← Chapters

မုန့်ချုံ၏ပြန်လာမှု၊ စိတ်လှုပ်ရှားနေသည့် စုလင်းရှုံ

Vol. 17 Ch. 248

မုန့်ချုံ၏ပြန်လာမှု၊ စိတ်လှုပ်ရှားနေသည့် စုလင်းရှုံ

Vol. 17 Ch. 248

စုလင်းရှုံသည် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့တာ အချိန်ခဏသာ ရှိပါသေးသည်။ သို့ပေမယ့် ချီနှင့်သွေးအဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်ပြီး ဖြစ်၏။

ထိုကဲ့သို့သော ကျင့်ကြံမှု အမြန်နှုန်းမှာ ရွှီယန်ထက် အများကြီး နိမ့်ကျခြင်း မရှိပါ။ လီရွှမ်၏ သံသယက ပိုမိုတိုးမြင့်လာခဲ့၏။ စုလင်းရှုံတွင် ဒန်ဆေးသိုင်းပညာအား ကျင့်ကြံရန် အထူးသင့်တော်သည့် ခန္ဓာကိုယ် တည်ဆောက်မှုတစ်ခု ရှိနေမည်ဟု ဖြစ်၏။

စုလင်းရှုံ အဆင့်ချိုးဖျက်ပြီးနောက် ရွှေလက်ချောင်းက သူ့ကို ဒန်ဆေးသိုင်းပညာစနစ်၏ မူလအဆင့် အကြီးစားကျွမ်းကျင်မှု အဆင့်အထိ တန်ပြန်အကျိုးပြုမှုအား ပေးခဲ့သည်။

ဤသည်ကား သိုင်းစနစ်၃ခုတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားစေပြီး သူ၏ ခွန်အားကို ထပ်မံမြင့်တက်လာစေ၏။

လီရွှမ်က လက်ဝါးကို မြှောက်လိုက်သည်။ အစစ်အမှန်ချီ အမျှင်တစ်ခု ပေါ်လာခဲ့၏။ အဆုံးမသတ်နိုင်သည့် အသက်ဓာတ်များ ပြည့်ဝနေသည့် အစိမ်းနုရောင် အစစ်အမှန်ချီက ချက်ချင်းပင် ဒန်ဆေးမီးတောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ ဒန်ဆေးသိုင်းပညာစနစ်၏ မူလ အစစ်အမှန်ချီ ဖြစ်၏။

'လူတွေကို ကယ်တင်ဖို့အတွက် အစစ်အမှန်ချီ တစ်မျှင်ကတောင် လုံလောက်တယ်..'

လီရွှမ်က အသံပြုမိသည်။

ကျိုးယင်က စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် ရှီအာနှင့် သိုင်းပြိုင်၏။ သူမတို့ နှစ်ဦး၏ တိုက်ခိုက်မှုက ပြင်းထန်လှသည်။

ရှီအာမှာ ချီနှင့်သွေးအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ကျိုးယင်ထက် အဆင့်သေးတစ်ခု ပိုမိုမြင့်မားပေမယ့် တိုက်ပွဲအတွင်းတွင် အသာစီးရရှိခြင်း မရှိသည့်ပုံ ရှိသည်။ ဤသည်က ရှီအာကို ပိုမိုမကျေမနပ် ဖြစ်စေ၏။

"နင်ကဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ.." ကျိုးယင်က အလိုမကျစွာ ပြောသည်။

"ငါက အားမနည်းဘူး။ မုန့်ချုံရဲ့ ဓားသိုင်းကိုတောင် ကျင့်ကြံထားတယ်။ အဲ့ဒါကို အသုံးပြုလိုက်ရင် နင့်ကိုထိခိုက်မှာ စိုးလို့သာ ထိန်းချုပ်ထားတာ.."

ရှီအာက အကူအညီမဲ့စွာ ပြောသည်။ သူသာ ကျိုးယင်ကို မတော်တဆ ထိခိုက်စေမိပါက စုလင်းရှုံ၏ မကျေနပ်မှုကို ခံရမှာ စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုသို့သာဆိုပါက ကျင့်ကြံမှုအတွက် ဆေးလုံးများကို မည်ကဲ့သို့ ရနိုင်တော့မည်နည်း။

"နင်ငါ့ကို အဲ့ဒီ့ဓားသိုင်း သင်ပေး.."

ကျိုးယင်က မျက်မှောင်ကျုံ့သွားပြီး ပြောသည်။ သူမလည်းပဲ ရှီအာ၏ စိုးရိမ်မှုကို နားလည်ပါသည်။ ခွန်အားအပြည့်အား အသုံးပြုခိုင်းရန် စိတ်ကူးမရှိပါ။

"ကောင်းပြီ.."

ရှီအာက ခေါင်းငြိမ့်သည်။

ကျိုးယင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် စုလင်းရှုံက ဆေးလုံးများကို ထပ်မံသန့်စင်ပေး၏။ သူမသည် ဆေးပင်အားလုံးတို့ကို ဆေးလုံးများအဖြစ် တစ်ဆက်ထဲ သန့်စင်ပစ်လိုက်သည်။ အချို့ကို ခုံရော့ကျစ်အား ပေးကာ ချန်ချင်းစံအိမ်ရှိ အဖွဲ့ဝင်များအတွက် ဆုကြေးအဖြစ် ပေးစေ၏။

ခုံရော့ကျစ်နှင့် ရွှီကျွင်းဟယ်တို့၏ ကူညီမှုဖြင့် ချန်ချင်းစံအိမ်ကို စတင်တည်ထောင်ပြီး ဖြစ်သည်။ ကောင်းမွန်သည့် ကျင့်ကြံခြင်းပါရမီနှင့် လူအချို့လည်း ရှိ၏။ သို့ပေမယ့် မည်သူမှ စတင်ခြင်းအဆင့်သို့ မရောက်သေးပါ။

ကျန်ရှိသည့် ဒန်ဆေးလုံးများကိုတော့ တစ်ပုံကို ရွှီကျွင်းဟယ်အား ပေးကာ ကျန်သည်များကို ကျိုးယင်နှင့် ရှီအာတို့၏ ကျင့်ကြံမှုအတွက် ချန်ထား၏။ ပြီးနောက် ကြောင်နီအတွက်လည်း ဝေစုတစ်ခု ရှိပါသည်။

စုလင်းရှုံလည်း ကြောင်နီကို စွမ်းအားကြီးမားသည့် မဟာနတ်ဆိုးသားရဲ ကျင့်စဉ်အား ကျင့်ကြံနိုင်မည်လားဟု မျှော်လင့်နေမိ၏။

'ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှုတွေ မပေးတာ ရက်တွေ တော်တော်တောင် ကြာပြီ။ ဖြစ်နိုင်တာက သိုင်းသခင်တွေအားလုံး သေကုန်ကြပြီလား..'

လီရွှမ်က အံ့သြသွားသည်။ ရွှီယန်၏ သိုင်းသခင်များအား သတ်ဖြတ်မှု မရှိခြင်းက လီရွှမ်ကို ရုတ်တရက် နေသားမကျစွာ ခံစားရစေ၏။

'အတွင်းဘက်နယ်မြေမှာ သိုင်းသခင်တွေ အများကြီးရှိရင်တောင် ရွှီယန်က နေ့စဉ်နေ့တိုင်း သူတို့နဲ့ ပြဿနာတက်နေမှာ မဟုတ်ဘူး။ ပြီးတော့ ရွှီယန်က သူများကို ရန်စတတ်တဲ့လူလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီလောက် ရက်တွေကြာတာတောင် တန်ပြန်အကျိုးပြုမှု ရမလာတာလဲ ပုံမှန်ပါပဲ..'

လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် စိတ်သက်သာရာ ရသွား၏။

လည်ပင်းတွင် ထူထဲသည့် ရွှေကြိုးကြီးကို ဆွဲထားသည့် ကြောင်နီက လျှောက်လာကာ မြေပြင်ပေါ်တွင်လှဲသည်။

မျက်လုံးအစုံက လီရွှမ်ကို ကြည့်နေပြီး ညွှန်ကြားချက်အား ရရှိလိုပုံ ပေါ်၏။

"ကြောင်ကြီး... မင်းက ပိုပြီးတော့ ကြီးမားလာနေပြီ။ ဒီနှုန်းအတိုင်းဆိုရင် တဖြည်းဖြည်းနဲ့ ဝက်ကျားတစ်ကောင် ဖြစ်လာလိမ့်မယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ကျုံ့ဖို့လိုအပ်နေပြီ။ စွမ်းအားအားလုံးကို အသုံးပြုပြီး သွေးကြောမှတ်တွေမှာ စုစည်းလိုက်။ ကိုယ့်ကိုယ်ကို သေးလာအောင်လုပ်.."

"သွေးကြောမှတ်တွေထဲက စွမ်းအားကို ပြန်ထုတ်ပြီး ခန္ဓာကိုယ်ကို ကြီးအောင်ပြန်လုပ်... ဒါက နတ်ဆိုးသားရဲတွေရဲ့ စွမ်းအားပဲ..."

လီရွှမ်က ဝါးတုတ်တစ်ချောင်းကို ကိုင်ကာ ကြောင်နီကို ထောက်ပြခြင်းဖြင့် ညွှန်ကြား၏။

ပိုမိုပိုမိုကာ ကြီးထွားလာနေသည့် ကြောင်နီ၏ ခန္ဓာကိုယ်နှင့် ပိုမိုသန်မာ ကြမ်းကြုတ်လာသည့် ခွန်အားတို့ကို ကြည့်ကာ အသိဉာဏ်လည်း တိုးပွားလာသည့်ပုံ ရှိသည်။

ထိုလက္ခဏာရပ် အားလုံးတို့က ဉာဏ်အလင်းပွင့်မှုအချို့ ရလာသည်ဟု ညွှန်ပြနေ၏။ သို့ပေမယ့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာနိုင်မည်လား ဟူသည်မှာတော့ မသိနိုင်သေးပေ။

လီရွှမ်တွင် မည်သည်မှလည်း လုပ်စရာမရှိပါ။ ကြောင်နီကိုသာ ဆက်လက် ညွှန်ကြားပေး၏။ အနှိုင်းမဲ့သည့် စွမ်းအားကြီးမားသူတစ်ယောက် အနေနှင့် သူ၏ သားရဲမှာလည်း သာမန်ဖြစ်လို့ မရပေ။

ကြောင်နီ၏ပုံက အတွေးနက်သွားပုံ ပေါ်၏။ အချို့ကို နားလည်သဘောပေါက်ဟန် ရှိသည်။

မကြာခင် ကြောင်နီက မတ်တပ်ရပ်ကာ ထွက်ခွာသွား၏။

စံအိမ်၏ အပြင်ဘက်၌ လဲလျောင်းကာ အနားယူဟန်တူသည်။

လီရွှမ်က ရှေးဟောင်းသားရေစာအုပ်ကို ထုတ်ကာ ပထမဆုံးစာမျက်နှာကို ဆက်လက်လေ့လာ၏။ ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ သုတ်သင်ခြင်း ဓားဆန္ဒမှာ အဆင့်မြင့်တက်လာခဲ့သည်.."

ရွှီယန်ဟာ နောက်ထပ် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်ပြန်လေ၏။

'ဖြစ်နိုင်တာက ရွှီယန်နဲ့ မုန့်ချုံတို့ စွမ်းအားကြီးမားတဲ့ အင်အားစု အချို့ကိုများ ထိပါးမိပြန်ပြီလား..'

လီရွှမ်က နှလုံးသားထဲတွင် ခန့်မှန်းချက်ပြု၏။

မုန့်ချုံက ပြန်လာခဲ့သည်။ သူသည် ထင်ထားသည်ထက် ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့၏။ ရင်ဘတ်တွင် အထုပ်ငယ်များ တွဲလောင်းကျနေပြီး ကြံ့ခိုင်ထွားကြိုင်းသည့် သူသည် အိတ်ထဲရှိ ပစ္စည်းများကို ထိခိုက်မည်အား အလွန်သတိကြီးနေသည့်ပုံ ရှိသည်။ နောက်ကျောတွင်လည်း ကြီးမားသည့် အိတ်ကြီးတစ်ခုကို လွယ်ထား၏။

လီရွှမ်က အံ့ဩသွားသည်။ ဖြစ်နိုင်သည်မှာ စိတ်ဝိဉာဉ်ဆေးပင်များဖြင့် ပြည့်နက်နေသည်လား။ ယခုမျှ များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။

ရွှီယန်နှင့် မုန့်ချုံတို့၏ စစ်ဘုရင်များနှင့် သိုင်းသခင်များကို သတ်ဖြတ်ခဲ့ပုံအား တွေးတောပြီးနောက် စိတ်ဝိဉာဉ်ဆေးပင်များကို လိုက်လံ လုယက်ခဲ့ခြင်း ဖြစ်သည်လားဟု တွေးမိလိုက်သည်။ ရွှီယန်ကတော့ ပြန်မလာသေးပေ။

"ဆရာ ကျွန်တော်ပြန်လာပြီ.."

မုန့်ချုံက အထုပ်အပိုးများကိုချကာ ဦးညွှတ်သည်။

လီရွှမ်က ခေါင်းငြိမ့်ပြီး ပြော၏။

"ပြန်လာတာကောင်းတယ်.."

အပြင်ဘက်တွင် သဘာဝတရားရှစ်ပါး ပုံကြမ်းကို လေ့လာနေသည့် စုလင်းရှုံလည်း အမြန် ပြန်လာခဲ့၏။

"ဒုတိယစီနီယာအကို... ပြန်လာပြီလား... စီနီယာအစ်ကိုကြီးရော.."

"ဂျူနီယာညီမလေး... စီနီယာအစ်ကိုကြီးမှာ လုပ်စရာတွေရှိသေးလို့.. နင်ပေးလိုက်တဲ့ စိတ်ဝိဉာဉ်ဆေးပင် စာရင်းလည်း မပြည့်စုံသေးဘူးလေ.. အဲ့ဒါလည်း ဝယ်ရဦးမှာ။ သူတစ်လအတွင်းမှာ ပြန်လာလိမ့်မယ်.."

မုန့်ချုံက တုံးအသည့် အပြုံးတစ်ခုဖြင့် ပြောသည်။

"ဂျူနီယာညီမလေး ကြည့်လိုက်ဦး... ဒါတွေအားလုံးက စိတ်ဝိဉာဉ်ဆေးပင်တွေချည်းပဲ.."

မုန့်ချုံက အိတ်ကြီးကို ဖွင့်ကာ အတွင်းထဲ၌ ပြည့်နက်နေသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ပြသ၏။

စုလင်းရှုံမှာ အလွန် စိတ်လှုပ်ရှားလာပြီး သူမ၏ မျက်လုံးများက နီရဲလာခဲ့သည်။

"ဒုတိယစီနီယာအကို... ဒီလောက်များတဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို ဘယ်ကရခဲ့တာလဲ။ အန္တရာယ်တွေရော ကြုံတွေ့ခဲ့သေးလား.."

မုန့်ချုံက ရင်ဘတ်ကိုပုတ်ကာ ပြော၏။

"ဒါက အသေးအဖွဲ့ပါ... ပြဿနာတွေ အားလုံးကို စီနီယာအစ်ကိုကြီးက ကိုင်တွယ်လိုက်ပြီ.."

ထို့နောက် သူက အိတ်ငယ်ကိုဖွင့်ကာ ပြော၏။

"ဂျူနီယာညီမလေး... ဒီစိတ်ဝိဉာဉ်ဆေးပင်ကို နင်မှတ်မိလား.."

လီရွှမ်လည်းပဲ ကြည့်လိုက်သည်။ ပထမဆုံး သူတွေ့လိုက်ရသည်မှာ နှင်းစက်ကဲ့သို့ အစက်၉စက်တို့ တွဲခိုနေသည့် သေးငယ်သည့် အပင်ငယ်တစ်ခု ဖြစ်၏။ တစ်ချက်ကြည့်သည်နှင့် ဒီစိတ်ဝိဉာဉ်ဆေးပင်မှာ ရှင်းလင်းစွာပင် ထူးကဲလှပါသည်။

ကျိုးယင်နှင့် ရှီအာတို့လည်း ရောက်လာကြသည်။

"ဒါက..."

စုလင်းရှုံ၏ မျက်လုံးများက ပြူးကျယ်နေ၏။ အခြားလူများ မမှတ်မိနိုင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် သူမကတော့ ဘယ်လိုလုပ်ပြီး မမှတ်မိဘဲ နေမည်နည်း။

All Chapters