← Chapters

ချန်းလန်ကျွန်း၌ စစ်ဘုရင်၏ တိုက်ခိုက်မှု(၂)

Vol. 17 Ch. 255

ချန်းလန်ကျွန်း၌ စစ်ဘုရင်၏ တိုက်ခိုက်မှု(၂)

Vol. 17 Ch. 255

ချန်းလန်ကျွန်း၏ အနီးအနားတွင် အရသာကောင်းမွန်ကာ အဆင့်နိမ့် သိုင်းသမားများအတွက် သက်ဆိုင်ရာ အကျိုးပြုမှုတို့ကို ပေးစွမ်းနိုင်သည့် ငါးတစ်မျိုးလည်း ရှိ၏။ ချန်းလန်ကျွန်း၏ ထိုအထူးထုတ်ကုန် နှစ်ခုတည်းနှင့်ပင်လျှင် ကျွန်းအတွက် ချမ်းသာကြွယ်ဝမှု ပမာဏတစ်ခုကို ထောက်ပံ့ပေးနိုင်၏။

"ဒီကျွန်းက မဆိုးဘူး။ ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုပဲ.."

ရွှီယန်က အဝေးရှိ ချန်းလန်ကျွန်းကို ကြည့်ကာ ပတ်ဝန်းကျင်နှင့် မြေမျက်နှာသွင်ပြင်ကို စူးစမ်းရင်းက ကျေနပ်စွာ ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ တကယ့်ကို နေရာကောင်း တစ်ခုပဲ.."

ရှဲ့လင်ဖုန်းလည်း ခေါင်းငြိမ့်၏။

၃ယောက်သား ချန်းလန်ကျွန်း၏ အထက်ရှိ လေထဲသို့ ရောက်တော့မည့် အချိန်၌ ရွှီယန်က ရုတ်တရက် ရပ်တန့်သွားပြီး နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"အကိုရှဲ့... မင်းနဲ့ဟူရှန်းတို့ နောက်ကိုဆုတ်နှင့်ကြဦး.."

ရှဲ့လင်ဖုန်းက တုံ့ဆိုင်းသွား၏။ သို့ပေမယ့် မည်သည့်မေးခွန်းကိုမှ မေးမနေဘဲ ဟူရှန်းနှင့်အတူ ဆုတ်ခွာသွားသည်။

ရွှီယန်က ချန်းလန်ကျွန်း၏ အောက်သို့ ခံစားချက်မဲ့စွာဖြင့် ကြည့်ရင်းက အေးစက်စွာ ပြောသည်။

"ဘာတွေ ပုန်းနေတာလဲ.. ထွက်ခဲ့.."

ထိုကဲ့သို့ ပြောပြီးနောက် နောက်သို့ ဆုတ်ခွာသွားသည်။ ဤသည်မှာ ကျွန်းပေါ်တွင် ပုန်းအောင်းနေသည့် လူများကို ကြောက်ရွံ့၍ မဟုတ်ပေ။ တိုက်ပွဲဖြစ်ပွားပါက ကျွန်းအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

အထူးသဖြင့် စိတ်ဝိဉာဉ်အသီးများ ဖြစ်သည်။ အပင်တစ်ခုချင်းစီတိုင်း ပျက်စီးခြင်းက သိသာသည့် ဆုံးရှုံးမှုတစ်ခုကို ဖြစ်ပွားစေမှာပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်၌ ဤသည်မှာ သူ၏ ပိုင်နက်တစ်ခု ဖြစ်နေပြီးဖြစ်၏။

မိမိ၏ ပိုင်နက်အတွင်းတွင် တိုက်ခိုက်ခြင်းမှာ ဉာဏ်ရှိသော အလုပ် မဟုတ်ပေ။

ချန်းလန်ကျွန်းမှ ပုံရိပ်နှစ်ခုတို့ ပျံသန်းထွက်လာခဲ့သည်။

သူတို့သည် ဝတ်စုံနက်များကို ဝတ်ဆင်ထားပြီး ရင်ဘတ်များတွင် အစိမ်းရောင်သစ်ရွက်အား ထိုးထား၏။

ခေါင်းစွပ်များဖြင့် မျက်နှာကို ဖုံးကွယ်ထားကြသည်။ လက်ထဲတွင် ဓားကောက်များကို ကိုင်ဆောင်ထားပြီး အေးစက်သည့် အလင်းတို့ ထွက်ပေါ်နေ၏။

ထိုသူနှစ်ယောက်မှာ စစ်ဘုရင်အဆင့် သိုင်းသမားများ ဖြစ်ကြသည်။ ထို့အပြင် အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ စစ်ဘုရင်များ ဖြစ်ကြ၏။

"လာပြန်ပြီ... မျက်နှာမပြရဲတဲ့ ကောင်တွေ.."

တစ်ဖက်ရန်သူမှာ နှစ်ယောက် ဖြစ်နေပေမယ့်... အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များ ဖြစ်ပေမယ့် ရွှီယန်အနေနှင့် အနည်းငယ်မျှ ကြောက်ရွံခြင်း မရှိပါ။

ရှဲ့လင်းဖုန်း၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ ဤသည်မှာ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များ ဖြစ်လေသည်။ နှစ်ယောက်တောင် လာခဲ့၏။

ကြည့်လိုက်သည်နှင့် ရန်သူ၏ သတိကြီးမားမှုကို တွေ့မြင်နိုင်ပါသည်။ တစ်ယောက်တည်းနှင့်ဆိုပါက ရွှီယန်ကို ရင်ဆိုင်ရန် မလုံလောက်မည်အား စိုးရိမ်၍ ဖြစ်ပေလိမ့်မည်။

သူက မနေနိုင်ဘဲ ရွှီယန်အတွက် စိုးရိမ်သွား၏။ ရွှီယန်၏ ခွန်အားမှာ အမှန်တကယ်ကို သန်မာပါသည်။ သူ၏ တိုက်ခိုက်မှုကို သာမန် စစ်ဘုရင်များအနေနှင့် ခုခံရန် ခက်ခဲလှ၏။

သို့ပေမယ့် အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များမှာ သာမန်စစ်ဘုရင်များထက် များစွာပိုမို သန်မာလှသည်။ သူတို့သာ ရွှီယန်၏ တိုက်ခိုက်မှုကို ခုခံနိုင်ပါက ရွှီယန်အနေနှင့် သူတို့ကို အနိုင်ယူရန်မှာ လွယ်ကူမည် မဟုတ်တော့ပေ။

ထို့အပြင် တစ်ဖက်လူက နှစ်ယောက်ရှိ၏။ ဟူရှန်းနှင့်အတူ ဆုတ်ခွာရင်းမှ ရွှီယန်ဆီသို့ အသံလွှဲပြောင်းလိုက်သည်။

"ညီလေးရွှီ... မင်းကိုင်တွယ်နိုင်လား... အဆင်မပြေရင် အခု ဆုတ်ခွာကြတာပေါ့။ ပြီးမှ ကျန်းကျွင်းရာက စစ်ဘုရင်တစ်ယောက်ကို လွှတ်ပြီး ကူညီခိုင်းလိုက်မယ်.."

"အစ်ကိုရှဲ့ စိတ်မပူပါနဲ့... ဒီနှစ်ယောက်က ကျွန်တော့်ကို ပိုက်ဆံလာပေးတဲ့ အလှူရှင် နှစ်ယောက်လေးပါပဲ.."

ရွှီယန်က အသာပြန်ပြော၏။

ဝတ်စုံနက်နှင့် လူများသည် ပုံမှန်အားဖြင့် အလွန်ချမ်းသာကြသည်။ ဒီနှစ်ယောက်မှာ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များ ဖြစ်ကြရာ ပိုမိုကာပင် ချမ်းသာကြွယ်ဝမှာပါ။ သတ်ဖြတ်ခြင်းက အကျိုးအမြတ်များ ရရှိခြင်းကို ဆိုလို၏။

ရွှီယန်၏ နှလုံးသားထဲတွင် ပျော်ရွှင်စွာ ခံစားလိုက်ရသည်။

"ရွှီယန်... စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေက စိတ်ဝိဉာဉ်ဆေးပင်တွေကို ယူသွားတာကို ထားလိုက်ဦး။ မင်းကိုမေးမယ်.. စုလင်းရှုံ ဘယ်မှာလဲ.."

ဝတ်စုံနက်တစ်ယောက်က အေးစက်စွာပြော၏။

ရွှီယန်၏ အကြည့်က အေးစက်သွားသည်။

"သိချင်တာလား... ကောင်းပြီလေ... အဲ့ဒါဆိုရင် မင်းတို့အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ် မူတည်လိမ့်မယ်.."

"သူမ ဘယ်မှာလဲဆိုတာကို မင်းတကယ် သိတာလား.."

ဝတ်စုံနက်နှင့်လူ၏ အသံက သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နှက်နေ၏။

"ငါမင်းတို့ကို ပြောပြီးပြီ‌လေ...သိချင်တယ်ဆိုရင် မင်းတို့အိတ်ထဲက ပိုက်ဆံတွေ လုံလောက်လား ဆိုတာကို ငါ့ကိုပြဖို့ လိုအပ်တယ်လို့.. ထုတ်ပြပါဦး.."

ရွှီယန်က အပြုံးတစ်ခုဖြင့် ပြော၏။

သူသည် ပထမဆုံး တစ်ဖက်လူ၏ ပိုက်ဆံများကို လှည့်ဖျားယူမည်ဖြစ်သည်။ ထိုအခါမှသာ တိုက်ပွဲဖြစ်ပွားပါက မတော်တဆ ပျက်စီးမှုများ မဖြစ်စေမည် ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက် ဖြစ်ပါသည်။ သူ့အနေနှင့် ဂရုမစိုက် လုပ်လို့မရပေ။

ဝတ်စုံနက်နှင့် လူများ၏ အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့သည်။ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်၏ စွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို လှုံ့ဆော်ကာ သူတို့၏ ပတ်ဝန်းကျင်တွင် မုန်တိုင်းကဲ့သို့ လှိုင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။

ကြီးမားသည့် ဖိအားက နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားပြီး ကောင်းကင်၏ အငြိုးကဲ့သို့ ရှိနေ၏။

ရွှီယန်၏ ပုံစံက လေးနက်သွားသည်။ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များအနေနှင့် သူတို့၏ ခွန်အားက သာမန် စစ်ဘုရင်များထက် များစွာ ပိုမို ကြီးမားလှသည်။

သတ်ဖြတ်ခြင်းအရိုးသည် အမှန်တကယ်ကို စွမ်းအားကြီး၏။ သို့ပေမယ့် ဒီနှစ်ယောက်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေပါသေးသည်။

ထို့အပြင် ရှေ့ရှိ ဒီစစ်ဘုရင်နှစ်ယောက်တို့မှာ သိသာစွာပင် အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များ၌ ထိပ်တန်းအဆင့်တွင် ရှိ၏။

"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ထိန်းချုပ်ထားနိုင်သလိုမျိုး လှုံဆော်နိုင်ကြတယ်။ ဒါက ထုံးရွှမ်အဆင့်လောက် မကောင်းပေမယ့် သူတို့ရဲ့စွမ်းရည်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ ဆက်သွယ်နိုင်လုနီးပါး ဖြစ်နေပြီ။ လောကကြီးရဲ့ နက်နဲတဲ့ သဘောတရားတွေကို နားလည်လာနေပြီ.."

ထိုအချိန်၌ ရွှီယန်၏ မျက်လုံးများက လင်းလက်လာခဲ့၏။ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို လှုံဆော်ကာ မုန်တိုင်းကဲ့သို့ အရှိန်အဝါတို့ကို ဖန်တီးနေ၏။

ထိုမြင်ကွင်းကို ကြည့်ကာ ရွှီယန်၏ စိတ်ထဲ၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်နှင့် သဟဇာတဖြစ်ကာ ဆက်သွယ်နိုင်သည့် ထုံးရွှမ်အဆင့်၏ လျှို့ဝှက်နက်နည်းသည့် စွမ်းအားအတွက် စိတ်ကူးတစ်ခု ရလာခဲ့သည်။

ဒီအချိန်၌ သူ၏ ထုံးရွှမ်အဆင့်အပေါ် လေ့လာမှုက သိသာသည့် တိုးတက်မှုတို့ ရလာခဲ့၏။ ရွှီယန်သည် ထုံးရွှမ်အဆင့်၏ ကျင့်စဉ်ကို ပြည့်စုံစွာ နားလည်သဘောပေါက်လုနီးပါး ဖြစ်လာသည်ဟု ခံစားရသည်။

ယခုအချိန်၌ သူ့အနေနှင့် လိုအပ်နေသည်မှာ စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားကာ ခဏတာ သုံးသပ်မှုပြုရန်သာ ရှိ၏။ ထိုအခါ ထုံးရွှမ်အဆင့်၏ အံ့ဖွယ်များကို နားလည်နိုင်မှာ ဖြစ်သည်။

ရှေ့ရှိ အကြီးစာကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်နှင့် တိုက်ခိုက်ပြီးပါက သူ၏ ရရှိမှုများမှာ သေချာပေါက် နည်းပါးမည် မဟုတ်ပါ။

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လေမုန်တိုင်းနှစ်ခုတို့ သက်ဆင်းလာသည်နှယ် ရှိ၏။ သူတို့၏ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။

မြစ်ပေါ်ရှိ သိုင်းသမားများအားလုံး ၎င်းကိုတွေ့ရပြီး ထိတ်လန့်သွားကြ၏။

"စစ်ဘုရင်အဆင့် သိုင်းသမားတွေလား.."

အနီးအနားရှိ သိုင်းသခင်အဆင့် သိုင်းသမားများမှာ ပိုမိုကာပင် ထိတ်လန့်သွားကြသည်။

သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို လှုံ့ဆော်ကာ မုန်တိုင်းကဲ့သို့ ဖန်တီးနိုင်သည့် ဒီလူများမှာ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များသာ ဖြစ်မှာပါ။ ထို့အပြင် တစ်ယောက်ထက်မက ရှိနေ၏။

ဖြစ်နိုင်သည်မှာ ဒီလားရာက ချန်းလန်ကျွန်းတွင် ဖြစ်ပေါ်နေသည်လား။

သူတို့သည် ပြီးခဲ့သည့် ချန်းလန်ကျွန်းသခင် ယင်ဟုန်၏ ခုနှစ်စင်ကြယ်အကယ်ဒမီ၌ အသတ်ခံရကာ ရွှီယန်ဆီသို့ ကျွန်းအား ဆုံးရှုံးခဲ့ပုံကို ကြားသိပြီး ဖြစ်သည်။

မည်သည့် စစ်ဘုရင်များက ရွှီယန်ကို ပစ်မှတ်ထားနေသနည်း။ မည်သူမှ ချဉ်းကပ်ရဲခြင်း မရှိပေ။ သူတို့သည် အဝေးမှသာ စူးစမ်းကြ၏။

"ရွှီယန်... မင်းက ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မယ်။ ဒါပေမယ့် မသေချင်ဘူးဆိုရင် သူမရဲ့ တည်နေရာကို ငါတို့ကိုပြော။ မဟုတ်ရင်တော့ မင်းသေချာပေါက် သေရလိမ့်မယ်.."

ဝတ်စုံနက်နှစ်ယောက်တို့ဟာ ဘယ်ညာနှစ်ဖက် ခွဲလိုက်ကြပြီး ဝိုင်းဝန်းတိုက်ခိုက်ဖို့ ပြင်ကြသည်။

"ငါ့ဆီကနေ ဘာသတင်းမှ ဒီအတိုင်း ရနိုင်မယ် မထင်နဲ့။ အဖြေကို လိုချင်ရင် ပိုက်ဆံကိုထုတ်ပေး.."

"မဟုတ်ရင်တော့ မေ့လိုက်တော့... မင်းတို့နှစ်ယောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား.."

ရွှီယန်က နှာခေါင်းရှုံ့၏။

သူ၏ပုံရိပ်က ရိပ်ခနဲဖြစ်သွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် ၁၀မိုင်ကျော် အကွာသို့ ရောက်ရှိနေပြီး ဖြစ်၏။ ထို့နောက် ဝတ်စုံနက်များက သူ့ဆီသို့ လိုက်လံမှု မပြုရသေးခင် မူလနေရာဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

"ကောင်းကင်လျှပ်စီးအလင်း..."

အမြန်နှုန်းက စိတ်ကူးလို့ရနိုင်သည့်အရာ မဟုတ်ပေ။ ဝတ်စုံနက်များ၏ မျက်လုံးများက မနေနိုင်ဘဲ စူးစိုက်သွားကြသည်။ ရွှီယန်သာ ထွက်ပြေးချင်ပါက သူတို့အနေနှင့် လိုက်လံဖမ်းဆီးရန် ခက်ခဲလှမှာပါ။

"ငါမင်းတို့ကို ပြောပြီးပြီ... ပိုက်ဆံကိုပေး။ အဲ့ဒါဆိုရင် ငါတို့တွေ စကားဆက်ပြောလို့ရမယ်.."

ရွှီယန်က စိတ်အားထက်သန်စွာ ပြောသည်။

"ရွှီယန်... မင်းရဲ့စကားကိုသာ ရုတ်သိမ်းရင် အတွင်းဘက်နယ်မြေမှာ မင်းအတွက် နေစရာနေရာ မရှိဖြစ်စေရမယ်.."

ဝတ်စုံနက်က နောက်ဆုံးတွင် ခြေတစ်လှမ်း ဆုတ်ပေး၏။ စုလင်းရှုံ၏ တည်နေရာကို သိရန်မှာ အရေးကြီးလှသည်။ သူမ၏ နေရာကိုသာ သိပါက ကျန်အရာအားလုံးတို့ကို ဘေးဖယ်ထားနိုင်၏။

"စိတ်မပူပါနဲ့... ငါရွှီယန်ရဲ့ ဂုဏ်သတင်းက အနှိုင်းမဲ့တယ်။ မင်းတို့တွေ ယုံကြည်လို့ရတယ်.."

ရွှီယန်က ရင်ဘတ်ကိုပုတ်၏။ သူက ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'မင်းတို့နှစ်ယောက်ကိုသာ ငါသတ်လိုက်ရင် စကားမတည်တာကို ဘယ်သူသိတော့မှာလဲ။ ဘယ်သူမှ မသိရင် ငါ့ရဲ့ဂုဏ်သတင်းက အကောင်းပကတိအတိုင်းပဲ ရှိနေမှာ..'

"ဒီမှာ.."

ဝတ်စုံနက် နှစ်ယောက်တို့က ပိုက်ဆံအိတ်များကို ထုတ်ကာ ရွှီယန်ဆီသို့ ပစ်ပေးလိုက်သည်။ လက်ထဲတွင် ဓားကောက်များကို ကိုက်ထားပြီး အေးစက်သည့် အလင်းရောင်အား ထုတ်လွှတ်နေ၏။

ပိုက်ဆံအိတ်အား ဖမ်းစဉ်တွင် အခွင့်အရေးယူနိုင်မလားလို့ တွက်ဆထားသည့်ပုံ ရှိသည်။

သို့ရာတွင် ရွှီယန်က လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် သေးငယ်သည့် ရွှေရောင်နဂါးတစ်ကောင် ပျံသန်းထွက်လာပြီး ပိုက်ဆံအိတ်နှစ်ခုကို ရစ်ပတ်သွား၏။

သူ၏သတိကို အနည်းငယ်မျှပင် လျော့ပါးသွားစေခြင်းမရှိဘဲ ရန်သူနှစ်ယောက်ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား ရှာမတွေ့နိုင်အောင် ဖြစ်စေသည်။

ရွှီယန်သည် စိတ်လှုပ်ရှားလာခဲ့၏။ ပိုက်ဆံအိတ်ကို ရသည်နှင့် ဖွင့်ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်။

"မင်းတို့ ဆင်းရဲတဲ့ ခွေးကောင်တွေ။ ဂုဏ်သတင်းကြီးမားတဲ့ စစ်ဘုရင်တွေဖြစ်ပြီး စိတ်ဝိဉာဉ်ပုံဆောင်ခဲဲ ဒီလောက်လေးပဲ ရှိတာလား။ ပြီးတော့ ဒီအမှိုက်ဆေးလုံးတွေက... ဘယ်လိုအသုံးမဝင်တဲ့ ဟာမျိုးလဲ။ ဘယ်သူက လိုချင်မှာလဲ.."

"အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် နှစ်ခုထဲလား... မင်းတို့ စစ်ဘုရင်တွေဖြစ်ရတာ ထိုက်တန်ရဲ့လား... ငါရွှီယန်ပေးမယ့် သတင်းအချက်လက်က ဒီလောက် တန်ဖိုးမဲ့တာလား.."

"မင်းတို့က ငါ့ကို စော်ကားနေတာပဲ.."

ဤသည်မှာ စစ်ဘုရင်နှစ်ယောက် ဖြစ်လေသည်။ သို့ပေမယ့် သူတို့ပိုင်ဆိုင်ထားသည့် အရာအားလုံးမှာ စိတ်ဝိဉာဉ်စာရွက် အနည်းငယ်သာရှိပြီး ရေးတွက်ကြည့်ပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကျော်ထက် မပိုပေ။

ဆေးပုလင်းနှစ်ခုမှာတော့ ရွှီယန်အနေနှင့် ၎င်းတို့ကိုဂရုစိုက်ခြင်း မရှိပေ။ ဤသည်မှာ အမှိုက်များ ဖြစ်၏။

ထိုအပြင် စိတ်ဝိဉာဉ်ဆေးပင်မှာ အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်၂ပင်သာ ရှိပါသည်။ မျှော်လင့်ချက် ပိုမိုကြီးမားလေလေ စိတ်ပျက်မှုက ပိုမိုကြီးမားလေ ဖြစ်၏။

ဝတ်စုံနက် နှစ်ယောက်တို့မှာ ခဏတာမှင်သက်သွားကြသည်။ ထို့နောက် ဒေါသဖြင့် တုန်ရီလာကြ၏။ သူတို့၏ ပတ်ဝန်းကျင်ရှိ မုန်တိုင်းက ပိုမိုကာ ပြင်းထန်လာပြီး အထိန်းအချုပ်ကင်းမဲ့မည့် လက္ခဏာရပ်တို့ ပြသလာခဲ့သည်။

ပင်လယ်ပေါ်တွင် ကြီးမားသည့် ရေလှိုင်းများ ဗလောင်ဆူကာ ထကြွလာကြသည်။ သူတို့သည် အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်ဖြစ်ကြ၏။ ထိုကဲ့သို့သော ဂုဏ်သိက္ခာကြီးမားမှုနှင့် စိတ်ဝိဉာဉ်လက်မှတ်များကို အများအပြား သယ်ဆောင်ထားရန် မလိုပါ။

အရေးပေါ်အတွက် ဒဏ်ရာကုသခြင်း ဆေးအချို့နှင့် စိတ်ဝိဉာဉ်ဆေးပင် အနည်းငယ်သာ ပါလာ၏။ သူတို့၏ ခွန်အားနှင့် မည်သည့် ထန်းပေါင်စံအိမ်၌မဆို လိုအပ်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲတို့ကို လဲလှယ်နိုင်၏။

စိတ်ဝိဉာဉ်စာရွက် အများအပြားကို အဘယ်ကြောင့် သယ်ဆောင်ရန် လိုအပ်နေ၏။ ဤသည်မှာ စစ်ဘုရင်များနှင့်အထက်ရှိ သိုင်းသမားများ၏ အထူးခံစားခွင့်ဖြစ်သည်။ သို့ပေမယ့် ရှေ့ရှိ လူငယ်ကတော့ သူတို့ကိုစော်ကားရဲ၏။

"မင်းက သေသင့်တယ်.."

"ဘုန်း.."

မုန်တိုင်းက ဖြတ်သန်းလာပြီး ပုံရိပ်နှစ်ခုတို့က ကြီးမားသည့် စွမ်းအားနှင့် ဘယ်နှင့်ညာမှ တိုက်ခိုက်ကြသည်။

ပင်လယ်၌ လှိုင်းကြီးများ ထွက်ပေါ်လာကာ ကြီးမားသည့် စွမ်းအားက သက်ဆင်းလာခဲ့၏။

မုန်တိုင်းအတွင်းတွင် ထက်မြသည့် ဓားကောက်နှစ်ခုက အေးစက်စွာ လင်းလက်လာပြီး လှိုင်းများအကြားမှ ထွက်ပေါ်လာခဲ့သည်။ စစ်ဘုရင်နှစ်ယောက် တစ်ပြိုင်နက် တိုက်ခိုက်ချိန်တွင် ကမ္ဘာပြိုမတက် ဖြစ်ပွားစေခဲ့၏။

နဂါးဟိန်းသံတစ်ခု ပဲ့တင်ထက်လာခဲ့သည်။ ရွှေရောင်နဂါးကြီး ၁၈ကောင်တို့ ထွက်ပေါ်လာကာ လှိုင်းလုံးများ အကြားသို့ ဝင်ရောက်ပြီး ရွှေနဂါးများက ရေကိုထိန်းချုပ်ကာ လှိုင်းတို့၏ ဒေါသကို ဖြေဖျောက်ပေးနေဟန် ရှိသည်။

ဓားအလင်းက တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာပြီး တောင်နှင့်မြစ်တို့ သက်ဆင်းသည့် မြင်ကွင်းနှင့် နဂါးဟိန်းသံက ထွက်ပေါ်လာ၏။

"နဂါးဟိန်းခြင်း တောင်နှင့်မြစ်.."

ရွှီယန်က အလွန်လေးနက်နေပါသည်။ ဒီဆင်းရဲသည့် စစ်ဘုရင်နှစ်ယောက်ဆီမှ ပိုက်ဆံအိတ်များကို ရရှိပြီးဖြစ်ရာ သူ့အနေနှင့် လက်တုံ့နေစရာ မရှိတော့ပေ။

ပထမဆုံး တိုက်ခိုက်မှု၌ပင်လျှင် အားကုန်ကို အသုံးပြုထား၏။ တစ်ယောက်နှင့် နှစ်ယောက်၏ တိုက်ပွဲက စတင်ခဲ့သည်။

All Chapters