သွေးကြောခုနှစ်ချက် ပုံစံကို တည်ဆောက်ခြင်း
Vol. 54 Ch. 805
ပိုင်ချင်းချင်း၏ စကားကို ကြားပြီးနောက် လုချန်းသည် စားပွဲရှေ့မှ ချက်ချင်း ထရပ်လိုက်ကာ
“နောက်ဆုံးတော့ ပုံစံကို တည်ဆောက်နိုင်ပြီပဲ” ဟု တီးတိုးရေရွတ်လိုက်၏။
သွေးကြောခုနှစ်ချက် ပုံစံသည် ကာကွယ်ရေးအတွက် အလွန်အကျိုးရှိသော်လည်း ပစ္စည်းကိရိယာအများအပြားလိုအပ်သည်။ ထို ပစ္စည်းများ စုဆောင်းနိုင်ပါ့မလားဟု အစက လုချန်း စိုးရိမ်ခဲ့သေးသည်။ သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် ပုံစံတည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
ဤအရာက ဖြစ်သင့်သည်။ ဤကမ္ဘာတွင် သွေးကြောခုနှစ်ချက် ပုံစံကို တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများ မရှိပါက စနစ်က သူ့အား ထိုပုံစံကို ဆုချီးမြှင့်မည် မဟုတ်ပေ။
လုချန်းသည် စားပွဲမှ ခန်းမကြီးဆိီသို့ လျှောက်သွားသည်။ ထို့နောက် ပိုင်ချင်းချင်း၏ ဘေးသို့ ရောက်လာပြီး သူမကို ဖက်လိုက်ကာ
“ကိုယ့်ကို အဲဒီကို ခေါ်သွားပါ။”
ပိုင်ချင်းချင်းက မျက်နှာအမူအရာမရှိပဲ
“ကျွန်မနောက်ကိုလိုက်ခဲ့ပါ”
ထို့နောက် ပိုင်ချင်းချင်းသည် လုချန်းအား လေပြင်းမိုးတိမ်ဆောင်သို့ ခေါ်သွားသည်။
သွေးကြောခုနှစ်ချက် ပုံစံကို တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများသည် လွန်စွာ တန်ဖိုးရှိသည်။ ထို့ကြောင့် ပိုင်ချင်းချင်းက နောက်ပိုင်း ပြဿနာများ မဖြစ်စေရန် ၎င်းတို့ကို လေပြင်းမိုးတိမ်ဆောင်သို့ တိုက်ရိုက်ပို့စေခဲ့သည်။
လုချန်း လေပြင်းမိုးတိမ်ဆောင်ထဲသို့ ဝင်သည်နှင့် ပစ္စည်းပုံဘေးတွင် စုရုံးနေကြသည့် သူ၏ ဇနီးမယားများကို တွေ့လိုက်ရသည်။ သူတို့က ထိုပစ္စည်းများ၏ အသုံးပြုပုံများကို ခန့်မှန်းနေကြခြင်းဖြစ်သည်။
လုချန်း ရောက်လာသည်ကို မြင်သောအခါ မိန်းမများက လမ်းကို ရှင်းပေးလိုက်ကြသည်။ ချူးယုချင်က စူးစမ်းလိုစိတ်ဖြင့်
“မင်းကြီး။ ဒီပစ္စည်းတွေက ဘာအတွက်အသုံးပြုတာလဲ။”
မြေပြင်ပေါ်တွင် အပင်ပင်စည်များ၊ သစ်ရွက်များနှင့် တိရစ္ဆာန်အရိုးများ ကဲ့သို့သော အသုံးမဝင်ဟု ထင်ရသည့်အရာများ ရှိသည်။ ထို့ပြင် မည်သည့်သတ္တဝါဆိီကမှန်း မသိရသော သွေးများလည်း ရှိသည်။
ထိုအချိန်တွင် လုချန်းက
“ဒီပစ္စည်းတွေက ပုံစံတစ်ခု တည်ဆောက်ဖို့အတွက်ပါ။ ပုံစံတည်ဆောက်ပြီးသွားရင် ကောင်းကင်လူသားအဆင့်ရှိ သူတွေတောင် ရန်ခရိုင်ထဲမှာ ပြဿနာ ရှာနိုင်မှာမဟုတ်ဘူး။”
ဤစကားကို ကြားရသောအခါ အမျိုးသမီးများ အံ့အားသင့်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားကြသည်။
အထူးသဖြင့် သိုင်းပညာအဆင့် အနိမ့်ဆုံး ဖြစ်ကြသည့် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့နှစ်ယောက်ဖြစ်သည်။ သူတို့ နန်းတော်မှ ထွက်သည့်အခါတိုင်း အစောင့်အရှောက်များဖြင့် သွားကြရသည်။ ထို့ပြင် အပြင်ထွက်ရန်ကိုလည်း သူတို့ အလွန်ကြောက်ကြသည်။
လုချန်းတွင် ရန်သူများစွာ ရှိသည်။ ရန်ခရိုင်တွင် သူလျှိုမည်မျှ စိမ့်ဝင်လျက်ရှိသည်ကို မည်သူမှ မသိပေ။ ထိုသူများက သူတို့အား ဖမ်းဆီး၍ လုချန်းကို ခြိမ်းခြောက်နိုင်သည်။
သူတို့အတွက် ရန်ခရိုင်သည် ယခင်ကထက် ပို၍ အန္တရာယ်များလာသည်။
ပုံစံတည်ဆောက်မှုက သူတို့အား အမြဲတမ်း ကာကွယ်ပေးနိုင်မည်ဆိုလျှင် သူတို့ ရန်ခရိုင်တွင် လွတ်လပ်စွာ သွားလာနိုင်ပေလိမ့်မည်။
နန်းတော်သည် ကြီးမားသော်လည်း ရန်ခရိုင်နှင့် နှိုင်းယှဉ်လျှင် သေးငယ်နေသေးသည်။ နန်းတော်ထဲတွင် အမြဲရှိနေရသည်ကိုလည်း သူတို့ ငြီးငွေ့နေကြပြီဖြစ်သည်။
သတိပြန်ဝင်လာသောအခါ မုကျိရွှမ်းက
“မင်းကြီး။ ဒီပုံစံက ကျွန်မတို့ကို အမြဲတမ်း ကာကွယ်ပေးနိုင်လား။”
လုချန်းက ကောင်းကင်လူသားများပင် ရန်ခရိုင်တွင် ပြဿနာရှာရဲလိမ့်မည် မဟုတ်ဟု ပြောသော်လည်း ပုံစံက သူတို့၏ ဘေးကင်းလုံခြုံမှုကို အမှန်ပင် အာမခံနိုင်မည်ဟု မုကျိရွှမ်း မယုံကြည်ပေ။
အကယ်၍ ၎င်းသည် အသက်သွင်းမှသာ အလုပ်လုပ်သည့် ကာကွယ်ရေး ပုံစံဖြစ်ပါက သူတို့ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက ပုံစံကို အချိန်မီ အသက်သွင်းနိုင်မည် မဟုတ်ပေ။
လုချန်းက မုကျိရွှမ်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်လိုက်သည်။ သူက
“ဒီပုံစံကို အချိန်မရွေး အသက်သွင်းနိုင်တယ်။ ကိုယ့်ရဲ့ ဇနီးမယားတွေနဲ့ ကလေး အားလုံးက အသက်သွင်းနိုင်တယ်။”
“ဒါပေမဲ့ ဒီပုံစံက ကိုယ့်ရဲ့ ဇနီးမယားနဲ့ ကလေးတွေကို အန္တရာယ် မပြုနိုင်ဘူး။”
“မင်းတို့ အပြင်ထွက်ရင်တောင် ရန်ခရိုင်ထဲမှာ ရှိနေသရွေ့ ဒီပုံစံရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်။”
“ဒါပေမဲ့ ဒီကမ္ဘာမှာ စွမ်းအင်တွေက အင်မတန် နည်းပါးတယ်။ ပုံစံက ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူနိုင်ပေမဲ့ အချိန်အကြာကြီး အသက်မသွင်းနိုင်ဘူး။”
“ဒါကြောင့် လုံးဝမလိုအပ်ပဲ ပုံစံကို အသက်မသွင်းရဘူး”
သွေးကြောခုနှစ်ချက် ပုံစံကို အပိုင်းနှစ်ပိုင်း ခွဲထားသည်။ တစ်ခုမှာ တက်ကြွစွာ အသက်သွင်းနိုင်သည့် တိုက်ခိုက်တတ်သည့် ပုံစံဖြစ်သည်။ နောက်တစ်ခုမှာ အလိုအလျောက် ခုခံကာကွယ်သည့်ပုံစံ ဖြစ်သည်။
အလိုအလျောက် ခုခံကာကွယ်သည့် ပုံစံသည် အမြဲတမ်း အသက်ဝင်နေသည်။ အနီးသို့ ချဉ်းကပ်လာသည့် ရန်သူ၏ သတ်လိုသော စိတ်ကို သိရှိနိုင်ပြီး အားကောင်းသော ရန်သူများ၏ အန္တရာယ်မှ ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။
တက်ကြွစွာ အသက်သွင်းသည့် ပုံစံကတော့ ရန်သူတစ်ဦးသည် ပုံစံအတွင်းသို့ ဝင်ရောက်လာသည်နှင့် လုချန်း၏ ဇနီးမယားများနှင့် ကလေးများသည် ရန်သူကို တိုက်ခိုက်ရန် ပုံစံကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။ ထိုပုံစံကို အသက်သွင်းလျှင် ကြီးမားသည့် စွမ်းအင်ပမာဏကို အသုံးပြုရသည်။
ထိုအချိန်တွင် လုချန်းသည် ပုံစံအတွက် လိုအပ်သောပစ္စည်းများနားသို့ ချဉ်းကပ်လာသည်။ သူပုံစံကို တည်ဆောက်ရန် ပြင်ဆင်လိုက်ချိန်တွင် စနစ်၏ အချက်ပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။
[သခင်၏ ကျင့်စဉ်အဆင့်သည် ကောင်းကင်လူသားအဆင့်သို့ မရောက်သေးပါ။ သခင်၏ လက်ရှိ စွမ်းအင်ဖြင့် သွေးကြောခုနှစ်ချက် ပုံစံတစ်ခုလုံးကို တည်ဆောက်ရန် မဖြစ်နိုင်ပါ။]
ထိုအသိပေးသံကို ကြားရသောအခါ လုချန်း အံ့အားသင့်သွားသည်။
ဘာဖြစ်တာလဲ။
တည်ဆောက်လို့ မရဘူးလား။
ဒါဆို အဘယ်ကြောင့် စနစ်က သူ့အား ဤပုံစံကို ဆုချီးမြှင့်ခဲ့ရသနည်း။
မကြာမီပင် လုချန်း သတိရလိုက်သည်။ သူကိုယ်တိုင် တည်ဆောက်နိုင်ခြင်း မရှိသော်လည်း သူ၏ ကွပ်ကဲမှုအောက်တွင် ကောင်းကင်လူသားများ ရှိသည်။ ထိုကောင်းကင်လူသားများကို တည်ဆောက်စေနိုင်သည်။
လုချန်း ဤသို့ တွေးနေစဉ် စနစ်၏ အသိပေးချက် ထပ်ထွက်ပေါ်လာသည်။
[ သွေးကြောခုနှစ်ချက် ပုံစံကို အပြီးသတ်တည်ဆောက်နိုင်ရန်အတွက် ကောင်းကင်လူသားများအား သခင်ဆီသို့ စွမ်းအင်များ လွှဲပြောင်းပေးစေနိုင်ပါသည်။]
စနစ်၏ စာသားကို မြင်ရသောအခါ လုချန်း တုံ့ဆိုင်းမနေတော့ပေ။ သူက ပိုင်ချင်းချင်းအား တိုက်ရိုက်ပင်
“ပိုင်။ ရှထျန်းယွမ်နဲ့ မုဟုန်ကွမ်းကို ခေါ်လိုက်ပါ။”
“ဟုတ်ကဲ့ မင်းကြီး။”
ပိုင်ချင်းချင်းလည်း လေပြင်းမိုးတိမ်ဆောင်မှ ချက်ချင်း ထွက်သွားသည်။
ပိုင်ချင်းချင်း ထွက်သွားပြီးနောက် လုချန်းသအေးအေးဆေးဆေး မနေပေ။ ပုံစံကို မည်သို့ စီစဉ်မည်ကို အလေးအနက် စဉ်းစားနေသည်။
မကြာမီ ရှထျန်းယွမ်၊ မုဟုန်ကွမ်းနှင့်အတူ ပိုင်ချင်းချင်း လေပြင်းမိုးတိမ်ဆောင်တွင် ပေါ်လာသည်။
လေပြင်းမိုးတိမ်ဆောင်သည် လုချန်း၏ မိဖုရားဆောင် ဖြစ်သည်။ လုချန်း၏ သားများမှအပ ယောက်ျားများ ဝင်ခွင့်မရှိပေ။ ထို့ကြောင့် ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့ နှစ်ဦးစလုံး စိတ်မသက်မသာ ခံစားနေရသည်။
လုချန်းတွင် ရွေးချယ်စရာမရှိပေ။ သူသည် ပုံစံ၏ အဓိကနေရာများကို လေပြင်းမိုးတိမ်ဆောင်တွင် တည်ဆောက်ရန် လိုအပ်သည်။ ထို့ကြောင့် ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့ကို ဤနေရာသို့ လာခိုင်းရခြင်း ဖြစ်သည်။
ထို့ပြင် သူတို့က ပုံစံတည်ဆောက်ခြင်းကိုသာ လုပ်ဆောင်မည်ဖြစ်ပြီး မိဖုရားဆောင်တွင် အချိန်အကြာကြီး နေမည်မဟုတ်ပေ။ ထို့ကြောင့် သိပ်အရေးမကြီးလှဟု လုချန်း တွေးလိုက်သည်။
ထို့နောက် လုချန်းက ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့အား
“ဂိုဏ်းချုပ်ရှ၊ သခင်ကြီးမု ဒီနေရာမှာ ပုံစံတည်ဆောက်ဖို့ လိုတယ်။ ကျွန်တော့်ရဲ့ စွမ်းအင်လုံလောက်မှု ရှိစေဖို့ ခင်ဗျားတို့နှစ်ယောက်ရဲ့ စွမ်းအင်တွေကို ကျွန်တော့်ဆီကို လွှဲပြောင်းပေးပါ။”
ထိုစကားကို ကြားရသောအခါ
“ဟုတ်ကဲ့ မင်းကြီး။”
ထို့နောက် လုချန်းသည် သူ၏ စွမ်းအင်ကို စတင် လည်ပတ်လိုက်သည်။ နောက်တစ်ခဏတွင် ပုံစံအတွက် ပစ္စည်းများအားလုံး မြေပြင်မှ ကြွတက်လာသည်။
ချက်ချင်းပင် ပုံစံဒီဇိုင်းတစ်ခု လုချန်း၏ စိတ်ထဲတွင် ပေါ်လာသည်။ ထို့နောက် ပုံစံဒီဇိုင်းအတိုင်း စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် လေထဲတွင် ရှိနေသည့် ပစ္စည်းများ စတင် ပေါင်းစပ်သွားသည်။
ပေါင်းစပ်ပြီးနောက် ပစ္စည်းများသည် အနက်ရောင် အရည်အဖြစ်သို့ ပြောင်းလဲသွားကာ လုချန်း၏ ခေါင်းပေါ်တွင် ပုံသဏ္ဍာန်တစ်ခုအဖြစ် စုဝေးသွားသည်။
သို့သော် ထိုအချိန်တွင် လုချန်း၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်သည် အရှိန်ကို လိုက်၍ မမီတော့ပေ။ ထိုအရာကို မြင်သောအခါ ရှထျန်းယွမ်နှင့် မုဟုန်ကွမ်းတို့ ချက်ချင်း ဝင်လာပြီး သူတို့၏ စွမ်းအင်များကို လုချန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
လုချန်းလည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ လုံလောက်စွာ ပြည့်ဝသွားသည်ကို ချက်ချင်း ခံစားမိလိုက်သည်။ ထို့နောက် ပုံစံတည်ဆောက်ခြင်းကို ဆက်လက်လုပ်ဆောင်လိုက်သည်။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ လုချန်း၏ ခေါင်းပေါ်ရှိ အနက်ရောင်ပုံစံသည် လျင်မြန်စွာ ထိုးတက်သွားပြီး ပို၍ ကြီးမားလာသည်။
မကြာမီ ထိုပုံစံသည် ရန်ခရိုင်တစ်ခုလုံးကို ဖုံးအုပ်သွားရာ ရန်ခရိုင်ဒေသခံများ အံ့အားသင့်သွားကြသည်။
အဆင်ပြေပြီဟု လုချန်း ခံစားရသောအခါ သူ၏ ပုံစံကို ချက်ချင်းပင် ဆင်းသက်စေလိုက်သည်။ ကောင်းကင်ပေါ်ရှိ ပုံစံက လျင်မြန်စွာ ပြုတ်ကျလာသဖြင့် ရန်ခရိုင်ဒေသခံများ ကြောင်လန့်သွားကြသည်။ အချို့မှာ ထွက်ပြေးရန် ပြင်ဆင်နေကြသည်။ သို့သော် ပုံစံ၏ ကျဆင်းလာနှုန်းက လွန်စွာ လျင်မြန်သောကြောင့် လူများ ပုန်းရန် အချိန်မရလိုက်မီပင် ပုံစံက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးဖြစ်သည်။
ပုံစံက သူတို့အတွက် ခြိမ်းခြောက်မှုမရှိသည်ကို မြင်ရသောအခါ ရန်ခရိုင်ဒေသခံများ နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။
နောက်တစ်ခဏတွင် လုချန်းက ပုံစံကို တက်ကြွစွာ အသက်သွင်းလိုက်သည်။ ထို့နောက် ပုံစံ၏ ပုံသဏ္ဍာန်သည် တဖြည်းဖြည်း အနက်ရောင်မှ ရွှေရောင်သို့ ပြောင်းသွားပြီး ရွှေရောင်အလင်းများ ထုတ်လွှတ်လာသည်။ ဤရွှေရောင်အလင်းသည် လျင်မြန်စွာ စုစည်းသွားပြီး ရန်ခရိုင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အမိုးခုံးတစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုအရာကို မြင်ရသောအခါ လုချန်း တွေးလိုက်မိသည်။
“ဒါက သွေးကြောခုနှစ်ချက် ပုံစံပဲ။ တိုက်ခိုက်တတ်တဲ့ပုံစံရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်ဖို့ ရန်သူတွေမရှိတာ ဝမ်းနည်းစရာပဲ။”
လုချန်း ထပ်မံ မစဉ်းစားတော့ပေ။ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရန်ခရိုင်အပေါ်ရှိ ရွှေရောင် ကာကွယ်ရေး အတားအဆီး လုံးဝပျောက်ကွယ်သွားသည်။