← Chapters

ရှနိုင်ငံတော်ကို စစ်ချီရန် တောင်းဆိုပါတယ်

Vol. 54 Ch. 807

ရှနိုင်ငံတော်ကို စစ်ချီရန် တောင်းဆိုပါတယ်

Vol. 54 Ch. 807

လုချန်း၏ စကားကို ကြားပြီးနောက် လင်ဝမ်ရွန်သည် တစ်ခုခု ပြောရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် လုချန်းက ချန်ဝမ်ရွန်ကို ပွေ့ချီလိုက်သည်။ ထို့နောက် အလင်းအရိပ်ကျင့်စဉ်ဖြင့် သူတို့နှစ်ဦးလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

ဟာလာဟင်းလင်းဖြစ်နေသော အခန်းကို ကြည့်ရင်း လင်ဝမ်ရွန် အနည်းငယ် စကားမဲ့နေသည်။ ထိုလူဆိုးသည် အမြဲတမ်း အလျင်လိုတတ်သည့် အကျင့်ဆိုးကို ဘယ်တော့မှ မဖျောက်နိုင်ပေ။ မကြာမီပင် အနီးရှိ အခန်းမှ အသံများ ကြားလာရတော့မည်ဟု သူမ ခန့်မှန်းလိုက်သည်။ လင်ဝမ်ရွန်သည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ အိပ်ရာဘေးသို့ လျှောက်သွားကာ စက္ကူလိပ်တစ်ခုကို ဆုတ်ပြီး နားထဲတွင် ပိတ်ဆို့လိုက်သည်။

လုချန်းသည် ချန်ဝမ်ရွန်ကို အနီးနားရှိ အခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ပရိဘောဂများရှိရာ နေရာသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထိုအချိန်တွင် ချန်ဝမ်ရွန်သည် လုချန်း၏ ပေါင်ပေါ်၌ ထိုင်နေပြီး လုချန်း၏ လက်များကမူ သူမ၏ သွယ်လျသော ခါးကိုဖက်ထားသည်။

ထို့နောက် လုချန်းက

“ဒါက မင်းရဲ့ အိပ်ဆောင်။ ပြန်ပြင်ဆင်ဖို့ လိုတာ ရှိမရှိ ကြည့်ပါဦး။ လိုအပ်ရင် မနက်ဖြန်တစ်ယောက်ယောက်ကို ခေါ်ပြီး ပြင်ဆင်ခိုင်းလိုက်မယ်။”

အိပ်ဆောင်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ ဝမ်ရွန်ဆောင်ကဲ့သို့ စီစဉ်ထားသော်လည်း ချန်ဝမ်ရွန်သည် ယခုအခါ မိဖုရားကြီး ဖြစ်နေပြီဖြစ်သောကြောင့် မူလပရိဘောဂများသည် အကျယ်အဝန်းအားဖြင့် မလုံလောက်ဘဲ ကျဉ်းကျပ်နေသလို ခံစားရသည်။

ချန်ဝမ်ရွန်က အခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်သည်။ အခန်းသည် အပြာရောင် သန်းနေသည်။ ကန့်လန့်လားကာများက အပြာနုရောင်ဖြစ်ပြီး အဖြူရောင်ပန်းများ ထိုးထားသဖြင့် အခန်းတစ်ခုလုံးကို သန့်စင်ပြီး အေးစက်တိတ်ဆိတ်စေသည်။

ချန်ဝမ်ရွန်က တည်ငြိမ်စွာပင်

“ဒီအတိုင်းပဲ ကောင်းပါတယ်”

ဇိမ်ခံပစ္စည်းများကို သူမ အလွန်အမင်း ဂရုမစိုက်ပါ။ နေထိုင်နိုင်သရွေ့ လုံလောက်သည်ဟု သူမ ခံယူထားသည်။

လုချန်းသည် ချန်ဝမ်ရွန်အား ထိုင်ခုံပေါ် လှဲချကာ သူမအပေါ် တမ်းတနေသည့် ခံစားချက်များကို ထုတ်ဖော်ပြသရန် ဟန်ပြင်လိုက်သည်။ သို့သော် ချန်ဝမ်ရွန်က

“ကျွန်မရဲ့ဆရာမက မှာလိုက်တယ်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေက နောက်နှစ် ၂၀ မတိုင်ခင် ပျက်စီးသွားလိမ့်မယ်တဲ့။ ရှင်အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားသင့်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ နှစ် ၂၀ အတွင်းလား။

ဒီလောက် မြန်မြန်ကြီးလား။

မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်ရန်အတွက် အနည်းဆုံး နှစ်တစ်ရာကြာမြင့်မည်ဟု လူအချို့ ပြောဆိုဖူးသည်ကို သူ မှတ်မိသည်။ အခု ဘာ့ကြောင့် နှစ် ၂၀ ဖြစ်သွားရတာလဲ။

ပြီးတော့ နှစ်နှစ်ဆယ်လုံးလုံးတောင် မဟုတ်သေးပေ။

ယွမ်ရှန်ရှန်၏ စကားကအရ ဆယ်စုနှစ်တစ်ခုကျော်ကျော်အတွင်း ကန့်သတ်ချက်များ ပျောက်ကွယ်သွားလိမ့်မည်ဟု ဆိုလိုပါသလား။

မြူခိုးဒေသမှ စွမ်းအားရှင်များ ဆယ်စုနှစ်တစ်ခုကျော်ကျော်အတွင်း ဤကမ္ဘာကို ရောက်လာမည်လား။

ဒါက အလွန်မြန်လွန်းသည်။

လုချန်း တိတ်ဆိတ်နေသည်ကို မြင်တွေ့ရသောအခါ ချန်ဝမ်ရွန် သူ၏အတွေးများကို သိမြင်မိပြီး

“အချိန်ကျရင် လျှို့ဝှက်လဝန်းနန်းတော်ကလည်း မြူခိုးဒေသကနေ ထွက်လာမယ့် စွမ်းအားရှင်တွေကို တန်ပြန်တိုက်ခိုက်ဖို့ ကူညီပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး

“ဆရာမက ကိုယ့်ကို ကူညီလိမ့်မယ်ပေါ့”

ချန်ဝမ်ရွန်က

“ကူညီပါလိမ့်မယ်။ ဆရာမက ရှင့်ကို နှုတ်ကနေ အတိုက်အခံ ပြောဆိုနေပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ရောက်ပြီးနောက်ပိုင်း တစ်ခါတလေ ရှင့်အကြောင်း ပြောနေတာ။”

ထိုစကားကို ကြားသောအခါ လုချန်း ရယ်မောလိုက်ပြီး

“ကိုယ့်အကြောင်း ပြောတယ်။ မင်းပြောပုံအရဆိုရင် သူကကိုယ့်ကို နောက်ကွယ်မှာ အပြစ်တင်နေတာ မဟုတ်ဘူးလား။”

ချန်ဝမ်ရွန် ထိုမေးခွန်းကို မဖြေပေ။ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရောက်ပြီးနောက် ယွမ်ရှန်ရှန်က “ကျေးဇူးကန်းတဲ့ ငါ့ရဲ့တပည့်” ဟူ၍ တစ်ခါတစ်ရံ ပြောဆိုတတ်တာကတော့ အမှန်ပင်ဖြစ်သည်။

ချန်ဝမ်ရွန် ငြိမ်သက်နေသည်ကို မြင်သောအခါ လုချန်းက လက်ကိုမြှောက်ပြီး သူမ၏ မေးစေ့ကို ကိုင်လိုက်ကာ

“ကောင်းပြီ၊ ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ ဒီညကအရှည်ကြီး ကျန်သေးတယ်။ ကိုယ်တို့နှစ်ယောက်အကြောင်း ပြောကြတာပေါ့။”

သူ၏ စကားများကို ကြားသောအခါ ချန်ဝမ်ရွန်လည်း ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

နူးညံ့သိမ်မွေ့စွာ ရှက်ရွံ့နေသည့် တည်ငြိမ်သော မိန်းကလေးကို မြင်သောအခါ လုချန်း၏ ရင်ထဲမှ ရမ္မက်မီးများ ချက်ချင်း တောက်လောင်လာပြီး ချန်ဝမ်ရွန်ကို အိပ်ရာပေါ်သို့ လှဲချလိုက်သည်။

ချစ်ရသူနှင့် ထပ်မံတွေ့ဆုံသောအခါ ချန်ဝမ်ရွန်သည် သူမ၏ယခင်က ရှက်ကြောက်စိတ်ကို စွန့်ပယ်လိုက်ပြီး ပို၍ တက်ကြွလာသည်။ သူမ၏ ရင်တွင်း၌ လုချန်းအား သူမ၏ ယောက်ျားအဖြစ် အပြည့်အဝ လက်ခံလိုက်ပြီဖြစ်သည်။

……

တစ်ချိန်တည်းမှာပင်။

ကျူးနိုင်ငံတော်။

ဧကရီ၏ အိပ်ဆောင်။

အပြင်ဘက်တွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေပြီး လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ပေါ်ထွက်နေသည်။ ကျူးနိုင်ငံတော်တွင် မိုးသည် ရက်အတော်ကြာ ရွာသွန်းနေခဲ့သည်။

ယွဲ့ဧကရာဇ်သည် အဖြူရောင် အတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်နံဘေးတွင် ရပ်လျက် အပြင်ဘက်မှ မိုးရွာနေသော ညမြင်ကွင်းကို ကြည့်ရှုနေသည်။

သူမ လုချန်းနှင့် ဝူကျန်းဝမ်တို့၏ စာများကို ဖတ်ပြီးပြီဖြစ်သည်။ လုချန်း သူမထံသို့ စာရေးရဲသည်ဟု တွေးကာ အစက သူမ အလွန်အမင်း ဒေါသထွက်ခဲ့သည်။

သို့သော် ယွဲ့ဧကရာဇ် မကြာမီပင် စိတ်အေးသွားသည်။ ဝူကျန်းဝမ် ပေးပို့သော စာမှ ဝူကျန်းဝမ်သည် လုချန်းကို တကယ်ပင် ခံစားချက် ရှိနေပုံရသည်ဟု ကောက်ချက်ချလိုက်သည်။ ဤအရာက ယွဲ့ဧကရာဇ်ကို အံ့အားသင့်သွားစေသည်။ ဝူကျန်းဝမ်က ဘယ်လိုလုပ် လူတစ်ယောက်ကို စိတ်ဝင်စားနိုင်မှာလဲ။ ဒီလုချန်းက ဘာတွေ ထူးခြားနေတာလဲ။

အသက်အရွယ် ရလာသောကြောင့် ဝူကျန်းဝမ်တစ်ယောက် တစ်ကိုယ်တည်း အထီးကျန်ဆန်မှုကို မခံစားနိုင်တော့လို့များလား။ ပြီးတော့ လုချန်းက ချောမောပြီး ငယ်ရွယ် ချောမောတာကြောင့် သူ့ကို ရွေးချယ်လိုက်တာများလား။

တော်ဝင်မိသားစုမှ မင်းသမီးများအတွက် ယောက်ျား အချစ်တော်များ ထားရှိခြင်းသည် အတော်လေး အဖြစ်များသော ကိစ္စဖြစ်သည်။ ဤအရာက မင်းသမီးများသည်ပင် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသည်ကို သွယ်ဝိုက်၍ ဖော်ပြနေသည်။

ဝူကျန်းဝမ်သည် အသက်သုံးဆယ်ကျော်ပြီဖြစ်ပြီး ယောက်ျားတစ်ဦးနှင့် နီးနီးကပ်ကပ် ထိတွေ့ဖူးခြင်း မရှိပေ။ သူမ၏ နှလုံးသားသည် အထီးကျန်ဆန်လှသော ဘဝကို မခံနိုင်တော့တာ ဖြစ်နိုင်သည်။ ထို့နောက် အချိန်ကိုက်ပင် သူမ ကြိုက်နှစ်သက်‌သော ပုံစံမျိုးဖြစ်သည့် လုချန်းနှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးသွားကြခြင်းဖြစ်သည်။

ထိုအချက်ကို တွေးလိုက်သောအခါ ယွဲ့ဧကရာဇ်၏ မျက်နှာ အလွန် မှောင်မိုက်လာသည်။ ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်တွင် မိုးခြိမ်းသံတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်တွင် လျှပ်စီးတစ်ချက် လက်သွားသည်။ ထိုလျှပ်စီးက သူမ၏ ညိုမှောင်နေသော မျက်နှာ‌ကို လင်းလက်သွားစေသည်။

ထိုအချိန်တွင် လုချန်း၏ စာပါ အကြောင်းအရာများကို သူမ ပြန်သတိရမိသည်။ ထိုလူသည် သူမအား လက်နက်ချရန် သူ့စာထဲတွင် မပြောခဲ့သော်လည်း အနောက်ဘက်ရှိ မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားခြင်းနှင့် မြောက်ဘက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများအတွင်း၌ နတ်ဘုရားမတစ်ပါး ပေါ်ထွက်လာခြင်းအကြောင်းကို ဖော်ပြခဲ့သည်။

လုချန်း၏ သတင်းစကားက ရိုးရှင်းသည်။ မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျက်စီးသွားသည်နှင့် သို့မဟုတ် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ရွေ့လျားလာပါက ကျူးနိုင်ငံတော်သည် နိုင်ငံတော် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု သူ ယုံကြည်သည်။

အခြားတစ်ဖက်မှကြည့်လျှင် လုချန်းက သူမအား လက်နက်ချရန် တောင်းဆိုနေသလို ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီးနောက် ယွဲ့ဧကရာဇ်ခပ်အေးအေး ရေရွတ်လိုက်သည်။

“ရှနိုင်ငံတော်ကို ငါက လက်နက်ချဖို့ မျှော်လင့်တယ်တဲ့လား။ ဘယ်လောက် အဆန်းကြယ်တဲ့ အတွေးလဲ။”

ရှနိုင်ငံတော်ကို သူမ ကိုယ်တိုင် ဆန္ဒအလျောက် လက်နက်ချလိမ့်မည်ဟု သူအား မည်သူက ယုံကြည်မှု ပေးခဲ့သည်ကို သူမ အလွန် သိချင်နေသည်။ အနောက်ဘက်ရှိ မြူခိုးဒေသမှ ကန့်သတ်ချက်များ ပျောက်ကွယ်သွားရင်ကော ဘာဖြစ်လဲ။

သို့မဟုတ် မြောက်ပိုင်း လွင်ပြင်ဒေသ မျိုးနွယ်စုတွေ အင်းအားကြီးလာလည်း ဘာဖြစ်မှာလဲ။

ကျူးနိုင်ငံတော်ကို ထိပါးရဲသော မည်သည့်ရန်သူမဆို အသက်လျက်ပြန်ခွင့် မရှိစေရပေ။

ထိုလူကိုတော့ ဝူကျန်းဝမ် အလွန်နှစ်သက်နေသောကြောင့် တစ်နေ့ ရှနိုင်ငံတော်ကို သူမ အနိုင်ယူနိုင်သည့်အခါ သူ၏ သိုင်းပညာများ ဖျက်စီးပစ်ပြီး ဝူကျန်းဝမ်၏ ယောက်ျား အချစ်တော်အဖြစ် ပေးလိုက်မည်။

မည်သို့ပင်ဆိုစေ သူသည် ယောက်ျားတစ်ဦးသာ ဖြစ်သည်။ ယောက်ျားတစ်ယောက်ကြောင့် ဝူကျန်းဝမ်နှင့် သူမ ရန်မဖြစ်လိုပေ။ ဤအချိန်တွင် ယွဲ့ဧကရာဇ်၏ စိတ်ထဲ၌ လုချန်းသည် ဝူကျန်းဝမ်အတွက် ကစားစရာတစ်ခုထက် မပိုပေ။

…….

နောက်တစ်နေ့တွင်။

နန်းတွင်း ခန်းမ၌။

အနီရောင် ဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူကို ဆောင်းထားသော

ယွဲ့ဧကရာဇ်သည် ဖီးနစ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူမက နန်းတွင်းခန်းမရှိ အမတ်များထံသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထို့နောက် အမတ်တစ်ဦးက

“အရှင်မ။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက နတ်ဘုရားမရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီး အင်အားကြီးလာနေပါတယ်။ အထူးသဖြင့် သူတို့ရဲ့ နည်းဗျူဟာပုံစံတွေက အရမ်းကို အစွမ်းထက်လာနေပါတယ်။ အဲဒါတွေကို ပိုပြီး အစွမ်းထက်လာစေမယ်ဆိုရင် မကြာခင် ကျူးနိုင်ငံတော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်”

အခြား အမတ်တစ်ဦးကလည်း

“ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို စစ်ချီနေပါပြီ။ လက်ရှိအခြေအနေအရ ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို သိမ်းနိုင်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့မယ်။ ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို အနိုင်ယူပြီးတာနဲ့ ကျူးနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားလာနိုင်တယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က မြောက်ပိုင်း လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ကာကွယ်ရမယ်၊ ရှနိုင်ငံတော်ရဲ့ ကျူးကျော်မှုတွေကို ခုခံရမယ်၊ ပြီးတော့ နဂါးနက်နိုင်ငံကိုလည်း သတိထားရမယ်။ ဒါဆို ကျူးနိုင်ငံတော်အတွက် အလွန်ခက်ခဲသွားပါလိမ့်မယ်။”

ထို့နောက် အမတ်များစွာ ထရပ်လိုက်ပြီး သူတို့၏ စိုးရိမ်မှုများကို ဖော်ပြကြသည်။ ကျူးနိုင်ငံတော်သည် အန္တရာယ် ချောက်ကမ်းပါး အစွန်းတွင် ရှိနေသည်ကို လူတိုင်း သိကြသည်။ လက်ရှိတွင် ကျူးနိုင်ငံတော်သည် သုံးဖက်သုံးတန်မှ ဖိအားပေးခြင်းကို ခံနေရသည်။ စစ်မျက်နှာတစ်ခုကို အစောပိုင်းတွင် မဖြေရှင်းနိုင်ပါက သူတို့၏ ပျက်စီးခြင်းက ရှောင်လွှဲ၍ မရနိုင်ပေ။

အမတ်များ၏ အသံကို ကြားသောအခါ ယွဲ့ဧကရာဇ် တိတ်ဆိတ်သွားသည်။ ခဏကြာပြီးနောက် နောက်ဆုံးတွင် အမတ်တစ်ဦးက

“အရှင်မ။ ရှနိုင်ငံတော်က နောက်ဆုံးတော့ ကျူးနိုင်ငံတော်ကို တိုက်ခိုက်မှာဆိုတော့ ကျွန်တော်တို့က ဘာ့ကြောင့် သူတို့ကို ကြိုမတိုက်ခိုက်ရမှာလဲ။ ရှနိုင်ငံတော်ကို အရင်တိုက်ရိုက် စစ်ချီလိုက်ပါ။ ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေတာကြောင့် ကျူးနိုင်ငံတော်ကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ အင်အားကို မစုနိုင်ပါဘူး။”

သူ စကားပင် မဆုံးသေးခင် အမတ်များက တညီတညွတ်တည်း

“ရှနိုင်ငံတော်ကို စစ်ချီရန် တောင်းဆိုပါတယ်”

All Chapters