ရွှီယန် "သခင်မလေးသုက တကယ့်ကို ကျေးဇူးသိတတ်သူပဲ.."
Vol. 17 Ch. 252
ကျင့်ကြံမှုတွင် အထောက်အကူပြုရန်အတွက် လုံလောက်သည့် စိတ်ဝိဉာဉ်ဆေးပင်များရှိရာ ကျင့်ကြံမှုအမြန်နှုန်းက လျှင်မြန်စွာ တိုးမြင့်လာခဲ့သည်။
စုလင်းရှုံ၏ ချန်ချင်းစံအိမ် အတွင်းတွင် ကိုယ်တွင်းအင်္ဂါသန့်စင်မှုအဆင့်ကို ဝင်ရောက်ပြီးဖြစ်သည့် သိုင်းသမား ၂၀ကျော်တို့ ရှိနေပြီး ဖြစ်သည်။
ခုံရော့ကျစ်မှာ စတင်ခြင်းအဆင့်သို့ ရောက်ရှိရန် ဝေးကွာခြင်း မရှိတော့ပါ။ သို့ရာတွင် ဒန်ဆေးလုံး ပမာဏတစ်ခုအား အမှန်တကယ် အသုံးပြုခဲ့ရ၏။
စုလင်းရှုံသည် နေ့စဉ်နေ့တိုင်းနီးပါး ဒန်ဆေးသန့်စင်ရာ၌ အချိန်ကုန်နေ၏။ အထူးသဖြင့် ချန်ချင်းစံအိမ်နှင့် ရွှီမိသားစုအတွက် သွေးချီဆေးလုံးများကို ထုတ်လုပ်ရန်ဖြစ်သည်။ သူမ၏ သိုင်းပညာကျင့်ကြံသည့် အချိန်က အနည်းငယ် လျော့ကျသွားခဲ့၏။
လဝက်ကြာပြီးနောက် စုလင်းရှုံလည်း အဆင့်ချိုးဖျက်မှုပြုကာ ချီနှင့်သွေးအဆင့်သို့ ခိုင်မာသည့် အခြေခံတစ်ခုနှင့် ရောက်ရှိနိုင်ခဲ့သည်။
"သင်၏တပည့် စုလင်းရှူံသည် ချီနှင့်သွေးအဆင့်သို့ အဆင့်ချိုးဖျက်ခဲ့သည်။ သင်၏ ဒန်ဆေးသိုင်းပညာလမ်းစဉ် (မူလအဆင့်) သည် ယခုအချိန်၌ ပြည့်စုံသွားပြီဖြစ်၏.."
ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့သည်။ လီရွှမ်က စုလင်းရှုံကို ကြည့်ရင်းမှ ပြဿနာတစ်ခုကို စဉ်းစား၏။ လူတစ်ယောက်အနေနှင့် စွန့်ပစ်ဒေသမှ သိုင်းသမားများ၏ စွမ်းရည်ကို လျှင်မြန်စွာ ပျိုးထောင်ပေးလိုပါက ဆေးလုံးများမှာ မရှိမဖြစ် ဖြစ်သည်။
သို့ရာတွင် ထိုဆေးလုံးများအတွက် လိုအပ်သည့် ပမာဏမှာ အလွန် များပြားလှ၏။ စိတ်ဝိဉာဉ်ဆေးပင် ပင်လျှင် ဒုတိယသာ ကျသည်။
ဘာပဲဖြစ်ဖြစ် ချီနှင့်သွေးဆေးလုံးကို သန့်စင်ရန်အတွက် စိတ်ဝိဉာဉ်ဆေးပင် အများအပြားကို လိုအပ်ခြင်း မရှိပါ။
အနည်းငယ်ရှိလျှင်တောင် အဆင်ပြေသေး၏။ စိတ်ဝိဉာဉ်ဆေးပင်ကို အဓိကအဖြစ် အသုံးပြုကာ အခြားအထောက်အကူ ဆေးပင်များကို ပုံမှန်ဆေးပင်များသာ အသုံးပြုလို့ရပါသည်။
သို့ပေမယ့် စုလင်းရှုံ တစ်ယောက်တည်းနှင့် များပြားလှသည့် ဆေးလုံးများကို ပြုလုပ်ရန်မှာတော့ ပြဿနာတစ်ခု ဖြစ်လာ၏။
သူမအနေနှင့် ချီနှင့်သွေးဆေးလုံးအား သန့်စင်ခြင်းကို ပိုင်နိုင်စွာ တတ်မြောက်ထားပြီး တစ်ကြိမ်သန့်စင်တိုင်းတွင် ဆေးလုံးများစွာကို ထုတ်လုပ်နိုင်လျှင်တောင် လူတစ်ယောက်တည်းနှင့် ထိုမျှများပြားသည့် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ခြင်း မရှိပါ။
ထို့အပြင် သူမကိုယ်တိုင်လည်း သိုင်းပညာ ကျင့်ကြံရန် လိုအပ်သေး၏။ ဒန်ဆေးသိုင်းပညာကျမ်းကို လေ့လာကာ ပိုမိုအဆင့်မြင့်မားသည့် ဆေးလုံးများကို သန့်စင်ပြီး အခြား လိုအပ်ချက်များကိုလည်း လေ့လာရပေဦးမည်။
စွန့်ပစ်ဒေသ၌ နေထိုင်ခြင်းမှာ ယာယီသာ ဖြစ်၏။ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ရန်မှာ သေချာပေါက် လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
ချန်ချင်းစံအိမ်လည်း အတွင်းဘက်နယ်မြေသို့ ချဲ့ထွင်ပြီးနောက် ဆေးလုံးများကို ရောင်းချသည့် လုပ်ငန်းအား အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင်မည် ဖြစ်၏။ ဒီဆေးလုံးများကို ထုတ်ပြန်လိုက်သည်နှင့် အတွင်းဘက်နယ်မြေမှ သိုင်းသမားများ ပျားအုံပေါ်ရှိ ပျားများကဲ့သို့ အုံလာခဲ့မှာ အလွယ်တကူ ခန့်မှန်းလို့ ရနိုင်သည့်အရာ ဖြစ်သည်။
ပြီးလျှင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည်မှာ အင်အားစုများစွာတို့၏ ဝိုင်းဝန်းလုယက်ခြင်းနှင့် အန္တရာယ်တို့ ဖြစ်၏။ ထန်းပေါင်စံအိမ်ပင်လျှင် တည်တည်ငြိမ်ငြိမ် နေနိုင်မည်လား မသိပေ။
ထန်းပေါင်စံအိမ်နှင့် ပူးပေါင်းရန်ကိစ္စမှာတော့ တစ်ဖက်လူ၏ ကမ်းလှမ်းချက်အပေါ် မှီခိုနေပါသည်။ သို့ပေမယ့် မည်သို့ပင် ပူးပေါင်းစေကာမူ ချန်ချင်းစံအိမ်သာလျှင် အမြဲတမ်း ပထမဖြစ်၏။
များပြားလှသည့် ဆေးလုံးများကို လိုချင်ပါက စုလင်းရှုံတစ်ယောက်တည်း အပေါ်တွင် မှီခိုလျှင် သူမအနေနှင့် သေလောက်သည်အထိ အလုပ်ကြိုးစားလျှင်တောင် လုံလောက်မည် မဟုတ်ပါ။
ဆေးလုံးထုတ်လုပ်မှု လမကြောင်းကို ထည့်တွက်ရမည်ဖြစ်၏။ အရင်ဘဝရှိ ထုတ်လုပ်ခြင်း နည်းလမ်းများကို သူစဉ်းစားမိသည်။
ယခု ဆေးလုံးထုတ်လုပ်ခြင်းတွင်လည်း ထိုနည်းလမ်းကို အသုံးပြုမည်လား။ ဒန်ဆေးလုံးတစ်လုံးကို သန့်စင်ရန်မှာ အဆင့်များစွာတို့ ခွဲခြားထားသည်။ ပြီးပြည့်စုံသည့် ဒန်ဆေးသန့်စင်မှုကို လေ့လာရန်မှာ လွယ်ကူခြင်း မရှိပေ။ သို့ပေမယ့် တစ်ဆင့်ခြင်းကိုသာ လေ့လာရမည် ဆိုပါက များစွာ လွယ်ကူသွားမှာပါ။
နောက်ဆုံးတွင် ဆေးပင်များ၏ အဆီအနှစ်ကို ထုတ်ယူကာ ပေါင်းစပ်ပြီး ဒန်ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲမည် ဖြစ်၏။
ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် တစ်ယောက်ယောက် အနေနှင့် ဆေးလုံးသန့်စင်ခြင်း အဆင့်အားလုံးတို့ကို ခိုးယူသွားလျှင်တောင် ဒန်ဆေးသန့်စင်ခြင်း နည်းပညာကို တတ်မြောက်ရန် ခက်ခဲနေမှာပါ။
ထို့အပြင် ဆေးလုံး တစ်ခုချင်းစီတိုင်းအတွက် သန့်စင်ခြင်း နည်းလမ်းမှာ ခြားနား၏။ ဒန်ဆေးသန့်စင်ခြင်းစနစ်၏ သိုင်းသမားတစ်ယောက်သာ မဟုတ်ပါက ဆေးထုတ်လုပ်ခြင်း နည်းလမ်းမျိုးစုံတို့ကို တတ်မြောက်နိုင်မည် မဟုတ်ပေ။
အတွင်းဘက်နယ်မြေရှိ ဆေးလုံးများ၏ စျေးကွက်တွင် အပိုင်းသုံးပိုင်း ရှိပါသည်။ ချီနှင့်သွေးဆေးလုံးများကို သာမန်သိုင်းသမားများက အသုံးပြုကြ၏။
အတွင်းဘက်နယ်မြေတွင် သိုင်းပညာများစွာတို့ ရှိပေမယ့် ချီနှင့်သွေးဆေးလုံး၏ ကျင့်ကြံရာတွင် အထောက်အကူပြုနိုင်မှုမှာ အာမခံချက်တစ်ခု ရှိနေဆဲဖြစ်သည်။
ပြီးနောက် သိုင်းသခင်အဆင့် သိုင်းသမားများအတွက် ချီသန့်စင်ခြင်း ဆေးလုံးဖြစ်၏။ နောက်ဆုံးတစ်မျိုးမှာတော့ ဒဏ်ရာကုသခြင်း ဆေးလုံးဖြစ်သည်။
ထိုဆေးလုံးသုံးမျိုးတို့ကို ထုတ်လုပ်ခြင်းအားဖြင့် ချန်ချင်းစံအိမ်သည် အတွင်းဘက်နယ်မြေ အတွင်းတွင် များပြားလှသည့် အရင်းအမြစ်များကို ရရှိနိုင်၏။
သူတို့အနေနှင့် ဆေးပင်များ၏ သက်ဆိုင်ရာ ပမာဏတစ်ခုနှင့် လဲလှယ်သည့် တာဝန်တို့ကို ထုတ်လွှတ်ကာပင်လျှင် ဆေးလုံးသန့်စင်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ချန်ချင်းစံအိမ်ကို အတွင်းဘက်နယ်မြေတွင် တည်ထောင်ပြီး ဒန်ဆေးလုံးများသာ သိုင်းသမားများအကြားတွင် ရေပန်းစားလာပါက စိတ်ဝိဉာဉ်ဆေးပင်မှာ လိုအပ်ချက် ရှိတော့မည် မဟုတ်ပါ။
သို့ပေမယ့် အစပိုင်းတွင် ခြေလှမ်းကို အရမ်းကျဲကျဲကြီး လှမ်းလို့ မဖြစ်ပေ။ မဟုတ်ပါက ရုတ်တရက် မြင့်တက်လာသည့် လိုအပ်ချက်တို့က အလွန်ပြင်းထန်နေမှာ ဖြစ်၏။
လီရွှမ်သည် အတွင်းဘက်နယ်မြေသို့ ကိုယ့်ကိုယ်ကို စံစားရန် သွားမှာဖြစ်သည်။ ပြဿနာများကို ဖြေရှင်းရန်မဟုတ်ပါ။ ထို့ကြောင့် စွန့်ပစ်ဒေသရှိ သိုင်းသမားများ လုံလောက်အောင် သန်မာလာပြီး အရှိန်အဝါတစ်ခုကို ဖွဲ့စည်းပြီးမှသာ ဆေးလုံးများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်မည် ဖြစ်သည်။
ထိုအခါ အခြားအင်အားစုများ၏ မနာလိုခြင်းနှင့် ထိုးနှက်ချက်များကို ခံရလျှင်တောင် လီရွှမ်၏ ဝင်ပါမှုကို စောင့်နေစရာမလိုဘဲ ကိုင်တွယ်နိုင်မှာ ဖြစ်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် သူက စုလင်းရှုံကို ခေါ်လိုက်သည်။ ဆေးလုံးထုတ်လုပ်ခြင်းအတွက် အဆင့်များကို ခွဲခြားဖို့ရာ ညွှန်ကြားချက်အချို့ ပေး၏။ စုလင်းရှုံအား သူမဘာသာ ပြည့်စုံစေ၏။
"ဆရာ ဒီနည်းလမ်းက ကောင်းတယ်... တပည့် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိပါပြီ.."
သူ၏စကားကို ကြားရပြီးနောက် စုလင်းရှုံက ဝမ်းသာသွား၏။ ပြီးနောက် ဆေးလုံးများကို ပြုလုပ်ရမည့် အဆင့်အမျိုးမျိုးအား စတင် ခွဲခြားသည်။
ပထမဆုံး တစ်ဆင့်ချင်းစီ၌ လိုအပ်သည့် နည်းပညာများ၊ တစ်ဝက်တစ်ပြက် ထွက်လာနိုင်မည့် ပစ္စည်းများ၏ တည်မြဲနိုင်မှု၊ မည်ကဲ့သို့ သိုလှောင်နိုင်မှု၊ နောက်တစ်ဆင့်သို့ ဆက်လှမ်းနိုင်မှုတို့ ဖြစ်သည်။
ဤသည်က ရှုပ်ထွေးသည့် ဖြစ်စဉ်တစ်ခုဖြစ်ကာ ဆေးပေါင်းအိုးများကို လိုအပ်ပါသည်။ ထို့ကြောင့် ပန်းပဲဆရာကို ရှာဖွေရန် လိုအပ်၏။
သို့ရာတွင် ထိုမတိုင်ခင်၌ ခွဲခြားထားသည့် အဆင့်တစ်ခုချင်းစီကို လေ့လာရန် လိုအပ်သည့် သင့်တော်မည့် သိုင်းသမားများအား ရှာရပေမည်။ အချိန်တိုအတွင်း ပြည့်စုံနိုင်မည် မဟုတ်ပေ။
လက်ရှိအချိန်၌ ဆေးလုံးများ၏ ပမာဏ လိုအပ်ချက်မှာ အရမ်းကြီး များပြားခြင်း မရှိသေးပါ။ စုလင်းရှုံအနေနှင့် အချိန်အချို့ယူပြီး သန့်စင်ပါက ဒီအချိန်အတွင်း လိုအပ်ချက်ကို ဖြည့်တင်းနိုင်၏။
သူမသည် ဆေးလုံးများကို မည်ကဲ့သို့ တစ်ဆင့်ခြင်း သန့်စင်နိုင်မည်ဟု စဉ်းစားနေစဉ် သဘာဝတရားရှစ်ပါးပုံကြမ်းကိုလည်း လေ့လာပြီး ဒန်ဆေးသိုင်းပညာ အတွင်းရှိ ပညာမျိုးစုံတို့ကိုလည်း သင်ယူသည်။
အတွင်းဘက်နယ်မြေတွင် ရွှီယန်က အင်အားစုများစွာဆီသို့ သွားရောက်လည်ပတ်ကာ ထုတ်လွှတ်ထားသည့် ဆုကြေးတို့ကို ရယူပြီးဖြစ်၏။
နိုင်ငံသုံးခုက ထုတ်လွှတ်ထားသည့် ဆုကြေးအတွက်မူ သူသည် ယွဲ့နိုင်ငံဆီသို့သာ သွားရောက်ခဲ့သည်။
သူ၏ ပါရမီရှင်တစ်ယောက် ဖြစ်သည့် ဂုဏ်သတင်းကြောင့်လား သို့မဟုတ် စစ်ဘုရင်များကို သတ်ဖြတ်သည့် စွမ်းအားကြောင့်လား သို့မဟုတ် ယွဲ့နိုင်ငံက ဆုကြေးအနည်းငယ်လောက်ကို ဂရုမစိုက်လို့လား မသိပေ။ သူတို့ဘက်မှ ရက်ရက်ရောရောပင် ရွှီယန်အား ပေးခဲ့၏။
ဤသည်က သူ့ကို အလွန် ကျေနပ်သွားစေသည်။ အခြားနိုင်ငံမှာတော့ ဝေးကွာလှသည့် အကွာအဝေးကြောင့် လက်ရှိအချိန်၌ ဆုကြေးကို မေ့ထားလိုက်ပါသည်။ နောင်တွင် အခွင့်အရေးတို့ ရှိလာမှသာ သွားရောက်ထုတ်ယူမည် ဖြစ်၏။
ခုနှစ်စင်ကြယ်အကယ်ဒမီသို့ ပြန်ပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့နှင့် တွေ့ပြန်၏။ ဖိန်းယွမ်အမိန့်ပြားကို ဟူရှန်းအား ပြန်ပေးသည်။
"ညီလေးရွှီ... မင်းက သိုင်းလောကမှာ တကယ့်ကိုကျော်ကြားနေပြီ။ သတ်ဖြတ်ခြင်း အရိုးတောင် မင်းရဲ့လက်ထဲမှာ သေဆုံးခဲ့ရတယ်.."
ရှဲ့လင်ဖုန်းက မနေနိုင်ဘဲ သက်ပြင်းချသည်။ ရွှီယန်သည် မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့သာ ရောက်ရှိသေး၏။ ဤသည်က သိုင်းသခင်အဆင့်နှင့်သာ တူညီပါသေးသည်။ သို့ပေမယ့် စစ်ဘုရင်များကို သတ်ဖြတ်နိုင်နေပြီး ဖြစ်၏။
အမှန်တကယ်ကို အဆင့်ကြီးတစ်ဆင့် မြင့်မားသည့် ရန်သူကို သတ်ဖြတ်နိုင်လေသည်။