← Chapters

စုလင်းရှုံ၏ နောက်ကြောင်း၊ ရွှေခန္ဓာဆေးလုံး

Vol. 17 Ch. 250

စုလင်းရှုံ၏ နောက်ကြောင်း၊ ရွှေခန္ဓာဆေးလုံး

Vol. 17 Ch. 250

စုလင်းရှုံ၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားပြီး သူမ၏ အသံက အနည်းငယ် တုန်ရီနေ၏။

"ဒုတိယ စီနီယာအကို... သူတို့တွေ နင့်ကို ငါ့ကြောင့် လိုက်ပြီးတော့ သတ်ကြတာလား.."

မုန့်ချုံက ခေါင်းကိုရမ်း၏။

"ဂျူနီယာ ညီမလေး... အဲ့လိုမျိုး မဟုတ်ပါဘူး။ သူတို့တွေက နင့်ကို ငါ့ရဲ့ ဂျူနီယာညီမလေး ဆိုတာတောင် မသိကြဘူး။ ဒါက တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲ.."

ထိုစကားကို ကြားရပြီးနောက် စုလင်းရှုံက စိတ်သက်သာရာ ရသွား၏။ သူမသည် အလွန်စိုးရိမ်နေပြီး ထိုအချက်ကို မေ့လျော့သွားခဲ့သည်။

ကျိုးယင်က တစ်ခုခုကို တွေးမိလိုက်ပုံပေါ်၏။

"နင်ပြောတာက... သူတို့တွေက မုန့်ရှူရှူကို စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေကို ရှာဖို့အတွက် ငှားရမ်းပြီး အဲ့ဒီ့က စိတ်ဝိဉာဉ်ဆေးပင်တွေကို လိုချင်တာပေါ့.."

"အတိအကျပဲ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ဒေါ်လေးကျိုး ဘာဖြစ်လို့လဲ.."

စုလင်းရှုံက မျက်မှောင်ကျုံ့သွားပြီး မေး၏။

"သခင်မလေး... သူတို့တွေ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ကို အသုံးပြုပြီး နင့်ကိုမြှားချင်တာ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ သူတို့ထင်တာက..."

ကျိုးယင်က ဆက်လက် မပြောတော့ပေ။ သို့ပေမယ့် စုလင်းရှုံက အကြောင်းပြချက်ကို နားလည်၏။ သူမ၏ မျက်နှာက မဲမှောင်သွားသည်။

မုန့်ချုံက ကတုံးပြောင်ကို ကုပ်ရင်းက ပြော၏။

"ဂျူနီယာညီမလေး... ဖုံးကွယ် မနေပါနဲ့တော့။ သူတို့က စွမ်းအားကြီးတဲ့ အင်အားစုတစ်ခုလည်း မဟုတ်ဘူး။ စီနီယာအစ်ကိုကြီး ဆိုရင် သူတို့ဘက်က လူတော်တော်များများကို သတ်ဖြတ်ခဲ့ပြီးပြီ။ စစ်ဘုရင်အဆင့်တောင် ၃ယောက်ပါတယ်.."

စုလင်းရှုံက ခဏတာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ပြော၏။

"တကယ်တော့... သူတို့တွေက ဘယ်လိုအင်အားစုမျိုးလဲ ဆိုတာကို ညီမလေးလည်း မသိဘူး။ အမှောင်အင်အားစုတစ်ခု ဖြစ်တယ်လို့ပဲ သိတယ်။ သူတို့ရဲ့ အမည်နဲ့ ဘာလို့ လိုက်ဖမ်းခဲ့လဲ ဆိုတာကိုလည်း ဘားမှ တွေးလို့မရဘူး.."

မုန့်ချုံက မျက်မှောင်ကျုံ့သွား၏။

"ဂျူနီယာညီမလေး... သူတို့က ဘယ်လို အင်အားစုမျိုး ဆိုတာကိုတောင် မသိဘူးလား.."

"ဟုတ်တယ်.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။ ခဏတာ စဉ်းစားပြီးနောက် ထက်ပေါင်းပြော၏။

"ဒါပေမယ့် ဒီကိစ္စက ညီမရဲ့အဖေနဲ့ သက်ဆိုင်နေမယ်လို့ တွေးထင်ရတယ်... ပြီးတော့ အဖေ ဘယ်သူလဲဆိုတာကိုတောင် ညီမမသိဘူး။ သူ့ရဲ့ နာမည်ကိုဆို ပိုဆိုး.."

သူမက ပြောရင်းနှင့် မျက်နှာက ဝမ်းနည်းလာခဲ့၏။

မုန့်ချုံမှာ ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။ စုလင်းရှုံသည် သူမ၏ ဖခင်ဖြစ်သူကိုပင် မသိပေဘူးလား။

ခဏတာ တိတ်ဆိတ်နေပြီးနောက် နှစ်သိမ့်စွာပြော၏။

"ဂျူနီယာညီမလေး... ဆရာဆိုတာလည်း ဖခင်တစ်ယောက်လိုပါပဲ။ အခုနင့်မှာ ဆရာနဲ့ ငါတို့လည်း ရှိနေပြီးပြီပဲ။ ဘယ်သူမှနင့်ကို အနိုင်မကျင့် စေရဘူး.."

"ညီမသိပါတယ်... အခုဆိုရင် တစ်ယောက်တည်း မဟုတ်တော့ဘူး.."

စုလင်းရှုံက ပြုံးသည်။

လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ စုလင်းရှုံ၏ နောက်ခံမှာ တော်တော်လေး ရှုပ်ထွေးသည့်ပုံ ရှိသည်။ ဖြစ်နိုင်သည်မှာ သူမ၏ဖခင်သည် လွှမ်းမိုးမှုကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်လေလား။

ဝတ်စုံနက်များ၏ အကြောင်းကို စတင်ပြောခဲ့ကတည်းက စုလင်းရှူံက မည်သည်ကိုမှ ဆက်လက်ဖုံးကွယ်ခြင်း မပြုတော့ပါ။ သူမသိသမျှ အရာအားလုံးတို့ကို ပြော၏။

"သူတို့တွေ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ကို ရှာဖွေနေတာ ညီမကို မြှားခေါ်ထုတ်ဖို့ ဖြစ်မယ်။ သူတို့ မသိတာက ညီမအမေ သေဆုံးသွားပြီးပြီ ဆိုတာကိုပဲ။ စိတ်ဝိဉာဉ်ဆေးပင်တွေ ဘယ်လောက်ပဲရှိရှိ သူမကို ပြန်ကယ်တင်လို့ မရတော့ဘူး.."

"အမေက သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ပဲ။ ဒါပေမယ့် ညီမကို မွေးဖွားပြီးတဲ့နောက်မှာ ကျန်းမာရေးက စတင်ပြီးတော့ ချူချာလာခဲ့တယ်။ အသက်၁၀နှစ်မှာပဲ သေဆုံးသွားခဲ့တယ်။ အဲ့ဒီကတည်းက ညီမနဲ့ အဖိုးနဲ့ နှစ်ယောက်တည်းပဲ နေခဲ့တာ... သူက ညီမရဲ့ အမေလည်း ဟုတ်တယ်။အဖေလည်း ဟုတ်တယ်..."

စုလင်းရှုံ၏ ပြောစကားအရ ငယ်စဉ်ကတည်းက သူမ၏ ဖခင်မှာ မည်သူဖြစ်သည် ဟူသည်ကို မသိခဲ့ပေ။ မိခင်ဖြစ်သူကလည်း ဘယ်တုန်းကမှ မပြောခဲ့ပေ။ သူမ၏ မျိုးရိုးနာမည်ကိုပင်လျှင် မိခင်ဖြစ်သူ၏ မျိုးရိုးအား ယူခဲ့၏။

စုလင်းရှုံ မွေးဖွားပြီးနောက် သူမ၏ မိခင်သည် အားအင်တို့ ကုန်ခမ်းသွားပုံပေါ်ပြီး အခြေခံအရင်းအမြစ်အား ထိခိုက်သွားခဲ့သည်။ နေ့စဉ်နေ့တိုင်း ကျန်းမာရေးက ဆိုးရွားလာခဲ့၏။

သူမသည် မိခင်ကို ကုသရန်အတွက် ဆေးပင်များကို ကြိုးစားသင်ယူခဲ့သည်။ ကံဆိုးစွာပင် အသက်၁၀နှစ်အရွယ်တွင် မိခင်က သေဆုံးခဲ့၏။ ထိုအချိန်ကတည်းက အဘိုးဖြစ်သူနှင့် နေထိုင်ခဲ့လေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သိုင်းသခင်တစ်ယောက် သူမကို လာရောက် ဖမ်းဆီးခဲ့၏။ သို့ပေမယ့် သူတို့သည် စုလင်းရှုံ၏ အဘိုးဖြစ်သူ ခွန်အားကို အထင်သေးခဲ့မိကြပြီး အသတ်ခံခဲ့ရသည်။ အဘိုးဖြစ်သူလည်း ထိုပြဿနာ၏ ကြီးမားမှုကို နားလည်လိုက်ပြီး စုလင်းရှုံ၊ ကျိုးယင်တို့နှင့်အတူ ပုန်းကွယ်နေရန် ဆုံးဖြတ်လိုက်၏။

သို့ပေမယ့် ဝတ်စုံနက်များ၏ နောက်ရှိ အင်အားစုက စစ်ဘုရင်တစ်ယောက်နှင့် လိုက်လံတိုက်ခိုက်ခဲ့သည်။ စုလင်းရှုံသည် ကျိုးယင်၏ ခေါ်ဆောင်မှုနောက်မှ လိုက်ကာ ပုန်းအောင်းနေပြီး အဘိုး၏ ပြန်လာမှုကို စောင့်စားနေ၏။

သူမ၏အဘိုး ပြန်လာသည့်အချိန်တွင် သေဆုံးခါနီး ဖြစ်နေပြီး ဖြစ်သည်။ သူမကို ပုန်းအောင်းနေရန်အတွက် မှာကြားပြီးနောက် သေဆုံးသွားခဲ့၏။

ထို့နောက် ကျိုးယင်က စုလင်းရှုံကိုခေါ်ကာ စွန့်ပစ်ဒေသသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

"ဂျူနီယာညီမလေး... နင့်ရဲ့အဘိုးက စစ်ဘုရင်တစ်ယောက်လား.."

မုန့်ချုံက အံ့သြစွာ မေးသည်။

"ဟုတ်တယ်.."

စုလင်းရှုံက ခေါင်းငြိမ့်၏။

ပြီးခဲ့တုန်းက တိတ်ဆိတ်နေသည့် ကျိုးယင်က ရုတ်တရက် ပြော၏။

"အဘိုးကြီးကို ဆရာစုကျန်းလို့ ခေါ်တယ်။ ဆေးဖော်စပ်ရာမှာ ကျွမ်းကျင်ပြီး သိုင်းသမားမျိုးစုံရဲ့ ဒဏ်ရာတွေကို ကုသပေးတယ်။ အစက ထန်းပေါင်စံအိမ်ရဲ့ လက်အောက်မှာ ခိုလှုံမယ်လို့ သူစဉ်းစားခဲ့တာ။ ဒါပေမယ့် အဲ့ဒါက နောက်ကျလွန်းသွားခဲ့ပြီ.."

"သခင်မကို ကယ်တင်ဖို့အတွက် အဘိုးကြီးက သူ့ရဲ့အဆက်အသွယ်တွေ အားလုံးကို အသုံးပြုပြီး စိတ်ဝိဉာဉ်ဆေးပင် အများအပြားကို ရယူခဲ့တယ်။ အဲ့ဒါက ကျေးဇူးကြွေးတွေ အားလုံးကိုတောင် ရှင်းလင်းသွားစေခဲ့တယ်.."

"အဲ့ဒါကြောင့်မလို့ ဘယ်စွမ်းအားကြီးသူကမှ လာပြီးတော့ ကူညီမှုမပြုခဲ့ဘူး.."

ကျိုးယင်ပြောသည့် သခင်မဟူသည်မှာ စုလင်းရှုံ၏ မိခင်ဖြစ်သည်။

လီရွှမ်က အံ့ဩသွားသည်။ စုလင်းရှုံ၏ ဆေးပညာ ယခုမျှ ကောင်းမွန်နေတာ အံ့သြစရာ မရှိပေ။ သူမသည် ထူးကဲသည့် နောက်ခံတစ်ခုမှ လာ၏။

စုလင်းရှုံကို မွေးဖွားပြီးနောက် မိခင်ဖြစ်သူ၏ ကျန်းမာရေးတို့ အလွန်ဆိုးရွား လာခဲ့သည် ဟူသည်မှာတော့.. အခြေခံအရင်းအမြစ်အား အဘယ်ကြောင့် ကြီးစွာ ထိခိုက်ခဲ့သည် ဟူသည်မှာတော့.. လီရွှမ်တွင် ခန့်မှန်းချက်အချို့ ရှိနေပြီး ဖြစ်သည်။

စုလင်းရှုံ၏ ပါရမီမှာ အလွန် ကောင်းမွန်လှ၏။ သူမတွင် အထူးခန္ဓာကိုယ် တည်ဆောက်မှုတစ်ခု ရှိမည့်ပုံ ရှိသည်။

ထိုခန္ဓာကိုယ်တည်ဆောက်မှုကြောင့် မိခင်ဖြစ်သူ၏ စွမ်းအင်အရင်းအမြစ်အား ထိခိုက်ကာ သူမအား သေဆုံးခဲ့စေခြင်း ဖြစ်ပေလိမ့်မည်။

'ဖြစ်နိုင်တာက စုလင်းရှုံ၏ ခန္ဓာကိုယ်မှာ ပတ်ဝန်းကျင်ရဲ့ ကန့်သတ်မှုကြောင့် မပြည့်စုံ ဖြစ်နေတာလား။ ဝတ်စုံနက်နဲ့ လူတွေက သူမရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် ဖမ်းဆီးချင်ကြတာလား..'

'ဒါမှမဟုတ်... ဒီကိစ္စက သူမရဲ့ ဖခင်ဖြစ်သူနဲ့ ပတ်သက်နေတာလား။ ဖြစ်နိုင်တာက သူမရဲ့ဖခင်က သာမန်လူတစ်ယောက် မဟုတ်တာ ဖြစ်လိမ့်မယ်။ ကြည့်ရတာ သူမရဲ့နောက်ခံက ဘယ်လိုဆိုတာနဲ့ ပတ်သက်ပြီး ပုံပြင်တွေ ရှိနေဦးမယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သို့ပေမယ့် မည်သည်မှာ ကိစ္စမရှိပေ။ ယခုအချိန်၌ စုလင်းရှူံသည် သူ၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး ဖြစ်၏။

ဒန်ဆေးသိုင်းပညာကို အောင်မြင်စွာ ကျင့်ကြံခဲ့လေသည်။ သူမ၏ နောက်ခံမှာ မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏တပည့် ဖြစ်၏။

တပည့်ဖြစ်သူကို အနိုင်ကျင့်ရဲသည့် မည်သူမဆိုအား သူက သတ်ဖြတ်မှာပါ။

မုန့်ချုံက ကျိုးယင်ကိုကြည့်ကာ တစ်ခုခုကို ပြောချင်ပုံပေါ်ပေမယ့် ထိန်းချုပ်ထားရဟန် ရှိသည်။ ဤသည်က ကျိုးယင်ကို မျက်မှောင်ကျုံ့သွားစေ၏။

"အရာအားလုံးကို ပြောပြလိုက်ပြီဆိုတော့ မေးစရာတစ်ခုခုရှိရင် တစ်ခါတည်း မေးလို့ရတယ်.."

"ကောင်းပြီ... ဂျူနီယာညီမလေးရဲ့အဘိုးက စစ်ဘုရင်တစ်ယောက် ဖြစ်တယ်။ သူမရဲ့မိခင်က သိုင်းသခင်တစ်ယောက်ဖြစ်တယ်။ ဒါနဲ့များ နင်ကဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ.."

မုန့်ချုံက ခေါင်းကိုကုပ်ကာ သိလိုစွာ မေးသည်။

သိုင်းပညာလမ်းစဉ်အား ပြောင်းလဲမှု မပြုခင်တွင် ကျိုးယင်သည် စတုတ္ထအဆင့်၌သာ ရှိသေး၏။ ဤသည်က အလွန် အားနည်းလွန်းလှပါသည်။

"ငါ့ရဲ့ပါရမီက အားနည်းလို့..."

All Chapters