← Chapters

နိုင်ငံသိမ်း စစ်ပွဲစတင်ခြင်း

Vol. 54 Ch. 800

နိုင်ငံသိမ်း စစ်ပွဲစတင်ခြင်း

Vol. 54 Ch. 800

အမျိုးသမီးကိုယ်ရံတော်သည် မုကျိရွှမ်းနှင့် အမိန့်တော်များကို ဖတ်ပြီးနောက် ချက်ချင်းမပြန်သေးပေ။ သူမက နောက်ထပ် အမိန့်တော်တစ်ခုကို ထုတ်ယူကာ မုကျိရွှမ်းအား

“မိဖုရားကြီးမု။ မင်းသားလေး ရှိပါသလား။ သူ့အတွက်လည်း အမိန့်တော် ရှိပါတယ်။”

ထိုစကားကို ကြားလိုက်သောအခါ မုကျိရွှမ်း တစ်ခုခုကို သဘောပေါက်သွားပုံရပြီး သူမဘေးနားရှိ အစေခံအား

“ရှောင်ရို့။ ဖုန်းလေးကို မြန်မြန်သွားခေါ်လာပါ”

အစေခံသည် ချက်ချင်း ထရပ်ပြီး လေပြင်းမိုးတိမ်ဆောင်သို့ တိုက်ရိုက်သွားကာ မကြာမီတွင် လုချန်းဖုန်းကို ခေါ်လာခဲ့သည်။

မကြာမီ အမျိုးသမီးကိုယ်ရံတော်သည် လုချန်းဖုန်းကို အိမ်ရှေ့မင်းသား အဖြစ် သတ်မှတ်ပေးသည့် အမိန့်တော်ကို ကြေညာလိုက်သည်။

ထိုသူတို့အားလုံးအတွက် အမိန့်တော်များ ဖတ်ပြီးမှသာ မုကျိရွှမ်းနှင့် ချူးယုချင်တို့ ဒူးထောက်ရာမှ ထကာ ကျေးဇူးတင်စကားများ ပြောလိုက်ကြသည်။

မုကျိရွှမ်းနှင့် ချူးယုချင်တို့ မတ်တပ်ရပ်ပြီးနောက် အမိန့်တော်များ ဖတ်ကြားခဲ့သည့် အမျိုးသမီးကိုယ်ရံတော်က

“မိဖုရားကြီးမုနဲ့ ချူး။ ကျွန်မ တခြား မိဖုရားအချို့ကိုလည်း အမိန့်တော်တွေ သွားပေးရဦးမှာမို့လို့ ခွင့်ပြုပါဦး။”

မုကျိရွှမ်းက

“ဟုတ်ကဲ့ သွားပါ။”

ထိုအခါ အမျိုးသမီးကိုယ်ရံတော်က

“ကျွန်မကို ခွင့်ပြုပါ”

ဟု ပြောပြီး လေပြင်းမိုးတိမ်ဆောင်မှ ချက်ချင်းထွက်ခွာသွားသည်။

ထွက်ခွာသွားသည့် သူတို့၏ ပုံရိပ်များကို ကြည့်ရင်း မုကျိရွှမ်း၊ ချူးယုချင်၊ ကျောင်းညီအစ်မတို့လည်း အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။

သူတို့၏ ရာထူးများ လုချန်း၏ အမိန့်နှင့်နောက်ဆုံးတွင် အတည်ဖြစ်သွားသော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့၏ စိတ်ထဲတွင် အလွန်ငြိမ်သက်နေပြီး စိတ်လှုပ်ရှားမှု လုံးဝမရှိသကဲ့သို့ ဖြစ်နေကြသည်။

ဖြစ်နိုင်သည်မှာ သူတို့သည် လုချန်းနှင့် ဆက်ဆံရေးကို ထူထောင်ပြီးဖြစ်ကာ သူတို့အား မည်သည့်ဘွဲ့များ ပေးအပ်မည်ကို သိရှိထားပြီးဖြစ်သောကြောင့် အထူးစိတ်လှုပ်ရှားမှု မရှိကြတော့တာလည်း ဖြစ်နိုင်သည်။

……

မကြာမီ လုချန်း၏ အခြားဇနီးများလည်း သူတို့၏ အမိန့်တော်များကို လက်ခံရရှိခဲ့ကြသည်။ နတ်ဆိုးဂိုဏ်းမှ ရွှီလင်လုံပင် ဘွဲ့ချီးမြှင့်ခံရသည်။

သို့သော် လုချန်း၏ မိဖုရားဆောင်၌ ဘွဲ့မရသေးသော အမျိုးသမီးများ ကျန်နေသေးသည်။ တစ်ဦးမှာ ဝူကျန်းဝမ် ဖြစ်ပြီး နောက်တစ်ဦးမှာ မုယုံရွှီ ဖြစ်သည်။ သူတို့၏ အထူးခြားဆုံး အဆင့်အတန်းများကြောင့် ယခုအချိန်တွင် သူတို့အား ဘွဲ့များ ပေးအပ်ရန် မဖြစ်နိုင်သေးပေ။

ဝူကျန်းဝမ်ကို မိဖုရားကြီးဘွဲ့ ပေးအပ်ရန်အတွက် အနည်းဆုံး ဝူနိုင်ငံတော်ကြီးကို သိမ်းပိုက်ပြီးသည်အထိ စောင့်ရမည် ဖြစ်သည်။ မုယုံရွှီအား မိဖုရားကြီးဘွဲ့ ပေးအပ်ရန်အတွက်မူ ကျူးနိုင်ငံတော်ကို ချေမှုန်းပြီးသည်အထိ စောင့်ရမည် ဖြစ်သည်။

အမိန့်တော်ကို မရရှိသေးသော နောက်ထပ် တစ်ဦးမှာ လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိနေဆဲဖြစ်သည့် ချန်ဝမ်ရွန် ဖြစ်သည်။ သို့သော် လုချန်းက လျှို့ဝှက်လဝန်းနန်းတော်သို့ အမိန့်တော်ပေးပို့ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးဖြစ်ရာ ချန်ဝမ်ရွန်လည်း မကြာမီ အမိန့်တော်ကို လက်ခံရရှိတော့မည် ဖြစ်ပေသည်။

သူ၏ ဇနီးများအား ဘွဲ့ရာထူးများပေးအပ်သည့် အမိန့်တော်များ ထုတ်ပြန်ပြီးနောက်အစိုးရ သတင်းစာတွင် ထိုသတင်းကို ထုတ်ပြန်ကြေညာခွင့်ပြုခဲ့သည်။

မကြာမီပင် ရှနိုင်ငံတော်၏ သာမန်ပြည်သူများ ဘွဲ့ပေးအပ်ခြင်း သတင်းကို သိရှိခဲ့ကြသည်။ လူအများစုသည် လုချန်း မိဖုရားခေါင်ကြီး ရာထူးကို မခန့်အပ်သည်ကို တွေ့သောအခါ အလွန်နားမလည်နိုင် ဖြစ်ခဲ့ကြသည်။

ပုံမှန်အားဖြင့် ဧကရာဇ်မင်းများက ပထမဆုံး မိဖုရားခေါင်ကြီးကို တင်မြှောက်လေ့ရှိသည်။ သို့သော် လုချန်းက ထိုသို့မပြုခဲ့ပေ။ မိဖုရားခေါင်ကြီး ခန့်အပ်ခြင်းမပြုပဲ တော်ဝင်မိဖုရားကြီးများစွာကို ခန့်အပ်ခဲ့ပြီး လုချန်း၏ အမျိုးသမီးများထဲတွင် ရာထူးအနိမ့်ဆုံးမှာ မိဖုရားဖြစ်သည်။

ဤသည်က ယခင်ဧကရာဇ်မင်းများ၏ မိဖုရားဆောင်နှင့် လုံးဝ ကွဲပြားသည်။ အဘယ်ကြောင့် ဧကရာဇ်အသစ်က သူ၏ မိဖုရားဆောင်ရှိ အမျိုးသမီးများကို ထိုကဲ့သို့သော နည်းလမ်းဖြင့် ဘွဲ့များ ပေးအပ်ရသည်ကို လူအများက အမှန်တကယ် နားမလည်နိုင် ဖြစ်နေကြသည်။

ဟုတ်ပါသည်။ လူများ နားမလည်နိုင် ဖြစ်နေကြသော်လည်း ဒါကမကောင်းသောအရာဟု တော့ မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်အသစ်က ပြဋ္ဌာန်းခဲ့သော မူဝါဒများစွာသည် ယခင်ကနှင့် မတူ‌သောကြောင့်ဖြစ်သည်။ ထိုသို့ ဘွဲ့များ ပေးအပ်ခြင်းအတွက် ဧကရာဇ်တွင် အထူးအကြောင်းပြချက် ရှိနိုင်သည်ဟုလည်း တွေးမိကြသည်။

ဘွဲ့ပေးအပ်ခြင်း သတင်းသည် နန်းတွင်းအရာရှိများ၏ နားသို့ ရောက်ရှိလာသောအခါ အများအပြားက မသင့်လျော်ဟု ခံစားခဲ့ကြရသည်။ အထူးသဖြင့် နေပြည်တော်မှ အရာရှိများဖြစ်သည်။ သို့သော် နောက်ပိုင်း နန်းတွင်းအစည်းအဝေးများတွင် ထိုကိစ္စကို မည်သူမှ ထုတ်ဖော်မပြောခဲ့ကြပေ။

နေပြည်တော်မှ အရာရှိများသည် လိယုရီ၏ စကားများကို အလေးအနက်ထားခဲ့ကြသည်။ သူတို့သည် ယခုအခါ နိုင်ငံတော်ရေးရာများကိုသာ တင်ပြကြသည်။ အကြောင်းမှာ မိဖုရားဆောင်ကိစ္စများသည် ဧကရာဇ်၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး သူ၏ မိသားစုကိစ္စများကို သူနှစ်သက်သလို ပြုလုပ်နိုင်သည်ဟု ထင်မြင်ယူဆထားသောကြောင့်ပင် ဖြစ်သည်။

မိဖုရားခေါင်ကြီးကို မတင်မြှောက်ခဲ့သော်လည်း အိမ်ရှေ့မင်းသားကိုမူ သတ်မှတ်ပြီးဖြစ်ရာ မည်သူ့ကို သစ္စာခံရမည်ကို သူတို့သိကြသည်။

မုချန်တိန်သည် သူ၏ သမီးကို မိဖုရားခေါင်ကြီးအဖြစ် မရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်သည့် မသင့်လျော်မှုကိုမှ မခံစားခဲ့ရပေ။ သူသည် လုချန်း၏ ရည်ရွယ်ချက်များကိုလည်း သိရှိနားလည်ခဲ့သည်။ လုချန်းသည် မိဖုရားဆောင်တွင် အဆက်မပြတ် ရန်ပွဲများ ဖြစ်သည်ကို မမြင်လိုသောကြောင့် မိဖုရားခေါင်ကြီးကို မခန့်အပ်ခြင်း ဖြစ်ပေလိမ့်မည်။

ထို့ပြင် မုကျိရွှမ်းကို မိဖုရားခေါင်ကြီးအဖြစ် မခန့်အပ်ခြင်း၏ အကျိုးကျေးဇူးတစ်ခုလည်း ရှိသည်။ သူမ၏သား လုချန်းဖုန်းကို အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ပြီး ဖြစ်သည်။ အိမ်ရှေ့မင်းသား ရာထူးသည် အထူးအဆင့်အတန်း တစ်ခု ဖြစ်သည်။ မုကျိရွှမ်းသာ မိဖုရားခေါင်ကြီး ဖြစ်မည်ဆိုလျှင် နန်းတွင်းတွင် မုမိသားစု၏ သြဇာအာဏာ အလွန်ကြီးမားထင်ရှားလာမည် ဖြစ်သည်။ ထင်ရှားလွန်းသောကြောင့် ပစ်မှတ်ထားခံရခြင်းဟူသော သဘောတရားကို မုချန်တိန် ကောင်းစွာ နားလည်ထားသည်။

လုချန်းက ဂရုမစိုက်ပုံ ရသော်လည်း

နန်းတွင်းအပေါ် လုချန်း၏ ထိန်းချုပ်မှုကို မုချန်တိန် အလွန် ရှင်းရှင်းလင်းလင်း သိသည်။ မုမိသားစု၏ သြဇာအာဏာ အလွန်ကြီးမားလာမည်ဆိုလျှင် သူတို့သည် လုချန်း၏ မျက်စိထဲမှ ဆူးတစ်ခုသဖွယ်ဖြစ်လာမည်ကို သူကြောက်ရွံ့သည်။

ယခု အခြေအနေက အလွန်ကောင်းမွန်သည်။ သူ၏ မြေးသည် အနာဂတ်တွင် ဧကရာဇ် ဖြစ်လာလိမ့်မည်။ မုမိသားစု အမှားအယွင်း တစ်ခုခု မပြုလုပ်သရွေ့၊ ဧကရာဇ်၏ စိုးရိမ်မှုကို ဖိတ်ခေါ်ခြင်းမရှိသရွှေ့ အလွန်မြင့်မားသော အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

အိမ်ရှေ့မင်းသားကို တင်မြှောက်ပြီးသည်နှင့် ရှနိုင်ငံတော်၏ ပြည်တွင်းရေး လုံးဝတည်ငြိမ်သွားခဲ့သည်။ နောက်ထပ် အရေးအကြီးဆုံးလုပ်ငန်းမှာ ဝူနိုင်ငံတော်ကို သိမ်းပိုက်ရန်ဖြစ်သည်။

မကြာမီတွင် ရှနိုင်ငံတော်၏ တပ်မတော်ကြီးသည် ဝူနိုင်ငံတော်ကို အလုံးစုံ ထိုးစစ်ဆင်ခဲ့သည်။ ဝူနိုင်ငံတော်၏ နယ်စားများက ရှနိုင်ငံတော်၏ တိုက်ခိုက်မှုကို ကြားသိသောအခါ သူတို့၏ နယ်မြေများရှိ စစ်သားအားလုံးကို စေလွှတ်ခဲ့ကြပြီး ကျန်းမာသန်စွမ်းသော လူများကို စစ်မှုထမ်းရန် အဆက်မပြတ် စုဆောင်းခဲ့ကြသည်။

ထိုနယ်စားများသည် နေပြည်တော်တွင် ဝူဧကရာဇ်ကို ခြိမ်းခြောက်ခဲ့သော ကောင်းကင်လူသား စွမ်းအားရှင်အကြောင်းကို ကြားသိပြီး ဖြစ်သည်။ သို့သော် သူတို့ထံ၌ လက်နက်ချရန် ရည်ရွယ်ချက် မရှိကြပေ။ သူတို့ လက်နက်ချလိုက်သည်နှင့် ဝူဧကရာဇ်၏ တော်ဝင်မိသားစုဝင်များအတွက် အသက်ရှင်သန်ရန် အခွင့်အရေး ရရှိနိုင်သော်လည်း နယ်စားများ၏ ကံကြမ္မာမှာမူ များစွာ မသေချာပေ။

ဝူမင်းဆက် ပျက်သုဉ်းပြီးပါက ရှနိုင်ငံတော် နောက်တစ်ဆင့်ပြုလုပ်မည့်အရာမှာ ထိုနယ်စားများကို ဖယ်ရှားခြင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် နယ်စားများ၏ အင်အားသည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ သူတို့ကို ထိန်းသိမ်းထားရန်ထက် အပြီးတိုင်ဖျက်ဆီးရန်မှာ ပိုမိုရိုးရှင်းလွယ်ကူသည်။

ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်နှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု သိရှိထားသော်လည်း နယ်စားများသည် ကျန်းမာသန်စွမ်းသူများကို စုဆောင်းကာ သာမန်ပြည်သူများကို စစ်ယန္တရားအဖြစ် ရှေ့တန်းသို့ စေလွှတ်ခဲ့ကြသည်။

သို့သော် ဝူနိုင်ငံတော်တွင် စစ်သားမည်မျှပင် ရှိပါစေ ရှေ့တန်းသို့ ရောက်သည်နှင့် ရှနိုင်ငံတော်၏ စစ်လက်နက်များကို မခုခံနိုင်ခဲ့ကြပေ။ တစ်လအတွင်းတွင် နယ်စားအများအပြားကို ရှင်းလင်းခဲ့ပြီး အရေးပါသော ခရိုင်များစွာ ဆုံးရှုံးခဲ့ရသည်။

…….

ဝူနိုင်ငံတော်။

နေပြည်တော်။

နန်းတွင်းခန်းမ၌ ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ မကြာသေးမီက တိုက်ပွဲသတင်းများသည် ဝူနိုင်ငံတော်၏ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများကို မျှော်လင့်ချက် လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။

ဝူ တပ်မတော်သည် ရှတပ်ဖွဲ့များရှေ့တွင် စက္ကူရုပ်များကဲ့သို့ ဖြစ်နေသည်။ ရှစစ်တပ်နှင့် ကြုံတွေ့ရင်ဆိုင်ရသည့် မည်သည့် တိုက်ပွဲမဆို တစ်ရက်ပင် မပြည့်ပဲ ဝူနိုင်ငံတော်၏ တပ်ဖွဲ့များ အရေးနိမ့်ခဲ့ကြသည်။ ရှတပ်များ၏ ချီတက်မှုကို နှောင့်နှေးအောင်ပင် မလုပ်နိုင်ခဲ့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝန်ကြီးများစွာသည် လျှို့ဝှက် ပုန်ကန်ရန် စတင် ဆွေးနွေးခဲ့ကြသည်။ ဝူမင်းဆက် ပြီးဆုံးပြီဖြစ်ပြီး ပြိုလဲရန် အချိန်တစ်ခုသာ လိုတော့သည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိထားကြသည်။

နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဝူဧကရာဇ်၏ မျက်နှာ မည်းမှာင်နေပြီး ပြင်းထန်နေကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ၏ မျက်နှာထားမှာ အလွန် ကြောက်စရာကောင်းသောကြောင့် မည်သည့်ဝန်ကြီးမှ သူ၏ မျက်လုံးများကို ကြည့်ရန် ခေါင်းမော့ မကြည့်ဝံ့ကြပေ။

ထိုအချိန်တွင် စစ်သားတစ်ဦး ခန်းမကြီးထဲသို့ ရုတ်တရက် အပြေးအလွှား ဝင်လာသည်။ ဝင်လာပြီးနောက် သူက ချက်ချင်း ဒူးထောက်ကာ

“အရှင်မင်းကြီး။ ဖုန်းထျန်းခရိုင် ကျဆုံးပါပြီ။ ယိမင်းသားလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါပြီ”

ဟု ကျယ်လောင်စွာ သတင်းပို့လိုက်သည်။

ဝူဧကရာဇ် မတုံ့ပြန်နိုင်မီ နောက်ထပ် စစ်သည်တစ်ဦးသည် ပြေးဝင်လာကာ ခန်းမကြီးထဲတွင် ဒူးထောက်လျက် “အရှင်မင်းကြီး။ ချင်ယွဲ့ခရိုင် ကျဆုံးသွားပါပြီ ယွဲ့မင်းသားလည်း လက်နက်ချလိုက်ပါပြီ”

ဟု ကြေညာလိုက်သည်။

ခဏအကြာတွင် နောက်ထပ် စစ်သားတစ်ဦး ခန်းမကြီးထဲသို့ အပြေးအလွှား ဝင်လာ၏။ ရှေ့တန်းမှ မကောင်းသော သတင်းများ ပို့ရန်ပင် ဖြစ်သည်။

ဝူဧကရာဇ် တိတ်ဆိတ်နေဆဲ ဖြစ်ပြီး သူ၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်နေဆဲ ဖြစ်သည်။ ခန်းမကြီးထဲရှိ ဝန်ကြီးများကတော့ ချွေးအေးများ ထွက်နေသည်။ ဝူမင်းဆက်၏ အဆုံးသတ် သေချာနေပြီ ဖြစ်သော်လည်း ဝူဧကရာဇ်သည် နန်းတော်မကျဆုံးမီ ဒေါသထွက်ကာ လျှောက်လုပ်နိုင်သေးသည်။ ရှနိုင်ငံတော်ကို သူ မည်သို့မှ မတုံ့ပြန်နိုင်သော်လည်း ဝန်ကြီးများကိုတော့ သူ စီရင်နိုင်သေးသည်။ ယခုအချိန်တွင် ဝန်ကြီးများ၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုမှာ ဝူဧကရာဇ်သည် စိတ်မမှန် ဖြစ်သွားကာ သူတို့၏ အသက်များကို ရန်ရှာ၍ သူ၏ ဒေါသကို ပေါက်ကွဲစေခြင်း ဖြစ်သည်။

ဝူဧကရာဇ်သည် စိတ်ထွက်ပေါက် ရှာတတ်သူအဖြစ် လူသိများပြီး ထိုသို့သောလုပ်ရပ်များလုပ်ဖို့ ဖြစ်နိုင်‌ခြေ အလွန်ရှိသည်။

All Chapters