ချန်းလန်ကျွန်း၌ စစ်ဘုရင်၏ တိုက်ခိုက်မှု
Vol. 17 Ch. 254
ဝတ်စုံပြောင်နှင့် မိန်းကလေးကို တွေ့ရပြီးနောက် ရှဲ့လင်ဖုန်း၏ ပုံစံက လေးနက်လာခဲ့သည်။ ဤသည်မှာ အတွင်းဘက်နယ်မြေတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသော လူငယ်မျိုးဆက်တစ်ယောက် ဖြစ်၏။
"သခင်လေးရွှီ.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက ညင်သာစွာပြောသည်။ တင့်တယ်စွာဖြင့် ချဉ်းကပ်လာခဲ့၏။
"မိန်းကလေးလာတာ အချိန်အတော်ပဲ။ ကျွန်တော်လည်း မိန်းကလေးကို ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ချင်နေတာ။ ပြဿနာတစ်ခုခုရှိရင် ခင်ဗျားအတွက် တစ်ကြိမ်ကူညီပေးပါမယ်.."
ရွှီယန်က ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ကာ ဝတ်စုံပြောင်နှင့် မိန်းကလေးကို ပေးသည်။
"သခင်လေးရွှီက အားနာလွန်းနေပြန်ပါပြီ... ဒီကျောက်စိမ်းတံဆိပ်ပြားကို ရှင်ပဲ သိမ်းထားလိုက်ပါ.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက အပြုံးတစ်ခုဖြင့် ပြောသည်။
"ဘယ်ဖြစ်မလဲ.."
ရွှီယန်က တံဆိပ်ပြားကို သူမ၏ လက်ထဲသို့ ထိုးထည့်လိုက်၏။ သူသည် အခြားလူများကို အကြွေးတင်ခြင်းအား သဘောကျခြင်း မရှိပေ။ ယခုအချိန်၌ လိုအပ်ခြင်းလည်း မရှိတော့ရာ ယူထားမည် မဟုတ်ပါ။
ဝတ်စုံပြောင်နှင့် မိန်းကလေးက အနည်းငယ် စိတ်ပျက်သွားသည်။ သို့ပေမယ့် ရွှီယန်ကို အတင်းငြင်းဆန်ခြင်း မပြုတော့ပါ။ အဲ့ဒီ့အစား အိတ်တစ်ခုကို ထုတ်ကာ ပေး၏။
"ဒါက ရှင့်ကို ကျေးဇူးတင်တဲ့ လက်ဆောင်ပါ။ သခင်လေးရွှီ.. အတွင်းထဲမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃၀၀၀၀၀ပါပါတယ်။ စိတ်ဝိဉာဉ်ဆေးပင် အချို့ကို ထန်းပေါင်စံအိမ်မှာလည်း သိုလှောင်ထားတယ်။ အချိန်မရွေး သွားထုတ်လို့ရတယ်.."
ရွှီယန်က စဉ်းစားသည်။
'ကျေးဇူးတင်လက်ဆောင်..'
စုစုပေါင်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃၀၀၀၀၀မှာ များပြားလှသည့် ပမာဏဖြစ်သည်။ ဤသည်က စိတ်ဝိဉာဉ်ဆေးပင် များမှာလည်း အလွန် အဖိုးတန်လှမှာဟု ပြောကြားနေသကဲ့သို့ ရှိ၏။ သို့ရာတွင် သူမသည် မည်သည်ကို စဉ်းစားနေသနည်း။
"သခင်လေးရွှီက ရက်စက်ရမ်းကားတဲ့ သတ်ဖြတ်ခြင်းအရိုးကို သတ်ဖြတ်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ ရှင့်ကို ကျေးဇူးတင်တာပါ။ သတ်ဖြတ်ခြင်းအရိုးက အရမ်းကို မကောင်းဆိုးဝါးဆန်ပြီး ဝူရွှမ်းစံအိမ်က လူတွေ အများအပြားကို သတ်ဖြတ်ခဲ့တယ်။ ကျွန်မတို့မှာ သူ့အတွက် ဆုကြေးထုတ်ထားတာ အချိန်အတော်ကြာပြီ.."
"အခုရှင်က သူ့ကို သတ်လိုက်ပြီဆိုတော့ သူ့ကြောင့် စံအိမ်က သေဆုံးခဲ့တဲ့ လူတွေအတွက် လက်စားချေပေးသလိုပဲပေါ့။ ဒါကြောင့်မို့လို့ ကျေးဇူးတင်ဖို့ လိုတာပါ.."
ဝတ်စုံပြောင်နှင့် မိန်းကလေး၏ပုံက အလွန် ဝမ်းသာနေ၏။ ကြည့်ရတာ သတ်ဖြတ်ခြင်းအရိုး၏ သေဆုံးမှုကြောင့် သူမ၏ နှလုံးသားထဲရှိ ကြီးမားသည့် တာဝန်တို့ လျော့ကျသွားခဲ့သည့်ပုံ ရှိသည်။
"သတ်ဖြတ်ခြင်းအရိုးပဲလား.."
ရွှီယန်က ဝမ်းသာသွားသည်။ ဒီသတ်ဖြတ်ခြင်းအရိုးမှာ ကျယ်ကျယ်ပြန့်ပြန့် မုန်းတီးခြင်းကို ခံရ၏။ သူ့အနေနှင့် တစ်ဖက်လူဆီမှာ မည်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲကိုမှ ရရှိခဲ့ခြင်း မရှိခဲ့ဘဲ အရိုးခေါင်းတုတ်တံ တစ်ခုကိုသာ ရရှိခဲ့ပေမယ့် ထုတ်ထားသည့် ဆုကြေးများကြောင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများအပြားကို လက်ခံရရှိခဲ့သည်။
"ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ဘဲ လက်ခံထားလိမ့်မယ်.."
ရွှီယန်က ဝမ်းသာအားရဖြင့် အိတ်ကိုယူသည်။
"သခင်လေးရွှီ... ရှင်ဘယ်ကို သွားနေတာလဲ.."
ရွှီယန်၏ ပစ္စည်းများလက်ခံမှုကို တွေ့ရပြီးနောက် ဝတ်စုံပြောင်နှင့် မိန်းကလေးက ကျေနပ်သွားပုံ ပေါ်၏။ အပြုံးတစ်ခုဖြင့် မေးသည်။
"ချန်းလန်ကျွန်းကို သွားယူမလို့.."
ရွှီယန်က ဖုံးကွယ်မနေပါ။
"တကယ်လို့ ကျွန်မရှင့်ကို ဆက်သွယ်ချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ မသိဘူး.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက ပြောသည်။
"ခင်ဗျား.. ချန်းလန်ကျွန်းကို လာလို့ရတယ်။ ဒါမှမဟုတ် အကိုရှဲ့ကနေတစ်ဆင့် အကြောင်းကြားခိုင်းလိုက်လို့ ရတယ်.."
ရွှီယန်က စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် ဖြေ၏။
"သခင်လေးရွှီ... ရှင့်မှာ အားတဲ့အချိန်ရှိရင် ဝူရွှမ်းစံအိမ်ကို လာလည်ပါဦး.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက မျှော်လင့်စွာဖြင့် ပြောသည်။
"ကောင်းပါပြီ။ အချိန်ရရင် လာခဲ့ပါမယ်.."
ရွှီယန်၏ ဖြေကြားမှုက ပေါ့ပေါ့တန်တန်သာ ရှိနေ၏။ သူ့အနေနှင့် စိတ်ကို လေ့ကျင့်စရာ မလိုတော့ပေ။ ထို့ကြောင့် ဝူရွှမ်းစံအိမ်ကို သွားရောက်လည်ပတ်စရာ မရှိသည့်ပုံ ရှိ၏။
မိန်းမလှလေးများမှာတော့ သူမတို့သည် ဓားလမ်းစဉ်လောက် ဘယ်လိုလုပ်ပြီး စိတ်ဝင်စားဖို့ ကောင်းမည်လဲ။
ဝတ်စုံပြောင်နှင့် မိန်းကလေး ထွက်ခွာသွားပြီးနောက် ရွှီယန်တို့သည် ချန်းလန်ကျွန်းဆီသို့ ခရီးလမ်းကိုဆက်လက် ရှေ့ဆက်ခဲ့သည်။
"သတ်ဖြတ်ခြင်းအရိုးက တော်တော်လေး အဖိုးတန်မယ်လို့ ဘယ်သူတွေးမိမှာလဲ။ သူ့ကိုသတ်တာက တကယ်ကို ချမ်းသာနိုင်တာပဲ.."
ရွှီယန်က ဝမ်းသာစွာဖြင့် မှတ်ချက်ပြု၏။
ရှဲ့လင်ဖုန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ထိုဝူရွှမ်းစံအိမ်မှ မိန်းကလေးမှာ သိသာစွာပင် လက်ဆောင်များကို တမင်ပေးနေခြင်း ဖြစ်၏။
သတ်ဖြတ်ခြင်းအရိုး၏ ဝူရွှမ်းစံအိမ်မှ လူများကိုသတ်ဖြတ်ခဲ့သည် ဟူသည်မှာ အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။
ဝူရွှမ်းစံအိမ်မှာ ဓားသခင် ချောက်ကမ်းပါးလောက် ထည်ဝါတာ မဟုတ်ပေလိမ့်မည်။ သို့ပေမယ့် နက်ရှိုင်းသည့် အခြေခံနှင့် ထောက်ပံ့သူများစွာ ရှိသည့် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်၏။
သတ်ဖြတ်ခြင်းအရိုးကို မဆိုထားနှင့် နတ်ဆိုးအရှင်သခင် ဟော်ထူပင်လျှင် ဝူရွှမ်းစံအိမ်အတွင်းသို့ သွားရောက် ပြဿနာရှာရဲခြင်း မရှိပါ။
ထိုအပြင် ဝူရွှမ်းစစ်ဘုရင်မှာလည်း အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ဖြစ်ပြီး ခွန်အားမှာ နတ်ဆိုးအရှင်သခင်ဟော်ထူထက် အများကြီး နိမ့်ကျခြင်း မရှိပေ။
တစ်ယောက်မှာ သုယွီယင်းဖြစ်၏။ နောက်တစ်ယောက်မှာ ဝတ်စုံပြောင်နှင့် မိန်းကလေးဖြစ်သည်။ နှစ်ယောက်စလုံးမှာ ရွှီယန်ကို အသီးသီး အကျိုးအမြတ်များ ပေးလိုကြ၏။
ရှဲ့လင်ဖုန်းမှာ ထုံထိုင်းနေပါပြီ။ ဓားသခင်ချောက်ကမ်းပါး၏ နံပါတ်တစ် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ရှဲ့ထန်းဟန်၏ တစ်ဦးတည်းသောသားတစ်ယောက်အနေနှင့် သူသည် ယခုကဲ့သို့သော အခွင့်ပေးခြင်းကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။
သူ့အနေနှင့် သက်ပြင်းသာ ချမိသည်။ စစ်မှန်သည့် စွမ်းအားကြီးသူတစ်ဦးသည် ဘယ်နေရာကို သွားသွား ကြိုဆိုခြင်းကို ခံရ၏။ အထူးသဖြင့် မိန်းမများ၏ ကြိုဆိုမှုဖြစ်သည်။
ချန်းလန်ကျွန်းမှာ ခုနှစ်စင်ကြယ်အကယ်ဒမီမှ အနည်းငယ်ကွာဝေး၏။ ၎င်းသည် ယွဲ့နိုင်ငံ၏ ယွင်ဖုန်းစီရင်စု၌ ရှိပါသည်။ ချန်းမြစ်၏ အပေါ်တွင် တည်ရှိပြီး ချန်းမြစ်ပေါ်ရှိ ကျွန်းများထဲမှ တစ်ခုဟု သတ်မှတ်ထားသည်။
သိုင်းသခင်ယင်ဟုန် အသက်ရှင်စဉ်က သူသည် ထိုကျွန်းကို ထိန်းချုပ်ပြီး ပိုင်နက်တစ်ခုအား အုပ်စိုးခဲ့သည်။ သူ့ကိုယ်သူ ချန်းလန်ကျွန်းသခင်ဟု ခေါ်ဆို၏။
သူ၏ခွန်အားကြောင့် ချန်းလန်ကျွန်းပေါ်ရှိ လူများမှာ နေရဲခြင်းမရှိတော့ဘဲ ထွက်ခွာသွားကြ၏။ နေထိုင်သူများအတွက် ဆုံးရှုံးမှုအချို့ကို ဖြစ်စေခဲ့သည်။
.....
ရွှီယန်၏ သတ်ဖြတ်ခြင်းအရိုးအား သတ်ဖြတ်ခဲ့သည့် ဂုဏ်သတင်းနှင့် မည်သူမှ ချန်းလန်ကျွန်းကို လုယူရဲခြင်း ရှိမည် မဟုတ်ပေ။ စစ်ဘုရင်တစ်ယောက်၏ ခြိမ်းခြောက်နိုင်စွမ်းမှာ အလွန် စွမ်းအားကြီး၏။ ထို့အပြင် ရွှီယန်သည် စစ်ဘုရင်များကို သတ်ဖြတ်နိုင်လေသည်။
"ကျွန်းပေါ်မှာ ဘယ်လောက်ကျန်ဦးမလဲ မသိဘူး.."
ရွှီယန်က စဉ်းစားရင်းက ပြောသည်။ မုန့်ချုံကို လိုက်လံသတ်ဖြတ်ခံရခြင်းမှ ကယ်တင်ရန်အတွက် ကိစ္စက သူ့ကို အမြန်သွားရောက် လုပ်ဆောင်ခဲ့ရစေ၏။
ထို့ကြောင့် ချန်းလန်ကျွန်း၏ ကိစ္စကို နှောင့်နှေးသွားစေခဲ့သည်။ ယခုအချိန်၌ အချိန်အတော်ကြာပြီးဖြစ်ရာ ကျွန်းပေါ်ရှိ ပစ္စည်းအများအပြားတို့ ယူဆောင်သွားခြင်း ခံရလောက်မှာ ဖြစ်သည်။ ယင်ဟုန်၏ ပိုင်ဆိုင်မှုမည်မျှ ကျန်ရစ်မည် ဟူသည်အား ပြောရန် လွယ်ကူခြင်း မရှိပေ။
ယခုအချိန်၌ ရွှီယန်သည် တော်တော်လေး ချမ်းသာနေပြီးဖြစ်၏။ သူ့အနေနှင့် ယင်ဟုန်၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရပါက နာကျင်စွာ ခံစားရမည် ဖြစ်ပေမယ့် ချန်းလန်ကျွန်း တစ်ခုထဲကပင် တန်ဖိုးဖြတ်မရအောင် အဖိုးတန်နေပြီးပါပြီ။
၎င်းကို အတွင်းဘက်နယ်မြေရှိ သူ၏ ပိုင်နက်တစ်ခုဟု ယူဆနိုင်၏။ ထို့အပြင် ချန်းလန်ကျွန်းမှာ ယွဲ့နိုင်ငံ၏ အဓိကမြစ်ကြီးသုံးခုထဲမှ တစ်ခုဖြစ်သည့် ချန်းလန်မြစ်အတွင်း၌ ရှိသည်။ ကျွန်းပေါ်တွင် အထူးထုတ်ကုန် အချို့လည်း ရှိ၏။
လှိုင်းထန်သည့် ချန်းလန်မြစ်၏ အလယ်တွင် ကျွန်းတစ်ကျွန်းက မြင့်မားစွာ ရှိနေ၏။ သစ်ပင်အိုကြီးများ စိမ်းလန်းစွာ ပေါက်ရောက်နေပါသည်။ သစ်ပင်များအကြားတွင် စံအိမ်များ၊ မျှော်စင်များ၊ နန်းတော်များနှင့် အိမ်များရှိ၏။
ချန်းလန်ကျွန်းသည် အချင်းဝက် မိုင်ပေါင်းများစွာ ရှိပြီး ချန်းလန်မြစ်အတွင်းရှိ အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ ကြွယ်ဝကာ အထူးစိတ်ဝိဉာဉ် အသီးတစ်မျိုးကို ကြီးထွားစေနိုင်၏။
မည်သည့် အထူးအာနိသင်မှ မရှိလျှင်တောင် ၎င်းသည် အရသာ ထူးကဲလှသည်။ အဆင့်၇အောက်ရှိ သိုင်းသမားများ စားသုံးပါက သူတို့၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်၏။
အဆင့်၉သာ ရှိပေမယ့် နှစ်စဉ်နှစ်တိုင်း အသီးများ သီးကာ ပမာဏက မစိုးလှပေ။ ဤသည်မှာ အင်အားစုကြီးများရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များနှင့် ခွန်အားကြီး သိုင်းသမားများသာ စားသုံးနိုင်သည့် အဆင့်မြင့် အရည်အသွေးနှင့် အသီးတစ်မျိုး ဖြစ်၏။