← Chapters

နောက်ဆုံးတော့ ငါလည်း သိုင်းပညာမှာ ပြိုင်ဘက်ကင်းဆရာတစ်ဆူဖြစ်ပြီ

Vol. 19 Ch. 251

နောက်ဆုံးတော့ ငါလည်း သိုင်းပညာမှာ ပြိုင်ဘက်ကင်းဆရာတစ်ဆူဖြစ်ပြီ

Vol. 19 Ch. 251

ဖန့်ကြွယ်ယွီ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဝမ်ချုံးနှင့် စမ်းမုံ့ဟန်တို့ကိစ္စလည်း အဆင်ပြေသွားသလို ကူးရီ၏ သတင်းသည်လည်း သိုင်းလောကသားများအကြားပျံ့လွင့်နေသည်။

ဖန့်ကြွယ်ယွီလည်း ပွဲအပြီးထိ မနေဘဲ ပြန်ထလာသည်။သူက ဝမ်ချုံးကိစ္စကူညီပေးရန်လာခဲ့ခြင်းဖြစ်သည်။ အခု ကိစ္စများက ပြေလည်သွားပြီမို့ ပြန်ဖို့သာရှိတော့သည်။သူ့အနေဖြင့် သိုင်းလောကနှင့် အကျွမ်းတဝင်မနေလိုပေ။

“သိုင်းလောကအဖွဲ့အစည်းက ပြန်ပြီးဖွဲ့စည်းဖို့လိုအပ်တာပဲ”

သူမပြန်ခင် ထိုစကားကို ပြောခဲ့သည်။ သိုင်းလောကသားများလည်း ထိုစကားကိုကြားရပြီးနောက် သူတို့လုပ်ရပ်ကိုပြန်လည်ဆင်ခြင်သုံးသပ်မိတော့သည်။

…

ညဘက်ရောက်သောအခါ ကောရှင်းယွီက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်တွင် ဖန့်ကြွယ်ယွီက စွမ်းအားရှင် ကျင့်စဉ်များကို ကျင့်ကြံနေသည်။ ငါးလလောက် လေ့ကျင့်ပြီးချိန်တွင် ဖန့်ကြွယ်ယွီ၏ အနေအထားလည်း အထူးတိုးတက်ကောင်းမွန်လာသည်။

သူ့တစ်ကိုယ်လုံးမှာ အလွန်သက်တောင့်သက်သာ ဖြစ်လွန်းသော စိတ်ခံစားမှုက တစ်ကိုယ်လုံးအနှံ့ပျံ့နှံ့သွားသလို ခံစားနေရပုံက ဆဲလ်များအသစ်တစ်ဖန် မွေးဖွားလာသည့်အလားဖြစ်သည်။

ယခုတစ်ခေါက်ခံစားမှုက အရင်တစ်ခေါက်နှင့်တူသည်ဆိုသော်ငြား အနည်းငယ်ကွဲပြားနေသည်။ သူ့ကိုယ်ထဲမှာ ဆန်းကြယ်သောခံစားချက်တစ်ခုက လွင့်မျောနေသည့်ပုံဖြစ်သည်။ ပြောရမည်ဆို သူ့ကိုယ်ထဲမှာ သားရဲတိရစ္ဆာန်များ ခုန်ပေါက်မြူးတူးနေသည့်အလား ဖြစ်သည်။

“ဝုတ် ဝုတ်”

ရုတ်တရက်ဆိုသလို ခွေးအိမ်ထဲမှာ အိပ်ပျော်နေသော အားကောက မျက်လုံးပွင့်လာပြီး သူ့အခန်းဘက်ကို ကြည့်ကာ ဟောင်နေသည်။

“ရှောင်းရီ ငါ့ခန္ဓာကိုယ်ကြီးက ပေါက်ကွဲထွက်မတတ်ခံစားနေရတာ ဘာလို့လဲ”

သူ့ကိုယ်ထဲရှိ သွေးများက ပွက်ပွက်ဆူနေပြီး ခန္ဓာကိုယ်ကလည်း အချိန်ကိုက်ပေါက်ကွဲတော့မည့် ဗုံးတစ်ခုအလား ဖြစ်နေသည်။

“ပိုင်ရှင် ကျင့်တဲ့ စွမ်းအားရှင်ကျင့်စဉ်ကြောင့် ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာရတာပါ။ ဖြစ်နိုင်ရင် ဒီအချိန်မှာ ဘယ်သူမှ မရှိနေတဲ့ နေရာမှာ နေတာ အကောင်းဆုံးပါ။ မဟုတ်ရင် ကျန်းနန်ဗီလာတစ်ခုလုံး ဗြောင်းဆန်ကုန်လိမ့်မယ်။”

“စောစောကပြောရောပေါ့”

ဖန့်ကြွယ်ယွီလည်း အဝတ်အစား မြန်မြန်လဲပြီး အလုံခြုံဆုံးနေရာဖြစ်သည့် နတ်ဘုရားအကယ်ဒမီရှိရာ အန်းကျန့်တောင်ထိပ်ပေါ်သို့ အမြန်ပြေးသွားတော့သည်။

“ဝုတ် ဝုတ် ဝုတ်”

အားကောက သူ့နောက်က ထပ်ကြပ်မကွာလိုက်လာသည်။ သူ၏ သက်တော်စောင့်ဖြစ်သူ ကူးရီလည်း ဘေးနားက ပါလာသည်။

သူက သိပ်မကြာခင်မှာလျှို့ဝှက်စွမ်းအားရှင်အဆင့်ကို ရောက်တော့မည်ဆိုတာကို ကူးရီက သိတာမို့ သူ့ကို အနှောင့်အယှက်မပေးလိုသဖြင့် ခပ်ခွါခွါမှာ ရှိနေသည်။

“ကူးရီ ဒီနားမှာစောင့်နေ”

အားကောက နတ်ဘုရားအကယ်ဒမီကို စိတ်ကြိုက်ဝင်ထွက်နိုင်သည်။လူရော ခွေးရော တောင်ထိပ်ပေါ်မှာ ရုတ်တရက်ပျောက်သွားသည်။

“ဒါက ဘယ်လိုနေရာပါလိမ့်”

ကူးရီက တစ်ခါမှ ဖန့်ကြွယ်ယွီကို မမေးဖူးပေ။ဖန့်ကြွယ်ယွီက ခြောက်လဆိုသည့်ကာလအတွင်း လျှို့ဝှက်သိုင်းပညာရှင်အဆင့်ကိုတက်လှမ်းနိုင်တာမို့ ဒီကျောက်တုံးက သာမန်မဟုတ်ဘူးဆိုတာ ကူးရီကောက်ချက်ချမိသည်

“ဥက္ကဌ ဒီနေ့ ကျောင်းကိုလာတာ နောက်ကျလှချည်လား”

“ဆရာ..ကျွန်တော်တစ်ယောက်ထဲအေးဆေးနေမှရမယ်။ မနှောင့်ယှက်ပါနဲ့။ ကျွန်တော်အဆင့်တစ်ခုကို အောင်မြင်ခါနီးပြီ”

“ကောင်းတာပေါ့။ သတင်းကောင်းပဲ။ဒါဆို ကျောင်းရဲ့အားကစားရုံကို သွားပါ”

“ကောင်းပြီ။ အားကောရေ ဒီမှာ လိမ်လိမ်မာမာနေခဲ့ပြီး စူးစမ်းနေ။ အချိန်ပြည့်စားနေတာရပ်ပြီး တစ်ခုခုတော့ လေ့လာဖို့လုပ်ဦး ကြားလား”

“ဝုတ်”

အားကောက သူ့စကားနားလည်သလိုပြန်ဖြေသည်။

ဖန့်ကြွယ်ယွီတစ်ကိုယ်လုံးဗြောင်းဆန်နေသည်။ထိုအချိန်မှာ အဝေးတစ်နေရာမှာရှိနေသော တန်ခိုးက သူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်သမျှကို ထိန်းချုပ်လိုက်ပုံရသည်။ သူ့ဘေးနားမှာ ရွှေရောင်အလင်းတန်းတစ်ခုက ဝန်းရံထားသည်။ ထိုအလင်းတန်းက စကြာဝဠာအရင်းမြစ်စွမ်းအင်ဖြစ်သည်။ ထိုစွမ်းအင်ကြောင့် သူသည်သာမန်လူသားထက် တစ်ဆင့်မြင့်သော အနေအထားကို ရောက်သွားသည်။

ထို့ကြောင့်ပင် လျှို့ဝှက်စွမ်းအားရှင်က သာမန်သိုင်းပညာရှင်ထက်သာလွန်ခြင်းဖြစ်သည်။သို့သော်လည်း သူတို့၏ ပြင်ပရုပ်သွင်ကတော့ သာမန်လူအတိုင်း ကျန်ရှိနေဆဲဖြစ်သည်။

ထိုအချိန်မှာ အသစ်ရောက်နေသော ကျောင်းသားအများစုက နတ်ဘုရားအကယ်ဒမီမှာ ကျင့်ကြံနေကြသည်။ကျောင်းသားအများစုက သိုင်းလောကမှဖြစ်ကြသည်။ရုတ်တရက်မြင်လိုက်ရသော ရွှေရောင်အလင်းတန်းကြောင့် ကျောင်းသားများရော ဆရာများပါပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

“ဒါကဘာကြီးပါလိမ့်။ စွန်းဝူခုန်းက တခြားဆရာတွေနဲ့ ရန်ဖြစ်နေပြန်ပြီလား”

“မဟုတ်ဘူး ဒါက ဆရာစွန်းမဟုတ်ဘူး”

“ကြည့်ရတာ ဥက္ကဌရဲ့ စွမ်းအင်ပုံစံလိုပဲ”

“ဟုတ်တယ် သူက ခဏလေးအတွင်းကို လျှို့ဝှက်သိုင်းပညာရှင်ဖြစ်လာတာ ကျင့်ကြံတဲ့ နှုန်းက အရမ်းမြန်တယ်”

“ပြောတာတော့ သူကျင့်ကြံတဲ့ကျင့်စဉ်က တခြားလူတွေထက်အများကြီးသာလွန်တယ်ဆိုပဲ။ ပြီးတော့ သူ့အစွမ်းက သာမန် လျှို့ဝှက်သိုင်းပညာရှင်ထက် ဆယ်ဆပိုများတယ်”

All Chapters