သုတ်သင်ခြင်း ဓားဆန္ဒ၊ ဒန်ဆေးသိုင်းပညာကျမ်း
Vol. 17 Ch. 246
ယွင်ရှန်းမြို့၏ စံအိမ်၌ လီရွှမ်က သက်ပြင်းချသည်။ ရွှီယန်သည် စစ်ဘုရင်များကို စတင် သတ်ဖြတ်နေပြီဖြစ်၏။ မည်သည်တို့ ဖြစ်ပျက်နေသည်အား သူ့အနေနှင့် စဉ်းစားနိုင်ခြင်း မရှိပေ။
ဒီအချိန်တိုအတွင်း တပည့်နှစ်ယောက်၏ အတွင်းဘက်နယ်မြေသို့ လှည့်လည်သည့်ခရီးမှာ သိုင်းသခင်များကို သတ်ဖြတ်ခြင်း မဟုတ်ပါက စစ်ဘုရင်များကို သတ်ဖြတ်ခြင်းကိုသာ ဆက်တိုက် ပြုလုပ်နေ၏။
တစ်ဖက်ရှိ မုန့်ချုံမှာ စစ်ဘုရင်များ၏ လိုက်လံခြင်းကို ခံနေရလေသည်။ လီရွှမ်တစ်ယောက် အနည်းငယ် စိုးရိမ်စွာ ခံစားလာရ၏။
သို့ပေမယ့် ဒီလောက် အချိန်အတော်ကြာသည့်တိုင်အောင် မုန့်ချုံကို ရန်သူများက ဖမ်းမိနိုင်ခြင်း မရှိသေးရာ အန္တရာယ်မှာ အရမ်းကြီး ကြီးမားမှာ မဟုတ်ဟု စဉ်းစားမိသည်။
'ရွှီယန် မူလအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုကို ရောက်ရှိနေပြီးပြီ။ အစစ်အမှန်ချီရဲ့ ဆန်းကြယ်မှုတွေကိုလည်း နားလည်သဘောပေါက်ခဲ့ပြီးပြီ။ မကြာခင် ထုံးရွှမ်အဆင့်ရဲ့ ကျင့်စဉ်ကို နားလည်သဘောပေါက်လာလောက်မှာ..'
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။ သူဖန်တီးနေသည့် ထုံးရွှမ်အဆင့်၏ အထက်ရှိ အဆင့်အတွက် ကျင့်စဉ်မှာ ပြည့်စုံလုနီးပါး ရှိနေပါပြီ။
သီအိုရီဆိုင်ရာ အကြမ်းဖျင်း တည်ဆောက်ပုံအား ပြုလုပ်ပြီး ဖြစ်၏။ အသေးစား မွမ်းမံမှုအချို့သာ လိုအပ်ပါတော့သည်။
'ရွှီယန်သာ ထုံးရွှမ်အဆင့်ရဲ့ ကျင့်စဉ်ကို နားလည်သဘောပေါက်ပြီးရင် နောက်တစ်ဆင့်ရဲ့ ကျင့်စဉ်ကို ငါသူ့ကို ပေးလို့ရပြီ။ ကြိုတင်ပြီး ရင်းနှီးအောင် လုပ်ထားတာက ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးရင် သို့မဟုတ် မချိုးဖျက်ခင်မှာတင် နားလည်သဘောပေါက်မှုတွေ ရလာမှာလည်း ဖြစ်နိုင်တယ်..'
လီရွှမ်တွင် ရွှီယန်နှင့် ပတ်သက်ပြီး ကြီးမားသည့် မျှော်လင့်မှုတို့ ရှိနေ၏။
စုလင်းရှုံမှာ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး ဖြစ်သည်။ သူမသည် ဒန်ဆေးသန့်စင်ခြင်း အတတ်ကို ပြည့်စုံအောင် လုပ်နေပြီး ဆေးလုံးများကို ပြုလုပ်ခြင်းအား စတင်နားလည်မှု ရလာပြီး ဖြစ်၏။
ကြောင်နီ၏ အရွယ်အစားက ဆက်တိုက် ကြီးထွားလာနေ၏။ ယခုအချိန်၌ သူ့အတွက် ပိုမိုထူထဲကာ ပိုမိုရှည်လျားသည့် ရွှေကြိုးကြီး တစ်ချောင်းကို ပြောင်းလဲပြီး ဖြစ်သည်။
အချိန်အများစုတို့တွင် ထိုကျားသည် စံအိမ်၏ တံခါးဝ၌ လဲလျောင်းနေခြင်း သို့မဟုတ် စုလင်းရှုံဆီမှ ဒန်ဆေးလုံးများကို ရရှိရန်အတွက် မျက်နှာချို သွေးခြင်းတို့အား ပြုလုပ်လေ့ ရှိသည်။ ကြီးမားသည့် အရွယ်အစားက ကြည့်ရတာ အရင်ကထက် ပိုမို ထည်ဝါလာခဲ့၏။
ရှီအာမှာ ချီနှင့်သွေး၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်ပြီး ဖြစ်သည်။ ခွန်အားအရာတွင် သူသည် ကြောင်နီကို ဖိနှိပ့်နိုင်ခြင်း သို့မဟုတ် အရင်ကကဲ့သို့ ကြာပွတ်ဖြင့် ရိုက်နိုင်ခြင်း မရှိတော့ပေ။
ကံကောင်းစွာပင် ဒီအတောအတွင်း ဦးနှောက်ဆေးထားခြင်းတို့ကြောင့် ကြောင်နီက ကြာပွတ်ဖြင့် အရိုက်ခံရခြင်းကို မိမိကောင်းကျိုး အတွက်ဟု အမှန်တကယ် ယုံကြည်နေပုံ ပေါ်သည်။
လီရွှမ်က ရှေးဟောင်း သားရေစာအုပ်ကို ဆက်လက် ဖတ်နေ၏။ အကြိမ်ပေါင်းများစွာ ဖတ်ရှု့ပြီးနောက် သူ့တွင် စိတ်ကူးအချို့ ရရှိလာပြီး ဖြစ်သည်။ စိတ်ကူးထားသည့်အတိုင်း အမှန်တကယ် ဟုတ်မည်လား ဟူသည်ကိုတော့ သေချာခြင်း မရှိပေ။
သူ၏ စွမ်းအားတို့ ကြီးထွားနိုင်သည်အထိ စောင့်စားပြီးမှသာ ထိုအရာများကို အတည်ပြုနိုင် ပေလိမ့်မည်။ တစ်နေ့တွင် လီရွှမ်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ သက်တောင့်သက်သာ လျှောက်လှမ်းနေ၏။ စွန့်ပစ်ဒေသတွင် လှည့်လည်ကာ နောက်ထပ် သင့်တော်သည့် တပည့်တစ်ယောက်ကို ရှာတွေ့မည်လားဟု ရှာဖွေလိုလေသည်။
စတုတ္ထမြောက် သိုင်းပညာစနစ်မှာ ပြည့်စုံခြင်း မရှိသေးပေမယ့် အောင်မြင်နိုင်ခြေရှိကာ ကောင်းမွန်သည့် ခွန်အားကို ပိုင်ဆိုင်နိုင်မည့် လမ်းကြောင်းတစ်ခုအား စိတ်ကူးပြီး ဖြစ်သည်။
ထို့ကြောင့် သင့်တော်မည့် တပည့်တစ်ယောက်အား ရှာဖွေရန် ကိစ္စမရှိပါ။ သို့ပေမယ့် တရားဝင် တပည့်အဖြစ် လက်ခံရန်တော့ လေးခုမြောက် သိုင်းပညာစနစ်ကို ဖန်တီးပြီးချိန်အထိ စောင့်ရပေလိမ့်မည်။ ပြီးနောက်မှ သိုင်းပညာကို လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်၏။
ထိုစိတ်နှင့်အတူ လီရွှမ် စတင် ခရီးထွက်ခဲ့သည်။
သူသည် စံအိမ်အတွင်းမှ အေးဆေးသော ခြေလှမ်းများဖြင့် ထွက်ခွာသွား၏။ ခြေတစ်လှမ်းချင်းစီတိုင်းမှာ ခြေဆယ်လှမ်းကျော်လောက်နှင့် ညီမျှပါသည်။
ပထမဆုံး သွားရောက်သည့် နေရာမှာ သုံဟယ်မြို့ဖြစ်ပြီး ရွှီယန်၏ မိဘများဆီသို့ သွားရောက် လည်ပတ်သည်။ သူသည် ရွှီယန်၏ ဆရာဖြစ်ရာ ဒီအချိန်၌ မိဘများကို တွေ့ဆုံရန် အချိန်ကြပါပြီ။
ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့က အလွန်စိတ်လှုပ်ရှားနေကြပြီး နက်ရှိုင်းစွာ ဦးညွှတ်ကြသည်။ ဒီသိုင်းသူတော်စင်သည် စွန့်ပစ်ဒေသ၏ သိုင်းပညာဘိုးဘေးဖြစ်ပြီး စွန့်ပစ်ဒေသမှ သိုင်းသမားများ အားလုံး၏ ယုံကြည်ရာလည်း ဖြစ်သည်။
ရွှီမိသားစုမှာတော့ စွန့်ပစ်ဒေသ၏ သိုင်းပညာမြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာပြီး မြင့်မားစွာ လေးစားခံရ၏။
နေ့စဉ်နေ့တိုင်း သိုင်းပညာ ကျင့်ကြံသည့် သိုင်းသမားများ ရွှီမိသားစုဆီသို့ လာရောက်ပြီး ညွှန်ကြားချက်အချို့အား ရရှိရန် မျှော်လင့်ကြသည်။
ခဏတာ စကားပြောမှု အပြီးတွင် ရွှီကျွင်းဟယ်မှာ အမှန်တကယ်ကို ထူးကဲသည့် လူတစ်ယောက် ဖြစ်ကြောင်းအား လီရွှမ် နားလည်လိုက်သည်။ သုံဟယ် မူလအုပ်ချုပ်သူဟောင်း၏ သမီးကို လက်ထပ်ကာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်မှာ အံ့သြစရာ မရှိပေ။
ထို့အပြင် ရွှီကျွင်းဟယ်၏ သိုင်းပညာ ပါရမီမှာလည်း မဆိုးလှပေ။ ရှီအာထက် အနည်းငယ် ပိုမို ကောင်းမွန်၏။
ယခုအချိန်၌ ချီနှင့်သွေးအဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနေပြီးပါပြီ။
သခင်မရွှီ၏ သိုင်းပညာအဆင့်မှာတော့ အနည်းငယ် ပိုမိုနိမ့်ပါး၏။ သို့ပေမယ့် မဆိုးလှသေးပေ။ သို့ရာတွင် သူမတွင် စွမ်းအားကြီးမားသည့် သိုင်းသမားတစ်ယောက် ဖြစ်လာလိုသည့် စိတ်ဆန္ဒ မရှိပါ။ ရှင်းလင်းစွာပင် သူမ၏ နှလုံးသားကို ချစ်ရသည့်သားဖြစ်သူ ရွှီယန်သာလျှင် သိမ်းပိုက်ထား၏။
ရွှီယန်အနေနှင့် သိုင်းပညာကို ကျင့်ကြံရန်အတွက် ဆရာပေါင်းများစွာတို့ကို လွတ်လွတ်လပ်လပ် ရှာဖွေကာ ပိုက်ဆံကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ခဲ့တာ အံ့သြစရာ မရှိပေ။ ထိုအရာအားလုံးတို့မှာ သခင်မရွှီ၏ အလိုလိုက်ခြင်းကြောင့် ဖြစ်၏။
ရွှီကျွင်းဟယ်တို့ကို သိုင်းပညာ၌ ညွှန်ကြားချက်အချို့ ပေးပြီးနောက် လီရွှမ်သည် နှုတ်ဆက်ထွက်ခွာခဲ့သည်။
လှည့်လည်မှုအချို့ ပြုပြီးနောက် ချီနိုင်ငံ၏ မြို့တော်ဆီသို့ ရောက်ရှိလာခဲ့၏။ သို့ရာတွင် သူ၏ စစ်မှန်သည့် စွမ်းအားကို ထုတ်ဖော်ပြသခြင်း မရှိပါ။ သာမန်လူတစ်ယောက်အဖြစ်ဖြင့်သာ မြို့တော်အတွင်းတွင် လှည့်လည်သွားလာ၏။
တစ်ရက်နီးပါး ရောက်ရှိပြီးနောက် ချီနိုင်ငံ၏ မြို့တော်ဆီမှ ထွက်ခွာခဲ့သည်။
ထို့နောက် ဝူနိုင်ငံဆီသို့ သွားရောက်၏။ ထိုနေရာတွင် လှည့်လည်ပြီးနောက် စွန့်ပစ်ဒေသ၏ မြေရိုင်းဒေသတစ်ခု ဖြစ်သည့် မြောက်ဘက်လူကြမ်းများ၏ နေရာဆီသို့ သွားသည်။
ဤသည်မှာ စွန့်ပစ်ဒေသ၏ နိုင်ငံ၃ခုမှ တစ်ခုဖြစ်၏။ မြောက်ဘက် မြေရိုင်းဒေသမှာ ချီနှင့် ဝူနိုင်ငံတို့နှင့် ခြားနားသည်။ သူတို့တွင် မျိုးနွယ်စုများစွာတို့ ရှိနေ၏။
အုပ်စိုးသူကိုတော့ သိုင်းပညာစွမ်းအားကို အခြေခံပြီး ရွေးချယ်လေ့ရှိသည်။ အုပ်ချုပ်သူဟောင်း သေဆုံးပြီးတိုင်းတွင် မျိုးနွယ်စုများ ပုလ္လင်အတွက် တိုက်ခိုက်ကြ၏။ အသန်မာဆုံး သိုင်းပညာခွန်အားရှိသည့် မျိုးနွယ်စုက အုပ်စိုးသူ ဖြစ်လာလေသည်။
ဒီနေရာတွင် စစ်အင်အားကို အရာအားလုံးထက် ပိုပြီး တန်ဖိုးထား၏။ သူတို့သည် ကြမ်းတမ်းကြပြီး တိုက်ခိုက်ခြင်းကို နှစ်သက်ကြသည်။
ယခုအချိန်၌ အုပ်ချုပ်သူဟောင်း၏ အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေပြီး အဓိက မျိုးနွယ်စု အားလုံးတို့သည် ပုလ္လင်အတွက် ရုန်းကန်မှုများ၌ ပါဝင်လာကြသည်။ မျိုးနွယ်စုကို ကိုယ်စားပြုသည့် အစွမ်းထက်ဆုံး သိုင်းသမားက အုပ်စိုးသူနေရာအတွက် တိုက်ခိုက်မည် ဖြစ်၏။
မြေရိုင်းဒေသမှာ ချီနိုင်ငံနှင့် ဝူနိုင်ငံတို့နှင့် များစွာဝေးကွာသဖြင့် အုပ်ချုပ်သူအဟောင်းနှင့် အသစ်တို့အကြား ပြောင်းလဲသည့် အချိန်အခါ အကြားတွင် ထိုလူများသည် ချီနိုင်ငံနှင့် ဝူနိုင်ငံအတွင်းရှိ ပြောင်းလဲမှုများကို သိရှိခြင်း မရှိကြပေ။ စစ်မှန်သည့် သိုင်းပညာကျင့်ကြံသူ တစ်ယောက်မှပင် မရှိပါ။
မြောက်ပိုင်း မြေရိုင်းဒေသ၏ အလေ့အထအရ အုပ်ချုပ်သူအသစ် ပုလ္လင်တွင် ထိုင်ပြီးပါက သူတို့သည် တောင်ပိုင်းရှိ ဝူနိုင်ငံနှင့် ချီနိုင်ငံတို့ကို အစဥ်အလာအတိုင်း သွားရောက်တိုက်ခိုက်ပြီး အရင်းအမြစ်များကို လုယူကာ သူတို့၏ စွမ်းအားကို ပြသကြမည် ဖြစ်သည်။
လီရွှမ်သည် မြောက်ပိုင်း မြေရိုင်းဒေသ၌ ၂ရက်ကြာလှည့်လည်ခဲ့၏။ မြောက်ပိုင်း မြေရိုင်းဒေသမှ အုပ်စိုးသူအသစ်သာ ဝူနိုင်ငံနှင့် ချီနိုင်ငံတို့ကို သွားရောက် တိုက်ခိုက်ပါက သိုင်းပညာကျင့်စဉ်ကို ကျင့်ကြံသည့် သိုင်းသမားအုပ်စု၏ အနိုင်ယူခြင်းကို ခံရတော့မည်ဟု သူ့အနေနှင့် ကြိုတင် မြင်နေရပါသည်။
စွန့်ပစ်ဒေသတွင် သင့်တော်သည့် တပည့်တစ်ယောက်ကို ရှာဖွေနိုင်ခြင်း မရှိသည့်အတွက် နောင်တရစွာဖြင့် ခေါင်းကိုရမ်း၏။ ယွင်ရှန်းမြို့ဆီသို့ အပြန်လမ်းကိုသာ စတင်ခဲ့သည်။
'စွန့်ပစ်ဒေသမှာ ရွှီယန်နဲ့ မုန့်ချုံတို့ကို ရှာတွေ့ခဲ့တာပဲ တော်တော်လေး ကောင်းနေပါပြီ။ စုလင်းရှုံတောင်မှ အတွင်းဘက်နယ်မြေကနေ လာတာ... ဒါကြောင့်မို့လို့ ဒီနေရာမှာ သင့်တော်တဲ့ တပည့်တစ်ယောက်ကို ထပ်ရှာဖို့က မဖြစ်နိုင်ဘူး ထင်တယ်..'
'ဘယ်လိုလုပ်ပြီး ဒီလောက်သေးငယ်တဲ့ နေရာမှာ ပါရမီရှင် အများကြီး ထွက်ပေါ်လာနိုင်မှာလဲ..'
လီရွှမ်က ခါးသက်စွာ ပြုံးရင်းက စွန့်ပစ်ဒေသတွင် နောက်ထပ် တပည့်အား ရှာဖွေရန် စိတ်ကူးကို လက်လျှော့လိုက်သည်။
'တပည့်အသစ်အတွက်က လောစရာမလိုပါဘူး။ နောက်ပြီးတော့ သိုင်းပညာစနစ် အသစ်ကိုလည်း မဖန်တီးရသေးဘဲ..'
လီရွှမ်က ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်လာပြီးနောက် ထိုင်ရုံသာ ရှိပါသေးသည်။ ရွှေရောင် အလင်းတစ်ခု ပေါ်လာခဲ့၏။