← Chapters

အားတော့နာတယ်…ငါက အစွမ်းရှိတယ်

Vol. 19 Ch. 264

အားတော့နာတယ်…ငါက အစွမ်းရှိတယ်

Vol. 19 Ch. 264

“မင်းတို့က ညီအကိုတွေမဟုတ်လား။ မင်းတို့စကားပြောတဲ့ပုံ..လှုပ်ရှားတဲ့ပုံတွေက အတူတူပဲ”

ဖန့်ကြွယ်ယွီက ရုတ်တရက်သိချင်လာသည်။

“မင်းတို့ဆီမှာ ကူးချန့် တို့ ကူးပိုင် တို့ဆိုတဲ့ ညီအကိုတွေများရှိသေးလား”

“သခင်လေးက ဘယ်လိုလုပ်ပြီးသိတာလဲ”

ကူးဝမ်၏ မျက်နှာပေါ်တွင် အံ့ဩသည့်အရိပ်အယောင်များပေါ်လာသည်။

“ကူးချန့်လို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ သူကအခု ထိုင်းမှာအခြေချနေပါတယ်။ သခင်လေး ထိုင်းဘက်ကိုအလည်သွားရင် သူနဲ့တွေ့နိုင်ပါတယ်”

“မင်းတို့မိဘတွေက သားသမီးနာမည်တွေပေးတာ ရိုးရိုးကြီးတွေပါလား”

“ဟုတ်ပြီ ဟုတ်ပြီ မင်းပြန်တော့လေ”

“ဒီသုံးယောက်က သာမန်အဆင့်စွမ်းအားရှင်တွေပါ။ ငါ့ကို ဘာမှ အန္တရယ်မဖြစ်စေပါဘူး။ ဒီလူတွေမှာ အစွမ်းအစဘယ်လောက်ရှိလဲဆိုတာ ကြည့်ကြသေးတာပေါ့လေ”

ကူးဝမ်က ပြန်လှည့်ထွက်မသွားခင် အန်ခယ်တို့ကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်သည်။

အန်ခယ်တို့ သုံးဦးက သူ့အကြည့်အောက်မှာ ကြက်သီးတဖြန်းဖြန်းထလာသည်။

“ဒီကောင်တွေက သခင်လေးနဲ့ယှဉ်ရင်ပါမွှားပါ”

လျှို့ဝှက်စွမ်းအားရှင်ဖြစ်သူ ဖန့်ကြွယ်ယွီကိုတော့ သူတို့သုံးဦးက လုံးဝမယှဉ်နိုင်ပေ။

“သခင်လေးအဲ့တာဆို ကျွန်တော်သွားလိုက်ပါဦးမယ်။ တစ်ခုခုဆို ကျွန်တော့်ကိုအချိန်မရွေးလှမ်းခေါ်ပါ။ သခင်လေးရဲ့ ဟိုတယ်နားမှာ ကျွန်တော်အမြဲရှိနေပါ့မယ်။”

“ဟုတ်ပြီ မင်းသွားလို့ရပြီ”

“ဟုတ်ကဲ့” ဟုပြောကာ ကူးဝမ်က ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

“ပိုင်ရှင် ကူးဝမ်က စိတ်ဝင်စားဖို့တော့ကောင်းသား”

“ဘာလဲ သူက ကူးရီထက်ပိုတော်လို့လား” ဖန့်ကြွယ်ယွီက ရှောင်းရီအားပြန်မေးသည်။

ကူးရီက သူ့အဖေဖန့်ဟွိုက်ပြီးလျှင် သူမြင်ဖူးသမျှထဲမှာ အတော်ဆုံးလူဖြစ်သည်။

“သူက ကူးရီလောက်တော့မတော်ပါဘူး။ ဒါပေမဲ့ သူ့အစွမ်းအစတွေက ထူးခြားတယ်။ အခွင့်အရေးရရင် သူ့ကို သေချာ အကဲခတ်ကြည့်ရမယ်”

“ဟိုလူ ပျောက်သွားပြီလား”

အန်ခယ်တို့က ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့သည်။

ထိုလူထွားကြီးက သူတို့ကို သတ်ချင်သည့်အရိပ်အယောင်များကို မြင်ခဲ့ရသည်။ သူတို့နားကြားမမှားဘူးဆို ထိုလူက ဖန့်ကြွယ်ယွီအား “သခင်လေး”ဟု သုံးနှုန်းခဲ့သည်။

ဘယ်လို အလုပ်သမားက က သခင်ဖြစ်သူကို အန္တရာယ်တောထဲမှာ ထားခဲ့ရက်မည်နည်း။

ဖြစ်နိုင်တာက ဖန့်ကြွယ်ယွီအတွက် အန္တရာယ်မရှိနိုင်ဘူး ထင်ကာ ထားခဲ့ပုံရသည်။ ဆိုလိုသည်မှာ သူ၏ မျက်လုံးထဲမှာ ဖန့်ကြွယ်ယွီ၏ အစွမ်းက သူတို့ထက်သာလွန်သည်ဟု မြင်နေပုံရသည်။

“ဒီအနေအထားက ငါတို့လုပ်နိုင်တဲ့အခြေအနေမှာမရှိနေဘူး။ သွားကြစို့”

အန်ခယ်က ခေသူတော့မဟုတ်ပေ။ စင်ကာပူစွမ်းအားရှင်များလက်ထဲမှ လွတ်ရန် အထူးနည်းပညာသုံးထားသော်လည်း အချိန်ကြာကြာတော့ နေလို့မရပေ။

ဖန့်ကြွယ်ယွီကြောင့် သူတို့အနည်းငယ်နောက်ကျခဲ့ပါက ပြသနာတက်မှာဖြစ်သည်။ ယခုအချိန်က နောက်ပြန်ဆုတ်သင့်သောအချိန်ဖြစ်သည်။ ဘာမဟုတ်သော အလုပ်ကိစ္စကြောင့် သူတို့အသက်ကို စတေးဖို့မဖြစ်နိုင်ပေ။

အန်ခယ်က မိုးကြိုးလုံးများကို သူ့လက်ထဲစုပြီး ဖန့်ကြွယ်ယွီအား ပစ်ပေါက်သည်။ ထိုမိုးကြိုးလုံးသည် ရန်သူ၏ အမြင်အာရုံကိုပိတ်ဆို့နိုင်သည်။

“ဝှစ်”

ဖန့်ကြွယ်ယွီ၏ ဘေးပတ်လည်မှာ လျှပ်စီးကြောင်းများပေါ်လာသည်။ သာမန်လူများအဖို့ သေစေလောက်သည်အထိ ကြောက်မက်ကြမည်ဆိုသော်လည်း ဖန့်ကြွယ်ယွီအဖို့ ဆံပင်မွှေးတစ်ချောင်းတောင် မထောင်ပေ။

“ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ငါ့ဆံပင်ပုံပျက်လို့မရဘူး”

သူဆံပင်ပုံစံကို ပျက်စီးအောင်လုပ်သောလူများကို သူအမုန်းဆုံးဖြစ်သည်။

“ရေခဲဒိုင်းကာ…ခရစ်စတယ်လှောင်အိမ်သိုင်း”

ဖန့်ကြွယ်ယွီက တရုတ်သိုင်းကားထဲကအတိုင်း အမြဲတစေပြုမူချင်ခဲ့တာဖြစ်သည်။ ယခုအခါ ဘယ်သူမှ မကြည့်နေသဖြင့် အရူးတစ်ယောက်လို ခံစားနေရသည်။

“ဝှစ်”

စကြာဝဠာအရင်းမြစ်စွမ်းအင်ကို ဖန့်ကြွယ်ယွီက ထုတ်သုံးလိုက်ပြီး ထွက်ပြေးနေသော အန်ခယ်တို့ကို အမိဖမ်းသည်။တခဏအကြာမှာ အပူချိန်မြင့်လာပြီး ပင်လယ်ရေများက လှောင်အိမ်တစ်ဝိုက်တွင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားသည်။

“ဘွန်း”

အန်ခယ်က ရေခဲနံရံကို လက်သီးဖြင့်ထိုးသည်။ သူ၏ အားနှင့်ဆို စိန်ဖြင့်လုပ်ထားသော နံရံကိုတောင် အသာလေးဖြိုခွင်းနိုင်သည်။သို့သော် ထိုရေခဲနံရံပေါ်မှာ သူ၏ လက်သီးအရာသာ ကျန်ရစ်ခဲ့သည်။

“မဖြစ်နိုင်တာ” အန်ခယ်က မျက်လုံးအဝိုင်းသားဖြစ်နေသည်။

“ငါလုပ်ကြည့်ဦးမယ်”

နောက်ထပ် ဗလတောင့်တောင့် အရပ်မြင့်မြင့်လူတစ်ဦးက ထပ်မံကြိုးစားကြည့်သည်။

“ဝုန်း”

သူသည် SSSအဆင့်စွမ်းအားရှင်တစ်ဦးဖြစ်သည်။သူက အန်ခယ်ထက် အင်အားအရဆို သာလွန်သည်ဟု ဆိုနိုင်သည်။

“ငါတောင် မလုပ်နိုင်တာ..အားကုန်တာပဲအဖတ်တင်မယ်”

အန်ခယ်က သူ၏ အင်အားမှန်သမျှကို ညာဘက်လက်သီးမှာ စုလိုက်ပြီး ခပ်ပြင်းပြင်းထိုးပြန်သည်။

ဒီတစ်ကြိမ်မှာတော့ ရေခဲလှောင်အိမ်က တုန်ခါလာသည်။ လူတစ်ကိုယ်စာ ဖြတ်သွားလို့ရသော အက်ကွဲကြောင်းကြီးက ထိုရေခဲတုံးပေါ်တွင် ပေါ်လာသည်။

“သူက အားကြီးလိုက်တာ။ ငါတို့သူ့ကို မယှဉ်နိုင်ဘူး”အန်ခယ်က ပိုပြီး စိတ်လှုပ်ရှားလာသည်။

အင်အားချင်းယှဉ်ပါက အလွန်ကွာခြားသည်။ ဖန့်ကြွယ်ယွီ၏ ပုံစံက သူတို့ကိုအပြတ်ရှင်းမည့်ပုံပေါက်သည်။

“မီးတောင်ကြာပန်း..”

သူတို့က ရေခဲလှောင်အိမ်မှ ထွက်ပြေးရန်ကြိုးပမ်းချိန်တွင် မီးလုံးကြီးများက သူတို့နောက်ကိုလိုက်လာသည်။

“သူက မီးအစွမ်းကိုလည်း သုံးနိုင်တာပဲ။ဒါဆို သူက စွယ်စုံရစွမ်းအားရှင်ပါလား”

အန်ခယ်က အလန့်တကြားထအော်သည်။

စွမ်းအားရှင်တိုင်းမှာ ထိုကဲ့သို့အစွမ်းမရှိပေ။ တချို့က မွေးရာပါ ပါရမီပါလာကြသလို တချို့က ကျင့်ယူကြရသည်။သို့သော် စွယ်စုံရစွမ်းအားရှင်က မည်သည့်ပြိုင်ဘက်ကိုမဆို အသာလေး အနိုင်ယူနိုင်သည်။

“ဝုန်း ဝုန်း”

ထိုမီးလုံးများက အရမ်းမြန်ကြသည်။ အန်ခယ်ကလွဲပြီး ကျန်တဲ့သူနှစ်ဦးက မီးလုံးများ၏လက်မှ မလွတ်ပေ။ သူတို့နှစ်ဦး၏ ရင်ဘတ်နေရာမှာ မီးလောင်ဒဏ်ရာများရခဲ့သည်။

သူတို့နှစ်ဦး၏ ရင်ဘတ်နေရာမှာ အပေါက်ကြီးဖြစ်နေပြီး မဲနက်နေသည်။ ထိုလူနှစ်ဦးက မြေပေါ်မှာ လူးလွန့်နေပြီး သွေးများအန်ထွက်နေကြသည်။

“ခရစ်! ဆိုလို!”

အန်ခယ်က အံကိုခပ်တင်းတင်းကြိတ်ထားသည်။

သူက အခုချိန်ထွက်မပြေးပါက မလွတ်နိုင်တော့ပေ။ တစ်ဖက်ပြိုင်ဘက်ဖြစ်သူက စွယ်စုံရစွမ်းအားရှင်ဖြစ်သော်လည်း သူ့အစွမ်းလောက်တော့ ဖျက်စီးနိုင်စွမ်းမကြီးပေ။ထို့ကြောင့် သူ့မှာ အခွင့်အရေးရှိသေးသည်ဟု ဆိုနိုင်သည်။

အန်ခယ်၏ ခန္ဓာကိုယ်ဘေးမှာ လျှပ်စီးကြောင်းများက အတိုင်းသားပေါ်ထွက်နေသည်။

“သူက ဘာတွေလုပ်နေတာလဲ။ သူ့ပုံစံက ပီကာချူးက မိုးကြိုးတွေထုတ်တဲ့ပုံစံပေါက်နေပြီ”

ဖန့်ကြွယ်ယွီက အန်ခယ်ကိုမယုံကြည်နိုင်သော ပုံစံဖြင့်ကြည့်နေသည်။

“ဂျီ”

သူ့ခန္ဓာကိုယ်မှာ ဓာတ်လိုက်သွားသည့်ခံစားချက်ကို ဖန့်ကြွယ်ယွီရလိုက်သည်။

“ဒီကမ္ဘာမြေကြီးတုန်ဟီးရင် မင်းရဲ့မိုးကြိုးအစွမ်းကဘာလုပ်နိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”

ဖန့်ကြွယ်ယွီက မြေပြင်ကိုခပ်ပြင်းပြင်းရိုက်ချသည်။ တခဏအတွင်း သဲမုန်တိုင်းတိုက်ခတ်လာသလို ဖြစ်လာသည်။

“ဘာလဲဟ..လေအစွမ်းနဲ့ မြေအစွမ်းလည်းသုံးနိုင်တာပေါ့”

အစွမ်းသုံးခုထုတ်သုံးနိုင်တာကိုပဲ အန်ခယ်မြင်ဖူးသည်။ ဖန့်ကြွယ်ယွီက မီး၊ ရေ၊ လေ၊ မြေ အစွမ်းလေးခုလုံးကို သုံးနိုင်သဖြင့် သူအနေဖြင့် အလွန်အံ့ဩမိသည်။

လေထု၏ နှောင့်ယှက်မှုကြောင့် အန်ခယ်၏ မိုးကြိုးလျှပ်စီးအစွမ်းက ပျောက်ကွယ်သွားတော့သည်။ အန်ခယ်၏ ခန္ဓာကိုယ်မှာ ဓားရာများ ရေးရေးလေးပေါ်နေသည်။

“အစွမ်းလေးမျိုးသုံးနိုင်တယ် ဟုတ်လား”

ဟားး..

ဖန့်ကြွယ်ယွီက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောအခါ သူ့လက်ဖဝါးပေါ်ရှိ လျှပ်စီးကြောင်းက ကြီးမားသော တူတစ်ခုအသွင်ပြောင်းလဲသွားသည်။

“ငါက လေးခုပဲ သုံးနိုင်တာမဟုတ်ဘူး။ အစွမ်းတွေအကုန် ထုတ်သုံးနိုင်တယ်”

All Chapters