← Chapters

မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းဆီ စာရေးနေတာလား

Vol. 54 Ch. 796

မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းဆီ စာရေးနေတာလား

Vol. 54 Ch. 796

လုချန်းသည် သူ၏စုတ်တံကို မြှောက်လိုက်ပြီး ဖြူဖွေးချောမွတ်သော အသားအရေပေါ်တွင် ညင်သာစွာ ရေးခြယ်လိုက်သည်။ လက်ရှိတွင် သူ၏မျက်နှာထားသည် အလွန်လေးနက်နေသည်။ စာရေးသည့်အလုပ်တွင် အာရုံအားလုံးကို အပြည့်အဝ စိုက်ထားပုံရသည်။

မုယုံရွှီ၏ အသက်ရှူသံများ မြန်ဆန်လာပြီးမျက်လုံးများက မှုန်ဝါးနေသည်။ အချိန်အတော်ကြာပြီးနောက်

“မင်းကြီး ဒီနေ့ ကျွန်မဆီ လာတာ အကြောင်းကိစ္စတစ်ခုခု ရှိလို့လား။”

လုချန်းသည် ဆက်လက်ရေးဆွဲရင်း “အကြောင်းကိစ္စ ရှိတာပေါ့။ အဲဒါက အခု ကိုယ်တို့လုပ်နေတဲ့ အရာပဲ။”

ထိုစကားကိုကြားသောအခါ မုယုံရွှီလည်း သူ၏လက်ရေးလှပန်းချီကို အာရုံစိုက်နေသော လုချန်းကို စိုက်ကြည့်လိုက်သည်။ လုချန်းသည် ရံဖန်ရံခါသူမဆီ ပျော်ပါးရန်လာတတ်သော်လည်း ယနေ့သူ၏ လာရောက်ခြင်းက ပျော်ရွှင်မှုအတွက် သက်သက်ဟု သူမ မယုံကြည်ပေ။

ခဏအကြာတွင် လုချန်းက

“ကျူးနိုင်ငံတော်က မင်းကို ရှနိုင်ငံတော်ရဲ့ သံတမန်အဖြစ်ကနေ ရာထူး ရပ်စဲလိုက်ပြီး အခြေအနေ အစီရင်ခံစာတင်ဖို့ ပြန်ခိုင်းတယ်လို့ ကိုယ်ကြားတယ်။”

ထိုစကားကို ကြားသောအခါ မုယုံရွှီက “မင်းကြီးက တကယ်ပဲ သတင်းအချက်အလက်‌တွေ ကောင်းကောင်းရနိုင်တာပဲ။ ကျွန်မ ဒီသတင်းကို မင်းကြီးကို ပြောပြဖို့တောင် အခွင့်အရေး မရသေးခင်မှာ သိပြီးနေပြီ။”

မုယုံရွှီ ထင်ထားသည့်အတိုင်းပင် သူ ဤအကြောင်းကြောင့် ယနေ့ လာခဲ့ခြင်းဖြစ်သည်။

မုယုံရွှီ ဆက်လက်၍

“အခု ကျွန်မက ကျူးနိုင်ငံတော်ရဲ့ သံတမန် မဟုတ်တော့ဘူး။ ကျူးနိုင်ငံတော်ကို ဘာသတင်းမှားမှ ပေးပို့နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မက မင်းကြီးအတွက် အသုံးမဝင်တော့ဘူး။ ကျွန်မကို စွန့်ပစ်ဖို့ စီစဉ်နေတာလား။”

မုယုံရွှီ ပြောသည့်လေသံက အလွန်တည်ငြိမ်နေသည်။ လုချန်း၏ စွန့်ပစ်မှုကို အစောကတည်းက ကြိုတင်ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

မုယုံရွှီ၏ စကားကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး

“ကိုယ်နဲ့ ဒီလောက် အတူရှိနေပြီးရင်တော့ ကိုယ် အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ မင်းသိမှာပါ။”

“နောက်ပြီး မင်းက ကိုယ့်အတွက် အသုံးမဝင်တာ မဟုတ်ပါဘူး။”

ပြောနေစဉ်ပင် လုချန်းက သူ့လက်ထဲရှိ စုတ်တံကို ဘေးဖယ်လိုက်သည်။ ထို့နောက် သူ၏ခါးကို အနည်းငယ် လှည့်လိုက်သည်။ မုယုံရွှီလည်း ခပ်တိုးတိုး ညည်းတွားလိုက်သည်။

လုချန်း လက်မြှောက်လိုက်သည်နှင့် မုယုံရွှီ၏ အခန်းရှိ စင်ပေါ်မှ အနီရောင်ဆေးဘူးတစ်ဘူး သူမ၏ ဘေးသို့ ပျံသန်းလာသည်။ လက်တစ်ဖက်ဖြင့် မုယုံရွှီ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ ကျိန်စာပုံစံကို ညင်သာစွာ ပွတ်သပ်ရင်း

“ဒီကျိန်စာပုံစံဟာ အလုပ်လုပ်တဲ့အပြင် တကယ်တော့ အတော်လေး လှတယ်။”

လုချန်း၏ နွေးထွေးသော လက်ကို ခံစားလိုက်ရသောအခါ မုယုံရွှီ၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ လုချန်းက စုတ်တံကို ယူလိုက်ပြီး အနီရောင်ဆေးတွင် နှစ်လိုက်သည်။ ထို့နောက် မုယုံရွှီ၏ ဝမ်းဗိုက်ပေါ်ရှိ ကျိန်စာပန်းချီ၏ အရောင်မှိန်နေသော နေရာများကို ဖြည့်စွက်ပေးလိုက်သည်။

ခဏအကြာတွင် လုချန်းက ထပ်ပြောလိုက်သည်။

“မင်း ကိုယ်ရဲ့ အမျိုးသမီး ဖြစ်လာတုန်းကကိုယ် မင်းကို ရှင်းရှင်းပြောခဲ့တယ်။ ကိုယ့်အတွက် မင်းရဲ့ အကြီးမားဆုံး အသုံးဝင်မှုက ကိုယ့်ရဲ့အမျိုးသမီးဖြစ်ဖို့။ ကိုယ့်ရင်သွေးတွေကို မွေးပေးဖို့ပဲ။ ကျူးနိုင်ငံတော်ကို သတင်းမှားတွေ ပေးပို့တာက ကိုယ့်အတွက် သိပ်အရေးမကြီးပါဘူး။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ အနည်းငယ် အံ့အားသင့်သွားသည်။ လုချန်း ထိုစကားများ ပြောခဲ့ဖူးသည်မှာ မှန်ပါသည်။ သို့သော် ထိုအချိန်က ယောက်ျားတစ်ယောက်၏ ချစ်စကားအဖြစ်သာ သူမ ပေါ့ပေါ့တန်တန် သဘောထားခဲ့သည်။

လုချန်း ဆက်ပြောလိုက်သည်။

“ကိုယ်က မင်းရဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားတယ်ဆိုတာ မင်း ကောင်းကောင်းသိမယ်လို့ ယုံကြည်တယ်။”

ဤစကားကို ကြားသောအခါ မုယုံရွှီ နှာခေါင်းရှုံ့လိုက်ပြီး

“မင်းကြီးက တကယ်ပဲ မရှက်တတ်ဘူးနော်။”

လုချန်းက ပြုံးပြီး

“ဘာလို့ ဖုံးကွယ်နေရမှာလဲ။ ကာမအာသီသဟာ သဘာဝအလျောက်ဖြစ်တဲ့အရာပါပဲ။”

“မင်းအနေနှင့် ရှနိုင်ငံတော်မှာ လုံခြုံမှုမရှိဘူးလို့ ခံစားရရင် ကိုယ့်အတွက် ကလေးနှစ်ယောက် သုံးယောက်လောက် မြန်မြန်မွေးပေးလိုက်ပါ။ မိဖုရားဆောင်ထဲမှာ အစက လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့ အမျိုးသမီးတွေ အတော်များများ ရှိပါတယ်။ ဒါပေမဲ့ ကလေးတွေ ရပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ အခြေကျသွားကြတယ်။”

သူ၏အမျိုးသမီးများကြားတွင် ကလေးများကို တန်ဖိုးထားသည့် ဤအတွေးအခေါ်သည် အတော်လေး ခေတ်နောက်ကျသည်ဟု လုချန်း အစက ထင်ခဲ့သည်။ သို့သော် ထပ်မံစဉ်းစားသောအခါ ကလေးများ မွေးဖွားခြင်းက သူတို့ကို လုံခြုံမှုပေးနိုင်ပါက ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစေသည့် နည်းလမ်းတစ်ခုအနေဖြင့် သိပ်မဆိုးဟု တွေးမိသည်။

တဖြည်းဖြည်းနှင့် ဤအတွေးအခေါ်ကို မမှန်ကန်ဟု လုချန်း မယူဆတော့ပေ။

လုချန်း၏ စကားများကို ကြားသောအခါ မုယုံရွှီ အသက်ပြင်းပြင်း ရှူလိုက်ကာ စိတ်ငြိမ်အောင် ထိန်းထားရင်း

“ မင်းကြီးမှာ မျိုးဆက်ပြန့်ပွားရေးနဲ့ပတ်သက်တဲ့ အတွေးအမြဲရှိတယ်လို့ ဝူမင်းသမီးက ပြောတယ်။”

လုချန်း ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောတော့ပဲ သူ၏ပန်းချီကို ဆက်လက်ဆွဲနေခဲ့သည်။

ပန်းချီပြီးသွားသောအခါ သူ့တွင် အရေးကြီးကိစ္စများ လုပ်စရာ ရှိနေသေးသည်။

…….

အချိန်မည်မျှကြာသွားသည်ကို မသိလိုက်ပေ။

မုယုံရွှီ၏ အိပ်ဆောင်အပြင်ဘက်။

ဝူကျန်းဝမ်သည် အဆောင်ငယ်ထဲတွင် ထိုင်ပြီး လက်ဖက်ရည် သောက်နေသည်။ အိပ်ခန်းထဲမှ အသံသဲ့သဲ့ကို ကြားသောအခါ သူမ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

တကယ့် ဧကရာဇ်ကောင်းတစ်ပါးပဲ။ နေ့ခင်းကြောင်တောင်မှာ တာဝန်တွေ လစ်လျူရှုပြီး အမျိုးသမီးတစ်ဦးရဲ့ အိပ်ဆောင်ထဲမှာ အပျော်အပါးလိုက်စားနေတာ။ ဘယ်လောက် အသုံးမကျတဲ့ အုပ်ချုပ်သူလဲ။

သူသာ ကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းနိုင်ခဲ့လျှင်တောင် ကြာကြာမခံပဲ ရှနိုင်ငံတော် ပျက်စီးသွားလိမ့်မည်ဟု သူမ စိုးရိမ်နေခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးကိုယ်ရံတော်တစ်ဦး ခြံဝင်းထဲသို့ ဝင်လာပြီး ဝူကျန်းဝမ်ကို

“ဝူသခင်မ။ ကျူးနိုင်ငံတော်က စာတစ်စောင်ပါ။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်သည် သူမ၏လက်ကို ချက်ချင်း မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် ကိုယ်ရံတော်၏ လက်ထဲရှိ စာသည် သူမ၏လက်ထဲသို့ ပျံသန်းလာသည်။ ထို့နောက် စာကိုဖွင့်ပြီး အကြောင်းအရာများကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။

ထို့နောက် သူမ၏ အစေခံကို

“သွား။ ကလောင်တံနဲ့ စာရွက်ယူခဲ့။”

ယွဲ့ဧကရာဇ်၏ စာကို ဖတ်ပြီးနောက် ဧကရီကို အမှန်အတိုင်း ပြောရန် အချိန်တန်ပြီဟု ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ ဧကရီ၏စာကို ကြည့်ခြင်းဖြင့် သူမ လုချန်း၏ အမျိုးသမီး ဖြစ်သွားသည်ကို ဧကရီက မယုံကြည်ကြောင်းကို ဝူကျန်းဝမ် ရိပ်စားမိသည်။ အခြားသော လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုခုကို လုပ်ဆောင်ရန် လုချန်း၏ဘေးတွင် ဟန်ဆောင်နေသည်ဟုသာ သံသယရှိနေသည်။

ဧကရီကို ဤသို့သော အထင်အမြင်လွဲမှားမှု ဆက်ဖြစ်နေစေပါက လုချန်းအပေါ် သူမ၏ မုန်းတီးမှု လျော့ကျမည် မဟုတ်ပေ။

လုချန်းနှင့် ဧကရီတို့ကြား အသေအ‌ကြေ တိုက်ပွဲ ဖြစ်ပွားသည်ကို ဝူကျန်းဝမ် မမြင်ချင်ပေ။ ထို့ကြောင့် သူမ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်လာမည့် အခြေအနေက လုချန်းနှင့် ဆက်စပ်နေကြောင်း ဧကရီကို အသိပေးရန် စဉ်းစားလိုက်သည်။ ထိုအချက်က လုချန်းအပေါ် ဧကရီ၏ မုန်းတီးမှုကို အနည်းငယ် လျော့ကျစေမည်ဖြစ်သည်။

ဝူကျန်းဝမ် စာရေးနေစဉ် မုယုံရွှီ၏ အခန်းထဲမှ ဆူညံသံက ပို၍ကျယ်လာသည်။ ထိုဆူညံသံက ဝူကျန်းဝမ်၏ အာရုံကို နှောင့်ယှက်လာသည်။

ဝူကျန်းဝမ်က

“တကယ်ကို ရွံစရာကောင်းတဲ့ စုံတွဲပဲ”

ဟု အေးစက်စွာ ကျိန်ဆဲလိုက်သည်။

ထို့နောက် ဝူကျန်းဝမ်လည်း သူမ၏နားများကို အတွင်းအားဖြင့် ပိတ်လိုက်သည်။ ဤနည်းဖြင့်သာ သူမ အာရုံစိုက်နိုင်တော့မည်။

…..

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် လုချန်း မုယုံရွှီ၏ အခန်းမှ ထွက်လာသည်။ အဆောင်ငယ်ထဲတွင် ထိုင်နေသော ဝူကျန်းဝမ်ကို မြင်သောအခါ သူမ၏နောက်မှ ချက်ချင်း ချဉ်းကပ်လိုက်သည်။

ထိုလူယုတ်မာ ထွက်လာပြီဖြစ်ကြောင်း သိလိုက်သည်နှင့် ဝူကျန်းဝမ်လည်း သူမ၏ နားများကို ပြန်ဖွင့်လိုက်သည်။ ထို့နောက် ပုံမှန်လေသံဖြင့်

“မင်းကြီးက ကမ္ဘာကို ပေါင်းစည်းမယ်ဆို။ တစ်နေ့တာလုံး အမျိုးသမီးတွေနဲ့ အိပ်စက်လဲလျောင်းနေရုံနဲ့ အဲဒီကိစ္စ အောင်မြင်မယ်လို့ တကယ်ထင်နေတာလား။”

ထိုစကားကို ကြားသောအခါ လုချန်း ဒေါသမထွက်ပေ။ ထိုအစား သူမကို မြှောက်လိုက်ပြီး သူ၏ပေါင်ပေါ်တွင် တင်လိုက်သည်။

“ကိုယ်က နိုင်ငံကိုရော အလှအပတွေကိုရော ချစ်တယ်။”

“လူတွေက စက်ယန္တရားတွေ မဟုတ်ပါဘူး။ အလုပ်လုပ်ပြီးတဲ့အခါ နားဖို့ လိုတာ သဘာဝပါပဲ။”

ထိုသို့ပြောရင်း လုချန်းက ကျောက်စားပွဲပေါ်တွင် ဝူကျန်းဝမ် ရေးနေသောစာကို လှမ်းကြည့်လိုက်သည်။

“မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းဆီ စာရေးနေတာလား။”

“မင်းတို့နှစ်ယောက် အချိန်အတော်ကြာကတည်းက စိတ်ဆိုးနေကြပြီလို့ ထင်နေခဲ့တာ။”

ဝူကျန်းဝမ်က

“ကျွန်မတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အဲ့ဒီလောက် အလွယ်တကူ မပြတ်နိုင်ဘူး။”

သူတို့သည် မြူခိုးဒေသသို့ အတူတူ ဝင်ခဲ့ကြသည်။ အသက် ဘေးအန္တရာယ်ပေါင်းများစွာကို အတူတူရင်ဆိုင်ခဲ့ပြီး တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ကာ အသက်ရှင်လာနိုင်ခဲ့ကြပြီး နောက်ဆုံးတွင် ဤ‌ဒေသသို့ ပြန်လာခဲ့ကြသည်။

ယောက်ျားတစ်ယောက်အတွက် သူတို့ လုံးဝ မပြတ်နိုင်ကြပါ။

နောက်ဆုံး ယွဲ့ဧကရာဇ်က လုချန်းကို လုံးဝလက်မခံလျှင်ပင် ဝူကျန်းဝမ် သူမနှင့် ဆက်ဆံရေးကို ဖြတ်မည်မဟုတ်ပေ။

…………

All Chapters