← Chapters

Does He Measure up??

Vol. 19 Ch. 258

Does He Measure up??

Vol. 19 Ch. 258

“ပိုင်ရှင် သိပ်မကြာခင်ကပဲ ဘရီလာနဲ့ စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့က ပိုင်ရှင်ကို လုပ်ကြံဖို့ ကြံစည်နေကြပါတယ်”

ဖန့်ကြွယ်ယွီက ဖုန်းချလိုက်သည်နှင့် ရှောင်းရီက သူ့ကိုထိုသတင်းပြောပြသည်။

ဘရီလာက မသိသေးသောအချက်တစ်ချက်မှာ ဤကမ္ဘာမြေပေါ်ရှိ မည်သည့်ဆက်သွယ်ရေးကွန်ယက်ကိုမဆို အသုံးပြုပြီးပြောပါက ရှောင်းရီ၏ လက်မှ မလွတ်နိုင်ဘူးဆိုသော အချက်ဖြစ်သည်။

ဘရီလာသည် ကျွမ်းရှင်းယန်၏ လက်မှလွတ်နိုင်သော်လည်း ရှောင်းရီ၏လက်မှ မလွတ်နိုင်ပေ။ ဖန့်ကြွယ်ယွီမှာ ထိပ်သီးထောက်လှမ်းရေးစနစ်တစ်ခုရှိနေတာ သူမသိပေ။

“ဘာပဲဖြစ်ဖြစ်လေ။ နေ့တိုင်းငါ့ကို ပြန်ပေးဆွဲချင်တဲ့လူမှ တပုံကြီးပဲလေ။ သူက ဘာထူးဆန်းလို့လဲ”

ကူးရီ၏ ကာကွယ်ပေးမှုအောက်တွင် ဖန့်ကြွယ်ယွီက ဘာကိုမှ မမှုတော့ပေ။ ထို့အပြင် သူကိုယ်တိုင်ကလည်း လျှို့ဝှက်စွမ်းအားရှင်ဖြစ်နေတာမို့ ဒီကမ္ဘာပေါ်မှာ မည်သူကမှ သူ့ကို အန္တရယ်မပေးနိုင်တော့ပေ။

“ကူးရီ ပါရာဒိုက်စ်လို့ခေါ်တဲ့ စွမ်းအားရှင်အဖွဲ့ကို မင်းကြားဖူးလား”

ဖန့်ကြွယ်ယွီက ကူးရီအား လှမ်းမေးသည်။ ထိုအဖွဲ့သည် ကျွမ်းရှင်းယန်၏ ထိန်းချုပ်မှုအောက်မှာ မရှိနေသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။

ထိုအဖွဲ့မှာ SSSအဆင့် စွမ်းအားရှင် ခေါင်းဆောင် သုံးဦးရှိတာမို့ အင်အားအတော်အသင့်ကြီးသည်ဟု ဆိုနိုင်မည်။

“ဟုတ်ကဲ့ သိပါတယ် သခင်လေး။ ဘာများခိုင်းစရာရှိပါသလဲ”

ထိုအဖွဲ့ကို ဖန့်ကြွယ်ယွီက တစ်နည်းတစ်ဖုံပညာပေးတော့မည်ဆိုတာ ကူးရီသိနေသည်။

“ဒီလိုပါပဲ။ မင်းလည်း ပင်ပန်းတာတွေများနေပြီဆိုတော့ ပိတ်ရက်ရှည်ပေးပြီး တစ်နေရာရာမှာ သွားနားခိုင်းမလို့ပါ”

သူ့အဖေမရှိကတည်းက ကူးရီသည် သူ့အနားမှာ နေ့ရောညရော တစ်ရက်မှမပျက်ဘဲ ကာကွယ်ပေးခဲ့သည်မှာ တစ်နှစ်နီးပါးတောင်ရှိတော့မည်။ ထိုသို့သစ္စာရှိစွာ လုပ်ကိုင်မှုအပေါ် ဖန့်ကြွယ်ယွီအနေဖြင့် အသိအမှတ်ပြုမိသည်။

“ဟမ်”

ဖန့်ကြွယ်ယွီဆီက ထိုစကားကြားရမည်ဟု မထင်မှတ်ထားသဖြင့် ကူးရီလည်း အံ့အားသင့်သွားသည်။

“ငါက အခုလျှို့ဝှက်စွမ်းအားရှင်ဖြစ်နေပြီဆိုတော့ ငါ့ကို အန္တရာယ်ပြုနိုင်မည့်အရာ သိပ်ပြီး မရှိနိုင်တော့တာမို့ မင်းငါ့ဘေးနားမှာ နေ့နေ့ညည စောင့်ကြပ်ပေးဖို့မလိုတော့ပါဘူး”

“ဒါပေမဲ့ သခင်လေးကိုမှ မကာကွယ်ရရင် ကျွန်တော်ဘာသွားလုပ်ရတော့မလဲ”

ဖန့်ကြွယ်ယွီဘေးနားမှာ နေရခြင်းက သူ့တာဝန်ဖြစ်သည်ဟု ကူးရီ ခံယူထားသည်။

“ဟာ..ကိုယ်ကြိုက်တဲ့အစားအစာတွေစား။ ဝိုင်တွေသောက်။ ကောင်မလေးမရှာတော့ဘူးလား။ မင်း

တစ်သက်လုံးဒီလိုကြီးနေသွားရင် တစ်ကိုယ်တည်းလူပျိုကြီးဖြစ်သွားမှာပေါ့ကွ”

“ငါ့မိထွေးနဲ့ပြောပြီးပြီ။ မင်းကို အားလပ်ရက် ၃လပေးမယ်။ မင်းစိတ်ကြိုက်လွတ်လွတ်လပ်လပ်သာနေ။ မင်းပြန်ရောက်တာနဲ့ မင်းကို တစ်နေရာခေါ်သွားမယ်”

“ဘယ်နေရာလဲ”

“အန်းကျန့်တောင်ထိပ်”

…….

“ဝီး”

ကိုယ်ပိုင်လေယာဉ်တစ်စီးသည် ကျန်းနန်မြို့မှ စင်ကာပူနိုင်ငံသို့ ထွက်ခွါလာသည်။ ကိုယ်စားပြုအသင်းတစ်သင်းစီ ရွေးချယ်ပြီးသည့်နောက် အဖွဲ့တစ်ဖွဲ့စီသည် လေ့ကျင့်ချိန် နှင့် ပြင်ဆင်ချိန် တစ်လရသည်။နောက်ဆုံးတော့ ကမ္ဘာ့ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကြီးကို စင်ကာပုနိုင်ငံတွင် ကျင်းပတော့သည်။

“ဟဲဟဲဟဲ ဖန့်ကြွယ်ယွီကျေးဇူးကြောင့်နဲ့ တစ်သက်လုံးစီးဖူးမယ်လို့ မထင်ခဲ့တဲ့ ကိုယ်ပိုင်လေယာဉ် စီးနေရပြီကွ”

“တကယ်တော့ ငါတို့က စင်ကာပူကို အလည်အပတ်တစ်လသွားတာ။ ဖန့်ကြွယ်ယွီရှိနေရင် ငါတို့ဘာမှ အားစိုက်ထုတ်စရာမလိုတော့ဘူးလေ။ထိုင်ခုံပေါ်ထိုင်ပြီး အသာလေးအိပ်နေရုံပဲ”

“မင်းတို့ကောင်တွေ ပေါ့ပျက်ပျက်မလုပ်ကြနဲ့။ဒီတစ်ခါတော့ သေသေချာချာပြိုင်ကြ။ မင်းတို့က ပြိုင်ဘက်တွေကို လျှော့မတွက်နဲ့။ဖယ်ခါဆိုတဲ့ အမေရိကန်အသင်းဘက်က တစ်ယောက်က ကမ္ဘာ့နံပါတ်တစ် ကစားသမားဆိုတာ မမေ့ကြနဲ့”

“စိတ်မပူပါနဲ့ ပါမောက္ခကျော..ဒီကောင်က လူမဟုတ်ဘူး။ ဖယ်ခါက လူသားဖြစ်နေတယ်ဆိုရင် ဒီကောင့်ကို ဘယ်တော့မှ မနိုင်လောက်ဘူး”

ဖန့်ကြွယ်ယွီ၏ အဖွဲ့သားသုံးဦးက သူ့အပေါ် အကြွင်းမဲ့ယုံကြည်ကြသည်။ ဖန့်ကြွယ်ယွီကိုယ်တိုင်ကလည်း ဘာဖိအားမှ မရှိဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။

သူက ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ကြည့်ခဲ့ပြီးဖြစ်သည်။ ဖယ်ခါဆိုသော ကောင်မလေးကို သူသတိထားမိသည်။

ရှောင်းရီက ဖယ်ခါအကြောင်းကိုစုံစမ်းပေးခဲ့သည်။ သူမကိုယ်တိုင်က မွေးရာပါစွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူမ၏ အစွမ်းက ဦးနှောက်ပိုင်းမှာ သက်ရောက်တာမို့ အသက်ငယ်ငယ်လေးနှင့် ထူးချွန်ထက်မြက်နေခြင်းဖြစ်သည်။

မွေးရာပါစွမ်းအားရှင်နှင့် ဖန်တီးယူထားသော စွမ်းအားရှင်ကြားမှာ ကွာခြားမှုတော့ရှိသည်။အထူးသဖြင့် စကြာဝဠာအရင်းမြစ်စွမ်းအင်ကို လက်ခံနိုင်စွမ်းမှာကွာခြားသည်။

ဖန်တီးယူထားသောစွမ်းအားရှင်များသည် SSSအဆင့်ကိုတက်လှမ်းလိုပါက အဆင့်မြင့်ဆေးကို ထိုးရသော်လည်း

မွေးရာပါစွမ်းအားရှင်ကတော့ မလိုအပ်ပေ။သူတို့အတွက်က စွမ်းအားရှင်ကျင့်စဉ်မှာပါသည့်နည်းလမ်းများကို ပုံမှန်ကျင့်ရုံနှင့်ရသည်။

ရှောင်းရီစုံစမ်းရသလောက်ဆို ဖယ်ခါသည် ဆယ်ကျော်သက်အရွယ်ကောင်မလေးဖြစ်ပြီး သူမ၏အစွမ်းက Sအဆင့်မှာရှိသည်။ ထို့ကြောင့် သူမက ပြိုင်ဘက်ကင်း နံပါတ်တစ်ကစားသမားဖြစ်နေရသည်။

ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးသည့်စွမ်းအားရှင်များသည် အလွန်တရာရှားပါးလှသည်။ ထိုအထဲကမှ မွေးရာပါ စွမ်းအားရှိသူမျိုးက လူအယောက်တစ်သန်းမှာ တစ်ယောက်ပင်မရှိပေ။

စွမ်းအားရှင်ကျင့်စဉ်ကျင့်ကြံထားသော ဖန့်ကြွယ်ယွီကတော့ ဖယ်ခါတို့ထက် အဆပေါင်းများစွာ ဥာဏ်ပိုကောင်းသည်။ ထိုအချက်များကြောင့် ဖန့်ကြွယ်ယွီသည် ဖယ်ခါကိုစိတ်ဝင်စားရသည်။ ဒီကမ္ဘာပေါ်မှာ သူမကို ယှဉ်နိုင်သူဟူ၍ လက်တစ်ဆုပ်စာပမာဏပင်မရှိနိုင်ပေ။

ထိုကဲ့သို့ ပါရမီရှင်မျိုးကို နတ်ဘုရားအကယ်ဒမီမှာ လေ့လာခိုင်းလိုက်ပါက သူမက ဖန့်ကြွယ်ယွီ၏ နောက်လိုက်များအကြားတွင် ခေါင်းဆောင်ဖြစ်နိုင်သည်။

“ဒီကောင်မလေးကိုတော့ မျက်ခြေမပြတ်စောင့်ကြည့်နေမှပါပဲ”

ဖန့်ကြွယ်ယွီ၏ လေယာဉ်က စင်ကာပူလေဆိပ်မှာဆင်းသက်သည်။ ထိုအချိန်တွင် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသော နန်ယန်းနည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများက လေဆိပ်မှာ အသင့်စောင့်ဆိုင်းနေကြသည်။

ယခုနှစ်ပြိုင်ပွဲတွင် တစ်ကမ္ဘာလုံးမှ အဖွဲ့ပေါင်း ၁၂၈ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဖန့်ကြွယ်ယွီက အသင်းသားများကို စင်ကာပူရှိသူ့အိမ်ယာတွင် တည်းခိုင်းရန် ကြံစည်ထားသော်လည်း ဌာနမှူးကျောက လက်မခံပေ။ အိမ်ရှင်အဖွဲ့က စီစဉ်ပေးသော နေရာတွင်သာ သူတို့အားလုံးကို တည်းစေခဲ့သည်။

“ပြိုင်ပွဲဝင်အားလုံးကို ကြယ်ငါးပွင့်ဟိုတယ်မှာထားတာ။ အဆင့်မြင့်လှချည်လား”

“မင်းတို့သိပြီးပြီလား။ ဒီနှစ်အတွက် ဒေါ်လာနှစ်သန်းစပွန်ဆာပေးထားတာတဲ့။ ဒါကြောင့်မို့ ဒီလောက်ထိ စီစဉ်ပေးနိုင်တာဖြစ်မယ်”

“ဟုတ်လား။ အရင်ပြိုင်ပွဲတွေတုန်းကဆိုကိုယ့်စရိတ်နဲ့ကိုယ် စားသောက်ရတယ်။ အဝတ်အစား၊ တည်းဖို့အိမ်၊ သွားဖို့လာဖို့အကုန်ကိုယ့်စရိတ်ကိုယ်စိုက်ရတာ။ ဒီကြားထဲ ငါတို့က ဝင်ကြေးပါပေးရသေးတာ”

“ဒါဆို ဒီနှစ်က တကယ်မိုက်တာပေါ့”

“ခဏ…မိုက်တယ်ဆိုတော့”

သူတို့သုံးဦးက ပြောလက်စ စကားကိုရပ်ပြီး ဖန့်ကြွယ်ယွီကို ပြိုင်တူကြည့်လိုက်ကြသည်။

“ဟုတ်တယ် ငါပဲ”

ဒေါ်လာနှစ်သန်း စပွန်ဆာပေးသူက သူဖြစ်ကြောင်း ဖန့်ကြွယ်ယွီက ဝန်ခံသည်။

“ဟျောင့် ငါဘာလို့ မအံ့ဩတာပါလိမ့်”

“ဟုတ်သား ရယ်စရာကြီး။ ငါလည်း မအံ့ဩဘူး”

“သောက်ရမ်းချမ်းသာတဲ့ကောင်ဆိုတာ သိထားလို့ ငါတို့တွေ မအံ့ဩတော့တာဖြစ်မယ် ဟဲဟဲဟဲ”

All Chapters