← Chapters

တောင်းပန်ရုံနဲ့ရကြေးဆို ရဲတွေဘာလို့ရှိစရာလိုတော့မှာလဲ

Vol. 19 Ch. 256

တောင်းပန်ရုံနဲ့ရကြေးဆို ရဲတွေဘာလို့ရှိစရာလိုတော့မှာလဲ

Vol. 19 Ch. 256

ဖန့်ကြွယ်ယွီတင်လိုက်သော ဇာတ်ကားအစမ်းပြကွက်သည် အင်တာနက်တစ်ခွင်ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် ဟောလိဝုဒ်ရှိကြီးကျယ်ခမ်းနားသောအဆောက်အဦတစ်ခုထဲတွင် အသက်၃၀အရွယ်လူတစ်ဦးက ထိုအစမ်းပြကွင်ကိုကြည့်ပြီး စိတ်ထဲတွေဝေနေသည်။

“တရုတ်တွေရဲ့ နည်းပညာက အဆင့်မြင့်လှချည်လား။ ငါတို့ဆီမှာတောင် အခုချိန်ထိ ဒီနည်းပညာမရှိသေးဘူး”

ဘရီလာ၏ ဘေးနားမှာရပ်နေသော နည်းပညာဒါရိုက်တာဖြစ်သူက ထိုကဲ့သို့ မှတ်ချက်ပြုသည်။

ဘရီလာက တရုတ်တွေသုံးသွားသော နည်းပညာက မည်မျှ အဆင့်မြင့်ကြောင်း အလိုလိုနားလည် သဘောပေါက်သည်။ တခြားအပိုင်းမဆိုထားနှင့် ကင်မရာရိုက်ချက်များက ထောက်ပြစရာမရှိလောက်အောင် သေသပ်လွန်းသည်။

“အင်း မဟုတ်နိုင်ဘူး။ ဒီဗီဒီယိုက တစ်ခုခုတော့ လွဲနေတာ သေချာတယ်”

“မနှစ်တုန်းကမှ သူတို့ဇာတ်ကားကိုရိုက်ဖို့ ငါတို့ဆီက အထူးပြုလုပ်ချက် အဖွဲ့ကို ငှါးသေးတာမလား။ တစ်နှစ်အတွင်း သူတို့ရဲ့ နည်းပညာက ဒီလောက်ထိ မြင့်သွားတာဖြစ်နိုင်ပါ့မလား”

“ဒါပေမဲ့ဆရာ တခြားအဖွဲ့တွေကို သူတို့ငှါးရင်တောင် ဒီလောက်ကောင်းတဲ့ အရည်အသွေးနဲ့ ထွက်လာပါ့မလား။အထူးပြုလုပ်ချက်နဲ့ ပတ်သက်လာလျှင် ငါတို့ဟောလိဝုဒ်ဘက်က အတော်ဆုံးမဟုတ်ဘူးလား” နည်းပညာဒါရိုက်တာက အခိုင်အမာထောက်ပြပြောဆိုသည်။

“အင်း သိတယ်လေ။ အဲ့တာတွေက အရင်တုန်းကကိစ္စတွေလေ။ တရုတ်တွေကို လျှော့တော့မတွက်နဲ့။ သိပ်မကြာသေးခင်ကမှ သူတို့က VRနည်းပညာအသစ်ကို ချပြခဲ့သေးတာ မှတ်မိလား။အဲ့နည်းပညာကြောင့်ပဲ ထန်းရွှမ်ဆိုတဲ့ ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက တစ်ထရီလီယံကျော်ဖြစ်သွားတာ။ ကျန်တဲ့ ငါတို့ဘက်က အင်တာနက်ကုမ္ပဏီတွေအားလုံး အလဲလဲအကွဲကွဲဖြစ်ကုန်ကြတာ။ အထူးသဖြင့် ဂိမ်းလောကမှာဆို သူတို့က ဆရာတစ်ဆူဖြစ်သွားပြီ”

“ဒါတင်မကသေးဘူးလေ။ သူတို့က သဲကန္တာရကိုတောင် လုံးဝမြို့သစ်တစ်ခုအဖြစ်တည်လို့ရအောင် ပြောင်းပစ်တယ်လားလို့ ကြားလိုက်ရသေးတယ်လေ။ အဲ့နေရာမှာရုပ်ရှင်ရိုက်ကွင်းတောင် တည်မလို့လုပ်ထားသေးတာမလား။ တရုတ်တွေကို အခုအထင်သေးလို့ မဖြစ်တော့ဘူး”

“ဒါဆို သူတို့ရဲ့ နည်းပညာက ငါတို့ကို ကျော်သွားပြီလို့ ဆိုလိုချင်တာလား”

“အဲ့လိုတော့ မပြောချင်ပေမဲ့ တကယ့်လက်တွေ့က အဲ့လိုဖြစ်နေတာ ငြင်းမရဘူး”ဟု ဘရီလာက ပြန်ဖြေသည်။

“ဒီအစမ်းပြကွက်ကို အထူးပြုလုပ်ချက်သုံးပြီးဖန်တီးထားတာ မဟုတ်ဘူးဆိုလျှင်ဘာအထူးပြုလုပ်ချက်မှ မထည့်ဘဲ ရိုက်ထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

“ဆရာကတော့ နောက်ပြီ။ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

“မဟုတ်ဘူး။ အဲ့လိုလူမျိုးတွေရှိနိုင်တယ်။ ဒီကမ္ဘာမှာ ငါတို့မသိနိုင်တဲ့ကိစ္စတွေမှ အများကြီးပဲရှိတယ်။ ငါထင်တာမမှားဘူးဆို ဒီဗီဒီယိုထဲမှာပါတဲ့လူတွေက လူစင်စစ်မဟုတ်လောက်ဘူး”

ဘရီလာသည် ဥာဏ်ပညာနှင့် တွေးခေါ်နိုင်မှုအရ ထူးခြားစွမ်းအင်အသုံးပြုသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ၏ တွေးခေါ်နိုင်စွမ်းက တစ်ပါးသူများထက် ပိုမိုသာလွန်နေသည်။

သို့မဟုတ်ပါက ဘရီလာသည် အသက်၃၀အရွယ်ထဲနှင့် ဟောလိဝုဒ်လောကတစ်ခုလုံးကို ဘယ်လိုလုပ်ပြီး ကြီးစိုးထားနိုင်မည်နည်း။

ဤကမ္ဘာပေါ်တွင် သာမန်လူထက်ပိုမိုထူးခြားသော စွမ်းအင်ရှိသူများနှင့် တရုတ်သိုင်းလောကသားများ အကြောင်းကို ဘရီလာက နားလည်သည်။

သို့သော် ဤဗီဒီယိုထဲမှာ တွေ့ရသောလူက သူထင်ထားတာထက် ပိုမိုပြီး အစွမ်းရှိနေတာမို့ ထိုကိစ္စကို သေသေချာချာစုံစမ်းဖို့ လိုအပ်လာပြီဖြစ်သည်။

“မစ္စတာချိုးအာ..တရုတ်ဘက်က ရုပ်ရှင်ရိုက်ကွင်းနဲ့ပတ်သက်ပြီး တစ်ချက်စုံစမ်းကြည့်ပါဦး။ ဒီဗီဒီယိုကို ဘယ်အဖွဲ့က ထုတ်တာလဲဆိုတာ ငါသိချင်တယ်”

“ဆရာ ငါစုံစမ်းခဲ့ပြီးပြီ” ဟု နည်းပညာဒါရိုက်တာက ဆိုသည်။

“ဒီအပိုင်းနဲ့ပတ်သက်ပြီးရိုက်တဲ့အဖွဲ့ဆိုပြီးမကြားမိဘူး။ ငါစုံစမ်းရသလောက် သူတို့က ဒိုင်ယာလော့ခ်ပြောတဲ့အခန်းနဲ့ တခြားအခန်းတွေကို အရင်ရိုက်ကူးနေတယ်လို့ကြားတယ်။ ဒီအပိုင်းကို ဘယ်မှာရိုက်သလဲတော့ စုံစမ်းလို့မရဘူး”

“ငါထင်တဲ့အတိုင်းပါပဲလား”

တရုတ်ပြည်၏ အထူးသီးသန့်ပြုလုပ်ချက်များက သူတို့လိုက်လို့မမှီနိုင်တော့ပေ။

ယခုအချိန်ထိ ဟောလိဝုဒ်ဇာတ်ကားများက တရုတ်ပြည်မှာ နေရာရနေသည်။သို့သ်ော တရုတ်ဘက်က နည်းပညာအလွန်အဆင့်မြင့်လာပါက သူတို့၏ ဇာတ်ကားစျေးကွက်က တဖြည်းဖြည်းကျဉ်းလာတော့မည်။

နောင်တစ်ချိန်မှာ ရုပ်ရှင်ဇာတ်ကားများ၏ အထူးပြုလုပ်ချက်ကဏ္ဍမှာ တရုတ်ကကြီးစိုးတော့မှာကို မြင်ယောင်လာမိသည်။

တရုတ်စျေးကွက်ကိုဆုံးရှုံးလိုက်ပါက ဟောလိဝုဒ်၏ ရုပ်ရှင်လောက တစ်ဝက်ကျော်လောက် ဒုက္ခအတိရောက်ပေလိမ့်မည်။

“အခု သူတို့ဘက်က နည်းပညာကို ငါတို့အမှီလိုက်မှရမယ်။မဟုတ်ရင် တစ်နှစ် နှစ်နှစ်အတွင်း တရုတ်စျေးကွက်ကို လက်လွှတ်လိုက်ရတော့မယ်”

တရုတ်ဇာတ်လမ်းနှင့် ဇာတ်ကားများ၏ အရှိန်အဝါသည် ယခုနှစ်များအတွင်း ကြောက်ခမန်းလိလိတိုးတက် လာခဲ့သည်။

တရုတ်စျေးကွက်ကို လက်လွှတ်ဆုံးရှုံးရမည့် အဖြစ်ကိုကြိုတွေးမိပြီး အသက်ရှုကြပ်လာသည်။

ထိုအကြောင်းကိုတွေးမိပြီး သူ့လက်ထောက်ကို ဘရီလာတစ်ယောက် ဆက်သွယ်တော့သည်။

“ချယ်လင်း ဟိုတစ်လောတုန်းက ငါ့ကို ဖန့်ကြွယ်ယွီဆိုတဲ့ တရုတ်သူဌေးက ညစာဖိတ်ကျွေးတယ်မလား။ အဲ့တုန်းက ငါ မအားဘူးဆိုပြီး ငြင်းလိုက်တာလေ။ အဲ့အတွက် အခုသူ့ကိုချက်ချင်းတောင်းပန်စာပို့ပြီး ငါ့ဘက်က ပြန်ပြီး ညစာနဲ့ဧည့်ခံပါရစေလို့ တောင်းဆိုလိုက်ပါ။ ညစာစားရင်း လုပ်ငန်းလုပ်မဲ့အကြောင်းပါ ဆွေးနွေးချင်ပါတယ်လို့ပြောလိုက်ကြားလား”

“သခင်လေးကို ညစာဖိတ်ကျွေးချင်လို့ပါဆိုပြီး ဘရီလာရဲ့ လက်ထောက်က ဆက်သွယ်လာပါတယ်။ ညစာစားရင်း အလုပ်အကြောင်းလေးလည်းဆွေးနွေးချင်လို့ပါတဲ့။ ဘယ်လိုအကြောင်းပြန်လိုက်ရမလဲ သခင်လေး”

“ဒီလူ့ကို ခေါင်းမာမယ်ထင်ထားတာ။ အခုတော့ ဖိအားဒဏ်ခံစားလိုက်ရတော့ ကြောက်သွားပြီထင်တယ်”

ဘရီလာက ဥာဏ်ပညာစွမ်းရည်မြင့် အထူးစွမ်းအင်အသုံးပြုသူဆိုတာ ဖန့်ကြွယ်ယွီသိပါက ပိုပြီးဒေါသထွက်ပေဦးမည်။ ဘရီလာက အစတည်းက ဘာကြောင့်များ သေချာမတွေးခေါ်ဘဲ အခွင့်အရေးကို လက်လွှတ်ခံခဲ့သနည်း။

ယခုတော့ တရုတ်နှင့်လက်တွဲမှသာ သူတို့၏ ဟောလိဝုဒ်စျေးကွက်ခိုင်မြဲမည့်အချက်ကို ဘရီလာတွေးမိတော့သည်။

ဖန့်ကြွယ်ယွီဘက်က သူနှင့် လက်တွဲပြီး လုပ်ငန်းလုပ်ကိုင်လိုစိတ်မရှိတော့ပေ။

ဘရီလာကတော့ ဖန့်ကြွယ်ယွီက ဘယ်လိုလူစားမျိုးလဲဆိုတာ သိမဲ့ပုံမပေါ်ပေ။

သိပ်မကြာခင်မှာ ဘရီလာအား သူ၏လက်ထောက်က ဆက်သွယ်လာသည်။

“ဘယ်လိုလဲ သူသဘောတူပြီလား”ဖန့်ကြွယ်ယွီက သူ့ကမ်းလှမ်းချက်ကို ငြင်းမှာမဟုတ်ဘူးဟု ဘရီလာက အပိုင်တွက်ထားပုံရသည်။

“မစ္စတာဘရီလာ..မစ္စတာဖန့်က ညစာအတူစားဖို့ကမ်းလှမ်းတာကို လက်မခံကြောင်းနဲ့ သတင်းစကားပါးလိုက်ကြောင်း သူ့လက်ထောက်က ပြန်ပြောပါတယ်”

“သူပြောတာက တောင်းပန်တိုင်းသာရကြေးဆို ရဲဆိုတာရှိဖို့လိုမလားတဲ့။ ရုပ်ရှင်လောကမှာ ကျွန်မတို့အဖွဲ့နဲ့ အကျိုးတူပူးပေါင်းမဲ့ကိစ္စဘယ်တော့မှ ရှိလာမှာမဟုတ်ဘူးလို့ စကားပြန်ပါးလိုက်ပါတယ်”

ဖန့်ကြွယ်ယွီက နတ်ဘုရားအကယ်ဒမီမှာ ရိုက်ကွင်းလာတည်ကတည်းက သူတို့အနေနှင့် ကူညီမှရတော့မည်။

ဖန့်ကြွယ်ယွီက ကျောင်းထဲကထွက်သည်နှင့် မအောင့်နိုင်တော့ဘဲ ဝမ်ချုံးထံ ဗီဒီယိုပို့ပေးလိုက်သည်။

ထိုမျှလောက် အံ့ဩဖွယ်ကောင်းသော ရိုက်ချက်ကို တစ်စုံတစ်ဦးနှင့် ဝေမျှလိုသည်။

“ဟာ ဘုရားရေ”

ထိုအချိန်မှာ ဝမ်ချုံးတစ်ယောက် ဗီဒီယိုကိုကြည့်ပြီး အာမေဍိတ်သံများ အစီအရီပေါ်ထွက်လာသည်။

“ဒီဇာတ်ကားကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး”

အထူးပြုလုပ်ချက်အဖွဲ့ကို ဒေါ်လာသန်းနှင့်ချီပြီး ငှါးလျှင်တောင်မှ ဒီလောက်ကောင်းသည့်ရလဒ်ထွက်လိမ့်မည် မဟုတ်ပေ။

“ဒီပုံအတိုင်းသာဆို ပထမအဆင့်ရိုက်ကူးမှုပြီးဖို့ ဘယ်လောက်ကြာဦးမလဲ”

“သုံးလလောက်ပေါ့။ တိုက်ခိုက်တဲ့အခန်းတွေမပါဘဲ တခြားအခန်းတွေ ရိုက်ကူးတည်းဖြတ်တာနဲ့ဆို အဲ့လောက်တော့ဖြစ်သွားမှာပဲ။”

“ဟုတ်ပြီ။ ဒီအပိုင်းကို အွန်လိုင်းပေါ်တင်လိုက်ဦးမယ်။ ဟောလိဝုဒ်နဲ့ တရုတ်ပြည်တွင်းရုပ်ရှင်စျေးကွက်ကို နည်းနည်းလေး လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင်လုပ်လိုက်ပါဦးမယ်”

All Chapters