← Chapters

မုယုံရွှီအပေါ် “နတ်ဉာဏ်အလင်း” စွမ်းရည်ကို အသုံးပြုခြင်း

Vol. 54 Ch. 803

မုယုံရွှီအပေါ် “နတ်ဉာဏ်အလင်း” စွမ်းရည်ကို အသုံးပြုခြင်း

Vol. 54 Ch. 803

ညနက်၍ တိတ်ဆိတ်နေချိန်တွင်။

ဝမ်နင်းဆောင်။

အဆောင်အတွင်းနှင့် အပြင်ဘက်တွင် မီးများ ထိန်လင်းနေသည်။မုယုံရွှီသည် အဖြူရောင် ပွပွချောင်ချောင်အဝတ်အစားကို ဝတ်ဆင်ထားကာ သူမ၏ နူးညံ့သော လက်များက ကလောင်တံကို ကိုင်ထားပြီး စာရေးစားပွဲတွင် ရေးသားနေသည်။

ကျူးနိုင်ငံတော်ဆိုင်ရာ သံတမန်အဖြစ်မှ ရာထူးကို ရုပ်သိမ်းခံခဲ့ရပြီးနောက်ပိုင်းတွင် မုယုံရွှီသည် နန်းတော်အတွင်း၌သာ နေထိုင်ခဲ့ပြီး တစ်နေ့တာလုံး လုပ်စရာ ဘာမှမရှိပေ။

ထိုသို့သော ဘဝသည် သူမအတွက် အနည်းငယ် ပေါ့ပါးလွန်းသည်။ မည်သို့ပင်ဆိုစေ ကျူးနိုင်ငံတော်တွင် နေထိုင်စဉ်က သူမအား နန်းတွင်းဝန်ကြီးချုပ်အဖြစ် လူသိများခဲ့ပြီး နေ့တိုင်း အလွန်အလုပ်များခဲ့သည်။

အလုပ်များသော်လည်း အာဏာကို ကိုင်စွဲထားရသည့် အရသာက သူမအား ထိုရာထူးကို စွန့်လွှတ်ရန် ဝန်လေးစေခဲ့သည်။

ယခု ရှနိုင်ငံတော်သို့ ရောက်လာသောအခါ သူမတွင် ဘာအာဏာမှ မရှိတော့ပဲ ထိုယုတ်မာသော လူ၏ ကစားစရာ တစ်ခုမျှသာ ဖြစ်နေတော့သည်။

ထိုသို့တွေးလိုက်ရင်း မုယုံရွှီ ညင်သာစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူမ၏ လက်ထဲမှ စာရေးတံကို ချလိုက်ပြီး အစေခံကို ခေါ်ရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တံခါးဝတွင် “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်” ဟူသော အသံကို ကြားလိုက်ရသည်။

ထိုအသံကို ကြားသောအခါ မုယုံရွှီ အနည်းငယ် အံ့ဩသွားပြီး တံခါးဝသို့ ချက်ချင်း ထသွားလိုက်သည်။ သို့သော် သူမ ထိုနေရာသို့ မရောက်မီတွင် သူမ၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

“ရွှီ။ မင်း အခု အရမ်း ပျင်းနေတာလား။”

ထိုအသံကို ကြားသောအခါ မုယုံရွှီ လှည့်ကြည့်လိုက်သည်။ လုချန်းသည် စားပွဲရှေ့တွင် ရပ်နေပြီး သူမ ခုနက ရေးသားနေသည့် လက်ရေးလှ စာလုံးပုံကို ကိုင်ကာ အလွန်နှစ်ခြိုက်စွာ ကြည့်နေသည်။

မုယုံရွှီက

“ဟုတ်ပါတယ်။ နည်းနည်းတော့ ပျင်းနေပါတယ်။”

လုချန်းက သူ၏ လက်ထဲမှ စာရွက်ကို ချလိုက်ပြီး ပြုံးကာ

“ကိုယ့်မှာ အလုပ်တစ်ခုရှိတယ်။ မင်း စိတ်ဝင်စားမလား မသိဘူး။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ အံ့ဩသွားပြီး

“ ရှနိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်မဖော်ထုတ်မှာ မင်းကြီး မကြောက်ဘူးလား။”

လုချန်းက မုယုံရွှီရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး

“ကိုယ်က ဘေးခန်းက ရန်သူနိုင်ငံရဲ့ မင်းသမီးကိုတောင် ရှနိုင်ငံတော်ရဲ့ လုပ်ငန်းအချို့ကို စီမံခန့်ခွဲခွင့် ပေးရဲသေးတာ။ မင်း ရှနိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မှာကို ကိုယ်စိုးရိမ်မယ်လို့ မင်း ထင်လား။”

စကားများ အဆုံးသတ်သွားသည်နှင့် လုချန်း မုယုံရွှီ၏ ဘေးသို့ ရောက်ရှိလာပြီး သူမ၏ ခါးကိုဖက်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းရန် လက်ကို ဆန့်လိုက်သည်။

မုယုံရွှီ၏ ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ကပ်နေသည့် ပိုးဝတ်စုံသည် သူမကို ပွေ့ဖက်လိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ်ကို နွေးထွေးမှု ခံစားရပြီး ထိတွေ့လိုက်သောအခါ အလွန် နူးညံ့ချောမွေ့နေသည်။

လုချန်း၏ လက်များက မုယုံရွှီ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်ရင်း

“ကိုယ်က ကိုယ့်ရဲ့ အမျိုးသမီးတွေကို အမြဲတမ်း အရမ်းယုံကြည်တယ်။”

လုချန်း၏ ပွတ်သပ်မှုကို ခံစားလိုက်ရသောအခါ မုယုံရွှီ၏ ခန္ဓာကိုယ်တွင်း ချက်ချင်း နွေးထွေးမှုကို ခံစားလိုက်ရပြီး ပါးများ ပူလာသည်။ တည်ငြိမ်အောင် ကြိုးစားရင်း သူမက

“ဘာအလုပ်လဲ”

လုချန်းက

“မင်း ရှနိုင်ငံတော် တော်ဝင်စာကြည့်တိုက်အကြောင်း သိတယ် မဟုတ်လား။”

ထိုစကားကို ကြားသောအခါ တော်ဝင်စာကြည့်တိုက်တွင် သူမ မြင်ခဲ့ရသည့် စာအုပ်များကို သတိရလိုက်ပြီး

“သိပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီက စာအုပ်အချို့ကို သွားဖတ်ခဲ့ပါတယ်။”

တော်ဝင်စာကြည့်တိုက်ရှိ ထိုစာအုပ်များအတွင်းမှ အကြောင်းအရာများသည် အလွန်ထူးခြားပြီး အချို့သည် မုယုံရွှီ၏ ကမ္ဘာနှင့်ပတ်သက်သော နားလည်မှုများကို ပြောင်းပြန် လှန်ပစ်ခဲ့သည်။

ထိုဗဟုသုတများသည် ရှနိုင်ငံတော်၏ လျှို့ဝှက်အကြောင်းအရာများ ဖြစ်မည်ဟု မုယုံရွှီ အနည်းငယ် စိုးရိမ်ခဲ့သည်။ တုန်းဖန်လုံယွဲ့က လုချန်း၏ ဇနီးများ ဝင်ရောက်ဖတ်ရှုနိုင်သည်ဟု ပြောခဲ့သော်လည်း သူမသည် လုချန်း၏ ဇနီးတစ်ဦး မဟုတ်သေးဟု တွေးလိုက်ပြီး မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရန် ထပ်မသွားတော့ပေ။

ထိုအချိန်တွင် လုချန်းက သူ၏ ခေါင်းကို မုယုံရွှီ၏ မွှေးကြိုင်သော ပခုံးပေါ်တွင် မှီကာ

သူမ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။

“စာကြည့်တိုက်ကို သူ တစ်ယောက်တည်း စီမံခန့်ခွဲရတာ နည်းနည်း ခက်ခဲတယ်လို့ လုံယွဲ့က ပြောတယ်။ မင်းကို သူနဲ့အတူတူ စီမံခန့်ခွဲခိုင်းဖို့ ကိုယ်စီစဉ်ထားတယ်။

ဘယ်လို သဘောရလဲ။”

မုယုံရွှီက

“တော်ဝင်စာကြည့်တိုက်က စာအုပ်တွေမှာ ရှနိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေ ပါတယ် မဟုတ်လား။ အဲ့ဒါတွေကို ကျွန်မ ဖော်ထုတ်မှာ မင်းကြီး တကယ်မကြောက်ဘူးလား။”

လုချန်းက ပြုံးကာ

“ကိုယ်က မကြောက်ရုံတင်မကဘူး အဲဒီဗဟုသုတတွေကို မင်း တခြားသူတွေကို သင်ပေးနိုင်ဖို့လည်း မျှော်လင့်နေတာ။ ဟုတ်ပါတယ်။ ရှနိုင်ငံသားတွေကိုပေါ့။”

“အချိန်တန်ရင် ဒီကမ္ဘာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတအချို့ကို ကိုယ်မင်းကို သင်ပေးပါ့မယ်။ ပြီးတော့ မင်းက ဆရာတစ်ယောက်ဖြစ်လာပြီး အဲဒီဗဟုသုတတွေကို ရှနိုင်ငံတော်က လက်မှုပညာရှင်တွေကို ပြန်ဖြန့်ပေးပါ။”

ထိုစကားကို ကြားသောအခါ မုယုံရွှီက “ကျွန်မ စာအုပ်နည်းနည်းပဲ ဖတ်ကြည့်ရသေးတယ်။ ပြီးတော့ အဲဒီစာအုပ်တွေထဲက အကြောင်းအရာတွေကို နားမလည်နိုင်ဘူး။ ဘယ်လိုလုပ် တခြားတစ်ယောက်ကို သင်ပေးနိုင်မှာလဲ။”

လုချန်းက မုယုံရွှီ၏ နူးညံ့သော နားရွက်ဖျားနားတွင် ညင်သာစွာ အသက်ရှူလိုက်ပြီး

“အဲဒါကို မင်း စိတ်ပူစရာမလိုဘူး။ အဲဒီ အသိပညာတွေကို ကိုယ်ကိုယ်တိုင် မင်းကို ပေးပါ့မယ်။”

မုယုံရွှီက

“မင်းကြီးက ဒီလောက်အလုပ်များတာ အချိန်ရှိမှာ မဟုတ်ပါဘူး။”

ရှနိုင်ငံတော် တော်ဝင်စာကြည့်တိုက်ရှိ စာအုပ်များမှ ဗဟုသုတများကို တစ်ရက်နှစ်ရက်အတွင်း သင်ယူနိုင်မည် မဟုတ်ဟု မုယုံရွှီ တွေးလိုက်သည်။ လုချန်းက သူမကို ကိုယ်တိုင် သင်ပေးမည်ဆိုလျှင် အချိန်ဘယ်‌ လောက်ကြာမည်မှန်း မသိနိုင်ပေ။

ဧကရာဇ်တစ်ဦးအနေနှင့် လုချန်းသည် နိုင်ငံတော်ရေးရာများကို အမြဲမပြတ် ကိုင်တွယ်ရသည်။ ထို့ပြင် ဤလူအား စောင့်ဆိုင်းနေသော ဇနီးများများစွာလည်း ရှိသည်။ သူ့အတွက် သူမကို ရှနိုင်ငံတော် စာကြည့်တိုက်မှ အသိပညာ ဗဟုသုတများကို သင်ကြားပေးရန် အချိန်အများအပြား သုံးနိုင်လိမ့်မည် မဟုတ်ပေ။

လုချန်းက ပြုံးကာ

“အချိန်အများကြီး မယူပါဘူး။ တစ်ညတည်းနဲ့ မင်းကို သင်ပေးနိုင်ပါလိမ့်မယ်။”

လုချန်း၏ အဖြေကို ကြားသောအခါ မုယုံရွှီအနည်းငယ် တအံ့တဩ ဖြစ်သွားသည်။

တစ်ညတည်း....

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....

တစ်ညအတွင်း စာအုပ်တစ်အုပ်တည်းက အကြောင်းအရာများကိုတောင် သူမ မှတ်မိနိုင်မည် မဟုတ်ပေ။ အခု လုချန်းက စာကြည့်တိုက်မှ စာအုပ်များအားလုံး၏ အခြေခံဗဟုသုတများကို တစ်ညတည်းဖြင့် ပေးနိုင်လိမ့်မည်ဟု ပြောနေသည်။

လုချန်းက ထိုအသိပညာ ဗဟုသုတကို သူမထံသို့ မည်သို့ ပြောင်းလဲပေးမည်ကို စဉ်းစားနေစဉ် လုချန်း၏ လက်က သူမ၏ တင်ပါးပေါ်သို့ ရောက်ရှိသွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ အခန်းထဲရှိ အိပ်ရာဆီသို့ ဦးတည်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မုယုံရွှီ စကားမပြောနိုင်ဖြစ်သွားသည်။ ဤလူသည် အမှန်တကယ် အသိပညာ ဗဟုသုတများ ပေးနေခြင်း မဟုတ်ပေ။ ၎င်းသည် လှည့်စားမှုတစ်ခုသာဖြစ်ပြီး သူလုပ်ချင်သည်မှာ ထိုကိစ္စသာ ဖြစ်သည်။

မုယုံရွှီလည်း များစွာ မတွေးတော့ပဲ လုချန်းနောက်သို့ လိုက်ကာ အိပ်ရာဆီသို့ သွားခဲ့သည်။

ဤအချိန်တွင် မုယုံရွှီ၏ ပါးပြင်များ အနည်းငယ် နီမြန်းနေသည်။ အေးဆေးတည်ငြိမ်သော ပါရမီရှင် အမျိုးသမီး စိတ်လှုပ်ရှားနေပြီဖြစ်သည်။ မုယုံရွှီသည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး လှည့်၍ အိပ်ရာပေါ်တွင် လှဲလိုက်သည်။ လုချန်းသည်လည်း သူမနှင့်အတူ လှဲလိုက်သည်။

လုချန်းသည် ယခင်ကလို ဖြည်းဖြည်းချင်း မလုပ်တော့ပဲ မုယုံရွှီ၏ နှုတ်ခမ်းများကို တိုက်ရိုက် နမ်းလိုက်သည်။

ခဏအကြာတွင် သူတို့နှစ်ဦးသည် ထိုအခြေအနေသို့ ရောက်ရှိသွားသည်။

မုယုံရွှီလည်း ယနေ့ လုချန်း ယခင်ကကဲ့သို့ သူမကိုညှဉ်းဆဲတော့မည် မဟုတ်ဟု မျှော်လင့်လိုက်သည်။ ယခင်က ထိုအခြေအနေ ရောက်ရန်အတွက် လုချန်းက နာရီဝက်ခန့် အချိန်ယူတတ်သည်။

သန်းခေါင်ယံကို ကျော်လွန်သွားသောအခါ မုယုံရွှီ၏ ဝေဝါးနေသော ဦးနှောက်အတွင်းသို့ ရူပဗေဒနှင့် ဓာတုဗေဒဆိုင်ရာ အသိပညာများစွာ ရုတ်တရက် ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည်။

မုယုံရွှီ ချက်ချင်း သတိဝင်လာသည်။ ဘာတွေဖြစ်နေတာလဲ။

ထိုမျှများပြားသော သဘောတရားများကို ရုတ်တရက် မည်သို့ နားလည်လာရတာလဲ။

ဤအချိန်တွင် လုချန်းက သူမ၏ သွယ်လျသော ခါးကို ကိုင်ကာ သူ၏ လုပ်ငန်းဆောင်တာများတွင် အလုပ်များနေဆဲဖြစ်သည်။ မုယုံရွှီ သူ့ကို မေးမြန်းလိုသော်လည်း မလုပ်နိုင်ခဲ့ပေ။

မကြာမီတွင် လုချန်း သူမအား စောစောက ပြောခဲ့သည့် ကိစ္စကို မုယုံရွှီ သတိရလိုက်သည်။ လုချန်းက တော်ဝင်စာကြည့်တိုက်၏ အခြေခံဗဟုသုတများကို သူမအား တစ်ညတည်းဖြင့် ပေးနိုင်သည်ဟု ပြောခဲ့ပြီး ယခု လုချန်းပြောခဲ့သည့် အရာအားလုံးက အမှန်ဖြစ်နေပုံရသည်။

အမှန်တကယ်ပင် တစ်ညတည်းသာ ကြာသည်။ သို့သော် သူက မည်သို့ပြုလုပ်ခဲ့သနည်း။

မုယုံရွှီ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။

သူတို့ ယခုလုပ်နေသည့်အရာကို လုပ်ခြင်းဖြင့် လုချန်းက ဗဟုသုတများကို သူမ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ကူးပြောင်းပေးနိုင်တာလား။

ဒါက ဖြစ်နိုင်သလား။

လုချန်းက မည်သို့လုပ်လိုက်သည်ကို သူအ စူးစမ်းလိုနေစဉ် သူက ရုတ်တရက် ပို၍ ပြင်းထန်လာပြီး မကြာမီ မုယုံရွှီလည်း ခံစားမှုထဲသို့ ထပ်မံနစ်မြောသွားတော့၏။ သူမ၏ အတွေးများကို ဆက်လက်မတွေးတော့ပေ။

လုချန်းသည် သာမန်လူတစ်ဦး မဟုတ်ပေ။ သူသည် ရောဂါများကို ကုသရန်အတွက် အချို့သော ကျင့်စဉ်များကို တိုက်ရိုက် အသုံးပြုနိုင်သည်။ တိုက်ရိုက် ဗဟုသုတ ပေးနိုင်သော နောက်ထပ် စွမ်းရည်တစ်ခု သူ့တွင် ရှိနေခြင်းက အံ့ဩစရာ မဟုတ်ပေ။ ထို့ပြင် နောက်ဆုံးတွင်တော့ ဒီအကြောင်းကို သူ ပြောပြလိမ့်မည်ဖြစ်သည်။

All Chapters