား။

ဂိုဏ်းတည်ဘိုးဘေး၏ ကံကောင်းခြင်းသည် မသေမျိုးများပေးသည့် တစ်သက်တစ်ကြိမ်အခွင့်အရေးဖြစ်သည်။ နောက်တစ်ကြိမ်လုံးဝပေါ်မလာနိုင်။

လုယန် အားအင်ကုန်ခမ်းသလိုပုံစံမျိုးဖြစ်လာသည်။ ချိုးကျင်အန်း သူ့ကိုကြည့်၍ နားမလည်နိုင်အောင် ဖြစ်ရသည်။

လုယန်၏ဦးခေါင်းက အိပ်ငိုက်သလို စိုက်ကျသွားသည်။ ရုတ်တရက် သူခေါင်းကို ဆတ်ခနဲပြန်မော့လိုက်သည်။ သူ့ရှေ့တွင် ဗလာဖြစ်နေသည့် ကျားခုံကို မြင်ရသည်။

သူမရင်းနှီးသည့်လူနှစ်ယောက်၏လက်များက ကျားစေ့များကို ပြန်ယူရန် ခွက်ထဲသို့ လက်လှမ်းနေသည်။

မုန်ကျင်းကျိုးနှင့် တစ်ခြားလူများလည်း သူ့ဘေးတွင်မရှိတော့။ သူတစ်သာ ကျားပွဲကြည့်သူအဖြစ် ကျန်ရစ်ခဲ့သည်။

သူအံ့အားသင့်သွားသည်။ ထိုမြင်ကွင်းသည် သခင်ထန်ခွေ့ဇာတ်လမ်းထဲမှ မြင်ကွင်းကို ပြန်ပြသလို ဖြစ်နေသည်။

အံ့ဩစိတ်မပြယ်သေးမီ ကျားကစားသူနှစ်ယောက် စကားပြောသံကိုကြားရသည်။

သူတို့စကားသံက စိတ်ကိုတည်ငြိမ်စေသည့် ထူးဆန်းသည့်စွမ်းအားတစ်မျိုးပါသည်။

"ယင်ထန်၊ မင်းအရင်စပါ"

"ကောင်းပြီလေ"

အဖြူရောင်ကျားစေ့တစ်ခု ကျားခုံအလယ်သို့ ကျလာသည်။

ယင်ထန်မသေမျိုး ရွှေ့လိုက်ခြင်းဖြစ်သည်။

*******************************

All Chapters