← Chapters

သခင်လေး..ငါ ကူးဝမ် ပါ..

Vol. 19 Ch. 263

သခင်လေး..ငါ ကူးဝမ် ပါ..

Vol. 19 Ch. 263

“ဟမ် ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

သူတို့သုံးဦးလုံး၏ ခန္ဓာကိုယ်သည် အေးခဲသွားမတတ် ခံစားလိုက်ရသည်။ ထိုအသံက သူတို့၏ အနောက်မှ လာခြင်းဖြစ်သည်။ B အဆင့် စွမ်းအားရှင်ကိုတောင် မယှဉ်နိုင်သော သိုင်းသမားတစ်ဦးက ထိုကဲ့သို့အစွမ်းမျိုးကို ဘယ်လိုလုပ်ပြီး ထုတ်သုံးနိုင်သနည်း။

သူတို့သုံးဦးက ချက်ချင်းလှည့်ကြည့်သောအခါ ပင်လယ်ပြင်မှာရပ်နေသော ဖန့်ကြွယ်ယွီကို တွေ့လိုက်ရသည်။ သူ့ခြေဖဝါးအောက်တွင် ရှိနေသော ပင်လယ်ရေများက ရေခဲပြင်ချပ်သဖွယ် အေးခဲပြီး အကျယ်က ငါးမီတာလောက်နီးပါးရှိသည်။

ယခုအချိန်က ဧပြီလဖြစ်တာမို့ စင်ကာပူမှာ ညအပူချိန်တောင်မှ ၂၀ဒီဂရီစင်တီဂရိတ်ကျော်ရှိတာမို့ ဒီလိုရေခဲပြင်မျိုး အဘယ်ကြောင့် ဖြစ်နိုင်မည်နည်း။

“သူက သိုင်းသမားမဟုတ်ဘူး။ စွမ်းအားရှင်ပဲ”

သူတို့သုံးဦးစလုံး ယခုမှပင် ဇာတ်ရည်လည်တော့သည်။

သို့သော် သူတို့စိတ်ထဲ မတင်မကျဖြစ်နေတာရှိသေးသည်။ သူတို့သည် ဖန့်ကြွယ်ယွီထံမှ စွမ်းအားရှင်ဟူသော ခံစားချက် မြူမှုန်တစ်မှုန်လေးတောင် မရခဲ့ပေ။ သူ့ဆီက ထူးထူးခြားခြားစွမ်းအင်များကို မခံစားရသဖြင့် သာမန်လူဟု ထင်မြင်ခဲ့သည်။

“ဪ မင်းတို့သိကြပြီပေါ့”

ဖန့်ကြွယ်ယွီက ထိုသို့ပြောပြီး ကမ်းခြေဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

သူ့အသွင်အပြင်က ကြောက်စရာကောင်းပြီး သူက ခြေတစ်လှမ်းလှမ်းတိုင်း ရေခဲသွားသည်။

“ဒီလိုအစွမ်းအစအရဆို သူက SSSအဆင့် စွမ်းအားရှင်ပဲဖြစ်ရမယ်”

သူတို့က ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိလေသည်။

ထိုကဲ့သို့ အပူချိန်ကိုထိန်းနိုင်စွမ်းကို သာမန်အဆင့်နှင့် အဆင့်နိမ့်မှာရှိနေသော စွမ်းအားရှင်များက မစွမ်းဆောင်နိုင်ပေ။ရေကိုချက်ချင်းအေးခဲသွားစေသည့် အစွမ်းကို SSSအဆင့် စွမ်းအားရှင်များကသာ လုပ်ဆောင်နိုင်သည်။

“အဆင့်မြင့် SSSအဆင့် စွမ်းအားရှင်နှစ်ဦးလား ဒါမှမဟုတ် သာလွန် အဆင့်မြင့်စွမ်းအားရှင်များလား”

စွမ်းအားရှင်လောကတွင် SSSအဆင့်ထက်မြင့်ပါက သာလွန အဆင့်မြင့်စွမ်းအားရှင်ဟု သတ်မှတ် ကြသည်။ထိုသူများသည် တရုတ်ပြည်ရှိ မွေးရာပါသိုင်းပါရမီရှင်များနှင် ဆင်တူကြသည်။

ထို့ပြင်သာလွန်အဆင့်မြင့်စွမ်းအားရှင်များက တခြားနိုင်ငံထဲဝင်ရောက်ပါက ကျူးကျော်သည်ဟု ထင်မြင်ကြသည်။ အကယ်၍ ဖမ်းဆီးရမိပါက ပြသနာအကြီးအကျယ်တက်နိုင်သည်။ အန်ခယ်ကို ဒီမှာမြင်ရခြင်းက ဖန့်ကြွယ်ယွီအဖို့ ထူးဆန်းနေသည်။ သူတို့ကို စင်ကာပူနိုင်ငံရှိ စွမ်းအားရှင်များက သတိမထားမိကြတာလား။

“မင်းတို့ကိုဘယ်သူလွှတ်လိုက်တာလဲ”

“Ous ပြည်ထောင်စုလား …ဂျပန်လား ဘယ်ကလဲ”

Ousနိုင်ငံ၏ ငွေကြေးစျေးကွက်ကို ကမောက်ကမဖြစ်အောင်လုပ်တာက သူ့လက်ချက်မှန်းသိသွားသဖြင့် လက်စားချေတာလားဟု ဖန့်ကြွယ်ယွီ တွေးမိသည်။

သူ့မိထွေး ကျွမ်းရှင်းယန်ကလည်း သူနှင့် ရန်ငြိုးရန်စရှိသော နိုင်ငံများကို သေချာသတိထားကြည့်နေမှာမို့ သူတို့ဘက်က ဒီလောက်အတင့်ရဲလိမ့်မှာ မဟုတ်ပေ။

“ဟုတ်ပြီ ငါသိပြီ”

လွန်ခဲ့သောရက်က ရှောင်းရီ၏ သတိပေးစကားကို သူ အမှတ်ရသွားသည်။

“မင်းတို့ကို ဘရီလာက လွှတ်လိုက်တာမလား”

“ငါ့ကိုဖမ်းမယ်။ ပြီးတော့ ငါ့ဆီက နည်းလမ်းတွေကို ဓားပြတိုက်မှာမဟုတ်လား”

သူ့ကို ဖမ်းချင်သည့် အကြောင်းရင်းကို ရှည်ရှည်ဝေးဝေးစဉ်းစားစရာပင် မလိုပေ။

အန်ခယ်၏ စိတ်ထဲထင့်လာသည်။ ဖန့်ကြွယ်ယွီက SSSအဆင့်စွမ်းအားရှင်သို့ သာလွန်အဆင့်မြင့်စွမ်းအားရှင်တစ်ဦးတောင်ဖြစ်နိုင်သည်။

သူတို့သုံးဦးထဲလာတာမို့ အန်ခယ်က စိုးရိမ်နေမိသည်။

“မင်းတို့မှာ ငါ့ကိုဖမ်းနိုင်တဲ့ အစွမ်းအစရှိလို့လား”

ဖန့်ကြွယ်ယွီက သူတို့ထက်အဆပေါင်းများစွာသာလွန်သော စွမ်းအားရှင်ပုံစံမျိုးကို ပိုင်ဆိုင်ထားသဖြင့် သူတို့ကိုယ်သူတို့ သိမ်ငယ်စိတ်များပင် ဝင်မိသည်။

“ဟမ်”

အန်ခယ်သည်လည်း သာလွန်အဆင့်မြင့်စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူက လျှပ်စီးစွမ်းအင်များကို ပိုင်ဆိုင်ထားသည်။

သူနှင့် ဘရီလာက အဖွဲ့ကိုပူးတွဲအုပ်ချုပ်စဉ်အချိန်က သာလွန်အဆင့်မြင့်စွမ်းအားရှင်နှစ်ဦးကို သူတစ်ဦးတည်း ရင်ဆိုင်ပြီး အနိုင်ရခဲ့သည်။ထိုအရာက သူ၏ အကြီးကျယ်ဆုံးမှတ်တိုင်ဖြစ်သည်။

ဖန့်ကြွယ်ယွီ၏ ရေခဲစွမ်းအင်က သူ၏ လျှပ်စီးစွမ်းအင်နှင့် မယှဉ်နိုင်ပေ။

“ကူးရီ ဒီကောင်တွေကို ရှင်းလိုက်စမ်း”

ဖန့်ကြွယ်ယွီက ကူးရီကို ခေါ်နေကျဖြစ်သဖြင့်အကျင့်ပါပြီး အော်မိသည်။

“ဘာ နောက်တစ်ယောက်ရှိသေးတာလား”

ဖန့်ကြွယ်ယွီ၏ အပြုအမူက အနီးအနားမှာ တစ်ယောက်ယောက်ရှိနေသည့်ပုံပေါ်နေသည်။

သူတို့သုံးဦးက နောက်တစ်ယောက်ရှိနေတာကို လုံးဝ မသိကြပေ။ထို့ကြောင့် နောက်ထပ်တစ်ဦးကလည်း သာလွန်အဆင့်မြင့်စွမ်းအားရှင်ဖြစ်မည်ဟု ကောက်ချက်ချမိသည်။

ဖန့်ကြွယ်ယွီတစ်ဦးတည်းကို ရင်ဆိုင်ရတာနှင့်ပင် ခေါင်းခဲစရာဖြစ်နေသည်။ထိုလူသာပေါ်လာပါက ဒုက္ခအတိရောက်ပေတော့မည်။

“ဒီတစ်ခေါက်အလုပ်က ည့်ကွက်တွေများလိုက်တာ”

သူတို့က သက်တော်စောင့်များ စောင့်ကြပ်နေသော သာမန်လူကို ဖမ်းပေးရမည်ဟု ထင်ခဲ့မိသည်။ သူတို့၏ ပစ်မှတ်က သာလွန်အဆင့်မြင့်စွမ်းအားရှင် ဖြစ်နေမည်ဆိုတာ မတွေးဖူးခဲ့ပေ။

သို့သော် တော်တော်ကြာသည်အထိ မည်သူမှ မရောက်လာပေ။

“သေစမ်း ငါက ကူးရီကို အားလပ်ရက်ပေးထားတာ မေ့သွားတာပဲ”

“ဆောရီး ဆောရီး အာရုံမနောက်ကြပါနဲ့။ ငါ့သက်တော်စောင့်ကို အားလပ်ရက်ပေးထားတာကိုမေ့နေတာ။ ငါ အကျင့်ပါပြီး ခေါ်နေမိတာ”

“ငါတို့ကို နောက်ပြောင်နေတာလား”အန်ခယ်က ဒေါသထွက်လာသည်။

“မင်းဆီက ငါတို့လိုချင်တဲ့ အချက်အလက်ရပြီဆိုတာနဲ့ မင်းခြေလက်တွေကို ချိုးပြီး

ပင်လယ်ထဲချခဲ့မှာ”

အန်ခယ်က ထိုသို့ပြောပြီး သူ့လက်ထဲမှာ မိုးကြိုးလုံးနှစ်လုံးကို ဖန်ဆင်းသည်။

ထိုမိုးကြိုးလုံးများက လှံတံနှစ်ချောင်းအဖြစ် အသွင်ပြောင်းသွားသည်။

ထိုလှံတံများဆီမှ ခရမ်းရင့်ရောင်စွမ်းအင်များထွက်နေသည်။ အန်ခယ်က ထိုလှံတံများကို ဖန့်ကြွယ်ယွီထံ ပစ်ခွင်းသည်။

“လျှပ်စီးသုံးနိုင်တဲ့စွမ်းအားရှင်ကရှားတယ်”

အန်ခယ်၏ အစွမ်းက သူကြုံခဲ့ဖူးသော ကူးမိုထက်မြင့်သည်။

“ဟူး မင်းကငါ့အစွမ်းတွေအကြောင်းမသိသေးပဲကိုး”

ဖန့်ကြွယ်ယွီက တိုက်ခိုက်မှုကိုပိတ်ဆို့လိုက်သည်။

ထိုအချိန်မှာ အလွန်မြင့်မားသော လူရိပ်တစ်ခုက ဖန့်ကြွယ်ယွီ၏ ရှေ့မှာရပ်လိုက်သည်။ ထိုသူက လှံတံနှစ်ချောင်းကို ခြင်ဖမ်းသလို ဆွဲယူလိုက်သည်။

“ဝုန်း”

လှံတံနှစ်ချောင်းက အစိတ်စိတ်အမွှာမွှာဖြစ်သွားရသည်။

“ဟမ် ကူးရီ မင်းရောက်လာတာလား ငါမင်းကို နားခွင့်ပေးထားတယ်လေ”

“သခင်လေး ကျွန်တော်က ကူးရီမဟုတ်ပါဘူး။ သူ့အကို ကူးဝမ် ပါ”

ကူးဝမ်က သူ့ဘက်ကိုလှည့်လိုက်သည်။ သူနှင့် ကူးရီက ရုပ်အနည်းငယ်ဆင်သည်ဟု ဆိုနိုင်မည်။

“ကျွန်တော်က စင်ကာပူမှာရှိတဲ့ ဖန့်မိသားစု သက်တော်စောင့်တစ်ဦးပါ။ သခင်လေးရဲ့ နိုင်ငံခြားခရီးစဉ်အတွင်း စောင့်ရှောက်ပေးဖို့ သခင်မ ကျွမ်းရှင်းယန်က ကျွန်တော့်ကို စေလွှတ်ထားတာပါ”

ဖန့်ကြွယ်ယွီပြုံးမိသည်။

“ဟား မင်းရောက်လာတာ မြန်သားပဲ”

သူက ဒီအတိုင်းအော်ခေါ်လိုက်ရုံဖြင့် သက်တော်စောင့်က ချက်ချင်းရောက်လာခဲ့သည်။

သူတို့ ဖန့်မိသားစုက တကယ်ဩဇာကြီးတာလား။

“သခင်လေး ကျွန်တော်ဘာလုပ်ပေးရမလဲ။ ဒီအဖွဲ့ကို အပြတ်ရှင်းလိုက်ရမလား။ ဒီတိုင်းပဲ မှတ်သွားအောင် ခြေလက်ကျိုးတဲ့အထိ ဆုံးမပေးရမလား။”ဟု ဆိုကာ ကူးဝမ်က ပြုံးပြသည်။

All Chapters