← Chapters

မသေမျိုးဂိုဏ်းနှီးနှောဖလှယ်ပွဲ အဆုံးသတ်ခြင်း

Vol. 37 Ch. 554

မသေမျိုးဂိုဏ်းနှီးနှောဖလှယ်ပွဲ အဆုံးသတ်ခြင်း

Vol. 37 Ch. 554

အချိန်မသေမျိုး ဓူဝံကြယ်သို့ ပြန်ရောက်လာသည်။ နတ်မယ်နှင့်ချီလင်၏မိန်းမနှစ်ယောက် ဖန်တီးနေသည့် စားသောက်ပွဲက အရှိန်မြင့်နေသည်။ သူစိုးရိမ်ပူပန်လာသည်။

"အချိန်၊ နင်ပြန်လာပြီလား။ ချီလင်နဲ့ယင်ထန်ကရော ဘယ်လိုလဲ"

အချိန်မသေမျိုးက အလေးအနက်လေသံဖြင့်

"ယင်ထန်မသေမျိုးက ကျားပညာမကျွမ်းတော့ လိမ်ပြီးကစားတယ်။ ငါသူ့ကို သင်ခန်းစာပေးလိုက်တယ်။ ပြီးတော့ကျားပွဲကို သူတို့ဆက်ကစားကြတယ်။ ငါထွက်လာတော့ ချီလင်နဲ့ ယင်ထန်က ဉာဏ်အလင်းရလာတဲ့ အခြေအနေမျိုးပဲ။ 'ငါးခုတစ်တန်း'ကျားပွဲမှာပါတဲ့ ဓာတ်ငါးမျိုးနဲ့ ပုံကြမ်းရှစ်ခုကိုကြည့်ပြီး မိုးမြေနိယာမတွေ ယင်ယန်သဘောတရားတွေကို နားလည်လာတယ်ထင်တယ်။

ကျားပညာတီထွင်တဲ့ ကိုးဆမသေမျိုးက သူတို့အတွက် ကစားပွဲမပျက်အောင် ကာကွယ်ပေးနေတယ်။ အဲတော့ သူတို့ကို ဒီအတိုင်းထားပြီး ငါပြန်လာခဲ့တယ်"

"ဪ...ဒီနှစ်ယောက်က အတော်ကံကောင်းတာပဲ။ သူတို့အားဖြည့်ဖို့ အရသာရှိတာတစ်ခုခု ငါချက်ကျွေးလိုက်မယ်"

အလုပ်များနေသည့်နတ်မယ်ကိုကြည့်၍ အချိန်မသေမျိုးက စေတနာဖြင့် အကြံပြုသည်။

"အထူးသဖြင့် ယင်ထန်ပေါ့။ ဒီကောင်ရတဲ့ ဉာဏ်အလင်းက အနက်နဲဆုံးပဲ။ ဒီတော့ သူက အဟာရဖြည့်ဖို့ အလိုအပ်ဆုံးလူဖြစ်လိမ့်မယ်"

"ကိစ္စမရှိပါဘူး။ ငါက ဒီအပိုင်းမှာ အကျွမ်းကျင်ဆုံးလူပါ"

နတ်မယ် ပြန်အော်ပြောသည်။ အင်္ကျီလက်နှစ်ဘက်ကိုလိပ်တင်ပြီး ဦးခေါင်းစွပ်ပဝါကို တင်းအောင်ချည်သည်။ မီးတောက်က အားပြည့်အင်ပြည့်ရှိနေသည်။ သိပ်မကြာမီ အစားအသောက်ကြော်လှော်ချက်ပြုတ်သံမျာ ပေါ်လာသည်။

အချိန်မသေမျိုးမျက်နှာတွင် လှောင်ပြုံးတစ်ချက်ပေါ်လာသည်။ ယင်ထန်ကသူ့ကို ဉာဏ်နီဉာဏ်နက်များသည်ဟုပြောခဲ့သည်။

ဤတစ်ကြိမ် အဆိပ်ကျွေးဖြစ်အောင်ကျွေးမည်။

.......

"ဒါဆိုဒါက မသေမျိုးကျားပွဲပေါ့။ ကျုပ်တော့ ဘာမှနားမလည်ဘူး"

မုန်ကျင်းကျိုးက ပြောသည်။ ရှုထောင့်စုံမှကြည့်သော်လည်း မသေမျိုးနှစ်ယောက်၏ကျားခုံပေါ်မှ ပဟေဠိကို သူမဖြေရှင်းနိုင်။

ထောင်ယော်ယဲ့နှင့်အရိုးရိင်းလည်း ထိုနည်းတူပင်ဖြစ်သည်။ ဘာမှမတွေးတတ်။

သူတို့လူစုအနေဖြင့် နားလည်နိုင်စရာအကြောင်းလုံးဝမရှိဟု ချိုးကျင်အန်းယူဆသည်။ နှစ်တစ်သိန်းကြာအောင် ကြည့်ရှုလေ့လာခဲ့သည့် ဓာတ်ငါးမျိုးဂိုဏ်းပင် နားမလည်ခဲ့။ ယခုမှရောက်လာသည့် ဤလူငယ်များက နားလည်နိုင်မည်လော...

လုယန် သမ်းတစ်ချက်ဝေသည်။

သမိုင်းပုံရိပ်မှ နိုးထလာပြီးနောက် သူ့စိတ်စွမ်းအင်များ ကုန်ခမ်းသွားသည်။ သူဘယ်နေရာရောက်နေမှန်းပင် ရုတ်တရက် တွေးမရခဲ့။

ယင်ထန်တို့ နတ်မယ်ကိုမတွေ့မီတွင် လုယန်က နှစ်နှစ်ဆယ်စာကျားကစားပွဲကို ကြည့်နေခဲ့သည်။ ပုံရိပ်၏အချိန်အမြန်နှုန်းကိုသာ နတ်မယ်က မြှင့်ထားသည်။

သို့တိုင်အောင် စိတ်စွမ်းအင်ကုန်ခမ်းမှုက အတော်ကြီးမားသည်။

အချိန်လေဟာနယ်လမ်းကြောင်းဖြတ်၍ မသေမျိုးလေးယောက်ကို မျက်နှာချင်းဆိုင်ကြည့်ခဲ့ရသည်။ အတိတ်နှင့်အနာဂတ် ဆက်သွယ်ခဲ့ရသည်။

လုယန်၏ အပြုအမူထူးဆန်းနေမှန်း သတိထားမိသော်လည်း ချိုးကျင်အန်း သိပ်အလေးမထား။

ဓာတ်ငါးမျိုးဂိုဏ်းဘိုးဘေး သမိုင်းပုံရိပ်ထဲတွင် စိတ်နစ်မြှုပ်သွားသည်က နှစ်တစ်ရာကြာသည်။ လုယန်အဖြစ်နှင့် လုံးဝကွဲလွဲနေသည်။

အပြင်လူများအတွက် လုယန်သည် ခေါင်းတစ်ချက်ငိုက်ပြီး သမ်းဝေလျက် ပြန်နိုးလာသည်ကိုသာ မြင်ရသည်။ ဖြစ်စဉ်တစ်ခုလုံး နှစ်စက္ကန့် သုံးစက္ကန့်ထက်ပိုမကြာ။ သမိုင်းပုံရိပ်ကို သူမြင်ခဲ့ရသည်ဟု ဘယ်သူမှထင်ကြမည်မဟုတ်။

သို့သော် အားလုံးက ထာဝရနတ်မယ်ရှိနေ၍ဖြစ်သည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ချိုးကျင်အန်း ပြုံး၍မေးသည်။

"မင်းတို့ ကြည့်ပြီးကြပြီလား"

ထင်ထားသည့်အတိုင်းပင် ထူးထူးခြားခြားဘာမှမဖြစ်ခဲ့။ ရောက်ဖူးဖို့ခဲယဉ်းသည့်နေရာဖြစ်၍ ဤလူငယ်များ လာကြည့်ခြင်းသာဖြစ်သည်။

အားလုံး သက်ပြင်းချကြသည်။ မသေမျိုးပုံရိပ်ကို မြင်ချင်ခဲ့သည်။ မသေမျိုးများကို တွေ့ချင်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် ဘာမှဖြစ်မလာ။

"နတ်မယ်၊ ခုနက ခင်ဗျားပြောလိုက်တဲ့စကားက တိုလွန်းမနေဘူးလား"

'ငါလုပ်ကြံခံရတယ်'ဟူသည့် စကားတစ်ခွန်းသာ နတ်မယ်ပြောလိုက်သည်။ အချိန်လေဟာနယ်လမ်းကြောင်းပိတ်သွားသည်။ ထိုစကားကို မသေမျိုးလေးယောက် နားမလည်မည်ကို လုယန်စိုးရိမ်သည်။

"စိတ်မပူပါနဲ့။ သူတို့ဉာဏ်ရည်က ငါ့ကိုမမီပေမယ့် သာမန်လူတွေထက်တော့ အများကြီးသာပါတယ်။ တစ်ခုခုအဖြေထုတ်ပြီး အစီအစဉ်တစ်ခု ချန်ခဲ့ကြပါလိမ့်မယ်။

ဒါပေမယ့် ငါသေရမယ့်ကံကိုတော့ မရှောင်နိုင်ခဲ့ဘူး။ သူတို့ချန်ထားခဲ့တဲ့အစီအစဉ်က ငါ့အတွက်မဟုတ်လောက်ဘူး။ တစ်ခြားကိစ္စတွေအတွက်ဖြစ်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ"

မသေမျိုးလေးယောက်၏ အနက်ရောင်သမိုင်းကြောင်းများစွာ သူသိထားသည်။ မသေမျိုးများ၏လှည့်စားမှုကို သူခံခဲ့ရသည်။ ချီလင်မသေမျိုးက သူ့ကို မြေကြီးစားခိုင်းသည်။ သို့သော် ထိုမသေမျိုးလေးယောက်ကို သူအသက်ရှင်စေချင်သည်။

လီဟော်ရန် ငေးကြောင်နေသည်။ ခုနက ကျားခုံကိုကြည့်ပြီး ရုတ်တရက် အိပ်ငိုက်သွားသည်။ ဝေဝါးနေသည့် သူ့အာရုံတွင် မသေမျိုးနယ်မြေထဲမှ မသေမျိုးလေးယောက်ကို မြင်ခဲ့သည်။ အားလုံးက ကြီးမားသည့်စွမ်းအားကိုယ်စီ ပိုင်ဆိုင်သည်။ ထိပ်တိုက်ရင်ဆိုင်၍ မရနိုင်။

ထို့နောက် သူလန့်နိုးလာပြီး မျက်တောင်တစ်ချက်ခတ်သည်။

"ဒါအိပ်မက်လား"

အိပ်မက်ထဲမှ အကြောင်းအရာများကို ပြန်မှတ်မိရန် ကြိုးစားသည်။ အိပ်မက်ထဲမှ မသေမျိုးလေးယောက်အကြောင်း ခန့်မှန်းသည်။ သို့သော် သူဆက်တွေးလေလေ သူ့မှတ်ဉာဏ်များ ဝေဝါးလာလေဖြစ်သည်။

"ဘာဖြစ်သွားတာလဲ"

လီဟော်ရန် မျက်မှောင်ကျုံ့နေသည်။ တစ်ခုခုဖြစ်သွားသည်ကို သူခံစားမိသည်။ သို့သော် သေချာပြန်တွေးကြည့်ချိန်တွင် ဘာမှမမှတ်မိတော့။

သူတို့လူစု မသေမျိုးနယ်မြမှ ထွက်သွားသည်။ တောင်ထိပ်တွင် ကျောက်ရုပ်လို မလှုပ်မယှက်ထိုင်နေသည့် လူတစ်ယောက်ကို ဘယ်သူမှသတိမထားမိကြ။ ထိုလူက မျက်ခွံကိုပင့်လျက် ထွက်သွားသည့်လူစုကို တစ်ချက်ကြည့်သည်။ ထို့နောက် တောင်ထိပ်မှ ပျံဆင်းလာပြီး မသေမျိုးနယ်မြေသို့ဝင်သည်။

မသေမျိုးနယ်မြေက ဘာမှအပြောင်းအလဲမရှိ။ ထိုလူ နည်းနည်းဇဝေဇဝါဖြစ်နေသည်။

"ထူးဆန်းတယ်။ စိတ်ထင်လို့ပဲလား။ ခုနက လူတစ်ယောက် သမိုင်းပုံရိပ်ကို မြင်ခဲ့တယ်လို့ ငါခံစားနေရတယ်"

ထို့နောက် သူခေါင်းခါသည်။ ဆက်မတွေးတော့။

စိတ်ထင်ခြင်းသာဖြစ်မည်။ သမိုင်းပုံရိပ်ကိုမြင်သူသည် ထိုပုံရိပ်ထဲတွင် စိတ်နစ်မျောသွားမည်သာဖြစ်သည်။

.......

တစ်လဟူသည့်အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။ လုယန်တို့ငါးယောက် ဓာတ်ငါးမျိုးဂိုဏ်းမှ အကျိုးကျေးဇူးများစွာရခဲ့သည်။ ဓာတ်ငါးမျိုးဗီဇဓာတ်ခံအတိုင်း ဓာတ်ငါးမျိုးစွမ်းအင်နယ်မြေများတွင် ကျင့်ကြံခဲ့သည်။ စွမ်းအင်သွေးကြောများကို စစ်ဆေးသည်။ တစ်လတာ လေ့လာခဲ့သမျှကို ပြန်သုံးသပ်သည်။

လုယန်က ရွှေစွမ်းအင်ကြောတွင် ကျင့်ကြံသည်။ ရွှေသန္ဓေပြည့်စုံခြင်းအဆင့်သို့ ရောက်ခဲ့သည်။ ကျင့်စဉ်အဆင့် များစွာတိုးတက်ခဲ့သည်။

"သွားတော့မယ် ညီလေးပိုင်မင်၊ နောက်မှထပ်တွေ့ကြတာပေါ့"

လှေပျံပေါ်မု လုယန်တို့လူစုက လက်ပြနှုတ်ဆက်သည်။

ဓာတ်ငါးမျိုးဂိုဏ်းမှလူအားလုံးထွက်၍ သူတို့ကိုနှုတ်ဆက်ကြသည်။

......

တာအိုလမ်းစဉ်ဂိုဏ်း၊ မွေးမြူရေးခြံ။

"ကမ္ဘာဦးအစ အပြာရောင်ကောင်းကင်မှာ၊ အပြာရောင်လေထုဟာ ဗလာနတ္ထိ။ အဆုံးမရှိ လွင့်မျောနေတယ်..."

ထာဝရဂိုဏ်းထိပ်တန်းအကြီးအကဲများ ဗုဒ္ဓသုတ္တာန်များကို ကျယ်လောင်ပီသစွာ ရွတ်ဆိုနေကြသည်။

ဗုဒ္ဓကျမ်းစာများ တစ်လနီးပါးလေ့လာပြီးနောက် သူတို့အားလုံး အတော်လေးပြောင်းလဲသွားသည်။ အထူးသဖြင့် ဗုဒ္ဓကျမ်းစာကို နားလည်နိုင်စွမ်းအမြင့်ဆုံးဖြစ်သည့် ထာဝရအရှင်က တိုးတက်မှုမြန်ဆန်သည်။

သူ့လှုပ်ရှားမှုကို ထိန်းချုပ်မထားလျှင် ခန္ဓာကိုယ်မှ ဗုဒ္ဓစွမ်းအင်ရောင်များ ဖြာထွက်လာသည့်အခြေအနေသို့ ရောက်ခဲ့သည်။

"ဗုဒ္ဓရဲ့ ဆောင်ရွက်ချက်တွေဟာ နက်နဲတယ်။ နောင်တစ်ချိန် စွန်စီးဘုံကျောင်းကိုတောင် ကျုပ်ဝင်ခွင့်ရနိုင်တယ်။ ဒါတွေအားလုံးဟာ ကိုယ်တော်လေးရဲ့ သင်ပြမှုကောင်းလို့ပါ"

ထာဝရအရှင်နှင့် ရှီချန်းတို့ အပြန်အလှန်အရိုအသေပြုကြသည်။

"ခွဲခွာချိန်တန်ပြီဖြစ်လို့ စိတ်မကောင်းပါဘူး။ သားသတ်ရုံကို ကျုပ်ပြန်ရတော့မယ်။ "သားသတ်ဓားကိုချပြီး မြေပေါ်မျာ ဗုဒ္ဓတစ်ပါးဖြစ်လာတယ်"ဆိုတဲ့ စကားကို နားလည်အောင် ကျုပ်ကြိုးစားရဦးမယ်"

ရှီချန်း စိတ်မကောင်းဖြစ်နေသည်။ သူနှင့်ထာဝရအရှင် အတွေ့နောက်ကျသည်။ သူ့အမြင်အများစုကို ထာဝရအရှင်က ထောက်ခံသည်။ သူ့ဆရာကျဲ့ရှားထက် များစွာပိုပွင့်လင်းသည်။

ဤဒကာသည် ဉာဏ်ပညာကြီးမားသည်။

ဤဒကာကြောင့် တာာအိုလမ်းစဉ်ဂိုဏ်းသို့ လာခဲ့ရသည့် သူ့ခရီးစဉ်သည် အချည်းအနှီးမဖြစ်တော့။

ဗုဒ္ဓကျမ်းစာများ၏ စွမ်းအားကြောင့် ရှောင်ဝူတို့ ညီအမသုံးယောက်လည်း ရွှေသန္ဓေအဆင့်သို့ ချောမွေ့စွာတက်နိုင်ခဲ့သည်။

ထိုသို့ဖြစ်လာသည်ကလည်း သဘာဝကျသည်။ ထာဝရဂိုဏ်းထိပ်သီးအားလုံး ဝိညာဉ်ဘဝရောက်၍ ကျင့်စဉ်အထောက်အပံ့များကို မခံစားနိုင်သော်လည်း သူတို့သာမန်ညွှန်ကြားလမ်းပြရုံဖြင့် ကျင့်စဉ်လမ်းနားလည်နိုင်စွမ်းကို ပြောင်းလဲပေးနိုင်သည်။ ကျင့်စဉ်အထောက်အပံ့လုံးဝမလို။

ထို့ပြင် ရှီချန်းကလည်း သင်ကြားအလင်းပြပေးနေသဖြင့် ရှောင်ဝူတို့ ဝိညာဉ်ကို ရွှေသန္ဓေအဆင့်ရောက်အောင် ကူညီပေးနိုင်ခဲ့သည်။

ပြီးခဲ့သည့်လအတွင်း အသားကင်များ၏အရသာ ပိုကောင်းလာသည်ကို တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ခံစားမိကြသည်။

အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်လျှင် အသားထဲတွင် နားကျည်းစွမ်းအင်များ မလွဲမသွေစိမ့်ဝင်လာသည်။ မီးတောက်စစ်ဖြင့် ထိုနာကျည်းစွမ်းအင်များကို မောင်းထုတ်နိုင်သည်။ သို့သော် ဗုဒ္ဓကျမ်းစာစွမ်းအားကို‌တော့မမီပေ။

အိမ်မွေးတိရစ္ဆာန်များ သတ်ဖြတ်နေစဉ်အတွင်း ရှီချန်းနှင့် ဒုဂိုဏ်းချုပ်ကျင်းက ဗုဒ္ဓကျမ်းစာများရွတ်၍ နာကျည်းစွမ်းအင်များကို ဖျောက်ဖျက်ပေးခဲ့သည်။

ထိုအဖြစ်ကိုမြင်ပြီးနောက် မသေမျိုးအရှင် အတော်ပျော်ရွှင်သွားသည်။

"ဒါက အတော်ကောင်းတဲ့နည်းလမ်းပဲ။ အခွင့်သာရင် ဒီနည်းလမ်းနဲ့ အသားကင်အရည်အသွေးမြှင့်လို့ရမလားဆိုတာ ဒုခေါင်းဆောင်လုနဲ့ ဆွေးနွေးကြည့်မယ်"

ဤကိစ္စသည် တက်ကြွသည့်လုပ်အားကြောင့်ဖြစ်လာသည့် ပြောင်းလဲတိုးတက်မှုသက်သေဖြစ်သည်။

"ရှီချန်း၊ အခွင့်အရေးရရင် နောက်ထပ်လာလည်ပါ။ မင်းတစ်ခုခုလိုချင်အပ်တာရှိရင်လည်း ငါသေချာပေါက်ဖြည့်ဆည်းပေးပါ့မယ်"

တိုင်ပုဖန်ကိုယ်တိုင် ရှီချန်းကို လိုက်ပို့သည်။

သူ့ဆရာမဟာအကြီးအကဲ အသက်ရှင်လျက်ရှိနေသေးကြောင်း သိခဲ့ရသည်။ ရှီချန်းကို သူကောင်းကောင်းဧည့်ခံ၍ ကိုယ်တော်ကျဲ့ရှားက သဘောကျပြီး မဟာအကြီးအကဲကို အသက်ရှင်ခွင့်ပေးခြင်းဖြစ်သည်ဟု သူနားလည်သည်။

ရှီချန်းတွင် တကယ်လည်း အကူအညီတောင်းစရာကိစ္စတစ်ခု ရှိနေသည်။

"အကိုတိုင်၊ ကျုပ်ကို ငွေနည်းနည်းလောက်ချေးနိုင်မလား"

*************************************

All Chapters