← Chapters

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နောက်ဆုံးတိုက်ပွဲ

Vol. 54 Ch. 810

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နောက်ဆုံးတိုက်ပွဲ

Vol. 54 Ch. 810

တဲနန်းဆောင်ထဲရှိ ဗိုလ်ချုပ်များအားလုံးသည် လွင်ပြင်ဒေသ စစ်တပ်က အဘယ်ကြောင့် တိုက်ပွဲ နည်းဗျူဟာ ပုံစံများ အသုံးမပြုသည်ကို ဇဝေဇဝါ ဖြစ်နေကြ၏။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ပွဲ နည်းဗျူဟာ ပုံစံ အလွန် အစွမ်းထက်ပါက အဘယ်ကြောင့် ကျူးနိုင်ငံတော် စစ်တပ်နှင့် တိုက်ခိုက်ရန် အသုံးမပြုပဲ ရှိရသနည်း။ လက်ရှိ အခြေအနေအရ လွင်ပြင်ဒေသ စစ်တပ်သည် စက္ကူဖြင့် ပြုလုပ်ထားသည့် အရုပ်များကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။

ထိုအချိန်တွင် ဗိုလ်ချုပ် တစ်ဦးက ကွဲပြားသည့် ထင်မြင်ချက် တစ်ခုကို ပြောလိုက်သည်။ သူက ယွဲ့ဧကရာဇ်ကို ကြည့်ရင်း

“အရှင်မ။ ကျွန်တော်ရဲ့ အမြင်အရ လွင်ပြင်ဒေသ မျိုးနွယ်စုတပ် နည်းဗျူဟာ ပုံစံတွေ မသုံးတာက သူတို့မှာ အဲ့ဒါမရှိလို့ မဟုတ်ပါဘူး။ သူတို့က ကောလာဟလထဲက နည်းဗျူဟာ ပုံစံကို ကျွမ်းကျင်အောင် မလေ့ကျင့်ရသေးလို့ပါ။”

“တကယ်လို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေသာ သူတို့ရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံတွေကို အပြီးသတ် လေ့ကျင့်ထားပြီးပြီဆိုရင် ကျူးနိုင်ငံတော် တပ်တွေ မြောက်ဘက်ကို ချီတက်စရာတောင် လိုမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်ကျရင် လွင်ပြင်ဒေသ နတ်ဘုရားမက လွင်ပြင်ဒေသ စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ရောက်လာမှာ မို့လို့ပါ။”

ဤစကားကို ကြားသောအခါ တဲနန်းဆောင်ရှိ ဗိုလ်ချုပ်များ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ထိုဗိုလ်ချုပ်၏ အမြင်တွင် အမှန်တရား အချို့ ပါဝင်သည်ဟု ခံစားမိလိုက်ကြသည်။

သူတို့ ရရှိခဲ့သည့် ထောက်လှမ်းရေး အစီရင်ခံစာများအရ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် အထူး တိုက်ပွဲ နည်းဗျူဟာ ပုံစံတစ်ခုကို လေ့ကျင့်နေကြသည်။ သို့သော် ကျူးနိုင်ငံတော်မှ အချိန်ကိုက် တိုက်ခိုက်ခဲ့သည့်အတွက် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ဤနည်းဗျူဟာ ပုံစံကို ကျွမ်းကျင်စွာ အသုံးမပြုနိုင်သေးတာ ဖြစ်နိုင်၏။ ထို့ကြောင့် ကျူးနိုင်ငံတော် စစ်တပ်နှင့် ရင်ဆိုင်ရသောအခါ ထွက်ပြေးရန်သာ ရွေးချယ်စရာ ရှိခြင်း ဖြစ်သည်။

လူတိုင်း ထိုဗိုလ်ချုပ်၏ အမြင်သည် အလွန် ယုတ္တိရှိသည်ဟု သဘောတူလာသည့် အချိန်၌ ယွဲ့ဧကရာဇ်က

“မဖြစ်နိုင်ပါဘူး။”

ထိုစကားကြောင့် ဗိုလ်များအားလုံး ယွဲ့ဧကရာဇ်ကို လှည့်ကြည့်လိုက်ကြ၏။ ထို့နောက် သူမက

“လွင်ပြင်ဒေသ နတ်ဘုရားမက ကျွန်မတို့ကို သူတို့ရဲ့ နယ်မြေထဲ အထိ ဆွဲ‌ခေါ်ပြီးတော့ ကျူးတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ကျူး စစ်တပ်ကို တစ်ခါတည်းနဲ့ ဖျက်ဆီးချင်တာ ဖြစ်နိုင်တယ်”

ထိုစကားများ ထွက်ပေါ်လာအခါ ဗိုလ်ချုပ်များ ခဏခန့် ထိတ်လန့်သွားကြ၏။ ယွဲ့ဧကရာဇ်ပြောလိုက်သည့် ဖြစ်နိုင်ခြေသည် လက်တွေ့နှင့် လုံးဝ မဝေး‌ပေ။ တကယ်ကို ဖြစ်နိုင်ခြေ မြင့်မားသည်။ ဤအရာသည် လွင်ပြင်ဒေသ နတ်ဘုရားမ ကြံစည်နေသည့် အရာ ဖြစ်နိုင်ပေလိမ့်မည်။

ယွဲ့ဧကရာဇ်ကသည် ဆက်လက်၍

“ရထားတဲ့ ထောက်လှမ်းရေး အစီရင်ခံစာ တွေအရ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက နတ်ဘုရားမရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံကို လေ့ကျင့်နေခဲ့ကြတာ အတော်ကြာပါပြီ။ တကယ်လို့ ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်စိတ်တစ်ပိုင်းတော့ အသုံးချနိုင်သင့်တယ်။ နည်းနည်းတောင် မသုံးနိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။”

ယွဲ့ဧကရာဇ်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ဗိုလ်တစ်ဦးက

“ဒါဆိုရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။”

“ရှေ့ဆက်ချီတက်မယ် ဆိုရင်တော့ ထောက်ပို့လမ်းကြောင်းက အလွန်ရှည်လာပြီး ထောက်ပို့ ပစ္စည်းတွေ အချိန်မီ ရောက်ဖို့က ဖြစ်နိုင်ခြေ နည်းပါတယ်။”

ယွဲ့ဧကရာဇ် အတွေးထဲ နစ်မြောသွားပြီး စားပွဲပေါ်ရှိ မြေပုံကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ တစ်စုံတစ်ခုကို စဉ်းစားနေပုံ ရသည်။

အချိန်အတော်ကြာပြီးနောက် ယွဲ့ဧကရာဇ်က

“ဒီနေရာမှာပဲ ခဏ တပ်စွဲကြတာပေါ့။ ရှေ့‌ ပြေးတပ်ကတော့ အရှေ့က လမ်း‌ကြောင်း ကို စူးစမ်းပါစေ။ လွင်ပြင်ဒေသ နတ်ဘုရားမ ဘယ်လောက်ကြာကြာ သည်းခံနိုင်မလဲဆိုတာ ကျွန်မ သိချင်မိတယ်။”

ယွဲ့ဧကရာဇ်၏ အမိန့်များ ထွက်‌ပေါ်လာပြီးနောက် ကျူးတပ်သည် ချက်ချင်းပင် ရှေ့ပြေး မြင်းတပ်ကို စေလွှတ်လိုက်သည်။ ထိုမြင်းတပ်များသည် လွင်ပြင်ဒေသ မျိုးနွယ်စု နယ်မြေ၏ အလယ်ပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်သွားသည်။

………

ထိုအချိန်တွင်…

လွင်ပြင်ဒေသ နန်းတွင်း တဲနန်းဆောင်အတွင်း၌..

မုယန်စီသည် မြေပုံတစ်ခုကို ကြည့်နေ၏။ သားရေမြေပုံပေါ်ရှိ အမှတ်အသား ပြုထားသော နေရာများကို ကြည့်ပြီးနောက်

“ကျူးဧကရီက ကျွန်မတို့ ရည်ရွယ်ချက်ကို သတိထားမိနေလောက်ပြီ။ သူတို့ရဲ့ ချီတက်နှုန်းက နှေးကွေးလာတယ်။ ဖြစ်နိုင်တာကတော့ နောက်ရက်အနည်းငယ်အတွင်းမှာ ရှေ့ဆက်မသွားတော့ပဲ ရပ်တန့်သွားမှာပဲ။”

ထိုအချိန်၌ လွင်ပြင်ဒေသ မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးရှေ့သို့ တက်လာပြီး

“နတ်ဘုရားမ။ ကျွန်တော်တို့ သဲမှော် မျိုးနွယ်စုကို ဦးဆောင်ခွင့်ပြုပါ။ ကျွန်တော်တို့ မျိုးနွယ်စုဟာ နည်းဗျူဟာ ပုံစံကို အရင်ဆုံး လေ့လာခဲ့ရတာပါ။ ပြီးတော့ နတ်ဘုရားမရဲ့ နည်းဗျူဟာ ပုံစံနဲ့ အရင်းနှီးဆုံးပါပဲ။ ကျွန်တော်တို့ သဲမှော် မျိုးနွယ်စုကို တိုက်ခိုက်ခွင့်ပြုလိုက်ပါ။ နှစ်နာရီအတွင်းမှာ ကျူးနိုင်ငံတော် စစ်တပ်ကို ချေမှုန်းနိုင်ပါလိမ့်မယ်။”

ဤစကားကို ကြားသောအခါ မုယန်စီ သဲမှော်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ သဲမှော်မျိုးနွယ်စုသည် တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အစောဆုံး လေ့ကျင့်ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။ သဲ‌မှော်ဘုရင်၏ မျိုးနွယ်စုမှ စစ်သားများသည် အလွန် အစွမ်းထက်ကြပြီး အဆင့်မြင့် သိုင်းပညာရှင်များစွာ ရှိသည်။ တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အချိန်အတော်ကြာကြာ အသုံးပြုနိုင်သည်။

သဲမှော်ဘုရင်၏ ဦးဆောင်မှုအောက်မှ စစ်တပ် တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အသုံးပြုသည်ကို မုယန်စီ တွေ့မြင်ခဲ့ဖူးသော်လည်း သဲမှော်မျိုးနွယ်စုသည် နည်းဗျူဟာ ပုံစံကို လက်တွေ့ တိုက်ပွဲများတွင် စမ်းသပ်ရခြင်း မရှိသေးချေ။ အမြင့်ပျံ နဂါး နည်းဗျူဟာ ပုံစံ၏ စွမ်းအားကို မည်သည့်အတိုင်းအတာအထိ အသုံးချနိုင်မလဲဆိုတာကို မသိရသေးချေ။

သဲမှော်ဘုရင်၏ စိတ်အားထက်သန်မှုကို တွေ့သောအခါ အခြားလွင်ပြင်ဒေသ မျိုးနွယ်စု ခေါင်းဆောင်များလည်း ငြိမ်မနေနိုင်ကြတော့ပေ။ သူတို့သည်လည်း မုယန်စီရှေ့တွင် အစွမ်းအစ ပြသလိုကြသည်။

“နတ်ဘုရားမ။ ကျွန်တော်တို့ရဲ့ ရေနက်မျိုးနွယ်စုကို ဦးဆောင်ခွင့်ပြုပါဘုရား။ သဲမှော် မျိုးနွယ်စုက တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အရင်ဆုံး လေ့ကျင့်ခဲ့ပေမဲ့ သူတို့မှာ တကယ့် တိုက်ပွဲ အတွေ့အကြုံ မရှိသလောက်ပါပဲ။ ကျွန်တော်တို့က တခြား မျိုးနွယ်စုတွေနဲ့ တိုက်ခိုက်တုန်းက အနည်းဆုံး တစ်ကြိမ်တော့ အသုံးပြုခဲ့ပါတယ်။”

“နတ်ဘုရားမ။ ကျွန်တော်တို့ တောင်ဟိုင် မျိုးနွယ်စုကို ဦးဆောင်ခွင့်ပြုပါ…”

“နတ်ဘုရားမ။ ကျွန်တော်တို့ပဲ ဖြစ်သင့်ပါတယ်…”

ခဏအကြာတွင် တဲနန်းဆောင်အတွင်း အနည်းငယ် ရှုပ်ထွေးသွားသည်။ လူတိုင်းက ရှေ့တန်းတပ်၏ အခန်းကဏ္ဍကို ရယူလိုကြသည်။

ရှေ့တန်းတပ်၏ အခန်းကဏ္ဍကို ရယူနိုင်သူက အကြီးမားဆုံးသော ဂုဏ်ထူးဆောင်မှု ကို ရရှိမည် ဖြစ်ပြီး ကျူးနိုင်ငံတော်ကို အောင်နိုင်ပြီးနောက် နတ်ဘုရားမထံမှ ဆုလာဘ်များစွာ ရရှိမည် ဖြစ်သည်ကို သူတို့ ကောင်းစွာ သိရှိကြသည်။ ထို့ကြောင့် မည်သူမှ ဤအခွင့်အရေးကို လက်လွှတ်ခံလိုခြင်း မရှိကြချေ။

သို့သော် ထိုအချိန်တွင် မုယန်စီက

“သဲမှော်ဘုရင်။ ရှင်က ရှေ့တန်း ဒီလောက်တက်ချင်နေမှတော့ ကျွန်မက ရှင့်ကို ဒီအခွင့်အရေး ပေးလိုက်မယ်။ ကျွန်မကို စိတ်ပျက်အောင် မလုပ်မိစေဖို့တော့ မျှော်လင့်တယ်။”

မုယန်စီ သူ့ကို ရွေးချယ်လိုက်သည်ကို တွေ့သောအခါ သဲ‌မှော်ဘုရင်သည် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ သူက အလျင်အမြန်ပင် ဒူးထောက်၍

“ကျေးဇူးတင်ပါတယ် နတ်ဘုရားမ ။ နတ်ဘုရားမကို ကျွန်တော် ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး။”

ထိုအချိန်တွင် တဲနန်းဆောင်၏ အပြင်ဘက်မှ လွင်ပြင်ဒေသ စစ်သားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“နတ်ဘုရားမ။ ရှေ့တန်းတပ်ဆီက တိုက်ပွဲ သတင်း အစီရင်ခံစာ ရောက်လာပါတယ်”

မုယန်စီသည် တည်ငြိမ်စွာဖြင့်

“ဝင်ခဲ့”

ထို့နောက် သတင်းပေးပို့ လွင်ပြင်ဒေသ စစ်သားသည် တဲနန်းဆောင်အတွင်းသို့ ဝင်လာပြီး မြေပြင်ပေါ် ဒူးထောက်ကာ မုယန်စီအား

“နတ်ဘုရားမ။ ကျူးနိုင်ငံတော် စစ်တပ်က တပ်စွဲထားပြီး ရှေ့ကို ဆက်မတိုးတော့ပါဘူး။ ဒါပေမဲ့ ရှေ့ပြေး မြင်းတပ်ကိုတော့ ဆက်လက် ဝင်ရောက်ဖို့ စေလွှတ်လိုက်ပါတယ်။”

ထိုစကားကို ကြားသောအခါ မုယန်စီ ဟက်ခနဲ ရယ်လိုက်ပြီး

“ကျူးဧကရီက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို သိသွားပုံ ရတယ်။ သူတို့ သိသွားပြီဆိုရင် ရှေ့ဆက်တိုးဖို့ ဖြစ်နိုင်ခြေ နည်းတယ်။”

“ဒီလိုဆိုရင်တော့ ကျွန်မတို့ လှုပ်ရှားရမယ့် အလှည့် ရောက်လာပြီ”

သူမ၏ စကားများ ဆုံးသွားသောအခါ မုယန်စီက သူမ၏ တပ်များကို စီစဉ်လိုက်သည်။ ကျူးနိုင်ငံတော်၏ အဓိက စစ်တပ်ကို အချိန်တိုအတွင်း ချေမှုန်းရန် စီစဉ်ထားပြီးနောက်မှ ကျူးဧကရီကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။

ကျူးနိုင်ငံတော်အကြောင်းကို သူမ အနည်းငယ် နားလည်ထားသည်။ ကျူးနိုင်ငံတော်အတွက် ဧကရီ၏ အရေးပါပုံကိုလည်း သိထား၏။ ဤစစ်ပွဲတွင် ဧကရီကို ဖြုတ်ချနိုင်လျှင် ကျူးနိုင်ငံတော်ကို သူတို့ပိုင်သည်ဟု ဆိုနိုင်သည်။

မူလက ကျူးနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ငါးနှစ် အချိန်ယူရန် သူမ စီစဉ်ခဲ့သည်။ သို့သော် ကျူးဧကရီက သူမထံသို့ တံခါးလာခေါက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် ယခုတော့ သူမကို အပြစ်တင်၍ မရတော့ပေ။

တစ်ရက်တောင် မကြာမီပင် ကျူးရှေ့ပြေး မြင်းတပ်သည် လွင်ပြင်ဒေသ စစ်တပ်ကြီးကို အဝေးမှနေ၍ မြင်လိုက်ရသည်။ ကျူးရှေ့ပြေး မြင်းတပ်သည် လွင်ပြင်ဒေသ၏ တကယ့် စစ်အင်အားကို ဤမျှ လျင်မြန်စွာ ရင်ဆိုင်ရမည်ဟု မမျှော်လင့်ခဲ့ကြချေ။

ကျူးမြင်းတပ်လည်း အလျင်အမြန် နောက်သို့ ဆုတ်ကာ သတင်းပေးပို့ကြသည်။ လွင်ပြင်ဒေသ စစ်တပ်က ပြန်လည် စုစည်းပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို ကြားသောအခါ သူမ၏ သံသယများ မှန်ကန်နေသည်ကို ယွဲ့ဧကရာဇ် သိသွား၏။ သူတို့ ဤနေရာသို့ တကယ်မျှားခေါ်ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယွဲ့ဧကရာဇ် အနည်းငယ်မှ မစိုးရိမ်ပေ။ ကျူးနိုင်ငံတော် တည်ထောင်ပြီးကတည်းက ကျူးနိုင်ငံတော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် စစ်ပွဲပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သည်။ သို့သော် ကျူးနိုင်ငံတော်သာ အနိုင်ရရှိခဲ့ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများသည် အနောက်မြောက်ပိုင်း၏ အတွင်းပိုင်းသို့ ဆုတ်ခွာကာ ပုန်းအောင်းနေခဲ့ကြသည်။

လွင်ပြင်ဒေသ မျိုးနွယ်စု အချို့သည် ကျူးနိုင်ငံတော်ကို မနိုင်နိုင်ကြောင်း သိရှိလာသည့်အတွက် မြောက်ပိုင်းပြည်နယ်နားသို့ပင် ထွက်ပြေးခဲ့ကြသည်။

ထိုအချိန်တွင် ယွဲ့ဧကရာဇ်၏ စိတ်နှလုံးတွင် တိုက်ခိုက်လိုစိတ်များသာ ပြည့်နှက်နေသည်။ ပြိုင်ဘက်ကောင်းတစ်ဦးနှင့် မရင်ဆိုင်ခဲ့ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမသည် စိတ်ဝင်စားဖွယ်ကောင်းသော ရန်သူ ဖြစ်လိမ့်မည်ဟုလည်း သူမ ကြိုတင် ခံစားမိနေသည်။

…….

ညနေပိုင်းသို့ ရောက်သောအခါ..

ကောင်းကင်ထက်မှ နီညိုရောင် ဆည်းဆာ ရောင်ခြည်များ ဖြာကျနေ၏။ ကျူးတပ်သည် စနစ်တကျ နေရာယူထားပြီးဖြစ်သည်။ လွင်ပြင်ဒေသ စစ်တပ် ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရန်လို‌တော့သည်။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် အဝေးမှ အနက်ရောင် အရိပ်အမြောက်အမြားစွာ ထွက်ပေါ်လာသည်။ နေဝင်ချိန်၏ ဆည်းဆာရောင်အောက်တွင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များသည် ကြေးနီရောင် သံချပ်ကာများ ဝတ်ဆင်ထားသကဲ့သို့ ထင်ရသည်။

လွင်ပြင်ဒေသ စစ်သည်များ၏ အရေအတွက်က အလွန်များပြားသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု၏ စစ်အင်အား အစစ်အမှန် ဖြစ်သည်မှာ ထင်ရှားသည်။ လွင်ပြင်ဒေသ စစ်သည်များသည် သန်မာပြီး အများစုမှာ သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထိုအခါမှ သူတို့ အစောပိုင်းက တိုက်ခိုက်ခဲ့သည့် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မျိုးနွယ်စုငယ်များမှ ဖြစ်နိုင်ကြောင်း ကျူးစစ်သည်များ သတိပြုမိကြသည်။

လွင်ပြင်ဒေသ စစ်တပ်၏ အငွေ့အသက်သည် အလွန်ပင် ကြီးမားလှသည်။ သူတို့နီးကပ်လာသောအခါ ကျူးစစ်မြင်းများ အဆက်မပြတ် ဟီလာပြီး အချို့သည် ထွက်ပြေးလိုသည့် အရိပ်အယောင်များပင် ပြသလာကြသည်။

မြင်းများသာမက ကျူးစစ်သားများသည်လည်း ထိတ်လန့်ဖွယ်ရာ သားရဲတစ်ကောင်က သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားနေရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ပဲ တုန်ယင်လာလေတော့သည်။

All Chapters