← Chapters

ရွှီယန် "သခင်မလေးသုက တကယ့်ကို ကျေးဇူးသိတတ်တဲ့သူပဲ.." (၂)

Vol. 17 Ch. 253

ရွှီယန် "သခင်မလေးသုက တကယ့်ကို ကျေးဇူးသိတတ်တဲ့သူပဲ.." (၂)

Vol. 17 Ch. 253

ဤသည်မှာ စစ်မှန်သည့် သိုင်းပညာ၏ စွမ်းအားဖြင့်၏။

"စစ်ဘုရင်တွေကလည်း အရမ်းကို သန်မာကြပါတယ်။ ငါသတ်ခဲ့တဲ့ စစ်ဘုရင်တွေထဲမှာ သတ်ဖြတ်ခြင်းအရိုးက အသန်မာဆုံးပဲ။ သူ့ကို သတ်ဖြတ်ဖို့အတွက် ငါ့ရဲ့ဓားကို အကြိမ်ကြိမ် ခုတ်ခဲ့ရတယ်.."

ရွှီယန်၏ မျက်နှာက လေးစားမှုတို့ဖြင့် ပြည့်နက်နေပြီပြော၏။

ရှဲ့လင်ဖုန်း "..."

ဂုဏ်သတင်းကြီးမားသည့် စစ်ဘုရင်တစ်ယောက်ကို ဓားချက်အနည်းငယ် အသုံးပြုပြီး သတ်ဖြတ်ခဲ့သည်လား။

ဤသည်မှာ သန်မာသည်ဟု ယူဆနိုင်သည်လား။

"ချန်းလန်ကျွန်းကို ငါသွားပြီးတော့ လက်လွှဲယူလိုက်ဦးမယ်။ ပြီးရင် အဲ့ဒီ့နေရာက ငါ့ရဲ့ပိုင်နက် ဖြစ်လာမှာ။ အဲ့ကျွန်းကို ပြီးရင် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို ဝယ်ပြီး စွန့်ပစ်ဒေသကို ပြန်ဦးမယ်.."

"အကိုရှဲ့... မင်းရော ခုနှစ်စင်ကြယ် အကယ်ဒမီမှာ နေပြီး သိုင်းပညာကျမ်းတွေကို လေ့လာဖို့ စီစဉ်ထားသေးလား.."

ရွှီယန်က သူ၏ အနာဂတ် အစီအစဉ်ကို ပြော၏။

"ငါအစစ်အမှန်ချီ အချို့ကို ကျင့်ကြံပြီးပြီ။ ဒါပေမယ့် ကျင့်ကြံမှုအဆင့်ကို ဘယ်လိုဆက်ပြီး တက်ရမလဲ မသိဘူး။ အဲ့ဒါကြောင့်မလို့ ဆရာကြီးဆီကနေ ညွှန်ကြားမှုအချို့ တောင်းချင်နေတာ။ ဒါကြောင့် ညီလေးရွှီနဲ့ အတူတူလိုက်ခဲ့တာ ပိုကောင်းမယ် ထင်တယ်.."

ရှဲ့လင်ဖုန်းက ခဏတာ စဉ်းစားပြီးနောက် ပြော၏။ သူ၏ ဓားသခင်ချောက်ကမ်းပါးမှ ထွက်လာခဲ့ခြင်းမှာ ရွှီယန်ကို ရှာပြီး ကျင့်ကြံမှုကိစ္စအတွက် မေးမြန်းရန် ဖြစ်သည်။ ရွှီယန်က စွန့်ပစ်ဒေသကို ပြန်မည် ဆိုကတည်းက အတူတူလိုက်လံကာ ဆရာကြီးဆီမှ ညွှန်ကြားချက်များကို တစ်ခါတည်း တောင်းခံရပေမည်။

"ဒါလည်းကောင်းတာပဲ.."

ရွှီယန်က ခေါင်းငြိမ့်သည်။

"ဒါနဲ့ ညီလေးရွှီ... ဒါက သခင်မလေးသုဆီက လက်ဆောင်တွေပါ.."

ရှဲ့လင်ဖုန်းက ဟူရှန်းကို သေတ္တာကြီးတစ်ခုအား ထုတ်ခိုင်းလိုက်သည်။ ဤသည်မှာ သုယွီယင်းက ဓားသခင်ချောက်ကမ်းပါးသို့ ပို့ဆောင်ပေးခဲ့သည့် လက်ဆောင်ဖြစ်၏။ သူက ရွှီယန်ဆီသို့ လက်လွှဲပေးခြင်း ဖြစ်သည်။

"အကိုရှဲ့... သခင်မလေးသုဆီကနေ ဒီလက်ဆောင်တွေကို ရဖို့အတွက် မင်းရဲ့နာမည်ကို ငါငှားရမ်းခဲ့တာ။ အဲ့ဒါကြောင့်မို့လို့ မင်းပဲ လက်ခံသင့်တယ်.."

ရွှီယန်က ခေါင်းကိုရမ်းကာ ပြောသည်။

"သခင်မလေးသုက မင်းကိုပေးတယ် ဆိုကတည်းက ငါ့အနေနဲ့ ယူထားလို့ မသင့်တော်ဘူး။ ပြီးတော့ မင်းကြောင့်ဘဲ ငါရှဲ့လင်ဖုန်းရဲ့ ဂုဏ်သတင်းက မြင့်တက်လာခဲ့တယ်။ ညီလေးရွှီ အားနာနေဖို့ မလိုပါဘူး။ ဒီလက်ဆောင်ကို မင်းလက်ခံသင့်တယ်။ ဒါက သခင်မလေးသုရဲ့ ခံစားချက် သင်္ကေတလည်း ဖြစ်တယ်.."

ရှဲ့လင်ဖုန်းက ရယ်ကာ သေတ္တာကို ဖွင့်လိုက်သည်။ အတွင်းထဲတွင် စိတ်ဝိဉာဉ်ဆေးပင်အချို့၊ ရတနာဓားတစ်ချောင်းနှင့် အဖိုးတန် ကျောက်မျက်အချို့တို့ ပါရှိ၏။

အားလုံးတို့မှာ အဖိုးထိုက်တန်ပြီး ကြွယ်ဝသည်လက်ဆောင်ပဏ္ဏာတစ်ခုဟု သတ်မှတ်နိုင်ပါသည်။

"ဒီနှစ်ခုက ဘုရင်ခံသုအိမ်တော်ရဲ့ ဒေသထွက်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ယွင်ဝု(တိမ်မြူ) စိတ်ဝိဉာဉ်လက်ဖက်ရည်ပဲ။ ရှားပါးတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီလက်ဖက်ရည်က အရမ်းကို မွှေးပျံ့ပြီး အရွက်တွေက တိမ်လိုပဲ။ အိုးထဲကို ထည့်လိုက်မယ်ဆိုရင် မြူတစ်အိုးကို စပ်နေတာနဲ့ တူတယ်.."

ရှဲ့လင်ဖုန်းက သေတ္တာအတွင်းမှ ကျောက်စိမ်းခွက်တစ်ခုကို ယူကာ ရှင်းပြသည်။ သေတ္တာအတွင်းတွင် ကျောက်စိမ်းခွက်သုံးခုတို့ ပါရှိပြီး အားလုံး၌ တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ရွက်တို့ ပြည့်နှက်နေ၏။

"တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ပင်ကို အဆင့်နိမ့် အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုလို့ ယူဆလို့ ရပေမယ့် တော်တော်လေး နာမည်ကြီးတယ်။ အဲ့ဒီရဲ့ နာမည်ကို မြူလိုမျိုး အသွင်အပြင်ကနေပြီး ရလာခဲ့တာ။ လန်းဆန်းစေတဲ့ ရနံ့ရှိပြီး စစ်ဘုရင်တွေရဲ့ ချီးကျူးခြင်းကို ခံရတယ်.."

ရှဲ့လင်ဖုန်းက လက်ဖက်ရွက်ခွက်ကို သေတ္တာအတွင်းသို့ ပြန်ထည့်လိုက်သည်။

ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။

"ကောင်းပြီ။ ဒါဆိုရင် ငါလက်ခံလိုက်မယ်.."

ဆရာဖြစ်သူသည် ယွင်ဝု စိတ်ဝိဉာဉ်လက်ဖက်ရည်ကို ကြိုက်လောက်မှာပါ။

စွန့်ပစ်ဒေသတွင် ဆရာသည် သာမန် လက်ဖက်ရည်များကိုသာ သောက်ရ၏။ သူ၏ ခွန်အားအဆင့်က အလွန်မြင့်မားပေမယ့် နှိမ့်ကျစွာနှင့် သဘာဝဆန်သည့် ဘဝတစ်ခုတွင်သာ နေထိုင်လေသည်။ သောက်သည့် လက်ဖက်ရည် အမျိုးအစားကိုပင် ဂရုစိုက်ခြင်း မရှိပေ။

သို့ပေမယ့် တပည့်တစ်ယောက် အနေနှင့် ဆရာဖြစ်သူအား အချိန်တိုင်းတွင် ရွက်ကြမ်းရေကြို လက်ဖက်ရည်အား သောက်ရစေလို့ ဖြစ်မည်လား။

သူတွင် ဒီစိတ်ဝိဉာဉ်လက်ဖက်ရွက် ရလာကတည်းက ပြန်ယူသွားပြီး ဆရာကို လက်ဆောင်ပေးရပေမည်။

"ဟူရှန်း... သေတ္တာကို မင်းသယ်လိုက်... သွားကြရအောင်.."

ရှဲ့လင်ဖုန်းက အားတက်သရောဖြင့် ပြောသည်။

"ဟုတ်ကဲ့ပါ သခင်လေး.."

ဟူရှန်းက သေတ္တာကိုမကာ ကြိုးဖြင့် ချည်ပြီးနောက် ကျောတွင် သယ်လိုက်သည်။

ရွှီယန်က သိလိုစွာမေး၏။

"အစ်ကိုရှဲ့... မင်းမှာ သိုလှောင်အိတ်တစ်ခု ရှိလား.."

ရှဲ့လင်ဖုန်းက ခါးသက်စွာ ပြောသည်။

"ညီလေးရွှီ... မင်းမသိဘူး ထင်တယ်။ သိုလှောင်အိတ်တွေက အရမ်းကို စျေးကြီးတာ။ ပြီးတော့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပေးရုံလောက်နဲ့ ရနိုင်သလိုမျိုး ရိုးရှင်းမနေဘူး။ ဓားသခင်ချောက်ကမ်းပါးမှာ ငါ့ရဲ့အနေအထားက မြင့်မားပေမယ့် သိုလှောင်အိတ် တစ်ခုကိုတော့ မတတ်နိုင်သေးဘူး.."

သူပြောမပြသည့် အခြားအကြောင်းပြချက်လည်း ရှိပါသည်။ သိုင်းသခင်တစ်ယောက်သာ သိုလှောင်အိတ်တစ်ခုကို သယ်ဆောင်ထားပါက အလွယ်တကူ အခိုးခံရနိုင်၏။

သူ့ကို ဓားသခင်ချောက်ကမ်းပါးမှ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ထားကာ သူ၏ဖခင်မှာ ရှဲ့ထန်းဟန်ဖြစ်ပေမယ့် သူခိုးများ၏ ပစ်မှတ်ထားခြင်းကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။ အသတ်ခံရခြင်းမှသာ ရှောင်ရှားနိုင်၏။

စစ်ဘုရင်များစွာတို့သည် သိုလှောင်အိတ်တစ်ခုကို တက်နိုင်ကြခြင်းမရှိပေ။ ထို့ကြောင့် အခြားလူများဆီမှ ရရှိအောင် ကြံစည်ကြမှာပါ။ သိုင်းသခင်တစ်ယောက်သာ သိုလှောင်အိတ်တစ်ခုကို ရရှိပါက လုယက်ခြင်း မခံရလျှင် ထူးဆန်းနေပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းတွင် ရွှီယန်၏ ခွန်အားမရှိပါ။

ရွှီယန်က အံ့သြသွား၏။ သိုလှောင်အိတ်မှာ သူထင်ထားသည်ထက် များစွာပိုမို အဖိုးတန်လှပုံ ပေါ်သည်။

ရှဲ့လင်ဖုန်းကဲ့သို့ လူတစ်ယောက်ပင်လျှင် မြင့်မားသည့် နောက်ခံနှင့် တတတ်နိုင်ခြင်း မရှိပေ။

သူတို့သည် ခရီးဆက်ခဲ့ရင်းက ရွှီယန်က စူးစမ်းစွာမေး၏။

"ဒါဆိုရင် ဘယ်သူ့မှာ သိုလှောင်အိတ်ရှိလဲ.."

သူသည် သိုင်းသခင်များစွာတို့နှင့် စစ်ဘုရင် အနည်းငယ်တို့ကို သတ်ဖြတ်ပြီးဖြစ်သည်။

ဥပမာအားဖြင့် သတ်ဖြတ်ခြင်းအရိုးဆိုလျှင် မြင့်မားသည့် ဂုဏ်သတင်းနှင့် စစ်ဘုရင်တစ်ယောက် ဖြစ်၏။ သို့ပေမယ့် သိုလှောင်အိတ်တစ်အိတ်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။

"ယေဘုယျအားဖြင့် ပြောရရင် အထွတ်အထိပ် စစ်ဘုရင်တွေပဲ ပိုင်ဆိုင်ကြတယ်။ ဒါတောင်မှ အားလုံးမဟုတ်ဘူး.."

ရှဲ့လင်ဖုန်းက ခဏတာ စဉ်းစားပြီးနောက် ဖြေ၏။

"အထွတ်အထိပ် စစ်ဘုရင်လား..."

ရွှီယန်က သက်ပြင်းချသည်။

ဤသည်မှာ သတ်ဖြတ်ရန် လွယ်ကူခြင်း မရှိပါ။ သူ၏ လက်ရှိ ခွန်အားနှင့် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ရန် ခက်ခဲခြင်းမရှိပါ။ သို့ပေမယ့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်မှာတော့ အနည်းငယ် ပြဿနာများ၏။

ဘာပဲဖြစ်ဖြစ် အထွတ်အထိပ်ဟူသည်မှာ အထွတ်အထိပ် ခွန်အားကို ကိုယ်စားပြုပါသည်။ သာမန်စစ်ဘုရင်များ နှိုင်းယှဉ်ရန် အလွန်ဝေးကွာလှ၏။

အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် အထွတ်အထိပ် စစ်ဘုရင် အများကြီး မရှိပေ။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်အား ပိုင်ဆိုင်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို ထိပ်တန်းတွင် ရှိနေသည်ဟု ဆိုနိုင်၏။

ဧည့်သည်အခန်းမှ ထွက်လာပြီးနောက် သုယွီယင်းနှင့် ချွေအာတို့က လျှင်မြန်စွာ လျှောက်လာကြသည်။

"သခင်လေးရွှီ.."

မျက်နှာကို ကာထားခြင်းမရှိသည့် သုယွီယင်း၏ အလှတရားက ပြီးပြည့်စုံစွာ ပေါ်လွင်နေပါသည်။ သူမ၏ ဖြူဥသည့် ပါးများတွင် ပန်းရောင်သမ်းနေ၏။ ဤသည်က ပိုမိုဆွဲဆောင်မှုရှိကာ လှပနေပါသည်။

သို့ပေမယ့် ရွှီယန်၏ နှလုံးသားကတော့ အနှောင့်အယှက်ကင်းမဲ့စွာသာ ရှိနေ၏။

"သခင်မလေးသု.."

ရွှီယန်က ခေါင်းငြိမ့်သည်။

"သခင်လေးရွှီ... ရှင်ချန်းလန်ကျွန်းကို သွားမလို့လား.."

သုယွီယင်းက ညင်သာစွာ မေးသည်။

"ဟုတ်တယ်.."

ရွှီယန်က ဖုံးကွယ်ထားခြင်း မရှိပါ။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထပ်ပေါင်းပြော၏။

"လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ် သခင်မလေးသု.."

ဟူရှန်း သယ်ဆောင်ထားသည့် သေတ္တာကို တွေ့လိုက်ရပြီးနောက် သုယွီယင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ဝမ်းသာသွားသည်။

"ရှင်သဘောကျရင်ပဲ ကျွန်မဝမ်းသာပါတယ်.."

သူမက နောက်သို့လှည့်ကာ ခေါ်၏။

"ချွေအာ.."

ချွေအာက အိတ်တစ်ခုကို ထုတ်ကာ သူမကိုပေးသည်။

"သခင်မလေး.."

သုယွီယင်းက အိတ်ကိုယူကာ ရွှီယန်၏ လက်ကိုကိုင်၏။ သူ၏ လက်ထဲတွင် အိတ်ကိုထည့်ပေးပြီး ပြောသည်။

"သခင်လေးရွှီ... ဒီမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၂သောင်းရှိတယ်။ အများကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ရှင့်ကို ကျေးဇူးတင်တာပါ.."

သူမ၏ နူးညံ့သည့်လက်လေးနှင့် ရွှီယန်၏ လက်တို့ထိထားရာ ပါးများက ပိုမိုပင် နီရဲလာခဲ့သည်။

"အလကားသက်သက် ဒီလို လက်ဆောင်မျိုးကို ကျွန်တော် လက်မခံနိုင်ဘူး... သခင်မလေးသု ပြန်ယူလိုက်ပါ.."

ရွှီယန်က ခေါင်းကိုရမ်းသည်။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လိုအပ်နေပေမယ့် ယောက်ျားတစ်ယောက်အနေနှင့် စည်းတစ်ခု ရှိရပါမည်။

"သခင်လေးရွှီက သတ်ဖြတ်ခြင်းအရိုးကို သတ်ဖြတ်ပေးခဲ့တယ်။ ဒါကို အဲ့အတွက် ဆုကြေးလို့ သတ်မှတ်လို့ရတယ်။ အဲ့ဒီ့မိစ္ဆာက ကျွန်မတို့ သုအိမ်တော်ကို အရမ်းနှောင့်ယှက်နေတာ။ သခင်လေးက သူ့ကို သတ်လိုက်တော့ ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးသလို ဖြစ်သွားခဲ့တယ်.."

"ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲတွေက ရှင့်ရဲ့ ကျေးဇူးအတွက် ပြန်ပေးဖို့တောင် မလုံလောက်ပါဘူး။ ဒီအချိန်မှာ အဲ့ဒါတွေက ကျွန်မ ပိုင်ဆိုင်တာ အကုန်ပဲ။ ကျေးဇူးပြုပြီး ဒီကျေးဇူးတင်မှုလေးကို လက်ခံပေးပါ။ သခင်လေးရွှီ မငြင်းဖို့ ကျွန်မ မျှော်လင့်တယ်.."

သုယွီယင်းက စကားများကို ရွေးချယ်ကာ ပြောသည်။ ရွှီယန်၏ လက်ကိုကိုင်ထားရင်းက လက်ချောင်းများကို ဆုပ်ပေးလိုက်၏။

"ဒါဆိုလည်း ကျွန်တော် လက်ခံလိုက်ပါမယ်.."

ထိုသို့ဆိုပါက ဤသည်မှာ သတ်ဖြတ်ခြင်းအရိုးကို သတ်ဖြတ်ခြင်းအတွက် ဆုကြေး ဖြစ်လေသည်။

ရွှီယန်သည် ကိုယ့်ကိုယ်ကို ကျေနပ်သွား၏။ လက်ကိုရုတ်သိမ်းက စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို

သိမ်းဆည်းလိုက်သည်။

သခင်မလေးသုမှာ ကျေးဇူးတရားကို ပြန်လည်ပေးဆောင်တက်သည့် လူကောင်းတစ်ယောက် ဖြစ်သည်။

သူမသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် မသိလိုက်ဘဲသူ၏လက်ကို ကိုင်ထားမိတာ ဖြစ်ပေလိမ့်မည်။

ရွှီယန်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြော၏။

"သခင်မလေးသု... နောက်မှ ပြန်တွေ့ပါမယ်.."

ဤသည်မှာ နှုတ်ဆက်ရန် အချိန်ဖြစ်၏။

"သခင်လေးရွှီ.. ကျွန်မရှင့်ကို ကျေးဇူးကြွေးတစ်ခု တင်နေတယ်။ တစ်နေ့မှာ သိုလှောင်အိတ်တစ်ခုနဲ့ အကြွေးပြန်ဆပ်ချင်တယ်ဆိုရင် ဘယ်မှာလာရှာလို့ ရမလဲ မသိဘူး.."

သုယွီယင်းက မေး၏။

"သိုလှောင်အိတ်လား.."

ရွှီယန်၏ မျက်လုံးများက လင်းလက်သွားသည်။

"သခင်မလေးသုက အရမ်းကို ဂရုဏာကြီးလွန်းတာပဲ... သိုလှောင်အိတ်က အရမ်းကို အဖိုးတန်လွန်းပါတယ်..."

"သိုလှောင်အိတ်က ဘယ်လောက်ပဲ အဖိုးတန်တန် သခင်လေးရွှီရဲ့ ကျေးဇူးကိုတော့ နှိုင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး.."

သုယွီယင်းက ခေါင်းခါကာ ပြော၏။

"အဲ့လိုဆိုရင် ကျွန်တော်ကို ချန်းလန်ကျွန်းကို လာရှာတာ သို့မဟုတ် အကိုရှဲ့ဆီကို ပေးလိုက်လို့ ရပါတယ်။ သူကနေ ကျွန်တော့်ဆီကို ပြန်ပေးလိမ့်မယ်.."

ရွှီယန်သည် သုယွီယင်းကို လူကောင်းတစ်ယောက်ဟု ခံစားရ၏။ အမှန်တကယ်ကို ကျေးဇူးသိတတ်ကာ ပြန်လည် ပေးဆောင်လိုလေသည်။

"ကျွန်မမှတ်ထားပါမယ်.."

သုယွီယင်းက ခေါင်းငြိမ့်၏။

"အကိုရှဲ့ သွားကြရအောင်.."

ရွှီယန်က ရှေ့သို့လျှောက်သွားကာ သူ၏ပုံရိပ်က လျှင်မြန်စွာဖြင့် ရွေ့လျားသွားသည်။

ရှဲ့လင်ဖုန်းက သုယွီယင်းကို ထူးဆန်းသည့်အသွင်ဖြင့် ကြည့်၏။ မည်သည်ကိုမှ မပြောပဲ ခေါင်းကိုရမ်းသည်။

ထို့နောက် ရွှီယန်၏ နောက်မှာ လျှင်မြန်စွာလိုက်၏။

"သခင်မလေးသု... သူမက တကယ့်ကို ကျေးဇူးတရားကို ပြန်ပေးတတ်တာပဲ။ အရင်တုန်းက သူမကိုလိုက်ပြီး စောင့်ရှောက်ခဲ့တာ အလကား မဖြစ်ဘူး.."

ရွှီယန်က တွေးဆစွာ ပြောသည်။

ဟူရှန်း၏ ပါးစပ်၌ ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ဤသည်မှာ ကျေးဇူးတရားကို ပြန်ပေးသည်လား။

သူမသည် သူ့ကို ကြံစည်နေတာ ဖြစ်ပေလိမ့်မည်။

"သခင်မလေးသုမှာ ကောင်းမွန်တဲ့ ပါရမီရှိတယ်။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က ပြဿနာအချို့ရှိပုံပဲ။ ဘာလို့လဲမသိဘူး.. ဒါပေမယ့် သူမက အခုဆိုရင် ပထမအဆင့်ကို ရောက်နေပြီးပြီဖြစ်ပြီး သိုင်းသခင်အဆင့်နဲ့ မဝေးတော့‌လောက်ဘူး.."

ရွှီယန်က သူမကို ဆက်လက် ချီးကျူး၏။ သူ၏ သုယွီယင်းအပေါ် အကောင်းမြင်မှုက ပိုမိုကြီးထွားလာပါသည်။ သို့ပေမယ့် ဤသည်မှာ သန့်စင်သည့် ချီးကျူးမှုသာဖြစ်၏။

ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်သည်။

"သုယွီယင်းက ခုနှစ်စင်ကြယ်အကယ်ဒမီက ကြီးကြပ်သူတစ်ယောက်ရဲ့ ကျောင်းသူပဲ။ သူမရဲ့ပါရမီက တကယ့်ကို ထူးကဲတယ်။ အဲ့ကိစ္စက သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်နေလိမ့်မယ်.."

သုယွီယင်းသည် ခုနှစ်စင်ကြယ် အကယ်ဒမီမှ ကြီးကြပ်သူတစ်ယောက်၏ ကျောင်းသူတစ်ယောက် ဖြစ်၏။ ဤသည်က သူမ၏ ထူးကဲသည့် ပါရမီကို ပြသနေ၏။

၃ယောက်သားသည် ခုနှစ်စင်ကြယ်မြို့မှ ထွက်ခွာပြီးနောက် ချန်းလန်ကျွန်းကို ဦးတည်ခဲ့ကြသည်။ ထိုအချိန်၌ လှပသည့် ပုံရိပ်တစ်ခု လွင့်ပျံလာခဲ့၏။ သူမသည် နှင်းကဲ့သို့ ဖြူဖွေးသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာကို တွေ့မြင်ရခြင်း မရှိပေ။

သို့ပေမယ့် အနှိုင်းမဲ့သည့် ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေ၏။ ဤသည်မှာတော့ ဝူရွှမ်းစံအိမ်မှ ဝတ်စုံဖြူနှင့် မိန်းကလေး ဖြစ်၏။

All Chapters