← Chapters

အတော်ဆုံး အထူးပြုလုပ်ချက်အဖွဲ့

Vol. 19 Ch. 253

အတော်ဆုံး အထူးပြုလုပ်ချက်အဖွဲ့

Vol. 19 Ch. 253

ဟောလိဝုဒ်သည် ဖက်ရှင်လောက ကြီးစိုးရာနေရာတစ်ခုဖြစ်သလို ရုပ်ရှင်နှင့် ဂီတအနုပညာ ထွန်းကားရာနယ်မြေလည်းဖြစ်သည်။ ဝါးနာ့စ်ဘရားသား၊ အမ်ဂျီအမ်ရုပ်ရှင်ထုတ်လုပ်ရေး နှင့် ဒစ်စနေရုပ်ရှင်ထုတ်လုပ်ရေးတို့သည် ကမ္ဘာတစ်ဝှမ်းနာမည်ကြီးသည်။ နှစ်ပေါင်းများစွာတိုင် ရုပ်ရှင်လောကကို ထိုကုမ္ပဏီကြီးများက ကြီးစိုးခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်ခန့်က ဘရီလာမစ်ချဲဟု နာမည်တွင်သော စီးပွါးရေးပါရမီရှင်တစ်ဦး ပေါ်ထွက် လာသည်။ ထိုသူသည် ပြိုင်ဘက်ကုမ္ပဏီကြီးများအကြား ဟောလိဝုဒ်မဟာမိတ်အဖွဲ့ကို ဖွဲ့နိုင်ခဲ့သည်။

လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် နည်းပညာအထောက်အပံ့ကြောင့် ဟောလိဝုဒ်ရှိ ဖက်ရှင်နှင့် ရုပ်ရှင်လုပ်ငန်းများသည် ပြိုင်ဘက်ကင်းအနေအထားဖြစ်လာသည်။

ထိုမဟာမိတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဘရီလာက ဩဇာတိက္ကမကြီးမားသည်။ ဟောလိဝုဒ်၏ရုပ်ရှင်လောက အဆင့်အတန်းမြင့်မားလာမှုတွင် အထူးပြုလုပ်ချက်အဖွဲ့၏ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုလို့မရပေ။

ဘရီလာသည် ထိုအထူးပြုလုပ်ချက်အဖွဲ့များအားလုံးကို ပေါင်းစည်းပြီး အထူးပြုလုပ်ချက်ကုမ္ပဏီတစ်ခုကို တည်ထောင်သည်။ ထို့ကြောင့် သူသည် ဟောလိဝုဒ်ရုပ်ရှင်ကုမ္ပဏီများ၏ ပင်မအသက်သွေးကြောကို လွှမ်းမိုးထားသည်ဟု ဆိုနိုင်မည်။

ဖန့်ကြွယ်ယွီက ကျွမ်းရီကိုယ်တိုင် ကွပ်ကွဲနေသော အရာများကိုကြည့်ပြီး ခေါင်းရှုပ်လာသည်။ သူက လုပ်ငန်းတိုင်းကို မကျွမ်းကျင်သလို ဘရီလာ၏ အကြောင်းကိုလည်း မသိပေ။

“အမရီ..ငါက ညစာဖိတ်ကျွေးဖို့ကမ်းလှမ်းတာကို မစ္စတာဘရီလာက ဘာပြောသေးလဲ”

ဖန့်ကြွယ်ယွီက ပြသနာဖြစ်ရတာကို မနှစ်မြို့ပေ။ သို့သော် သူလှုပ်လိုက်သည်နှင့် ပြသနာက တက်လာသည်။

အထူးပြုလုပ်ချက်အဖွဲ့နှင့် ပတ်သက်သည့်ကိစ္စများကို မစ္စတာဘရီလာကို ဆက်သွယ်လိုက်ရုံဖြင့် ပြီးပြီမဟုတ်ပါလော။

“သခင်လေး မစ္စတာဘရီလာက ရုပ်ရှင်ကားအသစ်ရိုက်ကူးဖို့နဲ့ အလုပ်ရှုပ်နေတာမို့ မအားဘူးဆိုပြီး အကြောင်းပြန်လာပါတယ်”

“သူက ငါ့ကိုမတွေ့ချင်တာပဲ”

“ဒါဆို အထူးပြုလုပ်ချက်အဖွဲ့နဲ့ပတ်သက်ပြီးတော့ရောပြောဖြစ်သေးလား”

“ပြောပါတယ်။ ဒါပေမဲ့ အဲ့တာက ရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်လို့ဆိုပါတယ်။ ကျွန်မတို့ရဲ့ ရုပ်ရှင်ကား ရိုက်ကူးမဲ့အ

အနေအထားနဲ့ စရိတ်စက ကလည်း အရမ်းများတဲ့အပြင် သူတို့လူတွေပါအကုန်ဝင်ပါမှရမဲ့ ပရောဂျက်ဖြစ်နေတာ။ ပြီးတော့ ကျွန်မတို့ဘက်က ရုပ်ရှင်ရိုက်ကူးဖို့ နောက်ကျနေရတဲ့ အကြောင်းကိုလည်း

ထပ်တလဲလဲ အပြစ်ဖို့ပြီး သူတို့အပြစ်လွတ်အောင်ပြောပါတယ်”

“စာချုပ်ဖျက်လို့ ပေးရမဲ့လျော်ကြေးက ဘယ်လောက်မှမရှိပါဘူး။ တမင်တကာ မပေးချင်လို့ အကြောင်းရှာနေတာဖြစ်မယ်”

“ဒါဆို ကျွန်မတို့ဘက်က သူတို့ကို တရားစွဲလိုက်ရမလား။ သူတို့စာချုပ်ကိုဖျက်တာာထင်ရှားနေတာမို့ သေချာပေါက်ကျွန်မတို့နိုင်မှာ။ ကျွန်မလိုအပ်တာ အကုန်စီစဉ်လိုက်ရတော့မလား”

“ရတယ်။ မလိုပါဘူး။ ငါတို့ တရုတ်လူမျိုးတွေဆိုတာ အလွယ်တကူစော်ကားလို့မရကြောင်း ပြရသေးတာပေါ့”

သူက ဘရီလာကို နောက်ဆုံးအခွင့်အရေးအနေဖြင့် ညစာဖိတ်ကျွေးသော်လည်း တစ်ဖက်လူက ထိုအခွင့်အရေးကို ပယ်ချခဲ့သည်။

“သခင်လေး..သူတို့ဘက်ကို အလဲထိုးနိုင်ဖို့က မလွယ်ဘူးနော်။ ဟောလိဝုဒ်စျေးကွက်က ဘီလီယံအနည်းငယ် ပဲတန်ကြေးရှိတာမို့ ဝယ်ရတာလွယ်တယ်။ ဒါပေမဲ့ သခင်လေးက ဒီအတွက်ပိုက်ဆံကိုမသုံးချင်တာမို့ အခက်တွေ့နိုင်တယ်”

“ဟုတ်တာပေါ့”

“သူတို့ကို နိုင်ဖို့က တစ်လမ်းပဲရှိတော့တယ်။ တရုတ်ဘက်က သူတို့ကုမ္ပဏီတွေကို ပြန်ပြီးနှိပ်ကွပ်ရမယ်။ တစ်နည်းတော့ရှိမယ်။ တရုတ်ပြည်က ရုပ်ရှင်ရုံအားလုံးကို ဝယ်ပစ်ပြီး သူတို့ဇာတ်ကားတွေ တစ်ကားမှမပြဘူးဆိုပြီး လုပ်ပစ်ရမယ်”

“ကျွန်မလည်း အဲ့လိုမျိုးတွေးထားတာ”

ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများသည် တရုတ်ပြည်စျေးကွက်အပေါ်တွင် အားထားနေရသဖြင့် ထိုအကွက်က သူတို့အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်သည်။

ဖန့်ကြွယ်ယွီသည်လည်း ယခုလက်ရှိတွင် တရုတ်ပြည်၏ ရုပ်ရှင်ရုံတစ်ဝက်ကျော်လောက်ကို ပိုင်ဆိုင်သော အနေအထားဖြစ်သည်။ထို့ကြောင့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများက နိုင်ငံအတွင်းရှိ ရုပ်ရှင်ရုံတစ်ဝက်ကျော်ကျော်လောက်တွင် ပြသခွင့်မရှိတော့ပေ။

ကျန်ရုပ်ရှင်ရုံတစ်ဝက်ကို ဝမ်ချုံးတို့မိသားစုပိုင်သော ဘိုင်ဒါလုပ်ငန်းစုက ပိုင်ဆိုင်သည်။ ထို့ကြောင့် ဝမ်ချုံးတို့ဘက်ကို ရုံတင်ခဆုံးရှုံးမှုအတွက် လျော်ကြေးအနည်းငယ်ပေးပါက ပြသနာမရှိတော့ပေ။

ကျန်ရှိနေသေးသော ရုပ်ရှင်ရုံလေးများကို ဝယ်ယူဖို့လည်း မခဲယဉ်းလှပေ။

ဒီပုံအတိုင်းသာဆို ဖန့်ကြွယ်ယွီဘက်ကလည်း ဆုံးရှုံးမှုအနည်းငယ်ရှိနိုင်သလို ဟောလိဝုဒ်ဘက်ကလည်း

အထိနာပေလိမ့်မည်။ ပိုက်ဆံထားစရာနေရာပင်မရှိအောင် ချမ်းသာသော ဖန့်ကြွယ်ယွီအတွက်တော့ ဒီဆုံးရှုံးမှုပမာဏသည် မပြောပလောက်ပေ။

သူ့အတွက်တော့ ဟောလိဝုဒ်ရုပ်ရှင်ဘက်က လူများ၏လုပ်ရပ်ကို သည်းခံနိုင်စွမ်းမရှိတော့ပေ။

ဟောလိဝုဒ်အတွက် တရုတ်စျေးကွက်ကို လက်လွှတ်ရခြင်းက ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သည်။

“ဒါပေမဲ့ တရုတ်ဘက်မှာ ဟောလိဝုဒ်ကားတွေကို အရမ်းအားပေးကြတယ်မလား။ ဥပမာ ဒီစီတို့ မာဗယ်ဇာတ်ကားတွေလေ။ အဲ့ကားတွေ ပြသခွင့်ရုပ်သိမ်းလိုက်မယ်ဆိုပရိတ်သက်တွေက ဆန္ဒပြကြမယ်ဆိုရင်ရော”

“အင်း ဒါကတော့”

ဒီအပိုင်းကို သူလည်း ခေါင်းခြောက်နေသည်။အကယ်၍ အနောက်တိုင်းဇာတ်ကားများကို ရုပ်ရှင်ရုံတွက် မပြလျှင် သူ့ကိုပရိတ်သက်များက ဝီဘိုထိ တကူးတကလာပြီး ဆဲဆိုကြလိမ့်မည်။

မကြာသေးခင်ကပင် အနောက်တိုင်းယဉ်ကျေးမှုများက တရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန်လွှမ်းမိုးလာသည်။

“အဲ့လိုသာဆို ယဉ်ကျေးမှုချင်း အားပြိုင်တာတွေ ဖြစ်ကုန်တော့မှာပေါ့”

“အရင်ဦးဆုံး ငါ့လက်ထဲမှာမရှိနေတဲ့ ရုပ်ရှင်ရုံတွေကို ဝယ်နိုင်ဖို့ကိစ္စကို စီစဉ်ပေးပါ။ ပိုက်ဆံဘယ်လောက်ကုန် ကုန်ရတယ်”

“သူတို့က ဒီဇာတ်ကားကနေ အမြတ်များများရမယ်လို့ မျှော်လင့်ထားကြတာ။ သူတို့မျှော်လင့်ချက်ကို ရိုက်ချိုးကြတာပေါ့”

“ဒါဆို သခင်လေးက ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ”

“လွယ်လွယ်လေးပါ။ ငါတို့ဇာတ်ကားတွေက သူတို့ထက်သာနေလျှင် ပရိတ်သက်က ငါတို့ကားကိုပဲ ကြည့်ကြမှာပေါ့။ တရုတ်ပြည်မှာ အထူးပြုလုပ်ချက် ကျွမ်းကျင်တဲ့အဖွဲ့လေးဘာလေးမရှိဘူးလား”

“သူတို့လို နာမည်ကြီးတဲ့အဖွဲ့တော့ ရှိတယ်လို့ မကြားမိဘူး။ပိုက်ဆံအများကြီးရင်းနှီးထားလျှင်တောင် သူတို့လိုအနေအထားရဖို့ခဲယဉ်းတယ်”

“အရင်တုန်းကမရှိပေမဲ့ အခုရှိလာမယ်လေ။ ငါ့မှာ ကမ္ဘာ့အတော်ဆုံး ပြိုင်ဘက်ကင်း အထူးပြုလုပ်ချက်အတော်ဆုံးအဖွဲ့တစ်ဖွဲ့ရှိတယ်”

“တကယ်ကြီး”

ကျွမ်းရီဘဝမှာ ထိုအဖွဲ့မျိုးက တရုတ်မှာရှိသည်ဆိုတာ တစ်ခါမှ မကြားဖူးပေ။

“ဒါက မင်းကိစ္စမဟုတ်ပါဘူး။ ငါမှာထားသလိုပဲ ရုပ်ရှင်ရုံတွေ ဝယ်ပါ။ သူတို့ဇာတ်ကားနဲ့ ငါတို့ဇာတ်ကား အပြိုင်ရုံတင်တဲ့အချိန်ကျ ငါတို့က သူတို့ထက် နည်းပညာတစ်ဗန်းသာပြီး

အလဲထိုးပစ်ရမယ်”

“ဟုတ်ကဲ့ပါ သခင်လေး နားလည်ပါပြီ”

“ပြီးတော့ တရုတ်ပြည်မှာ အဆင့်မြင့် လျှပ်စစ်ပစ္စည်းတပ်ဆင်တဲ့စက်ရုံတွေ ဘယ်လောက်များများရှိမလဲ”

“သခင်လေး တရုတ်ပြည်တစ်ခုလုံးမှာ တတိယမြောက်အကြီးဆုံး စက်ရုံက ငါတို့စက်ရုံပါ”

“တရုတ်ပြည်တစ်ခုလုံးက စက်ရုံတွေကို အဆင့်မြှင့်တင်ချင်တာမို့ ထုတ်လုပ်ရေးအပိုင်းမှာ ငါ့ကိုနည်းနည်းတာဝန်ခွဲပေးပါဦး”

“ရုပ်ရှင်ရုံတွေကို အိုင်မက်စ် (IMAX) ရုပ်ရှင်ရုံတွေအဖြစ်ပြောင်းပစ်မလို့လား”

“မဟုတ်ပါဘူး VRရုံတွေအဖြစ် အကုန်လိုက်ပြောင်းမှာ။ တစ်နှစ်အတွင်း တရုတ်ပြည်မှာ ဟောလိဝုဒ်ဇာတ်ကားတွေက နာမည်တဖြည်းဖြည်းကျလာစေရမယ်။ သူတို့ဇာတ်ကားတွေ အလကားပြမယ်ဆိုရင်တောင် ကြည့်မယ့်လူမရှိတဲ့ထိ ဖြစ်စေရမယ်။

All Chapters