အသင်းသားအားလုံးက ဗီလိန်တွေချည်းပဲ
Vol. 19 Ch. 260
“ဘန်း”
ကျောရှန့်ခယ်က ရေဘူးကို စိတ်ဆိုးမာန်ဆိုးဖြင့် ပစ်ချလိုက်သည်။
“ဒါတွေက မိတ်မပျက်အောင် မင်းတိုကစားတဲ့ပုံစံလား။ ဒီလိုဖြစ်မယ်မှန်းသိလို့ ငါအတန်တန်မှာနေတဲ့ကြားကကွာ။ ငါ့စကားကို နားမထောင်ကြဘူး”
ကျောရှန့်ခယ်၏ အသံက စိတ်ဆိုးသည့်လေသံဖြစ်နေသော်လည်း သူ့ပုံစံက တရုတ်အသင်းက ပြိုင်ဘက်အသင်းအပေါ် အသာစီးရမှုအပေါ်အလွန်အမင်းကျေနပ်နေပုံရသည်။
“ဟဲဟဲ”
ဖန့်ကြွယ်ယွီတို့လေးဦးလည်း မအောင့်နိုင်ဘဲ ရယ်မိတော့သည်။ ကျောရှန့်ခယ်က စိတ်ဆိုးချင်ယောင်ဆောင်နေသည့်ပုံစံက အလွန်ရယ်စရာကောင်းပေသည်။
“ဆရာကျော..ကျွန်တော်တို့ ဘယ်အသင်းကိုပဲနိုင်နိုင်အသံကျယ်ကြီးနဲ့ အားအပေးဆုံးလူက ဆရာဆိုတာ မှတ်မိပါသေးတယ်”ဟု ဖန့်ကြွယ်ယွီကပြောသည်။
“အနိုင်ယူပစ် ။ ဒီကောင်တွေကို တစ်မှတ်မှမပေးနဲ့”
လုချောင်က ကျောရှန့်ခယ်၏ မျက်လုံးကို တည့်တည့်ကြည့်ပြီးပြောသည်။
“ဒါတွေက ဆရာကျောပြောချင်တဲ့စကားတွေမလား”
“ဟား..ဒီလိုလုပ်ပြရင် တခြားကျောင်းတွေနဲ့ မိတ်မပျက်တော့ဘူးလေ ငါတို့က အရမ်းကြီး ပြင်းပြန်းထန်ထန်ဆော့ပြရင် တခြားကျောင်းတွေက ငါတို့နဲ့ မဆော့ချင်တော့ဘူးဆို ဘယ်လိုလုပ်မလဲ။ပြိုင်ပွဲကိုပါ ဖျက်သိမ်းလိုက်တယ်ဆို ပျင်းစရာကြီးဖြစ်သွားမှာ”
“အဲ့အတွက်တော့ မပူပါနဲ့။ချန်ပီယံဆုအတွက် ကျွန်တော်စပွန်ဆာပေးထားတာဆိုတော့ ဘယ်သူကမှ အဲ့လိုမလုပ်ရဲပါဘူး”
ထင်ထားသည့်အတိုင်းပင် ပထမရက်ပွဲစဉ်များတွင် တရုတ်နိုင်ငံကိုယ်စားပြု ကျန်းနန်အသင်းက ပြိုင်ပွဲတိုင်းတွက် ၁၀-၁ဟူသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဖန့်ကြွယ်ယွီက နှစ်နိုင်ငံကြား မိတ်ပျက်မည်ကို စိုးရိမ်ပြီး တစ်မှတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
မနှစ်က ထိပ်သီးလေးသင်းစာရင်းဝင် အင်္ဂလန်အသင်းတောင်မှ တရုတ်အသင်းကို မရှုမလှရှုံးနိမ့်သည်။
ပြိုင်ပွဲတိုင်းက ငါးမိနစ်တောင်မကြာပေ။ ထိုကဲ့သို့ ပုံစံမျိုးကို ဖယ်ခါပြိုင်မှသာ မြင်ရသည်။
ပထမနေ့ပွဲစဉ်များအပြီးမှာအနိုင်ရသော အသင်းရှစ်သင်းပေါ်လာသည်။နောက်သုံးရက်တွင် ဆီမီးဖိုင်နယ် နှင့် ဖိုင်နယ် ပွဲစဉ်များကျင်းပမည်။ ဖိုင်နယ်ပွဲစဉ်သည် မည်သူက ဆုဖလားကိုင်မြှောက်ရမလဲဟု အဆုံးအဖြတ်ပေးသော ပွဲဖြစ်သည်။
“မနက်ဖြန် East Raiderအသင်းနဲ့ ကြုံရမှာ။ ဒီညကောင်းကောင်းနားကြမယ်။ ချန်ပီယံဆုကြီးကိုပိုက်ပြီး အိမ်ပြန်ကြစို့ တပည့်တို့”
ကွာတားဖိုင်နယ် ပွဲစဉ်ပြီးလျှင် သူတို့အဖွဲ့သည် အုပ်စု Bမှ ဂျာမန် သို့ ပြင်သစ်အသင်းဖြင့် ရင်ဆိုင်ရမည်။
သူတို့အတွက်တော့ မည်သူနဲ့ပဲရင်ဆိုင်ရပါစေ ကိစ္စမရှိပေ။
“ဖန့်ကြွယ်ယွီ မနက်ဖြန်ပွဲကိုရောဘယ်လိုထင်လဲ”ဟု လုချောင်က မေးသည်။
“မင်းက ဘယ်လိုထင်လို့လဲ” ဟု ဖန့်ကြွယ်ယွီက ပြန်မေးသည်။
“အရင်နှစ်တုန်းက တရုတ်အသင်းက East raider အဖွဲ့နဲ့ ဆုံရပြီးတော့ ခွက်ထိုးခွက်လန်ရှုံးတာမို့ အနှိမ်ခံခဲ့ရတယ်လို့ ကြားဖူးတယ်”
“အင်း အဲ့နှစ်က သူတို့အဖွဲ့ခေါင်းဆောင်ကို မှတ်မိသေးတယ်။ ငါတို့က ၁၀-၇နဲ့ရှုံးတာ။ ဒါပေမဲ့ သတင်းက ချဲ့ကားပြီးရေးတော့ ငါတို့မျက်နှာဘယ်ထားလို့ ထားရမှန်းမသိတော့တာ” ချန်ဖန့်တစ်ယောက် ထိုရန်ကြွေးကို အခဲကျေသည့်ပုံမပေါ်ပေ။
“အဲ့တာဆို သူတို့ကို လက်စားပြန်ချေကြတာပေါ့။ သူတို့ကို ၁၀-၀နဲ့ အနိုင်ယူကြမယ်”
“ဟဲဟဲ ငါလည်းအဲ့လိုတွေးနေတာ”
“မင်းတို့ကောင်တွေ အကျင့်ပုတ်ချက်ကွာ။ အကုန်ဗီလိန်တွေချည်းပါလား”
….
နောက်တစ်နေ့ပြိုင်ပွဲတွင် ထုံးစံအတိုင်းပရိတ်သက်များက အားပါးတရ အားပေးကြသည်။ဖယ်ခါတို့ အမေရိကန်အသင်းသည် ၁၀-၀ရလဒ်ဖြင့် ပြိုင်ပွဲမှာ ဦးဆောင်နေသည်
ပုံမှန်အတိုင်းဆို အမေရိကန်က အားလုံးကို အနိုင်ယူပြီး ချန်ပီယံဆုကို ယူနေကျဖြစ်သည်။ ဒီနှစ်မှာ တရုတ်က ဖျက်မြင်းအဖြစ်ဝင်လာသဖြင့် ပွဲကြပ်ကုန်သည်။
ယနေ့မှာအုပ်စု Bနှင့် Dကိုအားပေးသူပရိတ်သက်က အလွန်နည်းပါးသည်။ ချန်ပီယံဟောင်းအမေရိကန်နှင့် ယခုမှ လက်စောင်းထက်လာသော တရုတ်အသင်း၏ ပွဲစဉ်ကို အုံ့အုံ့ကြွပ်ကြွပ်အားပေးကြသည်။
အမေရိကန်အသင်းမှာ ဖယ်ခါရှိခြင်းက အဓိက အားသာချက်ဟု ထင်မြင်ကြသည်။ အမေရိကန်က မည်သည့်ပြိုင်ဘက်ကိုမှ အမှတ်မပေးပေ။ တရုတ်ကတော့ ပြိုင်ဘက်တိုင်းကို ၁၀-၁ဟူသော ရလဒ်ဖြင့် အနိုင်ရခဲ့သည်။
သို့သော် ဖန့်ကြွယ်ယွီကလည်း ခေသူမဟုတ်မှန်း ပွဲကြည့်ပရိတ်သက်က မှန်းဆမိသည်။ ထို ၁မှတ်ကလည်း ပြိုင်ဘက်ကို သနားပြီးပေးတာ ဖြစ်နိုင်သည်။
“ဆီမီးဖိုင်နယ်ပွဲစဉ်တွေကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်”
“ဒီနေ့မှာတော့ မနှစ်က ဒုတိယရခဲ့တဲ့ East Raider အသင်းက ဒီနှစ်မှာ လက်စောင်းထက်နေတဲ့အသင်းဖြစ်တဲ့ တရုတ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သေချာတာကတော့ ဒီနေ့ပွဲစဉ်က အရမ်းကိုကြည့်ကောင်းပါလိမ့်မယ်”
“ဟေး ကြည့်ဦး ဖန့်အတွက် သူတို့အသင်းက နာမည်ပြောင်တောင်ပေးထားသေးတယ်။ အင်ပါယာနတ်ဆိုး ဆိုပါလား”
“သူတို့ကြေညာတဲ့ပုံကလည်း အလန်းပါလား”
“ဒီနေ့ရော ၁၀-၁ နဲ့ တရုတ်ဘက်က နိုင်မယ်ထင်လား”
“မဖြစ်နိုင်ဘူး။ မနေ့က ဥက္ကဌဖန့်တင်ထားတာ ဖတ်ပြီးပြီလား။ သူတို့က နှစ်နိုင်ငံ မိတ်မပျက်ချင်လို့ လျှော့ကစားပေးတာ။ ဒီနေ့ပွဲမှာတော့ သက်ညှာမဲ့ပုံမပေါ်ပါဘူး။ သူတို့ပုံတွေကိုပဲကြည့်လေ”
ဖန့်ကြွယ်ယွီ၏ ပရိတ်သက်များကြားပြောနေသော စကားများကိုကြားရပြီး ပရိတ်သက်များ၏ အာရုံက တရုတ်အသင်းဘက်ကိုလှည့်လာသည်။
ယခင်နေ့ပွဲစဉ်များမှာ ဖန့်ကြွယ်ယွီက အားပါးတရယှဉ်ပြိုင်နေချိန်မှာ ကျန်သုံးယောက်က အေးအေးဆေးဆေး အနားယူနေခဲ့သည်။
ယနေ့မှာတော့ လေးယောက်လုံးက အသင့်အနေအထားဖြစ်နေကြသည်။
“ထူးဆန်းလှချည်လား။ သူတို့တစ်ခုခုဖြစ်နေကြတာလား။ မင်းရောအဲ့လိုထင်မိလား”
“အင်း လူကြီး လေးဦးက က မိန်းကလေးငယ်လေး လေးဦးနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာမဲ့ပုံပေါက်နေတယ်”
“သေချာတယ် ဒီပွဲက ကြမ်းတော့မှာ ငါမကြည့်ရဲတော့ဘူး”
“တစ်ဖက်အသင်းကို သနားတောင်သနားလာပြီ”
….
“အားလုံးပဲ သတိနဲ့ဆော့ကြ။ တရုတ်အသင်းက ဒီနှစ်မှာ လက်ရည်တက်လာတယ်။ ငါတို့ ပေါ့ဆလို့မရဘူး”
“အင်း မနေ့က ငါတို့တိုင်ပင်ထားကြတာက ဟီဂါရှီနို နဲ့ အိုတာကဲက တိုက်စစ်ဆော့မယ်။ ငါတို့က ခံစစ်ဆော့မယ်လို့ ပြောထားကြတာမလား”
“စိတ်မပူပါနဲ့ ငါတို့တိုက်စစ်တွေကို အရင်ပွဲတွေထက် ပိုကောင်းအောင်လုပ်ထားပြီးသား။ သူ့တို့ ခံစစ်ကို အသာလေးချိုးပစ်နိုင်မှာ”
“အရင်နှစ်က တရုတ်အသင်းကို အထုပ်သိမ်းပြီး အိမ်ကိုပြန်ပို့ခဲ့သလိုပဲ ဒီနှစ်လည်း ထပ်လုပ်ကြစို့”
…
“မင်းတို့ကောင်တွေ အသင့်ပဲလား”
ဖန့်ကြွယ်ယွီက ရေတစ်ငုံကိုသောက်လိုက်သည်။
“သူတို့ကို ဒီနေ့တော့ ကြာကြာလေးဆော့ကြတာပေါ့။ ငါက ခံစစ်မှာဆော့မယ်။ မင်းတို့ကို ငါ မနေ့ကသင်ပေးထားတဲ့ ကုဒ်ကို စမ်းသုံးကြည့်ကြ”
“ဟာ ငါ သေချာတောင် မမှတ်မိတော့ဘူး”
“ငါရောပဲ”
“မင်းတို့က တစ်နေကုန် ဂိမ်းတွေဆော့နေကြတာကိုး။ ထားလိုက်တော့။ သူတို့ငါတို့ဘက်ကို
ကျော်နိုင်မှာမဟုတ်ဘူး။သူတို့ကို လေ့ကျင့်တဲ့ ပစ်မှတ်လို့ သဘောထားကြ”
“ဟေး ပြိုင်ပွဲထဲမှာ စကားပြောတာတွေကို ထုတ်လွှင့်နေတာ။ လူတွေအကုန်ကြားကုန်တော့မှာပဲ”
“ဟား တကယ်လား ငါမသိလို့ပါကွာ”
…
ပရိတ်သက်က အသံတိတ်သွားကြသည်။
“သူတို့ပြောတာတွေ ကြားလိုက်ကြလား”
“ကြားတယ် သူတို့က ဂျပန်အသင်းကို လေ့ကျင့်ရေးပစ်မှတ်လို့ သဘောထားပစ်ဆိုပဲ”
“ဟာ ဘယ်လိုပြောလိုက်တာပါလိမ့်”
“ဒါက လူတစ်ယောက် ပြောသင့်တဲ့စကားလား”
“ဟုတ်ပါ့ အဲ့လိုတော့ မပြောသင့်ပါဘူး”