← Chapters

ဘယ်လိုကျေးဇူးတင်မှာလဲ

Vol. 54 Ch. 804

ဘယ်လိုကျေးဇူးတင်မှာလဲ

Vol. 54 Ch. 804

မနက်ခင်းအချိန်။

ပြတင်းပေါက် အပြင်ဘက်တွင် ကျေးငှက်များ ဆူညံစွာ အော်မြည်နေကြသည်။ ထို့ကြောင့် အခန်းထဲမှလူများ စိတ်အနှောင့်အယှက်ဖြစ်ကာ မျက်လုံးများ ဖွင့်ကြည့်လိုက်၏။

မုယုံရွှီသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ရန် ကြံရွယ်လိုက်သည်။ သို့သော် သူမ၏ လက်များကို လုချန်း၏လက်များက ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရပေသည်။

သူက သူမ၏ ကိုယ်ပေါ်တွင် ခပ်လျောလျောမှီနေသည်။ ခေါင်းကို ပခုံးပေါ်တင်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

မုယုံရွှီ စိတ်ပျက်အားငယ်သလို ခံစားလိုက်ရသည်။ ဤလူက အတားအဆီးမရှိ လွန်လွန်းလှသည်။ သူမသာ အဆင့်လွန်ပညာရှင် တစ်ဦး မဟုတ်ခဲ့လျှင် တစ်ညလုံး သူ၏ ခေါင်းအုံးအဖြစ် အသုံးတော်ခံခဲ့ရ၍ ခန္ဓာကိုယ် အလွန် မသက်မသာ ဖြစ်နေပေလိမ့်မည်။

လုချန်း အိပ်ပျော်နေသည်ကို တွေ့ရ၍ မုယုံရွှီ မနှောင့်ယှက်လိုပေ။ အပေါ်ဘက်ရှိ မျက်နှာကျက်ကိုသာ ငေးကြည့်နေလိုက်သည်။ ပြီးခဲ့သည့်ညက လုချန်း ပေးအပ်ခဲ့သည့် ထူးဆန်းသော အသိပညာများအကြောင်းကိုလည်း စဉ်းစားနေ၏။

ယခု သူမ ထိုအသိပညာများကို အလွယ်တကူ မှတ်မိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ဤအရာများမှာ ထိုလူ၏ လုပ်ရပ်များကြောင့်သာ ဖြစ်သည်။ သူမ၏ ဦးနှောက်များ ရှုပ်ထွေးသွားပြီး ဖြစ်ပေါ်လာသော စိတ်ကူးယဉ်မှုတစ်ခု မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုအရာများက အမှန်တကယ် တည်ရှိနေသည်ပေ။

ထိုအခြေခံ အသိပညာများဖြင့် သူမသည် ရှနိုင်ငံတော် တော်ဝင်စာကြည့်တိုက်ရှိ စာအုပ်များကို အလွယ်တကူ နားလည်နိုင်မည် ဖြစ်သည်။ ထို့နောက် ထိုစာအုပ်များမှ အသိပညာများကို အခြားသူများအား ပြန်လည် သင်ကြားပေးနိုင်မည်။

ခဏမျှ စဉ်းစားပြီးနောက် မုယုံရွှီ၏ အကြည့်က သူမ၏အပေါ်တွင် မှီနေသည့် လုချန်းထံသို့ ပြန်လည် ရောက်ရှိသွားသည်။ ရုတ်တရက် သူမစိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။

ကျူးနိုင်ငံတော် ပျက်စီးသွားသည်နှင့် ထိုလူအား ခွဲခွာမည်ဟု သူမ တစ်ခါက ပြောခဲ့ဖူးသည်။ ယခု သူက ဤမျှ အရေးပါသည့် အသိပညာများကို သူမအား ပေးအပ်ခဲ့ပြီးနောက် ကျူးနိုင်ငံတော် အမှန်တကယ် ပျက်သုဉ်းသွားပြီးလျှင်ပင် သူမအား ထွက်ခွာခွင့် ပြုပါဦးမည်လား။

လုချန်း ပေးအပ်ခဲ့သည့် အသိပညာများမှာ အခြေခံအဆင့်သာ ဖြစ်သော်လည်း ၎င်းတို့သည် ကမ္ဘာကို ပြောင်းလဲနိုင်အောင် လုံလောက်သည်။ ထို့ကြောင့် လုချန်းက သူမအား အေးချမ်းစွာ ထွက်ခွာခွင့်ပြုလိမ့်မည်ဟု သူမ မယုံကြည်ပေ။

ဖြစ်နိုင်ပါ့မလား…

မုယုံရွှီ၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ ဤလူဆိုးသည် အစကတည်းက သူမအား ရှနိုင်ငံတော်မှ ထွက်ခွာခွင့် မပြုဖို့ ရည်ရွယ်ထားခဲ့ခြင်းလား။

ထိုအချက်ကို စဉ်းစားမိသည်နှင့် မုယုံရွှီ၏ မျက်ခုံး အနည်းငယ် တွန့်သွားသည်။

ဟုတ်ပါသည်။ ဒီအတိုင်း ဖြစ်ရမည်။ မဟုတ်ပါက သူက သူမကို အဘယ်ကြောင့် ဤမျှ ယုံကြည်မည်နည်း။

မုယုံရွှီ ထိုသို့ တွေးနေစဉ် လုချန်း၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားလာသည်။ သူ နိုးလာသည့်ပုံရသည်။ မုယုံရွှီ တုန်ယင်သွားပြီး ညင်သာစွာ အံတစ်ချက်ကြိတ် ကိုက်လိုက်သည်။

ထိုအချိန်တွင် မုယုံရွှီ၏ နားနား၌ လုချန်း၏အသံ ထွက်ပေါ်လာသည်။

“ဒီလောက် စောစောစီးစီး နိုးလာတာလား။ နည်းနည်းလေး ဆက်မအိပ်ချင်ဘူးလား။”

မုယုံရွှီက အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်၏။

“မင်းကြီးမှာ ဒီနေ့အတွက် အရေးကိစ္စများစွာ ရှိနေပါတယ်။ နန်းတွင်းကိစ္စတွေကို နှောင့်နှေးစေတာမျိုး မဖြစ်စေချင်ပါဘူး။”

လုချန်းက ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ

“ဘယ်လိုလဲ။ ကိုယ်ပေးလိုက်တဲ့ အသိပညာတွေကို ဆင်ခြင်ပြီးပြီလား။”

မုယုံရွှီက

“မင်းကြီးက တကယ်ကို ထူးခြားတဲ့သူပါပဲ။ ဒီလိုနည်းလမ်းမျိုးတွေတောင် ရှိနေတယ်။”

“ဒါပေမဲ့ ကျွန်မ သိချင်တာတစ်ခုက မင်းကြီးက အသိပညာတွေကို တိုက်ရိုက် ပေးနိုင်တယ်ဆိုရင် ဘာလို့ ကျွန်မတဆင့် တခြားသူတစ်ယောက်ကို သင်ပေးခိုင်းတာလဲ။ အခြေခံအသိပညာတွေကို တခြားသူတွေရဲ့ စိတ်ထဲကို တိုက်ရိုက် ထည့်ပေးလိုက်လို့ မရဘူးလား။”

ယောကျ်ားမိန်းမ ကိစ္စများကို လုပ်ဆောင်နေစဉ်တွင်သာ အခြားသူများအား အသိပညာ ပေးနိုင်မည်ဟု အစက မုယုံရွှီ ထင်ခဲ့သည်။ သို့သော် သူမ ပြန်လည်စဉ်းစားသောအခါ ထိုသို့မဖြစ်နိုင်ဟု ယူဆလိုက်သည်။

ထိုလူ၏ လုပ်ရပ်ကြောင့် သူမ၏ စိတ်များ ဇဝေဇဝါ ဖြစ်နေ၍ ထိုသို့ တွေးမိခြင်းသာ ဖြစ်ပေလိမ့်မည်။ အခြားသူများအား အသိပညာ ပေးနိုင်သည့် သူ၏စွမ်းရည်မှာ ထာဝရတန်ခိုးရှင် တစ်ပါး၏ နည်းလမ်းတစ်ခုခုသာ ဖြစ်ရမည်။

လုချန်းက

“ကိုယ်က အသိပညာတွေကို တိုက်ရိုက်ပေးနိုင်ပေမဲ့ ဒီစွမ်းရည်မှာ ကန့်သတ်ချက်တွေ အများကြီး ရှိတယ်။ ဘယ်သူမဆို လက်ခံနိုင်တာ မဟုတ်ဘူး။ ဒါကြောင့် တခြားသူတွေကို သင်ကြားပေးဖို့ လိုအပ်နေသေးတာပေါ့။”

နတ်ဉာဏ်အလင်း စွမ်းရည်ကို တစ်နေ့လျှင် နှစ်ကြိမ်သာ အသုံးပြုနိုင်သည်ဟူသော အချက်ကို မုယုံရွှီအား တိုက်ရိုက် မပြောခဲ့ပေ။

လုချန်း၏ အဖြေကို ကြားရသောအခါ မုယုံရွှီသည် စဉ်းစားလိုက်ပြီး ထိုသို့သော အံ့အားသင့်ဖွယ် နည်းလမ်းမျိုး၌ အမှန်ပင် ကန့်သတ်ချက်များ ရှိရမည်ကို နားလည်သွားသည်။ အကယ်၍ ကန့်သတ်ချက်များ မရှိပါက ထိုလူသည် သူ၏ မိဖုရားများအား ထိုအသိပညာများကို သေချာပေါက် ပေးအပ်ခဲ့ပြီးဖြစ်လိမ့်မည်။

ထိုအချိန်တွင် လုချန်းက မုယုံရွှီ၏ လက်များကို လွှတ်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ထလိုက်၏။ သူ၏ လက်များမှာ သူမ၏ ဆံပင်များအနီးတွင် ထောက်ထားပြီး သူမ၏ လှပသော မျက်နှာကို စိုက်ကြည့်နေလျက်

“ဒီနေ့ကစပြီး မင်းက ရှနိုင်ငံတော် တော်ဝင်စာကြည့်တိုက်ရဲ့ ဒုစာကြည့်တိုက်မှူး ဖြစ်ပြီ။”

မုယုံရွှီက

“ကျေးဇူးပါ မင်းကြီး။”

လုချန်းက သူမအား လုပ်စရာများ ရှာပေးသည့်အတွက် မုယုံရွှီ ဝမ်းသာမိသည်။ ယင်းက လုချန်း သူမကို ယုံကြည်ကြောင်း ပြသနေခြင်း ဖြစ်သည်။ တစ်နေ့တာလုံး သူမ၏ အဆောင်ထဲတွင် ဘာမှ မလုပ်ရပဲ ပျင်းရိငြီးငွေ့နေခြင်းကို သူမ စိတ်ကုန်နေခဲ့ပြီ။

လုချန်း၏ အခြားသော မိဖုရားများတွင် သားသမီးများ ပြုစုစောင့်ရှောက်ရန် တာဝန်ရှိကြသည်။ သို့သော် သူမမှာမူ ဘာမှ မရှိပေ။ နန်းတော်ထဲတွင် စာရေးခြင်း၊ ကဗျာစပ်ဆိုခြင်း၊ ရံဖန်ရံခါ လုချန်း၏ ပုံတူပန်းချီများ ရေးဆွဲခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရ၏။

မုယုံရွှီက ကျေးဇူးတင်နေသည်ကို မြင်သောအခါ လုချန်းက အနည်းငယ် ပြုံးပြပြီး “ကျေးဇူးတင်တယ်တဲ့လား။ ဘယ်လိုကျေးဇူးဆပ်ဖို့ စိတ်ကူးထားသလဲ။ ပါးစပ်ကနေ ကျေးဇူးတင်ရုံသက်သက်တော့ မဟုတ်လောက်ဘူးနော်”

မုယုံရွှီက ခပ်အေးအေးလေသံဖြင့်

“မင်းကြီးက ဘယ်လိုကျေးဇူးဆပ်စေချင်တာလဲ။”

လုချန်းက

“ကိုယ့်ကို သားသမီးအများကြီး မွေးပေးလို့ မရဘူးလား။”

မုယုံရွှီ၏ စိတ်ထဲ ရယ်လိုက်သည်။ အမှန်တကယ်ပင် ဤလူ၏ စိတ်ထဲတွင် သားသမီးရတနာ ထွန်းကားရေးကိစ္စသာ ရှိနေသည်။

ထို့နောက် မုယုံရွှီက

“မင်းကြီးအတွက် သားသမီး မွေးနိုင်မွေးနိုင်တာက ကျွန်မ ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ မင်းကြီးမှာ အစွမ်းရှိမရှိ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။”

မုယုံရွှီ၏ စကားများက ရန်စနေခြင်းဖြစ်ကြောင်း ရှင်းနေသည်။ ဘယ်ယောက်ျားကမှ စွမ်းရည်မရှိကြောင်း ဝန်ခံလိမ့်မည် မဟုတ်ပေ။

လုချန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက်

“ကိုယ့်မှာ အစွမ်းမရှိဘူးလို့ မင်းထင်နေတာလား။”

“ဒါဆိုရင် မင်းကို အထူးဂရုစိုက်ပေးရတော့မယ်။”

ထိုသို့ ပြောပြီးနောက် လုချန်းက သူမ၏ နှုတ်ခမ်းများကို တိုက်ရိုက် ဖိကပ်လိုက်သည်။

မကြာမီပင် အခန်းချင်းကပ်လျက်တွင်ရှိသော ဝူကျန်းဝမ်၏ အခန်းထဲသို့ မုယုံရွှီ၏ တောင်းပန်သံများ ဝင်ရောက်လာသည်။

မုယုံရွှီ၏ တောင်းပန်သံကို ကြားရသောအခါ အိပ်ရာပေါ်တွင် လဲလျောင်းနေသည့် ဝူကျန်းဝမ် နှာခေါင်းရှုံ့လိုက်မိသည်။ မုယုံရွှီက လုချန်းကို မည်သို့ ပြောလိုက်မှန်း သူမ မသိသော်လည်း လက်ရှိ ဖြစ်ပျက်နေသည့် ဆူညံသံများကို ထောက်ရှုလျှင် မုယုံရွှီဘက်က လုချန်းကို ရန်စလိုက်မိတာ ဖြစ်နိုင်သည်။

ဝူကျန်းဝမ် သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။

“အသိဉာဏ်မဲ့တဲ့ အစေခံမ။ အဲ့ဒီလူကို ရန်စရဲတယ်ပေါ့။”

ထိုသို့ဖြင့် ဝူကျန်းဝမ်သည် သူမ၏ ဗိုက်ကို မကျေမနပ်ဖြစ်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

သူမကဲ့သို့ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးပင် လုချန်းကြောင့် ကိုယ်ဝန်ရနိုင်ခဲ့ပါက မုယုံရွှီဆိုသည့် ထိုမိန်းကလေးလည်း နောက်မကြာမီပင် လုချန်း၏ ကလေးကို သူမ၏ ဗိုက်ထဲတွင် လွယ်ထားရလိမ့်မည်ဟု ဝူကျန်းဝမ် တွေးလိုက်မိသည်။

မုယုံရွှီ ကိုယ်ဝန်ရသည်နှင့် သူမ မုယုံရွှီကို မည်သို့ ပြန်လည်လက်တုံ့ပြန်မည်ကို စောင့်ကြည့်ရပေဦးမည်။

ယခင်က မုယုံရွှီသည် သူမ၏ နံနက်ခင်း ပျို့အန်မှုကို မြင်တွေ့လျှင်

“အရိပ်အယောင် ကောင်းကင်လူသားဖြစ်ပြီး အချိန်တိုလေးအတွင်းမှာ လုချန်းရဲ့ ကလေးကို ကိုယ်ဝန်ရသွားတယ်။ မင်းသမီးရဲ့ခန္ဓာကိုယ်က လုချန်းရဲ့ သားသမီးတွေကို မွေးဖို့ပဲ ဖန်တီးထားတာလား”

ဟူ၍ ရံဖန်ရံခါ လှောင်ပြောင်တတ်သည်။

ကလေးသုံးယောက် အမြန်ဆုံး မွေးပြီးနောက် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန် ဝူကျန်းဝမ် ကြံစည်နေသော်လည်း မုယုံရွှီ၏ စကားများက သူမအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။ မုယုံရွှီ၏ မျက်လုံးများက သူမသည် သားသမီးမွေးရန်အတွက် မွေးမြူထားသည့် ကျွဲနွားများကဲ့သို့သာ ဖြစ်နေသည်ဟု ခံစားရစေသည်။ ထိုခံစားချက်ရသည်ကို ဝူကျန်းဝမ် အလွန်စိတ်ပျက်ခဲ့ရသည်။

အခန်းချင်း ကပ်လျက်မှ မုယုံရွှီ၏ အသံကို ကြားရသောအခါ ဝူကျန်းဝမ် ကျေနပ် နေသည်။ မုယုံရွှီကို အမြန်ဆုံး ကိုယ်ဝန်ရစေရန် စိတ်ထဲမှ အားပေးနေလိုက်၏။

ထိုအစေခံမလေးသည် သူမအား သားသမီးမွေးတတ်သည့် တိရစ္ဆာန်တစ်ကောင်နှင့်နှိုင်းယှဉ် ပြောင်လှောင်ရဲသည်။ မုယုံရွှီ၏ ဗိုက်ဖောင်းလာလျှင် သူမ၏ မျက်နှာအမူအရာ မည်သို့ ဖြစ်နေမည်ကို ဝူကျန်းဝမ် အလွန် မြင်ချင်မိသည်။

နောက်ရက်များတွင် လုချန်းသည် မုယုံရွှီ၏ အခန်းသို့ နေ့တိုင်း လာရောက်ခဲ့သည်။ တောင်းပန်ခြင်းက အသုံးမဝင်တော့ကြောင်း မုယုံရွှီ နားလည်သွားသောအခါ အခန်းချင်းကပ်လျက်ရှိသော မင်းသမီးကိုပါ သူမနှင့်အတူ ဆွဲချရန် ကြံစည်ခဲ့သည်။

သို့သော် သူမ၏ နည်းဗျူဟာက လုချန်းကို မလှည့်စားနိုင်ခဲ့ပေ။ မုယုံရွှီက ဝူကျန်းဝမ်၏ အခန်းတွင် ဝူကျန်းဝမ်နှင့် စကားပြောနေသယောင် ဟန်ဆောင်ပြီး ပုန်းနေလျှင်ပင် လုချန်းက မုယုံရွှီကို ချက်ချင်းပင် တစ်ဖက်ခန်းသို့ ပွေ့ချီသွားလိမ့်မည်။

နောက်ဆုံးတွင် မုယုံရွီ လက်လျှော့ အရှုံးပေးလိုက်ရသည်။

ရက်အနည်းငယ်ကြာပြီးနောက်။

လုချန်းသည် စာကြည့်ခန်းထဲတွင် နိုင်ငံရေးရာ ကိစ္စများကို လုပ်ဆောင်နေသည်။ ထိုစဉ် ပိုင်ချင်းချင်း ဝင်လာပြီး

“မင်းကြီး။ မင်းကြီး မှာထားတဲ့ ပစ္စည်းတွေ အားလုံး ပြင်ဆင်ထားပါတယ်”

All Chapters