ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ စစ်ဖြစ်ခြင်း
Vol. 54 Ch. 808
နန်းတွင်းရှိ စစ်ဘက်နှင့် အရပ်ဘက် အရာရှိအားလုံးက ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ စစ်ချီရန် စဉ်းစားနေသည်ကို ကြားသောအခါ ယွဲ့ဧကရာဇ်က ခပ်အေးအေး လှောင်ပြောင်ပြုံးလိုက်ပြီး
“ဒါဆို ရှင်တို့အားလုံးက ကျူးနိုင်ငံတော်ရဲ့ စစ်တပ်ဟာ ကောင်းကင်လူသား စွမ်းအားရှင်တွေကို ယှဉ်နိုင်တယ်လို့ ထင်နေကြတာပေါ့လေ”
ဟု မျက်နှာသေဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှနိုင်ငံတော်ကို စစ်ဆင်ဖို့ ပြောဆိုနေသော အမတ်များလည်း ချက်ချင်းပင် စိတ်ဓာတ်ကျသွားကြသည်။ ဘာပြောရမှန်းလည်း မသိတော့ပေ။
ရှနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင်များ ရှိနေသရွေ့ ကျူးနိုင်ငံတော်သည် ရှနိုင်ငံတော်နှင့် စစ်ပွဲဆင်နွှဲလျှင် ဘာအားသာချက်မှ ရှိမည်မဟုတ်သည်ကို အမတ်အားလုံး နားလည်ကြသည်။
ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦးတည်းက စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးနိုင်ပြီး ကျူးနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင်များကို တန်ပြန်တိုက်ခိုက်နိုင်သည့် လက်နက်များ မရှိသဖြင့် ကျူးနိုင်ငံတော်၏ စစ်တပ်ကို ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် စေလွှတ်ခြင်းသည် ကျူးနိုင်ငံတော်၏ စစ်သားများကို သေတွင်းသို့ စေလွှတ်နေခြင်းပင် ဖြစ်သည်။
သို့သော် ဤအချိန်ကို အခွင့်ကောင်းယူ၍ ရှနိုင်ငံတော်ကို မတိုက်ခိုက်ပါက ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို အနိုင်ယူပြီးသောအခါ သူတို့၏ အလှည့် ဖြစ်လာမည်ဖြစ်၏။
ထိုအခါ၌ အခွင့်အရေးပင် ပို၍ နည်းပါးသွားလိမ့်မည်။
ကျူးနိုင်ငံတော် ပျက်စီးဖို့သာ စောင့်ဆိုင်းနေရတော့မှာလား။
ထိုအကြောင်းကို တွေးလိုက်သောအခါ သူတို့ ရင်ထဲတွင် အလွန်မှောင်မိုက်နေသလို ခံစားရသည်။ ယခင် ဧကရာဇ်ဟောင်းများသည် ဤရှုပ်ထွေးနေသော မြေပေါ်တွင် မင်းဆက်တစ်ခု တည်ထောင်ရန် များစွာကြိုးပမ်းခဲ့ကြသည်။ သို့သော် မျိုးဆက်အနည်းငယ်အတွင်း ထိုမင်းဆက် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရဖို့ ဖြစ်လာသည်။
ထိုအချိန်တွင် အမတ်တစ်ဦးက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“ကျွန်တော် ကြားတာက လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ နည်းဗျူဟာ ပုံစံတွေက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်လူသား စွမ်းအားရှင်တွေကို ကာကွယ်နိုင်ရုံသာမက အလွန်ကြီးမားတဲ့ စွမ်းအားတွေလည်း ရှိနေပါတယ်။”
“ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ နည်းဗျူဟာ ပုံစံတွေက ကောင်းကင်လူသား စွမ်းအားရှင်တွေကို တန်ပြန်နိုင်လောက်ပါမယ်။”
ထိုစကားကို ကြားသောအခါ အမတ်အချို့လည်း ကယ်တင်ရှင် တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ စစ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးက ထရပ်ပြီး
“အရှင်မ။ လက်ထောက်ဝန်ကြီး လီ ပြောတာ မှန်တယ်ဆိုရင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ နည်းဗျူဟာပုံစံ လေ့ကျင့်တဲ့ နည်းလမ်းကို ရယူဖို့ ကြိုးစားရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ပါတယ်။”
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နည်းဗျူဟာ ပုံစံသည် ကောင်းကင်လူသား စွမ်းအားရှင်များကို တန်ပြန်နိုင်သည် ဟူသော သတင်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ ကိုယ်တိုင်ဆိီက လာခြင်းဖြစ်ပြီး အချို့ကတော့ သိပ်မယုံကြည်ကြပေ။ သို့သော် ဒါက ကျူးနိုင်ငံတော်အတွက် ကောင်းကင်လူသား စွမ်းအားရှင်များကို တန်ပြန်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
မယုံရင်တောင်မှ သူတို့ စမ်းသပ်ကြည့်ရမည်ဖြစ်သည်။
အကယ်၍ အမှန်တကယ် အလုပ်ဖြစ်ခဲ့ရင်ရော။
ထို့ပြင် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ၎င်းတို့၏ နည်းဗျူဟာ ပုံစံကို မရပ်မနား ဆက်လက် လေ့ကျင့်နေခဲ့ကြသည်။ အကယ်၍ ထိုပုံစံက အမှန်တကယ် အသုံးမဝင်ပါက သူတို့ နေ့စဉ် လေ့ကျင့်နေမည် မဟုတ်ချေ။
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ထိုနည်းဗျူဟာ ပုံစံကို အပြည့်အဝ မကျွမ်းကျင်သေးပေ။ အခု အချိန် တိုက်ခိုက်ပါက ၎င်းတို့၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် ဒါက ကျူးနိုင်ငံတော်၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်သာမက မြောက်ဘက်မှ ခြိမ်းခြောက်မှုကို ဖယ်ရှားရန် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်သည်။
ရှနိုင်ငံတော်၏ စစ်တပ်သည် ဝူနိုင်ငံတော်တွင် အောင်ပွဲများ ရရှိနေသော်လည်း ဝူနိုင်ငံတော်ကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ရန် အချိန်များစွာ လိုအပ်သေးသည်။ နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်ကို အောင်နိုင်ရန် လွယ်ကူသော်လည်း သိမ်းပိုက်အုပ်ချုပ်ရန် ခက်ခဲသည်။ ဝူမင်းဆက်သည် သမိုင်းရှည်ကြာသော မင်းဆက်တစ်ခု ဖြစ်သည်။ တစ်နှစ်ခွဲခန့် အချိန်မရလျှင် ဝူနိုင်ငံတော် တော်ဝင်မိသားစုကို အနိုင်ယူနိုင်ခဲ့ရင်တောင် ဝူနိုင်ငံတော်ကို တည်ငြိမ်အောင် လုပ်ရန် ခက်ခဲလိမ့်မည်။
ဝူနိုင်ငံတော်တွင် အာရုံစိုက်စရာ များလာလျှင် ရှနိုင်ငံတော်သည် ကျူးနိုင်ငံတော်၏ လုပ်ဆောင်မှုများကို အာရုံစိုက်ရန် အရင်းအမြစ်များ ရှိမည် မဟုတ်ချေ။ မြောက်ဘက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ချေမှုန်းနိုင်ပါက နောက်ပိုင်းတွင် ရှနိုင်ငံတော်က တိုက်ခိုက်လာရင်တောင် ကျူးနိုင်ငံတော် အနေနှင့် ခြိမ်းခြောက်မှု နည်းပါးစွာဖြင့် ရှနိုင်ငံတော်၏ ကျူးကျော်မှုကို ခုခံကာကွယ်ရန် အာရုံစိုက်နိုင်လိမ့်မည်။
ထိုအချိန်တွင် ကျူးဧကရီ၏ ဖီးနစ်မျက်လုံးများက နန်းတွင်းခန်းမရှိ အမတ်များကို ဝေ့ကြည့်လိုက်သည်။ အားလုံးက စိတ်အေးလက်အေး မရှိပဲ နောက်ဆုံး ရုန်းကန်မှုတစ်ခု ပြုလုပ်ရန် တွေးနေကြသည်ကို သူမ တွေ့နိုင်သည်။
ထို့နောက် သူမက
“ယနေ့ကစပြီး ကျူးနိုင်ငံတော်ဟာ စစ်ပွဲအခြေအနေမှာ ရှိတယ်။ ရှနိုင်ငံတော်နဲ့ နယ်စပ်မှာရှိတဲ့ စစ်တပ်အားလုံးကို မြောက်ဘက်ကို ရွှေ့ရမယ်။ တစ်လအတွင်း လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တိုက်ခိုက်ဖို့ ကျွန်မကိုယ်တိုင် ဦးဆောင်မယ်။”
ထိုစကားကို ကြားသောအခါ နန်းတွင်းတစ်ခုလုံး ဒူးထောက်လိုက်ကြပြီး
“အရှင်မ၏ အဆုံးအဖြတ်ဟာ ပညာရှိပါပေတယ်”
ကျူးဧကရီ၏ စိတ်ထဲတွင် လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။
ပညာရှိတယ် ဟုတ်လား။
တကယ်တမ်းကျတော့ ဒါက အသက်ကုန်လုနီးမှ ထလုပ်သော ရုန်းကန်မှု တစ်ခုသာ ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် ကောင်းကင်လူသား စွမ်းအားရှင်များကို ရင်ဆိုင်နိုင်သည့် တိုက်ပွဲပုံစံ ရှိသည်ဆိုပါက လွင်ပြင်ဒေသ နတ်ဘုရားမသည် မြူခိုးဒေသမှ ဖြစ်နိုင်သည်ဟု သူမ တွေးလိုက်သည်။ ထိုမိန်းမနှင့် ပတ်သက်ရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
သူမသည် အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်သာ ဖြစ်ပြီး ညီညွတ်ခြင်း နယ်ပယ်သို့သာ ရောက်ရှိနေဆဲ ဖြစ်သော်လည်း အထူးပညာရပ်တစ်ခုကို လေ့ကျင့်ခဲ့သောကြောင့် သူမ၏ စွမ်းအားသည် ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦး၏ စွမ်းအားနှင့် အလွန်နီးကပ်နေသည်။ သို့သော် သူမ မြူခိုးဒေသမှ ထွက်ခွာပြီးနောက် ကောင်းကင်လူသား စွမ်းအားရှင်အစစ်နှင့် မတိုက်ခဲ့ဖူးပေ။ သူမ၏ လက်ရှိ စွမ်းအားသည် မြူခိုးဒေသတွင် ရှိစဉ်ကထက် ကျဆင်းနေနိုင်ပေသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမကို အနိုင်ယူနိုင်မလားဆိုတာ ကျူးဧကရီ မသေချာပေ။
သို့သော် ဤကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအင်ရှားပါးသောကြောင့် သူမ၏ စွမ်းအား အကန့်အသတ်ရှိသကဲ့သို့ နတ်ဘုရားမ၏ စွမ်းအားသည်လည်း အကန့်အသတ် ရှိလိမ့်မည်ဟု သူမ ယုံကြည်သည်။
ထို့ကြောင့် လွင်ပြင်ဒေသ နတ်ဘုရားမသည် မြူခိုးဒေသမှ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက် ဖြစ်နေရင်တောင်မှ သူမ အနိုင်ရရှိရန် အခွင့်အရေးများစွာ ရှိနေဆဲဖြစ်သည်။
မြူခိုးဒေသတွင် ရှိစဉ်က ကောင်းကင်လူသား စွမ်းအားရှင်များကို သူမ သတ်ခဲ့ဖူးသည်။
မြောက်ဘက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးနောက် ကျူးနိုင်ငံတော်သည် အရေးပေါ် ပြင်ဆင်မှုများ စတင်ခဲ့သည်။ အရှေ့တောင်ဘက်ရှိ ရှနိုင်ငံတော်ကို ကာကွယ်ရန် ရည်ရွယ်ထားသော တပ်များကို မြောက်ဘက်သို့ အမြန်ပြောင်းရွေ့ခဲ့ပြီး ရှနိုင်ငံတော်နှင့် နယ်စပ်ကို စစ်သည် တစ်သိန်းဖြင့်သာ ကာကွယ်ထားသည်။
ကျူးနိုင်ငံတော်တွင် ရထားများမရှိသော်လည်း တပ်များ စုစည်းမှုနှုန်းမှာ အလွန်မြန်ဆန်သည်။ ခုနစ်ရက်အတွင်း တပ်အများစုကို မြောက်ဘက်သို့ ပြန်လည်စုစည်းပြီးဖြစ်သည်။
ကျူးနိုင်ငံတော်၏ လှုပ်ရှားမှုများသည် အလွန်ထင်ရှားသဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုဘက်မှ သူလျှိုများလည်း ကျူးနိုင်ငံတော်၏ ရည်ရွယ်ချက်များကို သတိထားမိသွားကြသည်။ မကြာမီပင် ကျူးနိုင်ငံတော်က လွင်ပြင်ဒေသ မျိုးနွယ်စုများကို တိုက်ခိုက် တော့မည်ဟူသော သတင်းသည် လွင်ပြင်ဒေသ နတ်ဘုရားမဖြစ်သူ
မုယန်စီ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
……..
မြောက်ပိုင်းဒေသ။
လွင်ပြင်ဒေသ နတ်ဘုရားမ၏ တဲနန်း။
မူယန်စိီသည် ရွှေချည်မျှင်များဖြင့် ချုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး ဦးခေါင်းတွင် ရောင်စုံကျောက်မျက်ရတနာများပါသော သရဖူကို ဆောင်းထားသည်။
သူမသည် ခမ်းနားသော ကုလားထိုင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေပြီး ဖြူဝင်းသော ဝမ်းဗိုက်နှင့် ရှည်လျားသော ခြေထောက်များကို ဖော်ထုတ်ထားသည်။ သူမ၏ ဖြူစင်သော လက်များတွင် ကျူးနိုင်ငံတော်မှ အသစ်ရောက်လာသော ထောက်လှမ်းရေး သတင်းတစ်စောင်ကို ကိုင်ထားသည်။
ထိုသတင်းပါ အကြောင်းအရာများကို ကြည့်ရင်း မုယန်စီ မျက်နှာအမူအရာမဲ့နေသည်။ ခဏအကြာတွင် သူမက
“ကျူးနိုင်ငံတော်ကို ရှနိုင်ငံတော်က ဖိအားတွေ ပေးနေတယ်ထင်တယ်။ ဒါကြောင့် သူတို့တွေ နည်းဗျူဟာ ပုံစံအကြောင်းတောင် စဉ်းစားလာတာပေါ့”
ဟု အေးစက်စက် ပြောလိုက်သည်။
“ ကျွန်မရဲ့တပ်ဖွဲ့တွေကို တိုက်ခိုက်ရဲအောင် ကျူးနိုင်ငံတော်ကို ဘယ်သူက သတ္တိပေးလိုက်လဲ မသိဘူး။”
မုယန်စီ၏ စကားကို ကြားသောအခါ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စစ်သားတစ်ဦးက
“နတ်ဘုရားမ။ အခု ကျွန်တော်တို့ ဘာလုပ်သင့်ပါလဲ။”
မုယန်စိီက အေးအေးဆေးဆေးပင်
“မျိုးနွယ်စုခေါင်းဆောင်တွေကို ချက်ချင်း စုလိုက်။ ကျူးနိုင်ငံတော်က နည်းဗျူဟာ ပုံစံရဲ့ အကျိုးသက်ရောက်မှုကို ခံစားချင်တယ်ဆိုတော့ ကျွန်မကလည်း အဲ့ဒီဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။”
အစကတော့ အဆင်သင့် မဖြစ်သေးခင်အထိ သတိထားနေရန် မုယန်စီ စီစဉ်ထားသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သားများက နည်းဗျူဟာ ပုံစံများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်အထိ စောင့်ဆိုင်းပြီးမှ တောင်ဘက်သို့ ချီတက်ကာ အဓိက မင်းဆက်အားလုံးကို ချေမှုန်းရန် ရည်ရွယ်ထားသည်။
ကျူးဧကရီက သူတို့အား စောစီးစွာ တိုက်ခိုက်ရဲလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမကိုယ်တိုင် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ကျူးဧကရီ၏ သတ္တိကို အနည်းငယ်လေးစားမိသည်။
သို့သော် သူမ၏ အမြင်တွင် ယင်းသည် ကျောက်ခဲကို ကြက်ဥနှင့် ပေါက်ခြင်းဖြင့်သာ တူသည်။
သူမ တောင်ဘက်သို့ စစ်မချီသေးခြင်းမှာ အင်အားမရှိ၍ မဟုတ်ပဲ နိုင်ငံအားလုံးကို တစ်ကြိမ်တည်း ချေမှုန်းလိုသောကြောင့် ဖြစ်သည်။
တစ်စုံတစ်ယောက်က စောစီးစွာ လာသေလိုလျှင် သူမ အချိန်ဆွဲနေမည် မဟုတ်ပေ။
မကြာမီပင် လွင်ပြင်ဒေသ မျိုးနွယ်စု ခေါင်းဆောင်များ အားလုံး စုဝေးလာကြပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်ကိုလည်း အချိန်တိုအတွင်း စုစည်းခဲ့သည်။
ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကြားမှ စစ်ပွဲကြီး ပေါ်ထွက်လာတော့မည် ဖြစ်သည်။
…….
ရှနိုင်ငံတော်။
ချန်ဝမ်ရွန် ရန်ခရိုင်သို့ ရောက်ရှိလာပြီးနောက် လုချန်းသည် နေ့တိုင်း ပျော်ရွှင်မှုများတွင် နစ်မြောနေခဲ့သည်။
ပြီးခဲ့သည့်ညကပင် လုချန်းသည် ချန်ဝမ်ရွန်၏ အိပ်ဆောင်သို့ ထပ်မံ လာရောက်လည်ပတ်ခဲ့သည်။
အေးစက်တည်ငြိမ်သော မိန်းကလေးတစ်ဦးဖြစ်သူ ချန်ဝမ်ရွန်ကို ရင်ဆိုင်ရသောအခါ သူမအား အနိုင်ယူလိုစိတ်က လုချန်းတွင် အမြဲတမ်း ပြင်းထန်နေတတ်သည်။
ဝမ်းနည်းစရာ ကောင်းသည်က ချန်ဝမ်ရွန်နှင့် ရက်ပေါင်းများစွာ ပျော်ရွှင်ခဲ့သော်လည်း သူမ ကိုယ်ဝန်မရခဲ့ပေ။ ထိုအချက်က ကလေးရခြင်းသည် ကံအပေါ်တွင် မူတည်နေသည်ကို ပြသနေသည်။
ကြိုးစားမှုသက်သက်ဖြင့် အံ့ဖွယ်အရာ များကို ဖန်တီးရန် မလွယ်ကူပေ။
နံနက်စောစောအချိန် လုချန်းတစ်ယောက် နူးညံ့သော ရနံ့များအကြား နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေစဉ် ပိုင်ချင်းချင်း၏ အသံကို တံခါးဝမှ ကြားလိုက်ရသည်။
“မင်းကြီး အိပ်ရာက နိုးပြီလား။”
ပိုင်ချင်းချင်း၏ အသံသည် တိုညင်းသော်လည်း လုချန်း၏ အာရုံခံစားမှုက အလွန်ထက်သဖြင့် သူ ချက်ချင်းကြားလိုက်ရသည်။
လုချန်း ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ခေါင်းထောင်ရန် ဟန်ပြင်လိုက်သည်။ ထိုအခါ ချန်ဝမ်ရွန်၏ လက်က သူ့ခေါင်းကို ကိုင်ထားဆဲ ဖြစ်ပြီး လှုပ်ရှားမှုကို ကန့်သတ်ထားကြောင်း တွေ့လိုက်ရသည်။