← Chapters

မသေမျိုးကျားပွဲ

Vol. 37 Ch. 550

မသေမျိုးကျားပွဲ

Vol. 37 Ch. 550

နတ်မယ်ထံမှ ယင်ထန်မသေမျိုးအကြောင်းများ သူသိခဲ့သည်။ နာမည်မကျော်မီအချိန်မှစ၍ မသေမျိုးဖြစ်လာပြီးနောက်ပိုင်းအထိ ယင်ထန်၏ကိစ္စမျိုးစုံ သူနားလည်ခဲ့သည်။

သို့သော် လူကိုတော့ ယနေ့မှ ပထမဆုံးတွေ့ဖူးသည်။

အပြာဖျော့ရောင်ဝတ်ရုံ ဝတ်ထားသည်။ အင်္ကျီလက်များက ပွယောင်းနေပြီး လက်အနားခေါက်နေရာတွင် လှိုင်းတွန့်ပုံများပါသည်။ တည်ကြည်ခံ့ညား၍ ထူးခြားသည့်ဟန်ပန်မျိုးရှိသည်။

ရွှေရောင်မျက်လုံးများကြောင့် အင်ပါယာတစ်ပါးကဲ့သို့ လွှမ်းမိုးနိုင်သည့် ဩဇာရိပ်သန်းနေသည်။

"နတ်မယ်ပြောတာ ယင်ထန်နဲ့ချီလင်တို့ ကျားကစားကြတယ်တဲ့။ ဒါဆို သူနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့လူက ချီလင်မသေမျိုးပေါ့"

ပြိုင်ဘက်စားသမားကို လုယန်လှမ်းကြည့်လိုက်သည်။

ချီလင်မသေမျိုးသည် နဖူးတွင် သန္တာရောင်ဦးချိုနှစ်ခုပါသည်။ ပါးနှစ်ဘက်နှင့်လက်ခုံတွင် အနီရောင်ကြေးခွံများရှိသည်။ မျက်လုံးများက နဂါးမျက်လုံး ကျားမျက်လုံးနှင်တူသည်။

ကြမ်းတမ်းရက်စက်သည့် စွမ်းအင်ရောင်တစ်မျိုး ထွက်ပေါ်နေသည်။ လူအသွင်ပြောင်းလဲမှု မပြည့်စုံသည့် လက္ခဏာမျိုးမဟုတ်။ ချီလင်တစ်ကောင်၏ မူလကြန်အင်လက္ခဏာမျိုးဖြစ်သည်။

သူသည် လောကတွင် တစ်ဦးတည်းသောချီလင်ဖြစ်သည်။ လူသားအသွင်ပြောင်းထားသည်မှာ တစ်ခြားမသေမျိုးများနှင့် ဆက်ဆံရအဆင်ပြေစေဖို့သာဖြစ်သည်။

လူသားပုံစံအပြည့်အဝ ပြောင်းစရာလည်းမလို။ ချီလင်လက္ခဏာများထိန်းသိမ်းထားခြင်းကပင် သူ့အတွက်ဂုဏ်ယူစရာဖြစ်သည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ထားသည်။ အနီးကပ်ကြည့်လျှင် ထိုဝတ်ရုံတွင် သားရဲများစွာတို့၏ရုပ်ပုံကို ရွှေချည်ထိုးထားကြောင်း မြင်ရမည်။ သားရဲအားလုံး၏မသေမျိုးဖြစ်သည့် ချီလင်တစ်ယောက်သာ ထိုဝတ်ရုံကိုဝတ်ဖို့ထိုက်တန်သည်။

"သမိုင်းပဲ့တင်ပုံရိပ်လား"

လုယန် ရင်ထိတ်သွားသည်။ သင်ကြားရေးဆရာပြောခဲ့သည့်ပုံပြင်နှင့် တစ်ထေရာတည်းဖြစ်သည်။ မသေမျိုးနယ်မြေသို့ အမှတ်မထင်ဝင်မိပြီး မသေမျိုးနှစ်ယောက်၏ ကစားပွဲကို မြင်နေရသည်။

မသေမျိုးများသည် ကျင့်ကြံမှုစနစ်၏ ထိပ်ဆုံးပုဂ္ဂိုလ်များဖြစ်သော်လည်း သူတို့လှုပ်ရှားမှုတိုင်း သမိုင်းပဲ့တင်ပုံရိပ်အဖြစ် ကျန်ခဲ့သည်မဟုတ်။

ထိုသို့သာ ကျန်နေလျှင် လောကတွင် မသေမျိုးများကို မမြင်ဖူးသည့်လူဟူ၍ မရှိနိုင်တော့။

ဤနေရာတွင် ပဲ့တင်ပုံရိပ်ကျန်နေသည့်အကြောင်းမှာ ထိုကျားပွဲတွင် မသေမျိုးသုံးယောက်၏ နှစ်တစ်ရာကာလအပိုင်းအခြား ပါဝင်နေသောကြောင့်ဖြစ်သည်။

သူတို့စွမ်းအားများက လေဟာနယ်ကို လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။

"နေဦး၊ ဒါလည်း မဟုတ်သေးဘူး။ သင်ကြားရေးအကြီးအကဲက ပြောတယ်။ သခင်ထန်ခွေ့ပဲ မသေမျိုးတွေကို မြင်ခဲ့တယ်။ ဒါပေမယ့် သူတို့မျက်နှာတွေက မှုန်ဝါးနေတယ်တဲ့။ ငါကဘာလို့ ရှင်းရှင်းလင်းလင်းမြင်နေရတာလဲ။

ဒီမသေမျိုးနှစ်ယောက်နဲ့ ငါတစ်ခုခုပတ်သက်နေလို့များလား..."

"ငါရှိနေလို့ပေါ့"

နတ်မယ်၏စကားသံ ရုတ်တရက် ထွက်ပေါ်လာသည်။ လုယန် လှည့်ကြည့်သည်။ အဝါရောင်ဂါဝန်ဝတ်ထားသည့်နတ်မယ်က သူ့ဘေးတွင်ပေါ်လာသည်။ လေထဲသို့ နည်းနည်းကြွတက်နေသဖြင့် သူနှင့် အရပ်ချင်းတန်းတူရှိသည်။

ဤမြင်ကွင်းသည် သမိုင်းပဲ့တင်ပုံရိပ်နယ်မြေဖြစ်သည်။ သူ့အဖြစ်ကို ချိုးကျင်အန်းနှင့် တစ်ခြားလူများ မြင်နိုင်မည်မဟုတ်။

"နတ်မယ်၊ ခင်ဗျားလည်းရှိနေတာလား"

လုယန် ပြန်စဉ်းစားသည်။ သမိုင်းပုံရိပ်ကို သူမြင်နိုင်သည်ဆိုလျှင် နတ်မယ်မမြင်နိုင်စရာအကြောင်းမရှိ။

"နင့်စကားက ဘာအဓိပ္ပါယ်လဲ။ အသုံးမကျတဲ့ ဒီကစားသမားနှစ်ယောက်ကို ငါမရှိဘဲနဲ့ နင်မြင်နိုင်မယ်ထင်လို့လား။ သူတို့ကျန်ခဲ့တဲ့ သမိုင်းပဲ့တင်ပုံရိပ်နှင့်ငါ့ကြားက ဆက်သွယ်မှုကြောင့် ဒီမြင်ကွင်းကို နင်မြင်နေရတာ"

နတ်မယ်က ယင်ထန်နှင့်ချီလင်တို့ကို လက်ညှိုးထိုး၍ပြောသည်။

နတ်မယ်ပေါ်လာသည်နှင့် လုယန်စိတ်ထဲမှ မသေမျိုးများအပေါ် လေးစားသည့်စိတ်များ ချက်ချင်းပျောက်ကွယ်သွားသည်။

"ဒါဆို သခင်ထန်ခွေ့က ဘယ်လိုဖြစ်ခဲ့တာလဲ။ နောက်ဆုံးသမိုင်းပဲ့တင်ပုံရိပ်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့တဲ့သဘောလား"

"ယင်ထန်မသေမျိုး တစ်ခုခုလုပ်ခဲ့လို့ဖြစ်မယ်"

"ယင်ထန်မသေမျိုး..."

လုယန် တွေးရခက်သွားသည်။ ယင်ထန်မသေမျိုးရှေ့တွင် ထိုစကားမျိုးပြော၍ သင့်တော်မည်လော။

နတ်မယ်က ဘာမှအရေးမစိုက်။ ယင်ထန်မသေမျိုးအစစ်ရှိနေလျှင်ပင် ပြောမည်သာဖြစ်သည်။

"နင်တစ်ခုအထင်မှားနေတယ်။ သခင်ထန်ခွေ့က သမိုင်းပုံရိပ်ကိုမြင်လို့ ဓာတ်ငါးမျိုးတိုက်ပွဲပညာကို နားလည်ခဲ့တာမဟုတ်ဘူး။ ဓာတ်ငါးမျိုးပညာကို သူနားလည်ခဲ့လို့ ဒီသမိုင်းပုံရိပ်ကို မြင်ခဲ့တာပါ။

နောက်ပိုင်းမျိုးဆက်တွေ မမြင်ခဲ့ကြတာက ဒီပုံရိပ်ပျောက်သွားလို့မဟုတ်ဘူး။ ကျားခုံပေါ်က သဘောတရားကို နားမလည်ကြလို့ပဲ။ ဒီအကြောင်းတွေ အပြင်မှာထုတ်ပြောရင် သူတို့သိက္ခာကျဖို့ပဲရှိတယ်လေ"

ယင်ထန်မသေမျိုး၏ လေးနက်သည့်ရည်ရွယ်ချက်ကို လုယန် နောက်တစ်ကြိမ် ခံစားမိလာသည်။

ယန်ထန်နှင့်ချီလင် ဆက်ကစားနေကြသည်။ ကျားတစ်ကွက်က်ရွှေ့တိုင်း စုတ်သပ်သံကြားရသည်။

ထိုအသံကို ကြားရုံဖြင့် စိတ်ဝိညာဉ်သန့်ရှင်းစင်ကြယ်သွားသလို လုယန်ခံစားရသည်။

"သူတို့ကစားတာ မြန်လှချည်လား"

ထိုအမြန်နှုန်းနှင့်ဆိုလျှင် နှစ်တစ်ရာကြာမည်မထင်။

အလွန်ဆုံး မိနစ်နှစ်ဆယ်လောက်သာကြာမည်။

"ဘာမှသုံးစားမရတဲ့ဒီနှစ်ယောက် ကျားကစားတာကိုကြည့်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါကြောင့် ငါကတမင်အရှိန်မြှင့်ထားတာပါ"

နတ်မယ် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောသည်။

ထိုကျားပွဲမျိုးကို ဉာဏ်နည်းသည့်သခင်ထန်ခွေ့လို နှစ်တစ်ရာကြာအောင် ဘယ်သူကြည့်ချင်မည်နည်း။

"ဪ...မင်းတို့က ဒီမှာကျားကစားနေတာကိုး။ အခုမှပဲ တွေ့တော့တယ်"

တတိယရှေးဟောင်းမသေမျိုး၏စကားသံ ပေါ်လာသည်။ ကျားကစားနည်းဖန်တီးသူ ကိုးဆမသေမျိုးဖြစ်သည်။

ရိုးရိုးရှင်းရှင်း ဝတ်စားထားသည်။ လျှော်ချည်ဝတ်ရုံပေါ်တွင် မိုးကာမြက်ခြောက်အင်္ကျီ ဝတ်ထထားသည်။ အပြင်ဘက်တွင် မိုးရွာနေသည်ထင်သည်။ တစ်ကိုယ်လုံးရေစက်လက်ဖြင့် ဝင်လာသည်။

ပုဆိန်တစ်လက်ကိုင်ထားသည်။ ခုတ်ထားသည့်ထင်းများ သယ်လာသည်။ သာမန်သစ်ခုတ်သမားတစ်ယောက်ပုံစံမျိုး ရှိနေသည်။

သို့သော် သူသယ်လာသည့်ထင်းများက ခြောက်သွေ့နေသည်။

"ဟား...ဒါ ဖီးနစ်သစ်ပင်ကခုတ်လာတဲ့ ထင်းတွေလား။ အချိန်မသေမျိုးက မင်းကိုခုတ်ခိုင်းတာလား"

ယင်ထန်က ရယ်နေသည်။

"မင်းတို့နှစ်ယောက်က ဒီလိုပြောနိုင်သေးတယ်ပေါ့။ ထမင်းစားဖို့ မင်းတို့ကို ယင်ထန်ကခေါ်ခိုင်းလိုက်တာ။ မင်းတို့က ဒီမှာပုန်းပြီး ကျားကစားနေတယ်။ နှစ်တွေတောင် အတော်ကြာသွားပြီ။ မပြီးနိုင်ကြသေးဘူးလား"

"ဘာတွေလောနေတာလဲကွာ။ ငါတို့နှစ်ယောက် အနိုင်အရှုံးဆုံးဖြတ်နိုင်မယ့်အခွင့်အရေးမျိုးရဖို့က ရှားတယ်။ ဒါကြောင့် သေချာကစားနေတာပေါ့။ တစ်ဆင့်ချင်းစီ စဉ်းစားဖို့လိုတယ်ကွ..နားလည်လား"

မင်းအရင်သွားစားနှင့်ပါ။ သိပ်မကြာခင် ငါတို့လိုက်လာခဲ့မယ်"

ကိုးဆမသေမျိုး လှောင်ပြုံးပြုံးသည်။ ထိုနှစ်ယောက်ကစားနေသည့်နှုန်းအရ နှစ်ငါးဆယ်ကြာလျှင်ပင် ပြီးမည်မဟုတ်။

...င့ါကိုနားလည်လားလို့ မင်းကမေးနေတယ်ပေါ့။ ကျားကစားနည်းကို ငါတီထွင်ခဲ့တာကွ။ ငါနဲ့ယှဉ်ရင် မင်းဘာမှမသိသေးပါဘူး..

"ထားပါတော့လေ၊ ငါလည်း ဒီမှာပဲနေပြီးစောင့်မယ်။ ဒါမှ မင်းတို့ ဒီတစ်ပွဲပြီးရင် နောက်တစ်ပွဲဆက်မကစားမှာ"

အကြောင်းပြချက်တစ်ခုပေး၍ ကိုးဆမသေမျိုးက ကျားပွဲကို စိတ်အေးလက်အေးကြည့်နေသည်။

"အချိန်မသေမျိုးကထင်းခုတ်ခိုင်းတာလား..."

လုယန်မျက်မှောင်ကျုံ့သွားပြီး ခပ်တိုးတိုးရေရွတ်သည်။

ဘာကြောင့် အချိန်မသေမျိုးက ကိုးဆမသေမျိုးကို ထင်းခုတ်ခိုင်းသနည်း။ စားသောက်ဖို့ ယင်ထန်နှင့်ချီလင်ကို သွားခေါ်ခိုင်းသနည်း။

အမှန်ဆို ထိုသို့စေခိုင်းသူသည် နတ်မယ်သာဖြစ်သင့်သည်။

ကိစ္စတစ်ခု သူရုတ်တရက် တွေးမိသည်။

မှန်သည်။ ရှေးဟောင်းအမည်မဲ့စွမ်းအားရှင်က နတ်မယ်၏အချက်အလက်များကို ဘယ်သူမှမသိသည့် နည်းလမ်းများဖြင့် ဖျက်ဆီးရှင်းလင်းခဲ့သည်။

သမိုင်းပဲ့တင်ပုံရိပ်များလည်း ပြုပြင်အစားထိုးဖို့လိုပေလိမ့်မည်။

သခင်ထန်ခွေ့လိုလူများက သမိုင်းပုံရိပ်မှတစ်ဆင့် နတ်မယ်၏ဖြစ်တည်မှုအကြောင်း သိသွားနိုင်သည်။

နတ်မယ်အကြောင်းကို တိုက်ရိုက်ဖျက်ဆီးဖို့က ခက်ခဲလွန်းသည်။ အတွေးမှတ်ဉာဏ်လစ်ဟာမှုများ ဖြစ်လာနိုင်သည်။ ထိုအဖြစ်ကို တစ်ခြားလူများ ရိပ်မိနိုင်သည်။

ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အဆင့်တူမသေမျိုးတစ်ယောက်နှင့် နတ်မယ်နေရာကို အစားဖိုးဖို့ဖြစ်သည်။

ထို့ကြောင့်လည်း သူတို့စကားထဲမှ နတ်မယ်အကြောင်းပါရမည့်နေရာတွင် အချိန်မသေမျိုးဖြင့် အစားထိုးထားခြင်းဖြစ်သည်။

သို့သော် သခင်ထန်ခွေ့သည် ကျားကစားသည့်မသေမျိုး ထင်းခုတ်သည့်မသေမျိုးများကို ဘယ်သူဘယ်ဝါမှန်းမသိခဲ့။ ရှေးဟောင်းဘာသာစကားကို သူနားမလည်၍ဖြစ်လိမ့်မည်။

လုယန်ကတော့ နတ်မယ်သင်ပေးသဖြင့် ရှေးဟောင်းဘာသာစကားကို လေ့လာနိုင်ခဲ့သည်။ သို့သော် ကျင့်ကြံသူလောကကြီးက သမိုင်းအဆက်ပြတ်မှုများ ကြုံခဲ့သည်။

ရှေးဟောင်းဘာသာစကားကို ကျွမ်းကျင်စွာ နားလည်ဖို့မဆိုထားနှင့်။ အဓိပ္ပါယ်ဖော်ဖို့ပင် ခက်လှသည်။

လုယန် နတ်မယ်အမူအရာကို မသိမသာလှမ်းကြည့်သည်။ အံကြိတ်နေသည်ကို မြင်ရသည်။

"ဘယ်ခွေးသူတောင်းစားက ငါ့အကြောင်းတွေကို ဖျက်ပစ်ခဲ့တာလဲ"

ပြောနေရင်းပင် ခန္ဓာကိုယ်ကို ကွေးညွှတ်၍ နောက်ကွယ်မှလူနှင့် တိုက်ခိုက်ရန် အသင့်ပြင်နေသည်။

"ဘယ်သူလဲ"

ကိုးဆမသေမျိုးက ရုတ်တရက်အော်ဟစ်၍ လုယန်နှင့်နတ်မယ်ရှိနေသည့်နေရာသို့ လှည့်ကြည့်သည်။

လုယန် ခဏကြောင်သွားသည်။ သူနှင့်ကိုးဆမသေမျိုး မျက်လုံးချင်းဆုံကြသည်။

ကိုးဆမသေမျိုးအော်ဟစ်ပြီးနောက် ယင်ထန်နှင့်ချီလင်တို့လည်း ချက်ချင်းလှည့်ကြည့်လာသည်။

သူတို့ဘာကိုမှမမြင်နိုင်သော်လည်း ထိုနေရာတွင် တစ်ယောက်ယောက်ရှိနေသည်ကို ခံစားမိပုံရသည်။

အားလုံးက နတ်မယ်ကို ရှောင်တိမ်းရန် သူတို့ကြိုးစားနေကြခြင်းဖြစ်၍ မလုံမလဲစိတ်မျိုးရှိနေသည်။ ယခု လူတစ်ယောက်က သူတို့အရိပ်ထဲတွင် ပုန်းအောင်းနေသည်။ ထို့ကြောင့် ချက်ချင်းအာရုံခံမိကြခြင်းဖြစ်သည်။

"မဟုတ်သေးဘူး။ ငါတို့သုံးယောက်စွမ်းအားနဲ့ဆို တစ်ယောက်ယောက် ပုန်းအောင်းနေရင် မမြင်နိုင်စရာအကြောင်းမရှိဘူး။ အချိန်မသေမျိုးတောင် အဲလိုမလုပ်နိုင်ဘူး။ အချိန်မသေမျိုးက အချိန်အရိယဖလသုံးပြီး အနာဂတ်ကနေ ငါတို့ကိုကြည့်နေတာများလား"

********************************

All Chapters