Chapters

ဒါကတကယ်ပဲ အထူးပြုလုပ်ချက်လား

Vol. 19 Ch. 255

ဒါကတကယ်ပဲ အထူးပြုလုပ်ချက်လား

Vol. 19 Ch. 255

“ဆရာရှောင်းယန် ဟုတ်ပြီ ဟုတ်ပြီ အဲ့လိုအကြည့်…တစ်ကမ္ဘာလုံးကို လုံးဝဂရုမစိုက်တဲ့ ပုံစံ မိုက်တယ်”

“အင်း ဆရာယွင်ရှန်း..အမူအရာက သိပ်မဟုတ်သေးဘူး။နည်းနည်းထပ်ပြီးလန့်ဖို့လိုသေးတယ်။ ဆရာက သိုကျုံးစွမ်းအားရှင်ဖြစ်ပြီး လူငယ်လေးနဲ့ယှဉ်ပြိုင်တဲ့နေရာမှာ အနိုင်အရှုံးမပေါ်နေတော့ ဒေါသထွက်ပြရမှာလေ။ အေးအေးဆေးဆေးလုပ်ပြလို့မရဘူး”

“ပြီးတော့ ဆရာရှောင်းယန်ကလည်း အရမ်းမလုပ်နဲ့။ဗုဒ္ဓကြာလက်ဝါးသိုင်းက ကျောင်းတစ်ခုလုံးကို ဖျက်စီးဖို့ထိတော့မလိုဘူးထင်တယ်”

သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ရုပ်ရှင်ရိုက်ကူးသည့် ကင်မရာကြီးကို ထမ်းပိုးထားပြီး ဟိုပြေးဒီပြေးလုပ်ကာ ရုပ်ရှင်ရိုက်ကူးနေသည်။ ထိုသူသည် တခြားသူမဟုတ်ဘဲ ကျောင်းတွင် ရုပ်ရှင်ပညာသင်ပြသူ ဆရာခန်း ဖြစ်သည်။

ဆရာခန်း၏ ရိုက်ချက်များက ထိပ်သီးဒါရိုက်တာတစ်ဦးနီးပါးဖြစ်သည်။ခေတ်မီစက်ကိရိယာ၏ အကူအညီဖြင့် သူ၏ရိုက်ချက်များက အထူးကောင်းမွန်လှသည်။

ထို့ပြင် ဖန့်ကြွယ်ယွီက ကျောင်း၏ဥက္ကဌဖြစ်တာမို့ ကျောင်း၏အပြင်အဆင်နှင့် ပစ္စည်းကိရိယာများကို လိုအပ်သလို ပြောင်းလဲပစ်နိုင်သည်။

နောက်ဆုံးတော့ ယွင်လန်ဂိုဏ်းတစ်ခုလုံးကို သူ၏စိတ်ကူးထဲက အတိုင်းပြန်လည်ပုံဖော်သည်။ ပစ္စည်းကိရိယာများကိုလည်း တော်သင့်ရုံအကြမ်းခံနိုင်သည့်ပုံစံအဖြစ်ပြန်လည်ပြင်ဆင်သည်။ထိုမှသာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော အထူးပြုလုပ်ချက်တစ်ခုကို ပေးစွမ်းနိုင်မည်။

ဥာဏ်ရည်မြင့်စက်ရုပ်လူသားများကြားရှိ တိုက်ပွဲကို အခုမှသာ ဖန့်ကြွယ်ယွီက ပထမဆုံးအကြိမ်မြင်တွေ့ ဖူးခြင်းဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓကြာလက်ဝါးသိုင်းသည် မြို့တစ်မြို့လုံးကို ချက်ချင်းဆိုသလို ဝါးမြိုပစ်နိုင်သည်။

ကူးရီပြောပုံအရ နတ်ဘုရားအစွမ်းအသုံးပြုနိုင်သူများက နိုင်ငံငယ်လေးတစ်ခုကို လက်ဗလာသက်သက် ဖြင့် ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြောင်းလဲနိုင်သည်ဟု ဆိုသည်။

လူတစ်ယောက်က မည်မျှပင်အစွမ်းအစရှိစေကာမူ နိုင်ငံတစ်နိုင်ငံနှင့် မယှဉ်နိုင်ဘူးဟု ဖန့်ကြွယ်ယွီ ထင်ခဲ့ဖူးသည်။ သို့သော် သူ့ထင်မြင်ယူဆချက်က မှားယွင်းမှန်း ယခုသိလာခဲ့ပြီဖြစ်သည်။

ယွင်လန်ဂိုဏ်း၏ အဆောက်အဦးအတော်များများရှိနေသော တောင်ပေါ်ဂိတ်တံခါးတစ်ဝက်လောက်က ဖျက်ဆီးခံခဲ့ရပြီးဖြစ်သည်။မီးတောက်မီးလျှံများကလည်း တဟုန်းဟုန်းတောက်လောင်နေသည်။ ဆရာ လင်းတုံက သူ့အနားမှာသာမရှိပါက သူ၏ လျှို့ဝှက်စွမ်းအားရှင်စွမ်းအားအချို့လည်း ပျောက်ချင်းမလှပျောက်ကုန်မှာဖြစ်သည်။

“ဟဲဟဲဟဲ ဘာလို့ အထူးပြုလုပ်ချက်တွေလုပ်ပြီး ဒုက္ခခံနေရမှာလဲ။ ငါတို့ကျောင်းက ဆရာနှစ်ယောက် အချင်းချင်း ချကြတဲ့အခန်းနဲ့တင်မိုက်နေပြီ”

ဖန့်ကြွယ်ယွီက ထိုအခန်းများကို မျက်ဝါးထင်ထင်မြင်တွေ့ရသဖြင့် အလွန်အမင်းသဘောကျနေသည်။

ယနေ့ တိုက်ခိုက်သည့်အခန်းများတွင် ဆရာများက လေပေါ်တွင် မည်သည့်ပစ္စည်းကိရိယာအကူအညီမှ မပါဘဲ ဝဲပျံနိုင်ပုံက အလွန်ပင် ကြည့်ကောင်းလှသည်။

“ဆရာလင်းတုံ..ဒီအခန်းတွေပြီးရင် “ကိုယ်ခံပညာသိုင်းလောက”ဆိုတဲ့အပိုင်းကို ဆရာနဲ့ဆက်ပြီးရိုက်မယ်။ ဆရာနဲ့ဆို အဲ့ဇာတ်ကောင်က တကယ့်ကိုကွက်တိပဲ”

တိုက်ခိုက်သည့်အခန်းက ဆယ်မိနစ်ပဲကြာသော်လည်း ကြည့်ရှုသူအပေါင်းကို ကြက်သီးမွေးညင်းထစေသည် အထိ ကောင်းမွန်သည့်ဇာတ်ကွက်များဖြစ်သည်။

အဓိက အကြောင်းရင်းက မစ္စတာခန်း၏ ကင်မရာက အလွန်ကောင်းသောကြောင့်ဖြစ်သည်။အရုပ်နှင့် အသံကို တခါထဲ တည်းဖြတ်ပြီး ရိုက်ကူးပြီးသည်နှင့် ဗီဒီယိုက ပေါ်လာသည်။

ရိုက်ကူးပြီးသည်နှင့် ဖန့်ကြွယ်ယွီက အမိန့်ပေးလိုက်သောအခါ ရိုက်ကွင်းက နဂိုမူလအနေအထားကို ချက်ချင်းပြန်ပြောင်းသွားသည်။

“ဥက္ကဌ..ကျွန်တော်ရိုက်ကူးပြီးပါပြီ။ကျွန်တော့်ရိုက်ချက်တွေကို သဘောကျမယ်လို့ ယုံကြည်ပါတယ်”

“မစ္စတာခန်း၊ ဆရာရှောင်၊ဆရာယွင်ရှန်း အားလုံးကို ဒီနေ့အတွက်တကယ့်ကိုကျေးဇူးတင်ပါတယ်။ အားလုံးလည်း ပင်ပန်းကုန်ကြရောပေါ့။ ဟိုဘက်မှာဇာတ်ကားရိုက်ကူးပြီးလျှင်လည်း

တိုက်ခိုက်တဲ့အခန်းတွေအတွက် ထပ်ပြီးအပူလာကပ်ပါဦးမယ်။”

“ဥက္ကဌ အဲ့အတွက်တော့ စိတ်ချပါ။ဒီလောက်ကတော့ အေးဆေးပါ”