← Chapters

ကိုယ်လည်း သူ့ဆီ စာတစ်စောင် ရေးလိုက်မယ်

Vol. 54 Ch. 797

ကိုယ်လည်း သူ့ဆီ စာတစ်စောင် ရေးလိုက်မယ်

Vol. 54 Ch. 797

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ နားနားသို့ ကပ်ကာ

“မင်းတို့နှစ်ယောက်က တကယ်ကို ရင်းနှီးတာပဲ”

ဟု တိုးတိုးလေး ပြောကြားလိုက်သည်။

ဤအချိန်တွင် လုချန်း တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး

“ဒီလိုလုပ်ကြတာပေါ့။ ကိုယ်လည်း သူ့ဆီ စာတစ်စောင် ရေးလိုက်မယ်။ မင်းက မင်းရဲ့လူတွေနဲ့ သူ့ဆီကို ပို့ခိုင်းလိုက်ပေါ့။”

ဝူကျန်းဝမ်၏ မျက်ခုံးများ တွန့်သွားသည်။

“ရှင်က ဘာတွေရေးမှာလဲ”

“လက်နက်ချခိုင်းဖို့တော့ မစဉ်းစားနဲ့နော်”

“သူက အလွယ်တကူ လက်နက်ချမယ့် မိန်းမ မဟုတ်ဘူး။”

ယွဲ့ဧကရာဇ် ကျူးနိုင်ငံတော်တွင် ခိုင်မာသော အခြေခံကို တည်ဆောက်နိုင်ခဲ့ခြင်းမှာ သူမသည် သာမန်မိန်းမတစ်ဦး မဟုတ်သောကြောင့်ဖြစ်သည်။ သူမ၏ စိတ်နေသဘောထားသည် အမျိုးသားအများစုထက်ပင် ပိုမိုခိုင်မာသည်။

လုချန်းက ပြုံးလျက်

“ကိုယ် အဲဒီလောက် မအပါဘူး”

“ကိုယ့်စာရဲ့ အဓိကရည်ရွယ်ချက်က သူ့ကို ကိုယ့်အကြောင်း အကြမ်းဖျင်းသိအောင် လုပ်ဖို့ပဲ။”

ဝူကျန်းဝမ်က လုချန်းကို သိုင်းဖက်ထားရာမှ အနည်းငယ်လှည့်ကြည့်လိုက်ကာ

“ရှင့်အကြောင်းလား။”

“ဘာတွေကို သိအောင်လုပ်မှာလဲ။”

“ရှင်က ကာမလိုက်စားတဲ့ လူစားမျိုးဆိုတာကိုလား။”

ဤကာမလိုက်စားသော လူဆိုးက သူမကို မကြာခဏ အနိုင်ကျင့်ပြီး အရှက်ရစေသည်ကို ယွဲ့ဧကရာဇ် သိသွားပါက လုချန်းအပေါ် သူမ၏အမြင်က ပို၍ပင် ဆိုးရွားသွားနိုင်ပြီး သူ့ကို ပို၍ပင် မုန်းတီးသွားနိုင်ကြောင်း ဝူကျန်းဝမ် စိတ်ထဲတွင် တွေးလိုက်မိသည်။

ထိပ်တိုက်တွေ့ကြပါက ယွဲ့ဧကရာဇ်က ထိုလူယုတ်မာကို အသတ်စွန့်ပြီး သတ်ရန်ပင်ကြိုးစားကောင်း ကြိုးစားနိုင်သည်။

ယွဲ့ဧကရာဇ်ကို ရန်စမည့် စာတစ်စောင်ကို သူမ မရေးစေလိုပေ။

လုချန်းက ဝူကျန်းဝမ်၏ အတွေးများကို ရိပ်မိသွားပြီး

“စိတ်မပူပါနဲ့။ ကိုယ်ကသူ့ကို ရန်စမယ့် သဘောရေးမှာ မဟုတ်ပါဘူး။”

ဝူကျန်းဝမ်က

“ရှင်ရေးပြီးရင်တော့ ကျွန်မကို ပြပါ။”

လုချန်းက

“ရေးပြီးတဲ့အထိ စောင့်စရာမလိုဘူး။ ရေးနေတာကို မင်း ကြည့်နိုင်တယ်။”

ထို့နောက် လုချန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ မုယုံရွှီ၏ အခန်းမှ ကလောင်တံ တစ်ချောင်းသည် ပျံထွက်လာပြီး သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် လုချန်းက သူ၏ လက်များကို ဝူကျန်းဝမ်၏ လက်မောင်းအောက်မှ သိုင်းလိုက်ပြီး ကျောက်စားပွဲပေါ်တွင် စာစတင်ရေးသားလိုက်သည်။

ဤအနေအထားဖြင့် စာရေးရန် အနည်းငယ် အဆင်မပြေပေ။ သို့သော် ဤနည်းဖြင့် သူ ရေးနေသည့်အရာများကို ဝူကျန်းဝမ် အတိအကျ မြင်နိုင်မည်ဖြစ်သည်။

ဝူကျန်းဝမ်သည် သူမ၏ ခါးအနီးတစ်ဝိုက်တွင် အနည်းငယ် မသက်မသာ ခံစားရသော်လည်း ဘာမှမပြောပဲ နေလိုက်၏။ ဤလူ စာထဲတွင် ဘာတွေ ရေးမည်ကို သူမ ကြည့်လိုသည်။

လုချန်းက သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပထမဆုံး ရှင်းလင်းရေးသားသည်။ ထို့နောက် ယွဲ့ဧကရီကို ဤစာရေးသားရခြင်း၏ အကြောင်းရင်းကို ရှင်းပြသည်။ နောက်ဆက်တွဲအနေဖြင့် လုချန်းက သူ ကမ္ဘာကို ပေါင်းစည်းလိုရခြင်း၏ အကြောင်းရင်းကို ထည့်သွင်းပြောပြသည်။

မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ပြောကြားပြီး ကမ္ဘာကြီးသည် လုံခြုံမှုမရှိတော့ကြောင်းနှင့် အချိန်မရွေး ဖျက်ဆီးခံရနိုင်ကြောင်းကိုပါ ယွဲ့ဧကရာဇ်အား ပြောပြထားသည်။ ထို့ကြောင့် သူ၏ နိုင်ငံများ ပေါင်းစည်းရေး စီမံကိန်းသည် ဖြစ်လာနိုင်သည့် အန္တာရယ်များအတွက် ပြင်ဆင်ရန် ဖြစ်‌ကြောင်း ရှင်းပြထားသည်။

ဝူကျန်းဝမ်နှင့်ပတ်သက်၍ ဝူကျန်းဝမ်သည် သူ အလွန်ချစ်မြတ်နိုးရသော မိန်းမဖြစ်ပြီး သူမအား မည်သည့်ဒုက္ခမှ ကြုံတွေ့စေလိုခြင်းမရှိကြောင်း ဆိုထားသည်။

လုချန်းသည် စာထဲတွင် သူမအကြောင်း ထည့်ပြောသည်ကို မြင်သောအခါ ဝူကျန်းဝမ်က

“ခဏလေး။ ရှင့်စာထဲမှာ ကျွန်မနာမည် ထည့်လို့မရဘူး”

ဟု အလျင်အမြန် ဖြတ်ပြောလိုက်သည်။

လုချန်းက

“ဘာလို့လဲ”

ဝူကျန်းဝမ်က

“ခုနက ရန်စမယ့်ကိစ္စတစ်ခုမှ ရေးမှာမဟုတ်ဘူးလို့ ရှင် မပြောခဲ့ဘူးလား။”

“ရှင့်ရဲ့စာထဲမှာ ကျွန်မနာမည်ကို ထည့်တာနဲ့ပဲ သူ့ကို ဒေါသထွက်စေနိုင်တယ်။”

ဝူကျန်းဝမ်၏ အကြောင်းပြချက်ကို ကြားသောအခါ လုချန်းက ပြုံးရယ်လျက်

“သဘောပေါက်ပြီ။ ယွဲ့ဧကရာဇ်က ပိုင်ဆိုင်လိုစိတ် အရမ်းပြင်းထန်တဲ့သူမျိုးကိုး။ မင်းနာမည်ကို ထည့်လိုက်ရင် သူ့ကို စိန်ခေါ်နေတယ်လို့ ထင်လိမ့်မယ်။ ဟုတ်လား”

ဝူကျန်းဝမ်က အလေးမထားဟန်ဖြင့်

“ရှင် နားလည်တာ ကောင်းပါတယ်။ နောက်ပိုင်း အချောပြန်ကူးတဲ့အခါ အဲဒီအပိုင်းကို ဖယ်ပစ်ဖို့ မမေ့နဲ့နော်။”

လုချန်းက အလျှော့မပေးပဲ

“အဲဒါတော့ မဖြစ်ဘူး။ ဒါက ကိုယ့်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေမှာ။ ဒီအပိုင်းကို ထည့်ကိုထည့်ရမယ်။”

ဝူကျန်းဝမ် အံ့အားသင့်သွားပြီး သူမ၏မျက်နှာတွင် ဒေါသရိပ်များ အနည်းငယ် ပြေးသွားကာ တစ်ခုခုကို နားလည်သွားပုံရသည်။

သူမက ထိုအပိုင်းကို မရေးရန် ပြောသော်လည်း သူက အတင်းအကျပ် ရေးချင်နေခြင်းမှာ ယွဲ့ဧကရာဇ် ဒေါသထွက်နေသည်ကို မြင်လို၍ဖြစ်သည်။ တစ်နည်းအားဖြင့် ယွဲ့ဧကရာဇ် သူ့အပေါ် မနာလိုဖြစ်နေသည်ကို ကြည့်ချင်ခြင်း ဖြစ်သည်။

ဝူကျန်းဝမ်က

“သူဒေါသထွက်မှာ မကြောက်ဘူးဆိုရင်တော့ ရှင်ကြိုက်တာသာ ရေးပါ။”

ဤလူအတွက် ထပ်ပြီး စိတ်မပူတော့ရန် ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမတွင် လုချန်းကို တွန်းလှန်နိုင်သည့်အင်အားများ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သူလိုချင်သည့်အတိုင်း လုပ်နိုင်သည်။

လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး ဘာမှမပြောတော့ပဲ စာကို ဆက်လက်ရေးသားလိုက်သည်။ စာထဲတွင် ဤကမ္ဘာ၏ အကြောင်းများစွာ ပါဝင်နေသည်။

စာအဆုံးသတ်အထိ ယွဲ့ဧကရာဇ်အား လက်နက်ချစေလိုခြင်းနှင့်ပတ်သက်၍ ဘာမှမဖော်ပြခဲ့ပေ။

ဟုတ်ပါသည်။ ထိုအရာသည် အပေါ်ယံသာ ဖြစ်သည်။

လုချန်းသည် စာထဲတွင် မြူခိုးဒေသ၏ ကန့်သတ်ချက်များအကြောင်းကို ထည့်သွင်း‌ ရေးသားခဲ့ပြီး ကမ္ဘာကြီး၏ အရေးကိစ္စအတွက်ဟု ဖော်ပြထားသည်။ ထိုအချက်က ယွဲ့ဧကရာဇ်အပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးလိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ယွဲ့ဧကရာဇ်သာ နိုင်ငံများ ပေါင်းစည်းရေးကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက၊ ကမ္ဘာ၏ အရင်းအမြစ်များ စုစည်းရန် မကူညီပါက မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည့်အခါ ကျူးနိုင်ငံတော်သည် ပထမဆုံးအကျိုးဆက်ကို ခံစားရမည်ဟု ပြောနေသကဲ့သို့ ဖြစ်သည်။ ထိုအခါ ကျူးနိုင်ငံတော်၌ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ယွဲ့ဧကရာဇ် အနေနှင့် တာဝန်ယူရမည်ဖြစ်သည်။

လုချန်း ယွဲ့ဧကရီထံသို့ စာရေးသားပြီးစီးသောအခါ ဝူကျန်းဝမ် ရေးထားသော စာကို တစ်ချက်ကြည့်လိုက်ပြီး

“ချစ်သူ။ မင်းရဲ့စာထဲမှာကော ဘာတွေ ရေးထားလဲ ကိုယ်ကြည့်လို့ရမလား။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က မလိုလားဟန်ဖြင့်

“ဘာလဲ ရှနိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေ ထုတ်ပြောမှာ ကြောက်နေတာလား။”

လုချန်းက

“အဲ့လို မဟုတ်ပါဘူး။ ကိုယ်က ရိုးရိုးသားသားပဲ သိချင်တာပါ။ မပြချင်ဘူးဆိုရင်လည်း မကြည့်ပါဘူး။”

“မကြည့်တော့ဘူးဆိုရင်တော့ ကျွန်မ စာအိတ်ကို ချိပ်ပိတ်လိုက်တော့မယ်”

ဝူကျန်းဝမ် စကားဆုံးသည်နှင့် သူမ၏စာကို စာအိတ်ထဲသို့ ထည့်လိုက်ပြီး ဖယောင်းဖြင့် ချိပ်ပိတ်လိုက်သည်။

ထို့နောက် ဝူကျန်းဝမ်က လုချန်း၏ စာကိုပါ ဖယောင်းဖြင့် ချိပ်ပိတ်လိုက်၏။

စာအိတ်များကို ချိပ်ပိတ်ပြီးနောက် ကျန်းဝမ်သည် စာအိတ်များပေါ်တွင် နာမည်များကို ရေးလိုက်ပြီး အစေခံတစ်ဦးကို ခေါ်ကာ ထိုစာများကို ရန်ခရိုင်တွင် ခိုအောင်းနေသော ကျူးနိုင်ငံတော်သူလျှိုများထံသို့ ပေးပို့ရန် ညွှန်ကြားလိုက်သည်။

စာများကို ပို့ပြီးနောက် လုချန်းက ချက်ချင်း မထသေးပဲ ဝူကျန်းဝမ်၏ နူးသော ကိုယ်ခန္ဓာကို ဆက်လက်သိုင်းဖက်ထားသည်။

ဝူကျန်းဝမ်က ဘာခံစားချက်မှ မရှိသည့် မျက်နှာဖြင့်

“မင်းကြီးက ကိစ္စများစွာနဲ့ အလုပ်များနေတော့ ကျွန်မ မင်းကြီးရဲ့ အချိန်ကို ထပ်မယူတော့ပါဘူး။”

လုချန်းက ပြုံးလျက်

“မင်းက ကိုယ့်ကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား ”

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ဒါက မင်းကြီးရဲ့ မိဖုရားဆောင်ပါ။ မင်းကြီး ကြိုက်သလောက် နေလို့ရပါတယ်။”

လုချန်းက စကားလမ်းကြောင်းပြောင်းလိုက်ပြီး

“ပြောရမယ်ဆိုရင်တော့ ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို စစ်ကြေညာခဲ့ပြီ။ အဲဒါဆိုရင် မင်းက ရန်သူမင်းသမီးတစ်ပါးပါပဲ။ မဟုတ်ဘူးလား”

ထိုစကားကြောင့် ဝူကျန်းဝမ် အနည်းငယ် ထိတ်လန့်သွားသည်။ လုချန်းက ဘာကို ဆိုလိုနေသည်နည်း။

ဝူကျန်းဝမ် လုချန်း၏ စကားများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်နေစဉ် သူကရုတ်တရက် ထရပ်လိုက်ပြီး ဝူကျန်းဝမ်ကို ပွေ့ချီလိုက်သည်။ ထို့နောက် အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြုကာ ဝူကျန်းဝမ်၏ အခန်းသို့ ချက်ချင်းဝင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လုချန်းက ဝူကျန်းဝမ်ကို အိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။

ခဏမျှ ကြောင်သွားသော်လည်း ဤလူသည် ဘေးခန်းတွင် အပြည့်အဝ မပျော်ပါးခဲ့ပဲ ယခု သူမကို မကောင်းမှုပြုရန် ရောက်လာခြင်းဖြစ်ကြောင်း ဝူကျန်းဝမ် မကြာမီ သတိပြုမိသွားသည်။

အတွင်းစိတ်ထဲတွင် ဝူကျန်းဝမ် မုယုံရွှီကို ကျိန်ဆဲမိသည်။ ထိုအစေခံမက ဘာ့ကြောင့် ဒီလောက်တောင် အသုံးမကျရသနည်း။ လုချန်းကို ကောင်းစွာ ဂရုမစိုက်နိုင်သည့်အပြင် သူမကိုပါ အကျိုးဆက်များကို ခံစားရစေသည်။

လုချန်းက ဝူကျန်းဝမ်ကို ကြည့်လိုက်ပြီး “မင်းက ရန်သူ့နိုင်ငံရဲ့ မင်းသမီးတစ်ပါးပဲ။ အခု ကိုယ့်လက်ထဲကို ကျရောက်လာပြီ။ မင်းကို ကိုယ်ဘာလုပ်သင့်တယ်လို့ ထင်လဲ။”

သူမကို အရေးယူမည်လား။

လုချန်း၏ ခန့်ညားသော မျက်နှာကို ကြည့်လိုက်ပြီး သူ ပြောလိုက်သော စကားများ၏ အဓိပ္ပာယ်ကို ဝူကျန်းဝမ် ချက်ချင်းနားလည်သွားသည်။

ဤလူငယ်သည် သရုပ်ဆောင်တန်း ကစားရသည်ကို နှစ်သက်ပြီး သူ၏အမျိုးသမီးများကို ဇာတ်ကောင်များအဖြစ် ကစားရန် စည်းရုံးတတ်သည်။

ရန်သူနိုင်ငံမှ ကာမဂုဏ် လိုက်စားသော ဧကရာဇ် လုချန်း၏ လက်ထဲသို့ ကျရောက်လာသော လှပသည့် မင်းသမီးတစ်ပါးအနေနှင့် ကောင်းမွန်သော အကျိုးဆက်နှင့် ရင်ဆိုင်ရမည်မဟုတ်သည်မှာ သေချာသည်။

ထို့နောက် ဝူကျန်းဝမ်က

“မင်းကြီးက ဒီမင်းသမီးကို ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ။”

လုချန်းက လက်ကို ဆန့်ထုတ်ကာ ဝူကျန်းဝမ်၏ မေးစေ့ကို မလိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ

“မင်းက တော်တော်မာနကြီးတာပဲ။ ဒီလိုအချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ‘မင်းသမီး’ လို့ ပြောနေသေးတယ်။ ကျုပ်ကတော့ ရူးသွပ်တဲ့ ဧကရာဇ်တစ်ပါးပဲ။ မင်းလို လှပတဲ့ မိန်းမတစ်ယောက်ကို မြင်ရတဲ့အခါ ကျုပ်ဘာလုပ်မယ်ထင်လဲ။”

ဝူကျန်းဝမ် မသက်မသာ ခံစားရသော်လည်း သရုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ပြီး

“ကျွန်မက ဝူနိုင်ငံတော်ရဲ့ မင်းသမီး ကျန်းဝမ်ပါ။ မင်းကြီး ကျွန်မကို အနိုင်ကျင့်ရင် ဝူဧကရာဇ်က မင်းကြီးကို အလွှတ်ပေးမှာ မဟုတ်ဘူး။”

သို့သော် ဝူကျန်းဝမ် စကားပြောပြီးသည်နှင့် လုချန်းက ကိုယ်ကိုင်းလိုက်ကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖိလိုက်ပြီး သူမ၏ လှပသော မျက်နှာကို ငုံ့ကြည့်လိုက်သည်။

“ဒါဆိုရင် ကျုပ်က မင်းကို အရှက်ရစေပြီးနောက်ပိုင်း ဝူဧကရာဇ် ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်။”

ဝူကျန်းဝမ် စကားပြောရန် ပြင်ဆင်နေစဉ် လုချန်းက သူမ၏ နီရဲနေသော နှုတ်ခမ်းများကို နမ်းလိုက်သည်။

ဝူကျန်းဝမ်သည် ရုန်းကန်လာ၏။ သူမ၏ လှုပ်ရှားမှုများသည် အလွန်အားကောင်းနေပြီး အမှန်တကယ် ခုခံနေပုံရသည်။ သို့သော် မကြာမီပင် သူမသည် ဤရန်သူနိုင်ငံမှ ဧကရာဇ် လုချန်း၏ အနိုင်ယူခြင်းကို ခံလိုက်ရတော့သည်။

...........

All Chapters