← Chapters

အချိန်လေဟာနယ်လမ်းကြောင်း

Vol. 37 Ch. 552

အချိန်လေဟာနယ်လမ်းကြောင်း

Vol. 37 Ch. 552

အချိန်မသေမျိုးသည် အတော်ငယ်ရွယ်နုပျိုသည်။ လုယန်နှင့်အသက်တူဟု ထင်ရသည်။ ရှေးဟောင်းခေတ်မသေမျိုးငါးယောက်တွင် နတ်မယ်သည် သက်တမ်းအရှည်ဆုံးဖြစ်သည်။ အချိန်မသေမျိုးက ဒုတိယလိုက်သည်။

သူ့ဗီဇအခြေခံက တစ်ခြားမသေမျိုးများထက် များစွာသာလွန်သည်။

မသေမျိုးနယ်မြေသို့ ရောက်လာချိန်တွင် ဖြစ်သလိုကစားနေသည့် ကျားကစားပွဲကို မြင်ရသဖြင့် သူမျက်ခုံးတစ်ချက်တွန့်သွားသည်။ ကျားခုံကို မှောက်လှန်ပစ်ချင်စိတ်ပေါ်လာသည်။

...မင်းတို့က အတော်ဟုတ်နေပါလား။ ငါ့ကိုတစ်ယောက်တည်း ဒုက္ခခံခိုင်းပြီး မင်းတို့ကျတော့ ဒီမှာလာပြီးသာယာနေတယ်ပေါ့"

ထို့နောက် မသေမျိုးနယ်မြေထဲတွင် ထူးဆန်းသည့်အရာတစ်ခုကို သူသတိထားမိသည်။ နတ်မယ်၏ အနာဂတ်မှစွမ်းအင်ရောင်ကို ခံစားမိသည်။ သူ့ကျောရိုးထဲစိမ့်တက်လာပြီး ထိတ်လန့်တုန်လှုပ်သွားသည်။

"(...)ကို မခေါ်ခဲ့တာ ကံကောင်းသွားတယ်။ သမိုင်းကြောင်းတလျှောက်မှာ မသေမျိုးတစ်ယောက် အချိန်ကာလတွေအများပြီး အတိတ်နဲ့အနာဂတ်ဆုံကြတာမျိုး တစ်ခါမှမှမကြုံဖူးဘူး။

ပြီးတော့(...) က (...)ကို ပိုင်ဆိုင်ထားတာ။ အတိတ်လူနဲ့အနာဂတ်လူ တွေ့ဆုံကြရင် ချက်ချင်းတိုက်ပွဲဖြစ်လာလောက်တယ်"

အချိန်မသေမျိုးပင် နတ်မယ်နှစ်ယောက်ဆုံတွေ့လျှင် ဘာတွေဖြစ်လာမည် သေချာမပြောနိုင်။ ဘာပြသနာမဖြစ်ဘဲ နတ်မယ်နှစ်ယောက် ပြောဆိုရယ်မောနေသည်လည်း ဖြစ်နိုင်သည်။

သို့သ်ေ ထိုဖြစ်နိုင်ခြေကို ဘယ်သူစွန့်စားရဲမည်နည်း။

တိုက်ခိုက်သတ်ဖြတ်ကျလျှင် သူတို့အားလုံး အဆုံးသတ်ကျိန်စာသင့်ကြလိမ့်မည်။

အချိန်မသေမျိုး လက်ချောင်းကိုကိုက်လိုက်သည်. ရွှေရောင်သွေးများ လက်ချောင်းထိပ်မှ စီးကျလာသည်။ မျက်လုံးမှိတ်၍ မသေမျိုးသွေးဖြင့် မျက်ခုံးနှစ်ခုကြားတွင် နောက်ထပ်မျက်လုံးတစ်ခု ဖန်တီးလိုက်သည်။

တတိယမျက်လုံး ပွင့်လာချိန်တွင် ထိုမျက်လုံးက မျက်မမြင်ကဲ့သို့ ငေးကြောင်နေသည်။ ထိုမျက်လုံး၏အာရုံက လက်ရှိအချိန်ကို ရှိနေသည်မဟုတ်။ အနာဂတ်ကို ကြည့်နေခြင်းဖြစ်သည်။

"ပြင်းထန်တဲ့ အနှောက်အယှက်တစ်ခုရှိတယ်။...ဟ...ဒါကဘယ်သူလဲ"

နတ်မယ်ဘေးတွင် နောက်ထပ်လူတစ်ယောက်ရှိနေသည်ကို သူအာရုံခံမိသည်။ သို့သော် ထိုလူက အားနည်းလွန်းသည်။ အချိန်လေဟာနယ်ဖြတ်၍ ထွက်ပေါ်လာဖို့ အရည်အချင်းမမီ။

ထိုလူ၏ရင်ဘတ်မှ တွဲလောင်းကျနေသည့် လောကသစ်ပင်သစ်သားပိုင်းတစ်ခုကို သူအာရုံခံမိသည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သည်။

"နောင်တစ်ချိန်မှာ ငါသူ့ကိုယုံကြည်လို့ သစ်သားတံဆိပ်ကို ပေးလိုက်တာများလား။ ငါက အနာဂတ်မှာ ပိတ်လှောင်ခံထားရတာလား။ ဒါကြောင့် နတ်မယ်ကိုရှာဖို့ ဒီကျင့်ကြံသူကို လွှတ်လိုက်တာများလား"

အချိန်မသေမျိုး နဖူးကြောရှုံ့၍ အသံတိတ်ခန့်မှန်းနေသည်။ သူ့အတွေးကို ထုတ်မပြ။

"ဘယ်လိုလဲ။ (...) တစ်ခုခုပြောသေးလား"

ကိုးဆမသေမျိုး အလျင်စလိုမေးလိုက်သည်။

အချိန်မသေမျိုး ခေါင်းခါသည်။

"အခြေအနေမကောင်းဘူး။ မသေမျိုးမျက်လုံးအစွမ်းတစ်ခုတည်းနဲ့အလုပ်မဖြစ်နိုင်ဘူး"

မသေမျိုးမျက်လုံးသည် အတိတ်နှင့်အနာဂတ်ကိုကြည့်ရန် အချိန်အရိဖလကိုသုံး၍ ဖန်တီးထားသည့် စောင့်ကြည့်ပစ္စည်းဖြစ်သည်။ ခါတိုင်းက အသုံးဝင်ခဲ့သည်။ သို့သော်ယခု ဤတစ်ကြိမ် မထိရောက်။

"အချိန်ကွာဟချက် ဝေးလွန်းလို့လား။ ဒါမှမဟုတ် အနှောက်အယှက်တစ်ခုခုရှိလို့များလား..."

နောက်ထပ်တုံ့ဆိုင်းမနေပဲ အချိန်အရိယဖလကို သူဆင့်ခေါ်လိုက်သည်။

အချိန်အရိယဖလည် အဆုံးစမဲ့ အချိန်လေဟာနယ်နှင့် ဆက်နွယ်နေသည်။ အချိန်လှိုင်းဂယက်များ ထွက်လာသည်။ အချိန်ပင်လယ်ပြင်သို့ ကျောက်တုံးတစ်ခု ပစ်ချလိုက်သလိုထင်ရသည်။

"မကြည့်နဲ့"

အချိန်အရိယဖလ ပေါ်မလာမီ နတ်မယ်က လုယန်မျက်လုံးများကို အုပ်ထားသည်။

အချိန်အရိယဖလသည် အချိန်လေဟာနယ်၏ အမြင့်ဆုံးပုံစံဖြစ်သည်။ လုယန်လို ရွှေသန္ဓေအဆင့်မပြောနှင့်။ ကူးဖြတ်ခြင်းအဆင့်များပင် အချိန်အရိယဖလလွှမ်းမိုးမှုကြောင့် စိတ်ဖရိုဖရဲဖြစ်၍ ရူးသွားနိုင်သည်။

အချိန်အရိယဖလတွင် ပါဝင်သည့်အချက်အလက်များက ကျင့်ကြံသူများ လက်မခံနိုင်လောက်အောင် များလွန်းသည်။ ပြင်းထန်သည့် အချက်အလက်စီးဝင်မှုကြောင့် စိတ်ဓာတ်ပြိုလဲသွားမည်။

အရိယဖလအကူအညီဖြင့် အချိန်မသေမျိုး နတ်မယ်မျက်နှာကို ရှင်းလင်းစွာမြင်ရသည်။ ဖြစ်ပေါ်လာသည့် အချိန်လမ်းကြောင်းမှတစ်ဆင့် ယင်ထန်တို့သုံးယောက်လည်း နတ်မယ်ကိုမြင်ကြသည်။

သို့သော် အချိန်မသေမျိုး သာဓုမခေါ်နိုင်မီ နဖူးမှချွေးစေးများ တပေါက်ပေါက်ကျလာသည်။

"အခြေအနေမကောင်းဘူးဟေ့။ အချိန်စီးကြောင်းကို ဆက်ထိန်းမထားနိုင်တော့ဘူး"

ရှိသည့်လူများထဲတွင် သူသည် အခြေအနေကို သိမြင်နိုင်စွမ်းအမြင့်ဆုံးဖြစ်သည်။ တစ်စုံတစ်ခုက နတ်မယ်နှင့်သူ့ကြား ဆက်သွယ်နေသည့် အချိန်စီးကြောင်းကိုပိတ်ဆို့ဖြတ်တောက်နေသည်။

မဟုတ်သေး။ ပိုတိကျအောင်ပြောလျှင် လက်ရှိခေတ်နှင့်အနာဂတ်ခေတ်၏ ဆက်သွယ်မှုကို ဖြတ်တောက်နေခြင်းဖြစ်သည်။

ထိုအရာ ဘာဖြစ်မည်နည်း။

"(...)၊ မင်းဘာပြောချင်တာလဲ"

မူမမှန်သည့်အချက်ကို နတ်မယ်လည်းခံစားမိသဖြင့် အမြန်လှမ်းပြောလိုက်သည်။

"ငါလုပ်ကြံခံရတယ်"

"ဘုန်း"

အချိန်လမ်းကြောင်း ပျက်စီးသွားသည်။ ထူးဆန်းသည့်အားလှိုင်းတစ်ခုက နှစ်ဘက်ဆက်သွယ်မှုကို အပြည့်အဝဖြတ်တောက်လိုက်သည်။

အချိန်မသေမျိုး နောက်သို့ခြေတစ်လှမ်းယိုင်သွားသည်။ ယင်ထန်နှင့်ချီလင်က ထိန်းပေးထားကြသည်။

"မင်းအဆင်ပြေရဲ့လား"

အချိန်မသေမျိုး ဖြေးညှင်းစွာခေါင်းငြိမ့်၍ အသက်ရှူနှုန်းထိန်းချုပ်ပြီး အရိယဖလကို အသက်သွင်းသည်။ သိပ်မကြာမီ အားပြည့်ခွန်ပြည့်အနေအထားသို့ ရောက်လာသည်။

"သိပ်‌တော့ပြဿနာမရှိပါဘူး"

ထို့ပြင် လောလောဆယ် သူ့ရုပ်ခန္ဓာအခြေအနေကိုလည်း ဂရုမစိုက်အားသေး။

ဘေးပတ်လည်ကို လှည့်ကြည့်၍

"မင်းတို့အားလုံး သူပြောသွားတာ ကြားလိုက်တယ်မဟုတ်လား"

"သူလုပ်ကြံခံရတယ်တဲ့။ ...ရယ်စရာကောင်းလိုက်တာ။ ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စလေ"

ချီလင်မသေမျိုး ကျားစေ့တစ်စေ့ကို ချေမွလိုက်ပြီး မယုံနိုင်ဟန်ဖြင့် မက်လုံးပြူးနေသည်။

"ငါတို့ငါးယောက်ထဲမှာ သူကသတ်ရအခက်ဆုံးပဲ။ အမှတ်မထင် သူ့နာမည်ထုတ်ပြောမိရင်တောင် သူအသက်ပြန်ရှင်နိုင်တယ်။ သူြကို ဘယ်လိုနည်းလမ်းနဲ့သတ်နိုင်မှာလဲ"

ယုံယုံ မယုံယုံ အခြေအနေက ထိုသို့ရှိနေသည်။ နတ်မယ်သည် အပြောင်အပျက်စနောက်ရသည်ကို သဘောကျသော်လည်း ထိုကိစ္စမျိုးကို စနောက်မည်မဟုတ်။

အနာဂတ်တွင် နတ်မယ် ဒုက္ခရောက်၍ သူတို့အကူအညီလိုအပ်လျှင် အလွန်ဆုံး ပိတ်လှောင်ခံထားရရုံလောက်သာရှိမည်ဟု ယူဆသည်။ သူတို့က ကူညီကယ်ထုတ်ပေးရမည်။

ထာဝရနတ်မယ် လုပ်ကြံခံရမည်ဟု ဘယ်တုန်းကမှ မတွေးဖူးကြ။

အကယ်၍ ပြန်ရှင်သန်နိုင်ခဲ့သည်ဆိုလျှင် နတ်မယ် ထိုစကားမျိုး ပြောစရာအကြောင်းမရှိ။ ထို့ကြောင့် လုပ်ကြံခံခဲ့ရရုံမက ပြန်မရှင်သန်နိုင်၍လည်းဖြစ်မည်။

"သူက လုပ်ကြံခံရတယ်လို့ပဲပြောတယ်။ လူသတ်သမားဘယ်သူလဲ ပြောမသွားဘူး။ သူကိုယ်တိုင်က လူသတ်သမားဘယ်သူမှန်း မသိတာများလား"

လေးယောက်လုံး စဉ်းစားနေသည်။ လူသတ်သမားသည် သူတို့လေးယောက်ထဲမှတစ်ယောက်ဟု နတ်မယ်သိနေသဖြင့် တိုက်ရိုက်ထုတ်ပြောရမည်ကို စိုးရိမ်နေခြင်းလား။

လူသတ်သမားအကြောင်း သတင်းပေါက်သွားမည်ကို စိုးရိမ်နေခြင်းလား။

သို့သော် ထိုအတွေးကို သူတို့ချက်ချင်းမေ့လိုက်ကြသည်။ နတ်မယ်အပေါ် သူတို့ယုံကြည်သည်။ လူသတ်သမားဘယ်သူဘယ်ဝါ ထုတ်ပြောလျှင် သံသယပွားစရာမရှိနိုင်။

သူတို့သုံးယောက်သည် လူသတ်သမားတစ်ယောက်တည်းကို မနိုင်စရာအကြောင်းမရှိ။

ထိုသို့မဖြစ်နိုင်။

နတ်မယ်ကိုယ်တိုင်ပင်မရိပ်မိအောင် လုပ်ကြံသတ်ဖြတ်နိုင်သည့် လူသတ်သမားသည် ဘယ်သူနည်း။

"နတ်မယ်ရောက်နေတဲ့ အနာဂတ်အချိန်က ငါတို့နဲ့ ဘယ်လောက်ဝေးလဲ"

ယင်ထန်က မေးသည်။ အချိန်ကို သေချာအတည်ပြုနိုင်လျှင် အစီအစဉ်များစွာ ကြိုတင်ချမှတ်နိုင်သည်။

"သေချာမပြောနိုင်ဘူး။ အချိန်လမ်းကြောင်း ပျက်စီးသွားတာ မြန်လွန်းတယ်။ ငါခန့်မှန်းဖို့ အချိန်မရလိုက်ဘူး။ ဒါပေမယ့် သေချာတာကတော့ အနည်းဆုံး နှစ်တစ်သောင်းကြာပြီးမှ ဒီကိစ္စဖြစ်တာ"

"အချိန်လမ်းကြောင်းက ဘာကြောင့်ပျက်စီးသွားတာလဲ"

ကိုးဆမသေမျိုး မျက်မှောင်ကျုံ့နေသည်။ အချိန်လမ်းကြောင်း ရှိနေလျှင် သဲလွန်စ ပိုရနိုင်သည်။ အနည်းဆုံး အချိန်အတိုင်းအတာသိလျှင်ပင် အကျိုးရှိသည်။

အချိန်မသေမျိုးမျက်နှာ ဖြူရော်လာသည်။

"ဖြစ်နိုင်တဲ့အကြောင်းရင်း နှစ်ခုရှိတယ်။ တစ်ခုက အချိန်လေဟာနယ်က သူ့အလိုလိုပြန်ပြုပြင်တဲ့ သဘာဝမျိုးရှိလို့ အနာဂတ်အချက်အလက်တွေ အတိတ်ကို မပို့နိုင်တာ။

ဒါကြောင့် အချိန်လေဟာနယ် ပျက်စီးသွားတာ။ ဒါကို ငါ့ရဲ့အရိယဖလနဲ့ ထိန်းမတ်ပေးလို့ရတယ်။

ဒါပေမယ့် ဒုတိယအကြောင်းရင်းက အဓိကပဲ။ အချိန်လေဟာနယ်တည်ငြိမ်မှုကို တစ်ခုခုက ဝင်နှောက်ယှက်ပြီး နတ်မယ်ရှိတဲ့အနာဂတ်နဲ့ ငါတို့ဆက်သွယ်တာကို ဖြတ်တောက်လိုက်တာ"

"မင်းရဲ့အရိယဖလထက် ဘာကပိုစွမ်းအားကြီးနိုင်မှာလဲ"

ချီလင်စကားကို အလိုမကျဟန်ဖြင့် အချိန်မသေမျိုးက နှာခေါင်းရှုံ့သည်။

"စွမ်းအားကြီးတာ မကြီးတာနဲ့မဆိုင်ဘူးကွား။ အဲဒါကို ထည့်မစဉ်းစားဘဲ ငါက အချိန်အရိယဖလသုံးပြီး အချိန်လေဟာနယ်ရဲ့ အလိုလိုပြုပြင်တဲ့သဘာဝကို ရင်ဆိုင်ဖြေရှင်းနေရတာ"

"အချိန်လေဟာနယ်ကို လွှမ်းမိုးနိုင်တယ်ဆိုတော့ အဲဒါက ဘယ်လိုစွမ်းအားမျိုးလဲ"

"မပြောတတ်ဘူး။ ဒါပေမယ့် ငါ့အချိန်အရိယဖလနဲ့ ယှဉ်နိုင်တယ်ဆိုရင် တစ်ခြားအရိယဖလတစ်ခုပဲ ဖြစ်လိမ့်မယ်"

"နောက်ထပ်အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိသေးတယ်။ အနာဂတ်မှာ ငါတို့က နတ်မယ်ကို ဘာလို့ပြန်အသက်မသွင်းခဲ့တာလဲ"

************************************

All Chapters