ဒါကတော့ အမျိုးသမီးအတန်းဖော်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ
Vol. 19 Ch. 259
ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၁၂၀)သာရှိသော်လည်း တစ်သင်းစီမှာ ကစားသမားများ၊ နည်းပြများ၊ အသင်းအုပ်ချုပ်သူများနှင့် အရံကစားသမားပေါင်းများစွာပါဝင်နေသည်။
ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲသည် e-sports နှင့် ယှဉ်ပါက သိသူနည်းပါးသည်။ ပြိုင်ပွဲဝင်အသင်းတစ်သင်းစီထံ ပြိုင်ပွဲအချိန်ဇယားကို လွန်ခဲ့သောရက်က ပို့ပေးခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အဆင့်ချန်ပီယံပြိုင်ပွဲသည် ပြည်တွင်းပြိုင်ပွဲနှင့်ယှဉ်လျှင် စည်းမျဉ်းစည်းကမ်းများက ရှုပ်ထွေးသည်။ အသင်း ၁၂၈သင်းကို A,B,C နှင့် Dဟု လေးဖွဲ့ခွဲသည်။အုပ်စုတွင်း ပတ်လည်ယှဉ်ပြိုင်ကစားစေပြီး တစ်ဖွဲ့စီမှ အနိုင်ရရှိသော တစ်သင်းစီတက်လာသဖြင့် စုစုပေါင်း လေးဖွဲ့က ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ဆော့ကစားရမည်။
အနိုင်ရသူများက နောက်တစ်ဆင့်တက်ပြီး ရှုံးနိမ့်သူများက ထုတ်ပယ်ခံရသည်။ ပြိုင်ပွဲတွင် ကံကလည်း အရေးပါသည်။ မိမိက ကံဆိုးပြီး အသင်းကြီးနှင့်တွေ့ကာ အစောဆုံးထုတ်ပယ်ခံရနိုင်သည်။
အသင်းလိုက်ပြိုင်ပွဲပြီးသည့်နောက် တစ်ဦးချင်းစီအဆင့်သတ်မှတ်ချက်အတွက် ပြိုင်ဆိုင်ခြင်းရှိသည်။ ထိုအဆင့်သတ်မှတ်ချက်က လူအားလုံးကို မရည်ရွယ်ဘဲ တက္ကသိုလ်ကျောင်းသားများနှင့်သာ သက်ဆိုင်သည်။
ဖယ်ခါသည် တက္ကသိုလ်ကျောင်းသား/သူများကြား အဆင့်သတ်မှတ်ချက်တွင် ပထမနေရာမှာ ရပ်တည်နေသည်။
“ဖန့်ကြွယ်ယွီ..ငါတို့အကြောင်းငါတို့အသိဆုံး..မင်းကျေးဇူးကြောင့်သာမဟုတ်ရင် ငါတို့က ရာပေါင်းများစွာသော အသင်းတွေ ကြားထဲမှာ ထိပ်သီးဆယ်သင်းထဲတောင်မပါနိုင်ဘူး။ ဒါပေမဲ့ ဒီနှစ်တော့ ငါတို့ရဲ့ ရည်မှန်းချက်က ချန်ပီယံဖြစ်ဖို့ပဲ”
“အေးဆေးပေါ့ ငါ့ကောင်တို့ရာ..အရင်ပွဲတွေကလိုပဲ မင်းတို့ခုံပေါ်အေးဆေးထိုင်ပြီး သက်တောင့်သက်သာနေရုံပါ ပဲ”
“မင်းပြောတာကြားရတာ စိတ်ချမ်းသာစရာပါပဲ။ ဒါပေမဲ့ ငါ့စိတ်ထဲဘာလို့များ သက်တောင့်သက်သာမဖြစ် နေတာပါလိမ့်”
ဖန့်ကြွယ်ယွီက ဘယ်လိုလူမျိုးလဲဆိုတာ လုချောင်တို့သုံးဦးက သိနေသည်။ထိုအချိန်မှာ လုချောင်တို့က တစ်ဦးချင်းပြိုင်ပွဲများအတွက် ပြင်ဆင်နေကြသည်။အသင်းလိုက်ပြိုင်ပွဲမှာ သူတို့အစွမ်းပြခွင့်မရသော်လည်း သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်လို့ရသေးသည်။
“ကဲ အားလုံးပဲ မြန်မြန်လာကြ။ ပွဲစီစဉ်တဲ့သူကငါ့ဆီကို အုပ်စုပွဲစဉ်ဇယားကိုပို့လိုက်ပြီ”
“မနှစ်က ထိပ်သီးလေးသင်းက ဂျပန်၊ အမေရိကန်၊ ဂျာမဏီနဲ့ အင်္ဂ်လန်။ အမေရိကန်က အုပ်စုAမှာကျတယ်။ ဂျာမဏီက အုပ်စုB. ငါတို့က ဂျပန်အသင်းနဲ့အတူတူ အုပ်စုCမှာကျတယ်။ အင်္ဂလန်လည်း အုပ်စု Cပဲ”
“အိုး ပွဲတော့လှပြီ။ ငါတို့က ဆီမီးဖိုင်နယ်တက်ဖို့ မနှစ်က အသင်းကြီးနှစ်သင်းကိုဖြုတ်ရမှာပေါ့”
“ဟား ငါတော့ တခြားအသင်းကိုစိတ်မဝင်စားပါဘူး။ဒါပေမဲ့ ဂျပန်နဲ့ထိပ်တိုက်ဆုံတဲ့အချိန်ကျ ဒီကောင်တွေ တစ်မှတ်မှ မရစေရဘူး”
“ဖန့်ကြွယ်ယွီ မင်းကလည်းစိတ်ကြီးပဲ..နည်းနည်းလျှော့ပါဦး”
“မင်းတို့ကြိုက်တာလုပ်ကြ။ ဒါပေမဲ့ မိတ်ပျက်တဲ့ထိ မလုပ်ကြနဲ့။”
“ဟုတ်ကဲ့ပါ ဌာနမှူးကျော…သက်သက်ညှာညှာကစားပါ့မယ်”
….
စင်ကာပူရောက်ပြီး တတိယမြောက်နေ့တွင် ပြိုင်ပွဲစတင်တော့သည်။ ပြိုင်ပွဲအခမ်းအနားကို အိမ်ရှင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကို စတင်ဖွင့်လှစ်သည်။
ဖန့်ကြွယ်ယွီက ထိုစကားများကို နားထောင်ရတာ စိတ်မရှည်ပေ။ သူ၏ မျက်လုံးအစုံက အမေရိကန်ကစားသမားများထိုင်သော နေရာကိုကြည့်နေသည်။
ထိုကစားသမားများထဲတွင် ကောင်မလေးတစ်ဦးက ထင်းထွက်နေသည်။ သူမ၏ ရုပ်ရှင်သွင်ပြင်က animeဇာတ်ကားထဲက ဇာတ်ကောင်များနှင့်တူသည်။ သူမ၏ အဖြူရောင်ဆံပင်ရှည်က ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။
“သူ့ဦးနှောက်စွမ်းရည်က Sအဆင့်စွမ်းအားရှင်တစ်ယောက်နီးပါးပဲ။ ဒါကြောင့်မို့ သူက ကမ္ဘာ့နံပါတ်တစ် ကစားသမားဖြစ်နေတာ မဆန်းပါဘူး”
“ဖန့်ကြွယ်ယွီ ဖယ်ခါဆိုတာ သူပေါ့။ သူ့ရဲ့အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး လျှော့မတွက်နဲ့။ သူကစားရင် အရမ်းကြမ်းတာ။ရုပ်နဲ့ကိုမလိုက်ဘူး”လုချောင်က သူ့အနားကိုကပ်ပြီးတိုးတိုးလေးပြောသည်။
ဖယ်ခါက ထိုအချိန်မှာ သူတို့ဘက်ကိုလှည့်ကြည့်လာသည်။ လုချောင်တို့က သူမနှင့် အကြည့်ချင်းမဆုံမိအောင် ရှောင်လိုက်သည်။
ဖန့်ကြွယ်ယွီတစ်ဦးတည်း သူမကိုပြန်ပြီးစိုက်ကြည့်နေသည်။
“မဆိုးဘူးပဲ..သူမရဲ့စိတ်တန်ခိုးစွမ်းအင်ကိုသုံးပြီး တွေ့အောင်ရှာနိုင်သားပဲ။ဘယ်သူမှ မသင်ပဲတတ်တာဆို သူမအစွမ်းက တကယ့်အံ့မခန်းပါလား”
သူမနှင့် အကြည့်ချင်းဆုံသောအခါ မည်သူကမှ သုံးစက္ကန့်ကျော်ထိ တောင့်မခံနိုင်ကြပေ။ သို့သော် ထိုအာရှသားက ထူးဆန်းသည်ဟု ဖယ်ခါတွေးမိသည်။
“သူလည်း ငါ့လိုပဲလား”
ဖယ်ခါရေရွတ်မိသည်။
“ဖန့်ကြွယ်ယွီ သူနဲ့ အကြည့်ချင်းဆုံရတာ ရှိုးတို့ရှန်းတန့် မဖြစ်ဘူးလား”
“မဖြစ်ပါဘူး။ ဒါပေမဲ့သူ့အကြည့်တွေက တစ်ခုခုပဲ”
“မြင်မြင်ချင်းကြွေသွားတာလား ဟျောင့်”
“ဟာကွာ ဘာတွေပြောနေတာလဲ။ ဒီကောင်မလေးက ထူးဆန်းတယ်”
“မှန်မှန်ပြောပါ။ မင်းသူနဲ့အကြည့်ချင်းဆုံပြီး ကြွေဆင်းသွားတာမလား။ စိတ်ချပါ။ ငါတို့ မင်းကောင်မလေးကို ပြန်မပြောပါဘူးကွ”
သူတို့သုံးဦးက ဖန့်ကြွယ်ယွီကို စနောက်ပြောဆိုကြသည်။
ဖန့်ကြွယ်ယွီအပိုပြောတာမဟုတ်ပေ။ သူက တိတိကျကျမသိသော်လည်း ဖယ်ခါ၏ အကြည့်ထဲတွင် ဝမ်းနည်းပူဆွေးမှုအရိပ် အယောင်များမြင်နေရသည်။
“ဒါပေမဲ့ အနှေးနဲ့အမြန်ငါသိလာရမှာပဲလေ”
ဖန့်ကြွယ်ယွီလည်း ပြိုင်ပွဲစတင်တော့မည်ဖြစ်သဖြင့် ပြိုင်ပွဲဘက်ကို အာရုံပြန်စိုက်သည်။
မကြာခင်မှာ ကြေညာသံထွက်လာသည်။
“တရုတ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းက ကစားသမားများ Section ၁၅မှာ နေရာယူကြပါ”
“ကဲ ကံကောင်းပါစေ တပည့်တို့”
“ဆရာကျော..ဒီမှာထိုင်နေတာ သက်သက်မဲ့အချိန်ဖြုန်းတာပဲ။ ဟိုးနားဒီနားလျှောက်လည်ပါ။ ဆရာပြန်လာရင် ချန်ပီယံဖလားနဲ့ကြိုနေပါ့မယ်”
“အမ်”
ဌာနမှူးကျောလည်း ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်နေသည်။
“ဘယ်လ်ဂျီယံကစားသမားလေးဦးက အသီးသီးနေရာယူပြီး ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါပြီ”
ပြိုင်ပွဲတိုင်းမှာ အစီအစဉ်ကြေညာသူအဖြစ် နန်ယန်းနည်းပညာတက္ကသိုလ်မှ ဘာသာစကားနှင့် မီဒီယာပညာအထူးပြု ကျောင်းသား/သူများက ပါဝင်အားဖြည့်ကြသည်။
“ပထမဆုံးဘယ်လ်ဂျီယံကစားသမားတွေနဲ့ မိတ်ဆက်ပေးပါရစေ။ ခေါင်းဆောင်ဖြစ်သူ ဘိုမန်က သုံးနှစ်တိတိ ယှဉ်ပြိုင်ဖူးခဲ့တဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပါတယ်”
….
“ဆက်လက်ပြီး တရုတ်အသင်းရဲ့ကစားသမားတွေနဲ့ မိတ်ဆက်ပေးပါရစေ။ သူတို့ခေါင်းဆောင်က…”
“ဘာလဲ တရုတ်ကစားသမားတွေက ဘာလုပ်နေကြတာလဲ”
“ဘုရားရေ ကစားသမားသုံးဦးက ခုံပေါ်မှီပြီးလှဲနေကြတယ်။ ပွဲထဲလာပြီး အိပ်ကြတာလား”
“သူတို့က မျက်လုံးစည်းတွေပါ ယူလာကြတာဆိုတော့ တကယ်အိပ်ဖို့ပြင်နေကြတာပဲ။ ဒါဆို တရုတ်ဘက်က တစ်ယောက်က ဟိုဘက်က လေးယောက်နဲ့ ပြိုင်တော့မှာလား”
“ကျစ် ဒါလေးတွေ့တာကို အံ့ဩနေလိုက်ကြတာ”
“ငါတို့အသင်းရဲ့ ပြည်တွင်းပွဲကိုမကြည့်ဖူးလို့နေမယ်”
“ဖန့်ကြွယ်ယွီက သူတို့အပေါ်သက်ညှာပေးမယ်လို့ မျှော်လင့်ရတာပဲ။ပွဲကမြန်မြန်ပြီးရင် လာကြည့်တဲ့သူတွေ လေယာဉ်ဖိုးရှုံးကုန်တော့မယ်”