← Chapters

နတ်ဘုရားရုပ်ရှင်ကုမ္ပဏီ

Vol. 19 Ch. 254

နတ်ဘုရားရုပ်ရှင်ကုမ္ပဏီ

Vol. 19 Ch. 254

ဖန့်ကြွယ်ယွီ၏ ခေါင်းထဲမှာ အစီအစဉ်အကုန်ဆွဲပြီးသား ဖြစ်သည်။ သူက လျှို့ဝှက်စွမ်းအားရှင်ဖြစ်ကတည်းက တွေးခေါ်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း ပိုမိုမြင့်မားလာသည်။ ဒါ့အပြင် သူ၏ စိတ်ပိုင်းဆိုင်ရာသည်လည်း ယခင်ကနှင့်မတူဘဲ ပိုမိုကြံ့ခိုင်လာသည်။

“ဟေး ဝမ်ချုံး..မင်းနဲ့ အလုပ်ကိစ္စဆွေးနွေးစရာလေးရှိလို့”

ဖန့်ကြွယ်ယွီက ဝမ်ချုံးထံဖုန်းခေါ်သည်။

“မင်းက ငါနဲ့ အလုပ်ကိစ္စဆွေးနွေးမလို့ ဟုတ်လား”

ဝမ်ချုံးက ကြားလိုက်ရသည့်စကားအပေါ် မယုံင်္သကာဖြစ်မိသည်။ အလုပ်ကိစ္စနှင့် ပတ်သက်ပါက သူတို့မိသားစုတွင် သူ၏ဖခင် ဝမ်လင်းကိုသာ ဆက်သွယ်ကြသည်။ ဖန့်ကြွယ်ယွီက သူ့ကို ဘာကြောင့်များ ဆက်သွယ်ရသနည်း။

သို့သော်လည်း ဖန့်ကြွယ်ယွီနှင့် စီးပွါးရေးမလုပ်ချင်သောလူ ဘယ်မှာများရှိလိမ့်မည်နည်း။

“မင်းကို ဘိုင်ဒါရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲဖို့ မင်းအဖေက လွှဲပေးလိုက်ပြီဆို ဟုတ်လား”

“ဟုတ်တယ်လေ။ဘာလို့လဲ။ ဟောလိဝုဒ်ရုပ်ရှင်တွေအကုန် ပြသခွင့်ပိတ်ပစ်ဖို့ ရုပ်ရှင်ရုံတွေဝယ်ဖို့ ကြိုးပမ်းနေတာလား”

ဝမ်ချုံးက ဖန့်ကြွယ်ယွီ၏ အကြံတစ်စိတ်တစ်ပိုင်းကို သိနေသည်။

“အင်းပေါ့။ ဒါပေမဲ့လည်း ဟောလိဝုဒ်ရုပ်ရှင်တွေ ပြသခွင့်ပိတ်လိုက်မယ်ဆိုလည်း ငါတို့ကို လူတွေက ဝိုင်းဆဲကြမှာ။ သူတို့ရုပ်ရှင်တွေကို ငါတို့နိုင်ငံမှာ အသားကုန်အားပေးကြတာမဟုတ်လား”

“ဒါဆို မင်းဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ”

ဖန့်ကြွယ်ယွီက အစီအစဉ်မရှိဘဲ သူ့ဆီဆက်သွယ်လာမည့်သူမဟုတ်ပေ။

“သူတို့ရုပ်ရှင်တွေကို သပိတ်မှောက်ရမှာပေါ့။ ဒါပေမဲ့ ငါတို့ပြည်သူတွေကိုယ်တိုင်က သူတို့ရုပ်ရှင်တွေ ကိုလိုလိုလားလား သပိတ်မှောက်ဖို့ လုပ်ဖို့လိုတယ်”

“ဒါတော့ မလွယ်ဘူး။ ပြည်တွင်းရုပ်ရှင်အများစုက သရုပ်ဆောင်ကြေးသုံးတဲ့နေရာမှာ အရမ်းသုံးပစ်တာ။ပြီးတော့ သရုပ်ဆောင်အချင်းချင်းယှဉ်မလား။ သုံးတဲ့ အထူးပြုလုပ်ချက်ချင်းယှဉ်မလား။ ဘယ်အရာမှ ဟောလိဝုဒ်ရုပ်ရှင်အဆင့်အတန်းကို ပြည်တွင်းရုပ်ရှင်က လိုက်မမှီဘူး”

“ဒါတွေက အရင်ခေတ်မှာကျန်ခဲ့ပါပြီ။ ခုခေတ်မှာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းပဲရိုက်မလား။ အချစ်ကားရိုက်မလား။ မှော်ဇာတ်ကားရိုက်မလား အကုန်ဖြစ်နေတာပဲဟာ”

“ငါတို့မှာ တကယ့်ဝါရင့်သမ္ဘာရင့်ဆရာကြီးတွေရှိနေတာ။ အထူးပြုလုပ်ချက်အဖွဲ့ငှါးဖို့လိုဦးမလား”

“ဟာ ဟုတ်သားပဲ” ဝမ်ချုံးက အခုမှ သူသတိမေ့နေသောအရာကို အမှတ်ရသွားသည်။

သူက စမ်းမုန့်ဟန်နှင့် အတူတူ နတ်ဘုရားအကယ်ဒမီကို သွားခဲ့တုန်းက အစွမ်းအမျိုးမျိုးထုတ်ပြသော ဆရာအဖွဲ့ကို သတိရသွားသည်။

“မိုးကောင်းကင်ကိုဖြိုခွင့်မဲ့လူစွမ်းကောင်းများ” ဟူသော ဇာတ်ကားတောင်ရိုက်လို့ရသည်။

ထိုအကယ်ဒမီတွင် ရှောင်းယန်ဟုခေါ်သော ဆရာရှိသည်။ ရှောင်းယန်သည် မီးတောက်မီးလျှံများကို ထိန်းချုပ်နိုင်သဖြင့် ကမ္ဘာပျက်သည့်ဇာတ်ဝင်ခန်းများကိုတောင် အသာလေးရိုက်ကူးနိုင်သည်။

ကမ္ဘာကျော်အထူးပြုလုပ်ချက်အဖွဲ့တောင်မှ ထိုကဲ့သို့ စစ်မှန်သော ခံစားမှုမျိုးကို မပေးစွမ်းနိုင်ပေ။

အထူးပြုလုပ်ချက်များက ဘယ်လောက်ပင် အစစ်အမှန်နှင့်တူနေစေကာမူ တကယ့်လက်တွေ့ လုပ်ဆောင်မှုများ ကို မယှဉ်နိုင်ပေ။

“ဒါဆို တခြားသရုပ်ဆောင်တွေကို သူတို့လုပ်ရမဲ့ ဇာတ်ကွက်ကို အရင်ရိုက်ခိုင်းလိုက်ပြီး တိုက်ခိုက်တဲ့ဇာတ်ကွက် တွေကိုတော့ နတ်ဘုရားအကယ်ဒမီက ဆရာတွေကိုပဲ သရုပ်ဆောင်ခိုင်းလိုက်မယ်လေ။ သူတို့က ဥာဏ်ရည်မြင့် စက်ရုပ်တွေဆိုတော့ အထူးဇာတ်ကွက်တွေကို အေးဆေးသရုပ်ဆောင်နိုင်ပါတယ်”

“ဟား ဟုတ်သားကွာ။ ငါမေ့နေတာပဲ။ အဲ့တာဆို ဘာလို့များ အထူးပြုလုပ်ချက်အဖွဲ့ကိုလိုတော့မှာလဲ။ ငါတို့ရုပ်ရှင်အတွက် ဒီလူတွေရှိနေမယ်ဆိုရင် ဘာပူစရာများလိုတော့မှာလဲ”

“ဒါဆို မင်းဘာလို့ ငါ့ကိုဖုန်းခေါ်လိုက်တာလဲ။ မင်းခေါင်းခဲနေရတဲ့ကိစ္စက အဆင်ပြေပြီဟုတ်။”

“မပြီးသေးဘူးကွ။ အရေးကြီးကိစ္စတစ်ခုရှိသေးတယ်။ ဒီလူတွေရှိရုံနဲ့ ငါက ရုပ်ရှင်ပရိတ်သက်ရဲ့အာရုံကို သေချာပေါက် ဖမ်းစားနိုင်မယ်လို့မပြောနိုင်ဘူးလေ။ အတွေ့အကြုံလည်း ဖန်တီးချင်သေးတာ”

“မင်းဆိုလိုချင်တာက ပုံရိပ်ယောင်ခံစားမှုတွေကို ရုပ်ရှင်ရုံတွေမှာ လိုက်ပြီးတပ်ဆင်မလို့လား”

“ဒါပေါ့ကွာ။ မာထန်နဲ့ ငါ တီထွင်ခဲ့တဲ့ VR နည်းပညာဂိမ်းကိုမှတ်မိသေးလား”

“အဲ့နည်းပညာကို ငါက ရုပ်ရှင်ရုံတွေမှာ ထည့်သွင်းချင်တာ။ ဒီတိုင်းသာဆို ပရိတ်သက်ဘက်က ကြည့်ရတာလည်း တစ်မျိုးဆန်းသွားမယ်။သူတို့မြင်တွေ့နေကျပုံမဟုတ်တော့ဘူးလေ။ဒီလိုနဲ့ ငါတို့ရုပ်ရှင်တွေကို ပိုမိုနှစ်ခြိုက်လာပြီးတော့ ဟောလိဝုဒ်ကားတွေကို ကြည့်ပါဦးတော့မလား”

“ဟုတ်တယ်။ ဟဲဟဲ ဒီနည်းပညာက ငါတို့ဆီမှာပဲရှိသေးတာဆိုတော့ အေးဆေးပဲလေ”

ဟောလိဝုဒ်ဇာတ်ကားများကို ကြည့်ရှုမည့်သူမရှိတော့မည့်အဖြစ်ကို တွေးကြည့်ရင်း ရင်ခုန်လာသည်။

“ဒါပေမဲ့ ကုန်ကျစရိတ်က မသေးဘူးမလား”

“အင်း ဂိမ်းစက်လောက်တော့ မကုန်ကျပေမဲ့ ရုပ်ရှင်ရုံက ထိုင်ခုံတွေမှာတော့ လိုက်ပြီးတပ်ဆင်ဖို့လိုတာပေါ့။ ရုပ်ရှင်ရုံတစ်ရုံမှာ ပျမ်းမျှ ခုံတစ်ထောင်ရှိမယ်ဆို ကုန်ကျစရိတ်က သန်းနဲ့ချီမယ်”

“အခုက တရုတ်ပြည်မှာရုပ်ရှင်ရုံ ၉၀၀၀၀ ရှိတာဆိုတော့ စုစုပေါင်းကုန်ကျစရိတ်က ၉၀ဘီလီယံရှိမယ်”

“မင်းက ဘောစိပဲ။ ၉၀ဘီလီယံက ပါမွှားပါ။ ဟောလိဝုဒ်ကလူတွေက မင်းလိုလူနဲ့ ပြိုင်ဆိုင်ရလိမ့်မယ်လို့ တွေးတောင်တွေးဖူးမှာမဟုတ်လောက်ဘူး”

“ဘိုင်ဒါရုပ်ရှင်လုပ်ငန်းကိုပြောင်းလဲဖို့က ငါ့တာဝန်ဖြစ်လာပြီ။ သာမန်ဇာတ်ကားတွေက VRနဲ့ပြလို့မရဘူးလေ။ ငါတို့ကုမ္ပဏီက ဇာတ်ကားတွေပဲပြလို့ရမှာ”

“ဟမ် မင်းမှာရုပ်ရှင်ကုမ္ပဏီရှိတာလား”

“မရှိသေးဘူး။ အခုမှစပြီးတည်ထောင်မလို့ပါ”

ဖန့်ကြွယ်ယွီက လုပ်ငန်းလိုင်စင်စာရွက်စာတမ်းကိုပြသသည်။

“နတ်ဘုရားရုပ်ရှင်ကုမ္ပဏီ..မိုက်လှချည်လား”

“နေပါဦး မင်းကုမ္ပဏီက အတိုင်းအဆမဲ့ကုမ္ပဏီဆိုပါလား”

အတိုင်းအစမဲ့ကုမ္ပဏီသည် သာမန်ကုမ္ပဏီနှင့်မတူသောအချက်မှာ ဒေဝါလီခံရသောပြသနာနှင့် အခြေအနေမှ ကင်းဝေးခြင်းဖြစ်သည်။

“မင်းက ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးနေတာလား”

“အင်း ဟုတ်တယ်။ အစကတော့ ဇာတ်လမ်းတွဲရိုက်မလို့။ အခုက စိတ်ကူးပြောင်းသွားပြီ။ ဇာတ်ကားပဲရိုက်တော့မယ်။ မိုးကောင်းကင်ဖြိုခွင်းမဲ့ လူစွမ်းကောင်းများ ဇာတ်လမ်းဆို ဇာတ်ကားပေါင်းများစွာ ဖန်တီးနိုင်တယ်မဟုတ်လား”

“မင်းအကြံကိုသိရင် လူတွေအကုန်ပါးစပ်အဟောင်းသားဖြစ်ကုန်ကြမှာ”

ယခုချိန်ထိ ရုပ်ရှင်လောကမှာ အရှည်ဆုံးဇာတ်ကားများမှာ ဂျိမ်းစ်ဘွန်းဇာတ်ကားတွဲများဖြစ်ကြပြီး ဇာတ်ကား (၂၀) သာရှိသည်။ ဖန့်ကြွယ်ယွီ ဖန်တီးမည့်ဇာတ်ကားက ဒီ့ထက်ပိုများလောက်မည်။

“စာချုပ်ကိစ္စတွေမင်းကိုပဲ အပ်ထားတော့မယ်။ သာမန်ဇာတ်ကွက်တွေကို ရိုက်တာမခက် ဘူးထင်ပါတယ်။ဒါကြောင့်မို့ အခုချက်ချင်းတောင် ရိုက်လို့ရတယ်။တိုက်ခိုက်တဲ့အခန်းတွေကို အရင်ဆုံးအမြည်းလောက်ပဲ ရိုက်ထားပြီး ပရိတ်သက်ကိုချပြရမယ်။ ဒါမှပွဲဆူမှာ”

“ဟုတ်ပြီ။ စာချုပ်စာတမ်းနဲ့ သရုပ်ဆောင်တွေအပိုင်းကို ငါ့တာဝန်ထား။ ငါလည်း ဇာတ်ကားအစမ်းပြကွက်ကို ကြည့်ချင်နေပြီ”

…

စိတ်ကူးထားသောအကြံများကိုအကောင်အထည်ဖော်ရန် နတ်ဘုရားအကယ်ဒမီဆီကိုလှမ်းလာခဲ့သည်။

“ဥက္ကဌ..အရေးတကြီးရောက်လာတာ ဘာကိစ္စဖြစ်လို့လဲ”

“ဆရာ..ဒီမှာ ရုပ်ရှင်ပညာနဲ့ပတ်သက်တဲ့ပညာရှင်များရှိမလား”

“ရှိတာပေါ့။ မစ္စတာခန်း၊ မစ္စတာဝမ်၊မစ္စတာလီ၊…သူတို့က ရုပ်ရှင်ပညာမှာဆရာကြီးတွေပေါ့”

“ဒါဆို မစ္စတာခန်းကိုခေါ်ပေးဗျာ။ရုပ်ရှင်ရိုက်ဖို့ သူ့အကူအညီလိုနေပြီ။ပြီးတော့ ဆရာရှောင်းယန်ကို ခေါ်ပေးပါ။သူတို့ဆီက အကူအညီလိုနေပြီ”

All Chapters