သတ်ဖြတ်ခြင်းအရိုးအား ဒေါသတကြီး သတ်ဖြတ်ခြင်း၊ တူညီသည့်စိတ်ကူး
Vol. 17 Ch. 243
သတ်ဖြတ်ခြင်းအရိုးမှာ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ လက်အောက်ရှိ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ အလယ်အလတ်အဆင့် စစ်ဘုရင်တစ်ဦး ဖြစ်ပြီး မရေမတွက်နိုင်သည့် လူများကို သတ်ဖြတ်ခဲ့၏။
သူ၏ ရက်စက်ကြမ်းကြုတ်သည့် ကျင့်စဉ်အောက်တွင် မရေမတွက်နိုင်သည့် သိုင်းသမားများ သေဆုံးခဲ့ကာ ကျင့်ကြံမှုအတွက် အာဟာရများ ဖြစ်သွားခဲ့ရသည်။
သူ၏ အရိုးခေါင်းတုတ်တံမှာ နာမည်ကျော် လက်နက်တစ်ခုဖြစ်ပြီး အလွန် အဖိုးတန်လှ၏။ အန္တရာယ်ကျရောက်လာချိန်တွင် သတ်ဖြတ်ခြင်းအရိုးက အလွန်ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။
အသက်ကို ထိခိုက်နိုင်သည့် လျှို့ဝှက်အတတ်အား တစ်ခါတည်း အသုံးပြုကာ သူ၏ ဝတ်စုံက ပျက်စီးသွားပြီး သွေးစွမ်းအင်တို့ကို အရိုးခေါင်းတုတ်တံ အတွင်းသို့ စီးဝင်သွားစေ၏။ ခန္ဓာကိုယ်က ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားခဲ့သည်။
သတ်ဖြတ်ခြင်းအရိုးသည် ဒီသတ်ဖြတ်ခြင်း လျှို့ဝှက်အတတ်ကို အသုံးပြုခြင်းဖြင့် ရွှီယန်ကို တွန်းလှန်မှုပြုကာ ထွက်ပြေးလွတ်မြောက်ရန် အချိန်တစ်ခုအား ရရှိနိုင်မည်ဟု ယုံကြည်ချက် ရှိ၏။
ထွက်ပြေးလွတ်မြောက်ရန် ကျရှုံးပါက ရန်သူနှင့်အတူ သေဆုံးမည် ဖြစ်သည်။ သူ့အနေနှင့် ရန်သူကို နေရာတွင် သေဆုံးအောင် မသတ်ဖြတ်နိုင်လျှင်တောင် ရွှီယန်သာဒဏ်ရာရရှိသွားပါက သူ၏ ကြောက်စရာကောင်းသည့် ကျင့်ကြံခြင်း အတတ်ကြောင့် ဒဏ်ရာမှ ပြန်ကောင်းရန် လုံးဝ မဖြစ်နိုင်ပါ။
ကံကောင်းပြီး အသက်ရှင်နိုင်လျှင်တောင် သိုင်းပညာတို့ ပျက်စီးပြီး ဒုက္ခိတတစ်ယောက် ဖြစ်လာမှာ ဖြစ်၏။ ထို့ကြောင့် အလကား သေဆုံးသွားရမည် မဟုတ်ပါ။
သူသည် တစ်ချိန်က စစ်ဘုရင်၄/၅ယောက်တို့၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ ဒီလျှို့ဝှက်အတတ်ကိုပင် အသုံးပြုခဲ့၏။ တန်ကြေးမှာ မြင့်မားပေမယ့် သူ့အနေနှင့် ထွက်ပြေးလွတ်မြောက် လာနိုင်ကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည့် ထိုစစ်ဘုရင်များလည်း ကြီးစွာ ထိခိုက်ခဲ့ကြ၏။ သူတို့၏ ခွန်အားအများစုတို့ ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။
သို့ရာတွင် နတ်ဆိုးအရှင်သခင်၏ အကူအညီနှင့် သိုင်းသခင်များစွာတို့၏ သွေးအဆီအနှစ်ကို ဝါးမြိုပြီးနောက် သူကတော့ ဖြေးညှင်းစွာ ပြန်ကောင်းလာခဲ့သည်။
ဒီတစ်ကြိမ် ရွှီယန်ကို လာရောက်သတ်ဖြတ်ရာတွင် တစ်ဖက်လူ၏ ခွန်အားမှာ ခန့်မှန်းထားသည်ထက် ကျော်လွန်နေပေမယ့် သတ်ဖြတ်ခြင်း အရိုးအနေနှင့် အသက်ရှင်ရက် ထွက်ပြေးလွတ်မြောက် နိုင်မည်ဟုတော့ ယုံကြည်ချက်ရှိသည်။
အချိန်အနည်းငယ်ယူကာ သိုင်းသမားအချို့တို့၏ သွေးအဆီအနှစ်ကို စုပ်ယူပြီးနောက် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်နိုင်မည် ဖြစ်၏။
မထင်မှတ်စွာပင် ရွှီယန်သည် ရုတ်တရက် ဒေါသတို့ ပေါက်ကွဲထွက်လာကာ စွမ်းအားက သူ၏ ခန္ဓာကိုယ်ကိုပင် တုန်ခါသွားစေပြီး အဆုံးစွန်သော အေးစက်မှုကို ခံစားရစေသည်။ အသိစိတ်ပင်လျှင် ထိခိုက်လာခဲ့သည်ထင်၏။
ဤနည်းအားဖြင့် ထိုအချိန်၌ သူ၏ အစွမ်းထက်ဆုံး လျှို့ဝှက်အတက်မှာ နှေးကွေးသွားပြီး ချက်ချင်း အသုံးမပြုနိုင်အောင် ဖြစ်သွားခဲ့သည်။
တောင်နှင့်မြစ်တို့က မြင်ကွင်း တစ်ခုလုံးကို လွှမ်းခြုံလာပြီး လျှပ်တပြက်အတွင်း မှောင်မဲသွားခဲ့သည်။ သာမန်လူများလည်း မကောင်းဆိုးဝါး စိတ်ဝိဉာဉ်များအဖြစ် ပြောင်းလဲသွားပြီး သူ့ဆီသို့ ဓားများကို ကိုင်ဆွဲကာ ပြေးဝင်လာကြ၏။
သတ်ဖြတ်ခြင်းအရိုးသည် သူ၏ဝတ်စုံကို ဖောက်ခွဲလိုက်ခြင်းဖြင့် ရွှီယန်အနေနှင့် အဘယ်ကြောင့် အလွန် ဒေါသထွက်သွားသည်ကို နားလည်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။ ဤသည်မှာ သူ၏ဝတ်စုံ ဖြစ်သည်။ ရွှီယန်၏ ဝတ်စုံ မဟုတ်ပေ။
စိတ်ဝိဉာဉ်စာရွက်များကရော... တစ်ဖက်လူဥစ္စာ ဟုတ်လို့လား။
ယခုအချိန်၌ ထိုအရာအားလုံးတို့မှာ အဓိကမကျတော့ပါ။ သတ်ဖြတ်ခြင်းအရိုးသည် သေဆုံးတော့မည့် အချိန်၌ ရုတ်တရက် နိုးထလာပြီး သူ၏ ဝတ်စုံအား ဖျက်ဆီးခဲ့ခြင်းမှာ အကြီးမားဆုံး အမှားဖြစ်ကြောင်းကို နားလည်လာခဲ့သည်။ သူ့အနေနှင့် သယ်ဆောင်လာခဲ့သည့် စိတ်ဝိဉာဉ်စာရွက်များကို ဘယ်တော့မှ မဖျက်ဆီးခဲ့သင့်ပေ။
သို့ပေမယ့် သူကဲ့သို့ သတ်ဖြတ်ခြင်းကို ပျော်ပါးသည့် နတ်ဆိုးဂိုဏ်းမှ စစ်ဘုရင်တစ်ယောက်သည် သယ်ဆောင်ထားသည့် စိတ်ဝိဉာဉ်လက်မှတ်များကို ဂရုစိုက်မည်လား။ လိုအပ်ပါက လူအချို့ကို တစ်ခါတည်း သတ်ဖြတ်ပြီး လုယက်လိုက်ရုံသာ ရှိသည်။ ထို့ကြောင့် သူသည် အားလုံးတို့ကို ဖောက်ခွဲပစ်ခဲ့ခြင်း ဖြစ်၏။
ရလဒ်အနေနှင့် ရွှီယန်ကို အလွန်ဒေါသထွက်သွားစေခဲ့သည်။ စိတ်ဝိဉာဉ်စာရွက်တို့ မရှိသောအခါ ရွှီယန်မှာ မည်သည့် အထိန်းအချုပ်မှ မရှိတော့ဘဲ ဒေါသတကြီး တိုက်ခိုက်ခဲ့၏။
ကြောက်စရာကောင်းသည့် ဓားခုတ်ချက်က သတ်ဖြတ်ခြင်းအရိုးကို လျှို့ဝှက်အတက်အား ပြီးမြောက်အောင် အသုံးပြုနိုင်ခြင်း မရှိသေးခင်တွင် သေဆုံးစေခဲ့သည်။
သူ၏ခန္ဓာကိုယ်က ပြိုလဲကာ ပြာများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။
သွေးစွမ်းအင်ဖြင့် ပြည့်နက်နေသည့် သွေးနီရောင် အရိုး ခေါင်း တုတ်တံသာလျှင် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ရွှီယန်မှာ ဒေါသတကြီး ဖြစ်နေဆဲရှိကာ ကျိန်ဆဲ၏။
"မင်းတို့ နတ်ဆိုးဂိုဏ်းက ခွေးကောင်တွေ... တော်တော်ရက်စက်တာပဲ... နတ်ဆိုးအရှင်သခင် ဟော်ထူမလား။ မင်းငါ့ကို စောင့်နေလိုက်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ မီလီယံအနည်းငယ်လောက်ကို လျော်ကြေးမပေးဘူးဆိုရင် မင်းလည်း သေချာပေါက် သေရမယ်.."
မလှမ်းမကမ်းမှ တိုက်ပွဲကို ကြည့်ရှု့နေသည့် မုန့်ရှူရှူမှာ ဒီအချိန်၌ လုံးဝ မှင်သက်သွားခဲ့သည်။ အံ့ဩမိသလို အနည်းငယ်လည်း ထိတ်လန့်နေမိ၏။
"စီနီယာအစ်ကိုရွှီက ဒေါသထွက်လာရင် တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ ဒါက ငါ့ကို တောင်မှ ထိတ်လန့်သွားစေခဲ့တယ်။ ငါသူ့ကို အလွယ်တကူ ဆက်ဆံလို့မရဘူး။ အလုပ်ကြိုးစားပြီးတော့ စိတ်ဝိဉာဉ်ဆေးပင်တွေကို ရှာဖွေရမယ်။ သူ့အပေါ်ကို အကြွေးတင်နေတဲ့ သိုလှောင်အိတ်တစ်ခုကို အမြန်ဆုံး ဝယ်ပေးရမယ်.."
ဤသည်မှာ လုံးဝ ကြောက်ဖို့ကောင်းလှသည်။ အစက သတ်ဖြတ်ခြင်း အရိုးသည် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နိုင်နေသေး၏။ သို့ပေမယ့် ဝတ်စုံကို ဖောက်ခွဲလိုက်ပြီးနောက် သယ်ဆောင်လာသည့် ပိုက်ဆံအိတ်နှင့် စိတ်ဝိဉာဉ်စာရွက်များလည်း ပေါက်ကွဲသွားခဲ့သည်။
ရလဒ်အနေနှင့် ရွှီယန်ကို အလွန် ဒေါသထွက်သွားစေပြီး ဓားချက်က အလွန် ကြောက်စရာကောင်းလာခဲ့၏။
ဓားတစ်ချက်အောက်တွင် သူသေကိုယ်သေ တိုက်ခိုက်တော့မည့် သတ်ဖြတ်ခြင်းအရိုးသည် လျှို့ဝှက်အတတ်ကိုပင် ပြီးမြောက်အောင် အသုံးပြုနိုင်ခြင်း မရှိပဲ သေဆုံးခဲ့ရ၏။
သတ်ဖြတ်ခြင်းအရိုး သေဆုံးပြီးနောက် မုန့်ရှုရှူက စိတ်သက်သာရာ ရသွား၏။ သူတို့သည် စစ်ဘုရင်တစ်ယောက်၏ တိုက်ခိုက်မှုကို ကြုံခဲ့ရပေမယ့် ရွှီယန်က အမြဲတမ်း ပြိုင်ဖက်ကင်းစွာနှင့် ခက်ခဲမှုမရှိစွာ ရန်သူများကို သတ်ဖြတ်နိုင်ခဲ့သည်။
သူတို့ ရွှီယန်၏ အနားသို့ သွားခဲ့ပြီးသည့်တိုင် တစ်ဖက်လူ၏ ကျိန်ဆဲမူကို ကြားရဆဲ ရှိ၏။
"ဒေါသထွက်လွန်းလို့ သေတော့မယ်... ဒီတစ်ခါတော့ အရှုံးကြီးရှုံးတာပဲ။ ဒီတိုက်ပွဲကနေ ဘာမှရမလာဘူး.."
"ဒီကိစ္စကို နတ်ဆိုးအရှင်သခင် ဟော်ထူအပေါ်ကိုပဲ ပုံချရမယ်။ သူငါ့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ မီလီယံအနည်းငယ်လောက်သာ လျော်ကြေး မပေးဘူးဆိုရင်... မဟုတ်ဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ မီလီယံ ဆယ်နဲ့ချီပြီး ပြန်ဆပ်တာ သို့မဟုတ် ငါ့အတွက် ပိုက်ဆံရှာပေးတာ မလုပ်ပေးဘူးဆိုရင် အသက်ရှင်ဖို့တောင် စဉ်းစားမနေနဲ့.."
မုန့်ရှူရှူက နှဖူးရှိ ချွေးစေးများကို သုတ်သည်။ ဒီအဖြစ်အပျက်ကြောင့် နတ်ဆိုးအရှင်သခင် ဟော်ထူသည် ရွှီယန်အပေါ် ကြီးစွာထိပါးမိခဲ့ပြီး အဆုံးသတ်မှာ ကောင်းမွန်မည် မဟုတ်ဟု မကောင်းသည့် ခံစားချက်တစ်ခု ရနေ၏။
"စီနီယာအစ်ကိုရွှီ... ဒါက လုံးဝ အရှုံးပေါ်တာတော့ မဟုတ်ပါဘူး။ ကြည့်ပါလား ဒီအရိုးခေါင်းတုတ်တံက ရတနာတစ်ခုပဲ။ အရမ်းကို အဖိုးတန်တယ်.."
မုန့်ရှူရှူက မြေပြင်ပေါ်ရှိ အရိုးခေါင်းတုတ်တံကို ညွှန်ပြသည်။
ရွှီယန်က လက်ကိုဆန့်ကာ အရိုး ခေါင်းတုတ်တံကို ယူလိုက်၏။ သွေးနီရောင် အရိုးခေါင်းတုတ်တံမှာ အလွန် မကောင်းဆိုးဝါး ဆန်လှပါသည်။ မရေမတွက်နိုင်သည့် သွေးအဆီအနှစ်များကို ဝါးမြိုထားဟန် တူ၏။
သတ်ဖြတ်ခြင်းအရိုးက လျှို့ဝှက်အတတ်ကို အသုံးပြုချိန်၌ သူ၏ သွေးစွမ်းအင်တို့ တုတ်တံအတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။ တုတ်တံကို အသက်သွင်းခြင်း မပြုနိုင်ခင်တွင် အသတ်ခံခဲ့ရ၏။ ဤသည်က တုတ်တံအတွင်းတွင် လျှို့ဝှက်အတတ်၏ စွမ်းအားတို့ ပြည့်နက်နေစေသည်။
ထိုအကြောင်းကြောင့်ပင် အရိုးခေါင်းတုတ်တံ၏ တန်ဖိုးက ကြီးစွာ မြင့်တက်သွားခဲ့၏။
"ဒီတုတ်တံအကြောင်းကို ပြောနေတာလား... ဘယ်လောက်နဲ့ ရောင်းလို့ရမယ်လို့ မင်းထင်လဲ.."
ရွှီယန်က အနည်းငယ် ခါးသက်စွာ ခံစားနေရ၏။
"ကျွန်တော်လည်း မသေချာဘူး... ဒါပေမယ့် သေချာပေါက် နည်းမှာမဟုတ်ဘူး.."
မုန့်ရှူရှူက ခေါင်းကိုရမ်းသည်။
ရွှီယန်က အရိုးခေါင်းတုတ်တံကို စစ်ဆေးကြည့်ပြီးနောက် တွေးတောစွာ ပြော၏။
"ဒီအရိုးခေါင်း တုတ်တံထဲမှာ သတ်ဖြတ်ခြင်းအရိုးရဲ့ လျှို့ဝှက်အတတ် ပါဝင်နေတယ်။ ဒါကိုသာ အသက်သွင်းလိုက်ရင် စစ်ဘုရင်တစ်ယောက်ရဲ့ ခွန်အားအပြည့် တိုက်ခိုက်မှုနဲ့ တူညီမှာ.."
"ဒါက တကယ့်ကို အဖိုးတန်တယ်... စိတ်ဝိဉာဉ်ပုံဆောင်ခဲ မီလီယံဆယ်ချီပြီးတော့ တန်လောက်တယ် မလား.."
မုန့်ချုံက တစ်ခုခုကို တွေးမိပုံပေါ်ပြီး ပြော၏။
"စီနီယာအစ်ကို... ဒီအရိုးခေါင်းတုတ်တံကို ဂျူနီယာညီမလေးကို ပေးလိုက်ရင် မကောင်းဘူးလား။ သူမမှာ သုံးစရာရှိရင် ရှိမှာ.."