← Chapters

သတ်ဖြတ်ခြင်းအရိုးအား ဒေါသတကြီးသတ်ဖြတ်ခြင်း၊ တူညီသည့်စိတ်ကူး(၃)

Vol. 17 Ch. 245

သတ်ဖြတ်ခြင်းအရိုးအား ဒေါသတကြီးသတ်ဖြတ်ခြင်း၊ တူညီသည့်စိတ်ကူး(၃)

Vol. 17 Ch. 245

ကျင့်ကြံခြင်းအခန်းမှ ထွက်ခွာပြီးနောက် ချွေအာ အလျှင်အမြန် ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်နှာက နီရဲနေပြီး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်နေ၏။

"သခင်မလေး သခင်မလေး... သတ်ဖြတ်ခြင်းအရိုး သေပြီ။ သူ့ကို သခင်လေးရွှီက သတ်လိုက်တာ။ လူတိုင်းပြောကြတာက သတ်ဖြတ်ခြင်းအရိုးရဲ့ လူသတ်သွေးဆာမှုကို သခင်လေးရွှီက သည်းမခံနိုင်တော့ဘဲနဲ့ သတ်ပစ်လိုက်တာတဲ့.."

"ဒါပေမယ့် ကျွန်မအထင်တော့ သခင်လေးရွှီလုပ်ခဲ့တာ သခင်မလေးကြောင့် ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဘုရင်ခံစံအိမ် ကိစ္စကို သတ်ဖြတ်ခြင်းအရိုးက ဝင်ရှုပ်ခဲ့တာလေ.."

ထိုအချိန်၌ သုယွီယင်း၏ မျက်လုံးများက လင်းလက်လာခဲ့၏။ သို့ပေမယ့် လျှင်မြန်စွာ ပြန်လည် မှေးမှိန်သွားခဲ့သည်။ ဝမ်းနည်းစွာ ပြော၏။

"ချွေအာ... ဘယ်လိုလုပ်ပြီး ငါ့အတွက် ဖြစ်နိုင်မှာလဲ... အရင်တုန်းက သခင်လေးရွှီ ငါ့ကို လိုက်ပို့ခဲ့တာက စိတ်ဝိဉာဉ်ဆေးပင်တွေနဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေအတွက် သက်သက်ပဲလေ.."

"အဲ့ဒီ့တုန်းက သခင်လေးရွှီက အခုမှ စတင်ရောက်လာခဲ့ပြီး အရမ်းကို ဆင်းရဲနေလို့.."

"ဒါပေမယ့် ကျွန်မကတော့ သခင်လေးရွှီ သခင်မလေးအတွက် လုပ်ခဲ့တာလို့ ထင်နေဆဲပဲ။ အစက ရှဲ့လင်ဖုန်းရဲ့ နာမည်ကို အသုံးပြုပြီး လူတွေကို ခြိမ်းခြောက်ခဲ့တယ်။ အခု သူဘယ်သူလဲဆိုတာ ချပြလိုက်ပြီဆိုတော့ အဲ့ဒီ့လူဆိုးတွေ သခင်မလေးကို လာပြီး ပြဿနာ ပြန်ရှာမှာကို တွေးမိလို့ဖြစ်မယ်.."

"အဲ့ဒါကြောင့်မို့လို့ လူဆိုးတွေ အားလုံးကို ခြောက်လှန့်ဖို့အတွက် သတ်ဖြတ်ခြင်းအရိုးကို သွားရှာခဲ့တာ.."

"သခင်လေးရွှီက ကိစ္စတွေကို အဆုံးအထိ မြင်တတ်တဲ့လူပဲ။ သခင်မလေးကို လိုက်ပါစောင့်ရှောက်ခဲ့ကတည်းက သူဘယ်သူလဲဆိုတာကို ပေါ်သွားလို့ အန္တရာယ်ကျရောက်တာမျိုး မဖြစ်စေချင်ဘူး.."

ချွေအာက သူမ၏ အမြင်ကို ပြော၏။

သုယွီယင်း၏ မျက်လုံးများက လင်းလက်သွားသည်။ ချွေအာ၏ စကားလုံးများက ကျိုးကြောင်းဆီလျော်မှု မရှိတာ မဟုတ်ပေ။

ထိုကဲ့သို့ တွေးမိပြီးနောက် သူမ၏နှလုံးသားက အခုန်မြန်လာပြီး မျက်နှာက နီရဲလာခဲ့၏။

"ချွေအာ... ငါစိတ်ဝိဉာဉ်ပုံဆောင်ခဲနဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို ရှာဖွေဖို့အတွက် စီးပွားရေးလုပ်ငန်း တစ်ခုကို အမြန်ဆုံး စတင်ပြီး သခင်လေးရွှီကို အမြန်ဆုံးပေးချင်နေပြီ။ ငါသူ့အတွက် သိုလှောင်အိတ်တစ်ခု ဝယ်ပေးချင်တယ်.."

ရွှီယန်၏ သိုလှောင်အိတ်များကို အလွန်နှစ်သက်ကြောင်းအား သူမ မှတ်မိပါသည်။

"သခင်မလေး... နင်သေချာပေါက်လုပ်နိုင်မှာ.."

ချွေအာက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်သည်။

ထိုအချိန်၌ သုယွီယင်း၏ မျက်လုံးများ၌ ပြတ်သားမှုတို့ဖြင့် တောက်ပနေပြီး တိုက်ခိုက်လိုစိတ် အပြည့် ရှိနေ၏။

သူမ၏ နှလုံးသားထဲရှိ ပုံရိပ်အတွက် ချမ်းသာသောလူတစ်ယောက် ဖြစ်လာချင်လေသည်။

ဝူရွှမ်းစံအိမ်၏ အပေါ်ဆုံးအလွှာတွင် ဝတ်စုံပြောင်နှင့် မိန်းကလေးသည် ရေကန်တစ်ခု၏ ဘေးတွင် ထိုင်နေပါသည်။ သူမ၏ နူးညံ့ဖြူဖွေးသည့် ခြေထောက်များက ရေပြင်ကို ကန်နေပြီး ဆရာဖြစ်သူကို ခေါင်းလှည့်ကြည့်၏။

"ဆရာ... အဲ့ဒီတုန်းက ဆရာကို တားခဲ့တာ တပည့်ဘယ်လောက်အထိ ဉာဏ်ကောင်းလဲဆိုတာကို သိပြီလား.."

ဝူရွှမ်းစစ်ဘုရင်မှာ လုံးဝ ညှို့မှိုင်းနေပါသည်။ သတ်ဖြတ်ခြင်းအရိုးမှာ သူမလောက် စွမ်းအားကြီးခြင်း မရှိပေမယ့် သူမအနေနှင့် သတ်ဖြတ်ချင်ပါက လွယ်ကူမည် မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် သတ်ဖြတ်ခြင်းအရိုး၏ ခွန်အားနှင့် သူမကို ရှုံးနိမ့်ခဲ့လျှင်တောင် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းများစွာတို့ ရှိနေဦးမှာ ဖြစ်၏။

ပိုမိုအံ့ဩဖို့ကောင်းသည်မှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၌ စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူသည် စစ်ဘုရင်တစ်ယောက် ဖြစ်၏။ စတင်ခြင်းအဆင့်၌သာ ရှိသေးလျှင်တောင် အလွန် စွမ်းအားကြီးနေဆဲ ဖြစ်သည်။

ထိုလူကို လက်ဝါးတစ်ချက်ဖြင့် မည်ကဲ့သို့ ရိုက်သတ်နိုင်ခဲ့သနည်း။ သူပင်လျှင် ထိုကဲ့သို့သော စွမ်းဆောင်မှုကို ပြုလုပ်နိုင်ခြင်း မရှိပါ။

"တပည့်လေး... နင့်ဆရာ ရွှီယန်အပေါ်မှာ ရုတ်တရက် ခံစားချက်တစ်ခု ရှိလာတယ်။ ငါဘာလုပ်သင့်လဲ.."

ဝူရွှမ်းစစ်ဘုရင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ပြောသည်။

ဝတ်စုံပြောင်နှင့် မိန်းကလေးက အမြှီးနင်းခံရသည့် ကြောင်တစ်ကောင်ကဲ့သို့ ထခုန်၏။

"ဆရာ... ရှင်က ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ။ အဲ့လောက်ထိ အရည်ထူတာ ရှက်တယ်လို့ မခံစားရဘူးလား.."

ဝူရွှမ်းစစ်ဘုရင်က ကျီစယ်၏။

"အိုး... ကောင်မလေး... နင်က နင့်ဆရာကိုတောင် မနာလိုဖြစ်နေတာလား။ နင်ပြောတော့ ဘာစိတ်ညာစိတ်တွေ မရှိဘူးဆို။ ဒါနဲ့များ ကျောက်စိမ်းတံဆိပ်ပြားကိုတောင် ငှားခဲ့သေးတယ်။ ပြန်ပေးတဲ့အခါကျရင် နောက်တစ်ကြိမ် တွေ့ချင်လို့မလား.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက နှာခေါင်းရှုံ့ကာ ခေါင်းလှည့်သွားသည်။ စိတ်ဆိုးသွားသည့်ပုံ ရှိ၏။

ဝူရွှမ်းစစ်ဘုရင်က သက်ပြင်းချ၏။

"ကောင်မလေး... အဲ့ဒီ့လူငယ်ကို နင်မရနိုင်ဘူး။ သူဝူရွှမ်းစံအိမ်ကို လာခဲ့တာက စိတ်အခြေအနေကို မြှင့်တင်ဖို့ပဲ။ ငါ့အထင်တော့ သူ့ရဲ့သိုင်းပညာက အရမ်းကို သန့်စင်တယ်။ ချစ်ရေးချစ်ရာ ကိစ္စတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက ပြုံးသည်။

"ဆရာ... ရှင်နားမလည်ပါဘူး... သူက စိတ်ဝိဉာဉ်ဆေးပင်တွေကို ကြိုက်တယ်။ စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေကို ကြိုက်တယ်။ ပြီးတော့ ကျွန်မမှာလည်း အဲ့ဒါတွေ အားလုံးရှိတယ်။ သူကျွန်မရဲ့ အလှမှာ နစ်မျောစရာ မလိုဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲနဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေနဲ့ဆို လုံလောက်တယ်.."

"ပြီးတော့ သူက သိုလှောင်အိတ်တွေကိုလည်း ကြိုက်တယ်။ ကျွန်မ သိုလှောင်အိတ်တစ်ခုကို ဘယ်လိုရနိုင်မလဲ ဆိုတာ နည်းလမ်းရှာရမယ်.."

ဝူရွှမ်းစစ်ဘုရင်က မှင်သက်သွား၏။ သူမသည် တပည့်ဖြစ်သူကို အချစ်ရူးတစ်မျိုးကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ၎င်းကို ပုံမှန်အားဖြင့် အချစ်နွားမကြီးဟု ခေါ်ကြ၏။

All Chapters