← Chapters

နတ်ဆိုးဂိုဏ်း၏ စစ်ဘုရင် လူသတ်အရိုး(၂)

Vol. 17 Ch. 241

နတ်ဆိုးဂိုဏ်း၏ စစ်ဘုရင် လူသတ်အရိုး(၂)

Vol. 17 Ch. 241

မုန့်ချုံ၏ ပုံစံက လေးနက်သွား၏။ ဓားရိုးပေါ်သို့ လက်တင်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်သည်။

မုန့်ရှူရှူ၏ မျက်လုံးများက ပြူးကျယ်နေပြီး ရှေ့ရှိ စစ်ဘုရင်ကို ကြည့်၏။ သူ၏ ဦးရေပြားများက တစ်ဆစ်ဆစ် ဖြစ်လာပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်ခါလာခဲ့သည်။

"ကြောက်တတ်လိုက်တဲ့ကောင်.."

မုန့်ချုံက သက်ပြင်းချသည်။ အားနည်းသည်က တစ်ကြောင်း ဖြစ်၏။ သတ္တိမရှိသည်က တစ်ကြောင်း ဖြစ်၏။

"သူက နတ်ဆိုးအရှင်သခင် ဟော်ထူပဲ.."

မုန့်ရှူရှူက ညှို့မှိုင်းသည့် အသွင်ဖြင့် ပြော၏။

ရွှီယန်နှင့် မုန့်ချုံတို့က မှင်သက်သွားကြသည်။ နတ်ဆိုးအရှင်သခင် ဟော်ထူလေလား။ ဤသည်မှာ အတွင်းဘက်နယ်မြေတွင် နာမည်ကျော်ကြားသည့် နတ်ဆိုးဂိုဏ်းရှိ လူသိရှင်ကြား နတ်ဆိုးအရှင်သခင် ၃ယောက်ထဲမှ တစ်ယောက်လေလား။

ပြောကြသည်မှာ တစ်ဖက်လူသည် ရက်စက် ကြမ်းကြုတ်ပြီး သတ်ဖြတ်ခြင်းကျင့်စဉ်ကို ကျင့်ကြံကာ သိုင်းသမားရာကျော်နှင့် သိုင်းသခင်များစွာတို့ကို သတ်ဖြတ်ပြီး သူတို့၏ သွေးအဆီအနှစ်ကို သန့်စင်ကာ စစ်ဘုရင်အဆင့်သို့ တက်လှမ်းခဲ့သည်ဟု ဆိုသည်။

သူသည် နတ်ဆိုးအရှင်သခင် ၉ယောက်တို့ အကြားတွင် အရက်စက်ဆုံး ဖြစ်၏။ သူ၏ တည်နေရာကို ခန့်မှန်းနိုင်ခြင်း လုံးဝမရှိဘဲ စစ်ဘုရင်များ၏ ဝိုင်းဝန်းသတ်ဖြတ်မှုအား အမြဲတမ်း ရှောင်ရှားနိုင်လေသည်။

"မဟုတ်ဘူး... နတ်ဆိုးအရှင်သခင် ဟော်ထူက ဒီလောက်အထိ အားမနည်းသင့်ဘူး.."

ရွှီယန်က ရုတ်တရက် ငြင်းဆန်၏။

"အားနည်းတာလား.."

မုန့်ရှူရှူက ထိတ်လန့်စွာဖြင့် တံတွေးများကို မျိုချပြီး ပြောသည်။

"စီနီယာအစ်ကိုရွှီ... နတ်ဆိုးအရှင်သခင် ဟော်ထူက အထွတ်အထိပ်အဆင့် စစ်ဘုရင်တစ်ယောက်ပဲ။ အတွင်းဘက်နယ်မြေက အထွတ်အထိပ် စစ်ဘုရင်တွေ အကြားမှာမှ သူက ထိပ်တန်း၃၀ထဲကိုတောင် ဝင်သေးတယ်.."

"မင်းအမှတ်မှားတာ ဖြစ်လိမ့်မယ်။ ဒီလူကအလယ်အလတ် စစ်ဘုရင်လေး တစ်ယောက်ပဲ။ အထွတ်အထိပ်အဆင့် မဟုတ်ဘူး။ ပြီးခဲ့တုန်းက သတ်ဖြတ်ခဲ့တဲ့ ဝတ်စုံနက်ထက် ပိုသန်မာတာကလွဲပြီးတော့ အထွတ်အထိပ် စစ်ဘုရင်အဆင့်ကို ရောက်ဖို့ လမ်းကြောင်းအရှည်ကြီး လိုသေးတယ်.."

ရွှီယန်က ခေါင်းကိုရမ်းသည်။

"ဒါဆိုရင် နတ်ဆိုးအရှင်သခင် ဟော်ထူ မဟုတ်ဘူးပေါ့... သူ့လက်အောက်က စစ်ဘုရင်တစ်ယောက် ဖြစ်မယ်.."

မုန့်ရှူရှူက စိတ်သက်သာရာ ရသွား၏။

မိစ္ဆာစစ်ဘုရင်က ခြေတစ်လှမ်းချင်းစီ လျှောက်လာခဲ့၏။ သူ၏အကြည့်က ရွှီယန်အပေါ်၌သာ စူးစိုက်စွာ ရှိနေပါသည်။ လျှင်မြန်ခြင်းမရှိ၊ စိုးရိမ်ခြင်း မရှိသလို ရွှီယန်တို့ ထွက်ပြေးသွားမည်ကို ဂရုစိုက်ခြင်းလည်း မရှိသည့်ပုံပေါ်သည်။

"ဖြစ်နိုင်တာက ဝတ်စုံနက်တွေက နတ်ဆိုးအရှင်သခင် ဟော်ထူရဲ့ ခိုင်းစေမှုအောက်မှာ များလား.."

မုန့်ချုံက စဉ်းစားကာ ဆို၏။

"မဖြစ်နိုင်ဘူး... ဟော်ထူရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အဲ့လို ခိုးကြောင်ခိုးဝှက်နဲ့ လူတွေကို အနားမှာ ခြံရံမထားလောက်ဘူး။ ဒါပေမယ့် ဒီစစ်ဘုရင်က ဘာလို့ရောက်လာတာလဲ.."

မုန့်ရှူရှူက အံ့သြသွားသည်။

ရွှီယန်က အတွေးနက်သွား၏။ သူသည် သုယွီယင်းကို အိမ်သို့ ပို့ဆောင်စဉ်က ပုံရိပ်ယောင်တစ်ထောင် နတ်ဆိုးအရှင်သခင် အပါအဝင် နတ်ဆိုးဂိုဏ်းမှ သိုင်းသခင်များစွာတို့ကို သတ်ဖြတ်ခဲ့သည်။

ထိုလူများသည် ဟော်ထူ၏ လက်အောက်မှ လူများဖြစ်သည်လား။ ယခုအချိန်၌ ရန်သူဘက်မှ စစ်ဘုရင်က သူ့ဆီသို့ ရောက်လာခဲ့လေပြီ။ ဘုရင်ခံသုအိမ်တော်က ရင်ဆိုင်ခဲ့သည့် အန္တရာယ်မှာ အမှန်တကယ်ကို မသေးငယ်ပေ။ နတ်ဆိုးအရှင်သခင် ဟော်ထူပင် တိတ်တဆိတ် လှုပ်ရှားမှု ပြုခဲ့၏။ မည်သည်တို့ ဖြစ်နေသည်ကို မသိနိုင်တော့ပေ။

သို့ရာတွင် ထိုအရာအားလုံးတို့မှာ အတိတ်ကဖြစ်သည်။

ရှဲ့လင်ဖုန်း၏ အမည်နှင့် သူသည် ယင်ဟုန်ကို အနိုင်ယူခဲ့၏။ ကျန်းကျွင်းရာ၏ ခြိမ်းခြောက်နိုင်စွမ်းက အမှန်တကယ်ကို စွမ်းအားကြီးမားလှသည်။ ဘုရင်ခံသုအိမ်တော်ရှိ အန္တရာယ်က ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

ခုနှစ်စင်ကြယ် အကယ်ဒမီတွင် ရွှီယန်သည် သူ၏ အစစ်အမှန်အမည်ကို ကြေငြာပြီး ရှဲ့လင်ဖုန်းမဟုတ်ဟု အတည်ပြုခဲ့သည်။ ထိုအကြောင်းကြောင့် ဟော်ထူ၏ လက်အောက်ရှိ စွမ်းအားကြီးမားသည့် လူများ ဒီနေရာသို့ လက်စားလာချေသည်လား။

"မင်းက ရွှီယန်လား.."

နတ်ဆိုးဂိုဏ်း၏ စစ်ဘုရင်က မေးသည်။ သူ၏ အေးစက်သည့်အကြည့်က ရွှီယန်အပေါ်သို့ ခိုင်မြဲစွာ ပစ်မှတ်ထားထား၏။

"ဟုတ်တယ်။ ငါကရွှီယန်ပဲ.."

ရွှီယန်က ခေါင်းငြိမ့်၏။

"ကောင်းတယ်... မှတ်ထား။ ငါက သတ်ဖြတ်ခြင်းအရိုး။ နတ်ဆိုးအရှင်သခင် ဟော်ထူရဲ့ လက်အောက်ခံတစ်ယောက်ပဲ.."

"ဝူ့စ်.."

အရိုးခေါင်းမှ နီရဲသည့် မီးတောက်များ ထွက်ပေါ်လာပြီး ကြမ်းတမ်းစွာ လောင်ကျွမ်း၏။ ဒီအချိန်၌ သတ်ဖြတ်ခြင်းအရိုးကို ကြည့်ရသည်မှာ မီးတုတ်တစ်ချောင်းကို ကိုင်ထားဟန် ရှိသည်။

မုန့်ချုံနှင့် မုန့်ရှူရှူတို့က နောက်သို့ လျှင်မြန်စွာ ဆုတ်သွားကြသည်။ အကွာအဝေးတစ်ခုကို ခြားလိုက်၏။

ရွှီယန်၏ပုံစံက အနည်းငယ် လေးနက်လာခဲ့သည်။သတ်ဖြတ်ခြင်းအရိုး ကိုင်ဆောင်ထားသည့် တုတ်တံမှ ထွက်ပေါ်နေသည့် အားပြင်းသည့် မီးတောက်များက တစ်ဖက်လူ၏ စွမ်းအားအနှစ်သာရကို ပြသနေပါသည်။

၎င်းတွင် အပူမရှိပေ။ အေးစက်မှုတစ်ခု သာလျှင် ရှိ၏။ သို့ပေမယ့် အရာအားလုံးတို့ကို ပြာချနိုင်စွမ်း ရှိသည့်ပုံ ရှိသည်။ သက်ရှိအားလုံးတို့ကို တိုက်စားကာ သေစေနိုင်သည့် အဆိပ်များထက်ပင် ပိုမိုဆိုးရွား၏။

တစ်ဖက်လူသည် သတ်ဖြတ်ခြင်း အတတ်ကို ကျင့်ကြံထား၏။ ကြည့်ရတာ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ သွေးငရဲမီးတောက်ကို သန့်စင်ရန်အတွက် သိုင်းသမားများစွာနှင့် သက်ရှိများစွာတို့၏ သွေးသားအဆီအနှစ်ကို လောင်ကျွမ်းရန် အသုံးပြုခဲ့သည့် နာမည်ကျော် ငရဲမီးတောက် သွေးသန့်စင်ခြင်းအတတ် ဖြစ်ပေလိမ့်မည်။

"မင်းရဲ့ သွေးအဆီအနှစ်နဲ့ မင်းပိုင်ဆိုင်သမျှ အရာအားလုံးကို ငါယူလိုက်မယ်။ ကြည့်ရတာ ဒီတစ်ကြိမ်တော့ အကျိုးအမြတ်က တော်တော်ကောင်းမယ့်ပုံပဲ.."

သတ်ဖြတ်ခြင်းအရိုးက ရက်စက်ကြမ်းကြုတ်စွာဖြင့် ရယ်၏။ သူ၏အကြည့်က မုန့်ချုံ၏ လက်ထဲရှိ အထုပ်ကြီးပေါ်သို့ ခဏတာ ရစ်ဝဲသွားပြီးနောက် ပြုံးသည်။

"အစ်ကိုရွှီ.. သတိထား။ သတ်ဖြတ်ခြင်းအရိုးက နတ်ဆိုးအရှင်သခင် ဟော်ထူရဲ့ လက်အောက်က အသန်မာဆုံး ၃ယောက်ထဲက တစ်ယောက်ပဲ။ သူက မရေမတွက်နိုင်တဲ့ သိုင်းသမားတွေကို သတ်ဖြတ်ခဲ့ပြီး ငရဲမီးတောက်က အရမ်း ကြောက်ဖို့ကောင်းတယ်။ သိုင်းသမားတစ်ယောက်ရဲ့ အတွင်းအားချီကို လောင်ကျွမ်းစေနိုင်ပြီး မီးညှိသွားတာနဲ့ ငြှိမ်းလို့ မရတော့ဘူး။ သေဖို့ သေချာသလောက် ဖြစ်သွားစေတယ်.."

မုန့်ရှူရှူက ရွှီယန်ကို သတိလက်လွတ် လုပ်မည်အား စိုးရိမ်သဖြင့် အလျှင်အမြန် သတိပေးသည်။

"ကောင်းတယ်... မင်းက တကယ့်ကို ငါ့ရဲ့ဂုဏ်သတင်းကို သိတာပဲ.."

သတ်ဖြတ်ခြင်းအရိုးက မုန့်ရှူရှူကို ကြည့်သည်။ ထိုအေးစက်သည့် အကြည့်က မုန့်ရှူရှူကို ချွေးစေးများ ထွက်လာစေခဲ့၏။

မုန့်ရှူရှူ၏ သတိပေးချက် မပါလျှင်ပင် ရွှီယန်သည် သတ်ဖြတ်ခြင်းအရိုး၏ အန္တရာယ်ကို သိရှိပြီး ဖြစ်ပါသည်။

သို့ရာတွင် သူ့အတွက် ငရဲမီးတောက်မှာ အရမ်းကြီး အန္တရာယ်များခြင်း မရှိပါ။ အနည်းဆုံးတော့ သူ၏ မူလအစစ်အမှန်ချီကို လောင်ကျွမ်းနိုင်ခြင်း မရှိပေ။

"နတ်ဆိုးအရှင်သခင် ဟော်ထူရဲ့ စွမ်းအားကြီးမားတဲ့ လက်အောက်ခံတစ်ယောက် ဖြစ်ပြီး စစ်ဘုရင်တစ်ယောက်လည်း ဖြစ်တော့ လူတွေအများကြီး သတ်ပြီး ရတနာတွေ အများကြီးကို ပိုင်ဆိုင်ထားလောက်မှာ မလား.."

ရွှီယန်က ရုတ်တရက် နားလည်လာခဲ့၏။ သူ၏ မျက်လုံးများက လင်းလက်လာပြီး မေးသည်။

သတ်ဖြတ်ခြင်းအရိုးက မျက်မှောင်ကျုံ့သွား၏။ ဘာကြောင့်လဲ မသိပေ။ တစ်ဖက်ကောင်လေး၏ အပြုအမူမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရ၏။

ယခုအချိန်၌ ကြောက်ရွံ့ကာ မျှော်လင့်ချက်မဲ့နေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ထိုမေးခွန်းများကို မေးနေရသနည်း။

"ဒါပေါ့... ငါ့ရဲ့ သတ်ဖြတ်ခြင်းအရိုးဆိုတဲ့ အမည်က လူများစွာကို သတ်ဖြတ်ပြီးတော့ ရလာခဲ့တာပဲ။ အသနားခံဖို့ မစဉ်းစားနဲ့ ကောင်လေး။ ငါမင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး.."

သတ်ဖြတ်ခြင်းအရိုးက နှာခေါင်းရှုံ့သည်။

"မင်းမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက်ရှိလဲ.."

ရွှီယန်က စိတ်အားထက်သန်စွာ ဆက်လက် မေးသည်။

ဒီသတ်ဖြတ်ခြင်းအရိုးသည် စစ်ဘုရင်တစ်ယောက် ဖြစ်ပြီး နတ်ဆိုးအရှင်သခင်၏ လက်အောက်မှ စွမ်းအားကြီးလူတစ်ယောက် ဖြစ်၏။ မရေမတွက်နိုင်သည့် လူများကိုလည်း သတ်ဖြတ်ခဲ့ရာ အလွန် ချမ်းသာလောက်မှာပါ။

ဤသည်မှာ သူ၏ တံခါးဝသို့ လျှောက်လှမ်းလာခဲ့သည့် ပိုက်ဆံအိတ်ကြီး တစ်ခုကဲ့သို့ ရှိ၏။

"မင်းက ဘာကိုဆိုလိုတာလဲ.."

သတ်ဖြတ်ခြင်းအရိုးက မျက်မှောင်ကျုံ့သွားသည်။ ရွှီယန်ဆီမှ မှားယွင်းနေသည့် အသွင်အပြင် လက္ခဏာကို ခံစားရ၏။

"ငါမင်းတို့ နတ်ဆိုးဂိုဏ်းက သိုင်းသခင်တွေ အများကြီးကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် အားလုံးက ကြွက်စုတ်တွေလိုပဲ အရမ်းကို ဆင်းရဲကြတယ်။ နတ်ဆိုးဂိုဏ်းရဲ့ ဂုဏ်သတင်းကို တကယ့်ကို ပျက်ပြားစေတာပဲ။ မင်းကတော့ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။ ငါရွှီယန်က ဘာအကျိုးအမြတ်မှ မရပဲ ဘယ်တော့မှ မတိုက်ခိုက်ဘူး... မင်းကတော့ သူတို့ထက် အများကြီး ပိုပြီးချမ်းသာလောက်တယ်မလား။ နာမည်ကြီး ငမွဲကြီးတစ်ကောင်တော့ မဟုတ်လောက်ပါဘူးနော်.."

All Chapters